11th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးမှာ  မြန်မာ့သမိုင်းထဲ တစ်ခါမှ မကြုံဖူးတဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု၊ စည်းလုံးမှုတွေ ရလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ ပိုမိုပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့လုပ်ငန်းတွေ စတင်နေပြီလို့တရားရေးဝန်ကြီးအသိပေးပြောကြား

📌 ၃။ သရုပ်ဆောင် "ဒေါင်း"မှ ကျဆုံးပြည်သူ့ရဲဘော်များအတွက် NUG ဘွန်းများဆက်တိုက်ဝယ်ယူလှူဒါန်း

📌 ၄။ စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော် ခိုနားစရာ စားစရာ အခက်အခဲဖြစ်နေ

📌 ၅။ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့အမှတ် () ရပ်ကွက်တိုက်ပွဲမှာ-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် () ယောက်သေဆုံး

📌 ၆။ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်းရှိငတယော်ရွာကို အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်း၍ရွာကို မီးရှို့ဖျက်ဆီး

📌 ၇။ ရန်ကုန်မှာ "ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး" ဘန်နာကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်များ ဆန္ဒပြ

📌 ၈။ ဒီပဲယင်းမြို့နယ် မူးကမ်းကြီး၊ဆူးတပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က သုံးရက်ကြာမီးရှို့ဖျက်ဆီးရာမှာ တိုက်ခံအိမ်နဲ့အိမ်ကြီးအိမ်ကောင်းအများစုပျက်စီးဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးမှာ  မြန်မာ့သမိုင်းထဲ တစ်ခါမှ မကြုံဖူးတဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု၊ စည်းလုံးမှုတွေ ရလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


နွေဦးတော်လှန်ရေးမှာ မြန်မာ့သမိုင်းထဲ တစ်ခါမှ မကြုံဖူးတဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု၊ စည်းလုံးမှုတွေ ရလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ သြဂုတ်လအတွင်းကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ပါတယ်။


"အရေးကြီးဆုံးကတော့ မြန်မာ့သမိုင်းမှာ တစ်ခါမှ မကြုံဖူးတဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု၊ စည်းလုံးမှုတွေ ရလာကြတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ ထူးခြားတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ အခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လှုပ်ရှားရင်း အောင်ပွဲတွေ ရရှိနေတာမို့ ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ စကစတပ်များကို တိုက်ခိုက်ရန် အမိန့်ပေးကွပ်ကဲမှုစနစ်အား တိုက်ရိုက်တာဝန်ယူကြီးကြပ်သူများမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုမှ စစ်ရေးကျွမ်းကျင်သူများဖြစ်ပါတယ်။


========================


📌📌 ၂။ ပိုမိုပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့လုပ်ငန်းတွေ စတင်နေပြီလို့တရားရေးဝန်ကြီးအသိပေးပြောကြား


ပိုမိုပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့လုပ်ငန်းတွေ စတင်နေပြီလို့တရားရေးဝန်ကြီးဦးသိန်းဦးကပြောပါတယ်။ သြဂုတ်လအတွင်းကျင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု စကားဝိုင်းမှာ တရားရေးဝန်ကြီးဦးသိန်းဦးကဆိုပါတယ်။


"အခုနွေဦးတော်လှန်ရေးက တန်ဖိုးထားတဲ့အရာတွေရှိပါတယ်။ဒါကြောင့်မို့အဲဒါတွေဖြည့်စွက်ပြီးတော့ ပိုပြီးကောင်းပြီး ပိုပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်ကို လုပ်ငန်းတွေ စတင်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဖျက်သိမ်းပြီးဖြစ်ပါတယ်။


"အကြမ်းဖက် စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လုံးမကိုက်ညီတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခုမရှိတော့ပါဘူး"လို့ တရားရေးဝန်ကြီးဦးသိန်းဦးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ သရုပ်ဆောင် "ဒေါင်း"မှ ကျဆုံးပြည်သူ့ရဲဘော်များအတွက် NUG ဘွန်းများဆက်တိုက်ဝယ်ယူလှူဒါန်း


သရုပ်ဆောင် "ဒေါင်း"မှ ကျဆုံးပြည်သူ့ရဲဘော်များအတွက် NUG ဘွန်းများဆက်တိုက်ဝယ်ယူလှူဒါန်းနေပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာရဲဘော် မောင်မြင့်ဇော် အတွက်ဂုဏ်ပြုလှူဒါန်း တယ်လို့ OurSpringHeroes ကဖော်ပြပါတယ်။


"တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်မြင့်ဇော် ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ အနုပညာရှင် "ဒေါင်း" က "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၇) က စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း () မှ ပြည်သူ့ရဲဘော်မောင်မြင့်‌ဇော်သည် အကြမ်းဖက်စစ်တပ်အား ခုခံတွန်းလှန်ရန်အတွက် လက်လုပ်မိုင်းစမ်းသပ်ရင်းမြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်  "ဒို့နွေဦးသူရဲကောင်းငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော် ခိုနားစရာ စားစရာ အခက်အခဲဖြစ်နေ


စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော် ခိုနားစရာ စားစရာ အခက်အခဲဖြစ်နေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းမှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။


"ဒီပဲယင်းအရှေ့ခြမ်းမှ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်သည် ခိုနားစရာ စားစရာ အခက်အခဲဖြစ်နေ၍ ဒီပဲယင်းမြို့နယ် ပအဖအနေဖြင့် စားသောက်ဖွယ်ရာများကို ချက်ပြုတ်စီမံ၍ စစ်ဘေးရှောင် ဒုက္ခသည်များကို လူသားချင်းဆိုင်ရာ စာနာမှု အထောက်အပံ့များကူညီထောက်ပံ့ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


ယခုလ ရက်နေ့က ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အင်အားများချကာ ရုတ်တရက်စစ်ကြောင်းထိုးခဲ့ပါတယ်။ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူအချို့ရှိခဲ့ပြီး ရွာသားအချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။ သြဂုတ်လ ရက်နေ့မနက်မှာ အဆိုပါအကြမ်းဖက်စစ်တပ်မှ အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကိုင်းကံရွာက အိမ်ခြေ ၂၀၀ ခန့်မှာ စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၅။ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့အမှတ် () ရပ်ကွက်တိုက်ပွဲမှာ-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် () ယောက်သေဆုံး


ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့အမှတ် () ရပ်ကွက်တိုက်ပွဲမှာ-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် () ယောက်သေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့ မနက် ၀၂:၀၀ နာရီမှ :၀၀ ချိန်ခန့်ထိ () နာရီပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချင်းအမျိူးသားအဖွဲ့ချူပ်ကဖော်ပြပါတယ်။


"ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၊ အမှတ် () ရပ်ကွက်မှာ စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအား ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၀၂:၀၀ နာရီမှ :၀၀ ချိန်ခန့်ထိ () နာရီပါး  CNDF, Zoland-PDF, CDM-Siyin, MEDF ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့မှ အနီးကပ် သွားရောက်ပစ်ခတ်ရာ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဖက်မှတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် () ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားခဲ့ပါတယ်။ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဖက်မှ တစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


========================


📌📌 ၆။ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်းရှိငတယော်ရွာကို အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်း၍ရွာကို မီးရှို့ဖျက်ဆီး


မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်းရှိငတယော်ရွာကို အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်း၍ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက် မနက်ပိုင်းကစတင်ကာ စကစတပ်များဟာ ငတယော်ရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပါတယ်။


"မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင်းရှိ နေရင်းမင်းရွာသို့ ဖက်ဆစ်မိစ္ဆာ စစ်ခွေးတပ်တို့သည် ၁၅ ရက်ဝန်းကျင်တပ်စွဲထားပြီး ယနေ့ ၁၀ ရက်နေ့ မနက်တွင်မင်းရွာ၏ အနောက်မြောက်ဘက်ရှိ ငတယော်ရွာကို သေနတ်များဖြင့်ပစ်ဖောက်ဝင်ရောက်ကာ မွှေနှောက်ယူငင်ပြီးနောက် နေ့လယ်တစ်နာရီဆယ့်ငါးမိနစ် (1:15pm) ခန့်အချိန်တွင် မီးတင်ရှို့နေပါတယ်"လို့ ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကဖော်ပြပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့ကို အင်အားအလွန်အကျွံနဲ့စစ်ကြောင်းထိုးဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌 ၇။ ရန်ကုန်မှာ "ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး" ဘန်နာကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်များ ဆန္ဒပြ


ရန်ကုန်မှာ "ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး" ဘန်နာကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူငယ်များ ဆန္ဒပြခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ ဥဒါန်းကျူးမယ့်ကျောင်းသားတပ်ဦး" ဘန်နာခေါင်းစဉ်ကိုင်ပြီး သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲဲ့ချုပ်)မှ ဦးဆောင်ကာ ရန်ကုန်မြို့တစ်နေရာမှာ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။


ဆန္ဒပြပွဲကို သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲဲ့ချုပ်)မှ ဦးဆောင်ပြီး  ရွှေပြည်သာမြို့နယ်ဗကသများအဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ်ဗကသများအဖွဲ့ချုပ်၊ မင်္ဂလာဒုံမြို့နယ်ဗကသများအဖွဲ့ချုပ်၊ သာကေတမြို့နယ်ဗကသများအဖွဲ့ချုပ်၊ မြောက်ဥက္ကလာပမြို့နယ်ဗကသများအဖွဲ့ချုပ် ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ ( YRSC) ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့နဲ့ ပူးပေါင်းကာလုပ်ဆောင်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံများလည်းဟစ်ကြွေးခဲ့ပါတယ်။


========================


📌📌 ၈။ ဒီပဲယင်းမြို့နယ် မူးကမ်းကြီး၊ဆူးတပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က သုံးရက်ကြာမီးရှို့ဖျက်ဆီးရာမှာ တိုက်ခံအိမ်နဲ့အိမ်ကြီးအိမ်ကောင်းအများစုပျက်စီးဆုံးရှုံး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီး၊ဆူးတပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က သုံးရက်ကြာမီးရှို့ဖျက်ဆီးရာမှာ တိုက်ခံအိမ်နဲ့အိမ်ကြီးအိမ်ကောင်းအများစုပျက်စီးဆုံးရှုံးခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။


"..၂၀၂၂ မှ ၁၀..၂၀၂၂ ရက်နေ့အထိ အကြမ်းဖက်စကစတပ်ဟာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီး၊ဆူးတပ်ကျေးရွာကို စိတ်ကြိုက်မွှေနှောက် မီးရှို့ဖျက်ဆီးပြီး အုတ်ဆည်၊ယဉ်ကျေးကျေးရွာဘက်သို့ထွက်ခွါသွားပါတယ်"လို့ဆိုပါတယ်။ ယခုလက်ရှိ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသောမူးကမ်းကြီးကျေးရွာအခြေအနေမှာ အိမ်ခြေအများစုမီးလောင်ပျက်စီးဆုံးရှုံခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ ရေဒီယိုအန်ယူဂျီသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment