15th AUG 2022 - Evening Daily News by Radio NUG


၂၀၂၂ သြဂုတ်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတစ်ဝန်းလုံး တစ်ချိန်တည်းတစ်ပြိုင်တည်းတော်လှန်ကာမှ ၇၅ နှစ်ရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၂။ ဖက်ဆစ် စစ်တပ်ဟာ ဖက်ဆစ်ဝိသေသတွေနဲ့ပြည့်စုံကာ ရွာတွေကို မီးရှို့၍လူထုကိုအကြောက်တရားနဲ့သွပ်သွင်းအုပ်ချုပ်နေတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ပြော

📌 ၃။ သင်ခန်းစာပြီးမြောက်ဖို့တာဝန်ယူ၍ယုံ ကြည်စိတ်ချစွာနဲ့ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်တယ်လို့ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဆို

📌 ၄။ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်

📌 ၅။ monywaphoenix ဖီးနစ်ထုတ်လုပ်ရေးစခန်းမှ လက်နက်ငယ် ၅၀ ကျော်နဲ့ မိုင်းအလုံရေ ၅၀၀ ကျော် ထုတ်လုပ်ဖြန့်ဝေပြီးဖြစ်

📌 ၆။ တစ်နှစ်ပြည့် နွေဦးထီ  NUGpay နဲ့အတူ မကြာခင်အချိန်မှာ ပြန်လည်စတင်တော့မယ်လို့သတင်းစကားပါး

📌 ၇။ iOS မှာ အောင်ပွဲ APP ရပြီဖြစ်၍ INSTALL လုပ်ပေးကြရန် Click 2 Donate အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတစ်ဝန်းလုံး တစ်ချိန်တည်းတစ်ပြိုင်တည်းတော်လှန်ကာမှ ၇၅ နှစ်ရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


နိုင်ငံတစ်ဝန်းလုံး တစ်ချိန်တည်းတစ်ပြိုင်တည်းတော်လှန်ကာမှ ၇၅ နှစ်ရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ သြဂုတ်လ ၁၂ ရက် တော်လှန်ထောက်ပို့ တောင်ပိုင်းသို့တော်လှန်ရေး ရန်ပုံငွေရှာဖွေတဲ့အခမ်းအနားမှာ ပညာရေးနဲ့ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။


"လူတိုင်း လူတိုင်း တော်လှန်ဖို့လိုပါတယ်။တစ်ချိန်တည်း တစ်ပြိုင်နက်တည်း တော်လှန်ဖို့လိုပါတယ်။ ကျနော်တို့ နိုင်ငံတစ်ခုလုံး တစ်ချိန်တည်းတစ်ပြိုင်တည်း တော်လှန်ကာမှ ဒီ ၇၅ နှစ် စစ်အာဏာရှင် ကိုဖြုတ်ချလို့ရမယ်ဆိုတာ လူတိုင်း လူတိုင်းသိမယ်ထင်ပါတယ်။ဒါကို ဘာမှ သွေးကွဲနေစရာမရှိပါဘူး"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်အာဏာရှင် စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်း မြို့နယ်ပကဖပေါင်း၂၅၀ ကျော်နဲ့  LDF မြို့ပြပြောက်ကျားလူငယ်များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ၄၀၁ ဖွဲ့ရှိနေပါတယ်။


========================


📌📌 ၂။ ဖက်ဆစ် စစ်တပ်ဟာ ဖက်ဆစ်ဝိသေသတွေနဲ့ပြည့်စုံကာ ရွာတွေကို မီးရှို့၍လူထုကိုအကြောက်တရားနဲ့သွပ်သွင်းအုပ်ချုပ်နေတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ပြော


ဖက်ဆစ် စစ်တပ်ဟာ ဖက်ဆစ်ဝိသေသတွေနဲ့ပြည့်စုံကာ ရွာတွေကို မီးရှို့၍လူထုကိုအကြောက်တရားနဲ့သွပ်သွင်းအုပ်ချုပ်နေတယ်လို့ သြဂုတ်လအတွင်း ဖက်ဆစ် စစ်တပ်နဲ့ပတ်သက်၍ပြောကြားရာတွင် လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး အိသဉ္ဇာမောင်က ရှင်းလင်းပြောပါတယ်။


"လက်ရှိ စစ်တပ်ကို ဖက်ဆစ် စစ်တပ်ဆိုပြီးပြောကြတယ်။ဘာဖြ်လို့ ဖက်ဆစ် စစ်တပ်လို့ခေါ်လဲဆိုတော့ သူကစပြီးတော့ သန္ဓေတည်ကတည်းက ဖက်ဆစ်တွေဆီမှာ ပညာသင်ကြားပြီး ပြန်လာတဲ့စစ်တပ်ဖြစ်တယ်။အဲဒီဝိသေသအတိုင်းပဲ လူသတ်တာ၊မဒိန်းကျင့်တာ၊ရွာတွေကိုမီးရှို့တာ၊လူတွေကိုအကြောက်တရားနဲ့သွပ်သွင်းအုပ်ချုပ်တာ၊ဒါတွေကို နှစ်ပေါင်းများစွာလုပ်လာတာဖြစ်တယ်"လို့ ဆိုပါတယ်။ လက်ရှိမှာလူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီးတော့ လူပေါင်းနှစ်ထောင်ကျော်ကို စစ်အုပ်စုဟာ သတ်ဖြတ်ထားပါတယ်။


========================


📌📌 ၃။ သင်ခန်းစာပြီးမြောက်ဖို့တာဝန်ယူ၍ယုံ ကြည်စိတ်ချစွာနဲ့ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်တယ်လို့ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှဆို


တစ်ရက်လျှင် သုံးနာရီခန့် စာသင်ရုံမျှဖြင့် လအတွင်း သင်ခန်းစာပြီးမြောက်ဖို့တာဝန်ယူ၍ယုံ ကြည်စိတ်ချစွာနဲ့ CDM ကျောင်းသားများ ကျောင်းအပ်နှံနိုင်တယ်လို့ ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ သြဂုတ်လ ၁၅ ရက်နေ့မှာကြေညာပါတယ်။


"CDM ကျောင်းသားများ၏ ပညာရေးအတွက် ဆိပ်ဖြူမြို့နယ် ပညာရေးဘုတ်အဖွဲ့ မှ ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ သို့ဖြစ်ပါ၍ CDM ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သား၊သမီးများကို ယုံကြည်စိတ်ချစွာ အပ်နှံပေးကြစေလိုပါတယ်။ ကျွန်ုပ်တို့ ပညာရေးဘုတ်အဖွဲ့မှ ကျောင်းသားများ၏လုံခြုံရေးကို ထိခိုက်စေမည့်အချက်အလက်များ တောင်းယူခြင်းလုံးဝမရှိပါ။ အပ်နှံကြရန်အကြိမ်ကြိမ် တိုက်တွန်းရခြင်းမှာ ပညာရေးအဆက်မပြတ်စေလိုသည့်ဆန္ဒဖြင့် ကျွန်ုပ်တို့ CDM ဆရာဆရာမများဘက်မှ စေတနာရှေ့ထား ခက်ခဲသည့်ကြားမှ ကြိုစားဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်"လို့ ဆိုပါတယ်။ Online မှ သင်ယူရာတွင် နေကုန်နေခမ်း မြေပြင်ကျောင်းမှာသင်သကဲ့သို့ အချိန်အကြာကြီး သင်ယူရန်မလိုဘဲ ဆရာဆရာမက သင်ခန်းစာများကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် သင်ခန်းစာပြီးမြောက်မှုမြန်ဆန်တယ်လို်ဆိုပါတယ်။


========================


📌📌 ၄။ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်


မကွေးတိုင်း မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပါတယ်။ သြဂုတ်လ ၁၅ ရက်မှာ သာလွန်အင်အားနဲ့ မြိုင်နယ်အနောက်ပိုင်းတဲကြီးရွာဘက်သို့ရောက်ရှိနေတယ်လို့သတင်းရရှိပါတယ်။


"မနေ့ညက မြိုင်နယ်အနောက်ပိုင်း တောင်ရိုးရွာမှာ ရောက်နေတဲ့ စစ်ကြောင်းက ယနေ့မနက် မှာ တဲကြီးရွာဘက်ကို ရောက်နေတယ်လို့ သတင်းရပါတယ်။ မနေ့ညက ကျွဲတွင်းရွာမှာရောက်နေတဲ့ စစ်ကြောင်းက အနောက်ဘက်ကို တစ်ဖွဲ့ထွက်ပါတယ်"လို့ ဒေသခံများကဆိုပါတယ်။ စစ်ကြောင်းရှိရာနေရာနဲ့ အနီးတဝိုက်က ပြည်သူများအနေနဲ့ဘေးလွတ်ရာရှောင်ရှားကြဖို့ လိုအပ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


========================


📌📌 ၅။ monywaphoenix ဖီးနစ်ထုတ်လုပ်ရေးစခန်းမှ လက်နက်ငယ် ၅၀ ကျော်နဲ့ မိုင်းအလုံရေ ၅၀၀ ကျော် ထုတ်လုပ်ဖြန့်ဝေပြီးဖြစ်


monywaphoenix ဖီးနစ်ထုတ်လုပ်ရေးစခန်းမှ လက်နက်ငယ် ၅၀ ကျော်နဲ့မိုင်းအလုံးရေ ၅၀၀ ကျော် ထုတ်လုပ်ဖြန့်ဝေပြီးဖြစ်ပါတယ်လို့ သြဂုတ်လ ၁၅ ရက်မှာ (phoenixwarrior) ဖီးနစ်ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်ပြီးလက်နက်များကိုဖော်ထုတ်ပြသခဲ့ပါတယ်။


"ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်၏ (phoenixwarrior) ဖီးနစ်ထုတ်လုပ်ရေးစခန်းမှ ထုတ်လုပ်သော ပြောင်းအရစ်ပါ ဘောက်ထိုး ပကဖရိုင်ဖယ် (5.56, 7.62, G3) လက်နက်ငယ်များ၊ Air Dropping Bomb နှင့် မိုင်းအမျိုးအစားများဖြစ်ပါတယ်။ မုံရွာမြို့နယ် ပကဖ လမ်းညွန်မှု့နှင့်အညီ ဖွဲ့စည်ထားသော ကျေးရွာ ပကဖများအတွက် အဓိက ထုတ်လုပ်ဖြန့်ဝေပေးလျှက်ရှိပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၆။ တစ်နှစ်ပြည့် နွေဦးထီ  NUGpay နဲ့အတူ မကြာခင်အချိန်မှာ ပြန်လည်စတင်တော့မယ်လို့သတင်းစကားပါး


တစ်နှစ်ပြည့် နွေဦးထီ  NUGpay နဲ့အတူ မကြာခင်အချိန်မှာ ပြန်လည်စတင်တော့မယ်လို့ သြဂုတ်လ ၁၅ ရက်နေ့မှာ နွေဦးထီမိသားစုက ပြည်သူလူထုသို့အသိပေးကြေညာပါတယ်။


"ပြည်သူများရဲ့တခဲနက်အားပေးမှုနဲ့အတူ ၁၅ ရက် ဩဂုတ်လ ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ နွေဦးထီဟာ ယခုဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ နွေဦးထီ တစ်နှစ်ခရီးအတွင်းမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ တော်လှန်ရေးအင်အားစုများအတွက် အလုံခြုံစိတ်အချရဆုံးဖြစ်တဲ့ NUGpay နဲ့အတူ မကြာခင်အချိန်မှာ ပြန်လည်စတင်တော့မှာပဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


NUGpay နဲ့ နွေဦးထီဘယ်လိုဝယ်ယူအားပေးရမလဲဆိုတာကိုလည်း အသေးစိတ် ဆက်လက်ပြီး ရှင်းပြပေးသွားမယ်လို့ဆိုပါတယ်။ ပြည်သူ့ဖက်မှရပ်တည်ပေးခဲ့ကြတဲ့ CDM သူရဲကောင်းများကိုတဖက်တလမ်းက ဂုဏ်ပြုထောက်ပံ့နိုင်ဖို့ဆိုတဲ့ နွေဦးထီရဲ့ ပင်မရည်မှန်းချက်နှင့်အတူ CDM သူရဲကောင်း တစ်သောင်းကျော် ကိုထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သို့သော် နွေဦးထီနဲ့ ချိတ်ဆက်ထားတဲ့ CDM အရေအတွက်ဟာ တစ်သိန်း ခုနစ်သောင်း ကျော်ရှိနေပြီး ထောက်ပံ့နိုင်မှုအတိုင်းအတာဟာ လိုအပ်ချက်များစွာရှိနေသေးတာပဲဖြစ်ပါတယ်။


========================


📌📌 ၇။ iOS မှာ အောင်ပွဲ APP ရပြီဖြစ်၍ INSTALL လုပ်ပေးကြရန် Click 2 Donate အသိပေး


iOS မှာ အောင်ပွဲ APP ရပြီဖြစ်၍ INSTALL လုပ်ပေးကြရန် သြဂုတ်လ ၁၅ ရက်မှာ Click 2 Donate ကအသိပေးဆိုပါတယ်။


"iOS မှာ အောင်ပွဲ APP လေးရပါပီခင်ဗျာ aungpwal လို့ရိုက်ရှာပြီး install ပေးကြပါခင်ဗျာ။ စစချင်းရက်တွေမှာတော့ VPN မပါပဲ ၇၀% နဲ့ vpn နဲ့ 30% ဝင်ပေးကြပါခင်ဗျာ။  ပိုက်ဆံရဖို့ထက် google ကအဖျက်မခံရအောင်ပါ။ အရင် aungpwal android တုန်းက အပိတ်ခံလိုက်ရလို့ပါ"လို့ဆိုပါတယ်။


Click 2 donate ဟာ app ကို ပြည်သူများ ဝင်ရောက်၍ ကြော်ငြာများကိုအချိန်ပေးကြည့်ရှုကာ ကလစ်နှိပ်ပေးခြင်းဖြင့် တော်လှန်ရေးအတွက်ရန်ပုံငွေ ရရှိခြင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ C2D app အခြေအနေပြန်ကောင်း၍ တစ်ခုထဲနဲ့ သိန်း ၆၀ အထိ ရရှိတယ်လို့ Click 2 donate ကကြေညာထားပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment