18th AUG 2022 - Evening Daily News by Radio NUG


၂၀၂၂ သြဂုတ်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုတိုက်ရိုက်မထောက်ပံ့ဘဲ စစ်ကောင်စီလက်ထဲထည့်လိုက်ပါက ဒုက္ခရောက်နေတဲ့သူဆီမရောက်ဘဲအဟောသိကံဖြစ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးပြောကြား

📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ကျော်ပြီလို့ အတွင်းဝန် ဦးနိုင်ထူးအောင်အသိပေးပြောကြား

📌 ၃။ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဒုဝန်ကြီး‌ ဒေါ်အိသဉ္ဇာမောင်နှင့် MFDMC ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင်များ တွေ့ဆုံ

📌 ၄။ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ အကြမ်းဖက် စစ်တပ်က အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၁၈ ဦးကိုသတ်ဖြတ်သွားခဲ့

📌 ၅။ စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော စီး ယနေ့နံနက်ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက်ထွက်ခွာလာ၍ ပြည်သူများသတိပြုရန် နှိုးဆော်

📌 ၆။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ကို မဟာမိတ်အဖွဲ့တချို့မှ လက်နက်ခဲယမ်းများ ထောက်ပံပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုတိုက်ရိုက်မထောက်ပံ့ဘဲ စစ်ကောင်စီလက်ထဲထည့်လိုက်ပါက ဒုက္ခရောက်နေတဲ့သူဆီမရောက်ဘဲအဟောသိကံဖြစ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် အသိပေးပြောကြား


လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုတိုက်ရိုက်မထောက်ပံ့ဘဲ စစ်ကောင်စီလက်ထဲထည့်လိုက်ပါက ဒုက္ခရောက်နေတဲ့သူဆီမရောက်ဘဲအဟောသိကံဖြစ်သွားမယ်လို့  သြဂုတ်လ ၁၇ ရက် ကုလအထူးကိုယ်စားလှယ်နိုလင်းဟေဇာခရီးစဥ်နဲ့ပတ်သက်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ကသတင်းဌာနတစ်ခုကိုပြောပါတယ်။


"လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဒီလို အထောက်အပံ့တွေကိုလည်း ကျနော်တို့ဘက်ကမျှော်လင့်တာက တကယ်ကို ဒုက္ခရောက်နေတဲ့ဒေသမှာရှိနေတဲ့လူတွေကို တိုက်ရိုက်ထိတွေ့ပြီး တိုက်ရိုက်ထောက်ပံ့ဖို့မျိုးတွေ ဒါမှမဟုတ် အိမ်နီးချင်းနိူင်ငံမှာ ဒုက္ခရောက်နေတဲ့ ကျနော်တို့ရဲ့ပြည်သူတွေကို တိုက်ရိုက် ထောက်ပံ့စေချင်တာပါ။ဒီလိုမှ မဟုတ်ဘဲ စကစလက်ထဲထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ဒါကအဟောသိကံဖြစ်သွားမယ်။တကယ် ဒုက္ခရောက်နေတဲ့သူဆီမရောက်တာမျိုးတွေဖြစ်သွားမယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ကျော်ပြီလို့ အတွင်းဝန် ဦးနိုင်ထူးအောင်အသိပေးပြောကြား


ကာကွယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ကျော်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန၏အတွင်းဝန် ဦးနိုင်ထူးအောင်အသိပေးပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ radio NUG ကိုကာကွယ်ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။


* အတွင်းဝန် - ဦးနိုင်ထူးအောင် (NUG ကာကွယ်ဝန်ကြီးဌာန)


လက်ရှိမှာ ပြည်သူကာကွယ်ရေးတပ်ရင်းလင်ဖွဲ့ပေါင်း ၂၅၇ ရင်း၊ ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော် LDF နဲ့မြို့ပြ ပြောက်ကျား လူငယ်များ အဖွဲ့စုစု‌ ပေါင်း ၄၀၁ ဖွဲ့ရှိပြီဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကို အမိန့်ပေးကွပ်ကဲမှုစနစ်ထူထောင်ခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းနဲ့ PDF မှတ်ပုံတင် နံပါတ်ထုတ်ပေးခြင်း စတာတွေကိုလုပ်ဆောင်ပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာ ဒုဝန်ကြီး‌ ဒေါ်အိသဉ္ဇာမောင်နှင့် MFDMC ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင်များ တွေ့ဆုံ


သြဂုတ်လ ၁၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး‌ဒေါ်အိသဉ္ဇာမောင်နှင့် MFDMC ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ MFDMC ကဖော်ပြပါတယ်။ ထို့သို့ MFDMC ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင်များ တွေ့ဆုံပြီး နွေဦးတော်လှန်ရေးနှင့်ပတ်သတ်ပြီး မြေပြင်သတင်းများ လှုပ်ရှားဆောင်ရွက်နေမှု့များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ MFDMC ထောက်ပို့တပ်သားများ၏ထောက်ပို့မှု့အတွက်လည်းကျေးဇူးတင်ရှိပါကြောင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာသည်အထိ လက်တွဲပြီးဆောင်ရွက်သွားမည်ဟုအပြန်အလှန်ဆွေးနွေးခဲ့ပြီးအရေးတော်ပုံအောင်ရမည်ဟုကြွေးကြော်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ အကြမ်းဖက် စစ်တပ်က အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၁၈ ဦးကိုသတ်ဖြတ်သွားခဲ့


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာမှာ အကြမ်းဖက် စစ်တပ်က အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၁၈ ဦးကိုသတ်ဖြတ်သွားခဲ့ပါတယ်လို့သြဂုတ်လ ၁၈ ရက်မှာ ရင်ပေါင်တိုင်ရွာဖြစ်စဉ် နဲ့ပတ်သက်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယင်းမာပင်ကဖော်ပြပါတယ်။


"သြဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာအတွင်း ချင်းကာကွယ်ရေးတပ်တွေ ရောက်ရှိနေသည့်အကြောင်း ရန်သူစစ်ကောင်စီဘက်က သိရှိသွားပြီးနောက် ယင်းနေ့ ညနေပိုင်းမှာ ရဟတ်ယာဉ်သုံးစီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းကို အလူးအလဲခံခဲ့ရပါတယ်။အခင်းဖြစ်ပွားရာနေ့က လူကြီး လူငယ် လူလတ်များပါမကျန် ရန်သူစစ်ကောင်စီဘက်က  တွေ့ကရလူ အကုန်ပစ်သတ်သွားသလို တိရစ္ဆာန်များပါ မကျန် ပစ်သတ်ခဲ့ကြတယ်"လို့ ဆိုပါတယ်။


ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နားခိုရာနေရာကို ရဟတ်ယာဉ်နဲ့ ကွက်တိပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ စစ်လက်နက်ပစ္စည်းအများအပြား သိမ်းဆည်းရမိသွားခဲ့တယ်လို့ဖော်ပြပါတယ်။ ဒါ့အပြင် ရန်သူစစ်ကောင်စီဘက်က ရဟတ်ယာဉ်ပေါ်ကနေ ဆင်းပြီး ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးယင်းစီးနင်းမှုကြောင့် ဒေသခံအများအပြား ယနေ့အထိ လူသားဒိုင်းအဖြစ် အဖမ်းခံနေရဆဲဖြစ်သလို အချို့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။


သြဂုတ်လ ၁၂ ရက်နေ့မှာတော့ ယင်းမာပင်ခရိုင်အတွင်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ရင်ပေါင်တိုင်ရွာမှာ တပ်စွဲနေတဲ့ ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန်မှာ နာရီအထိရှိခဲ့ပါတယ်။ ဖြစ်စဥ်များမှာရန်သူစစ်ကောင်စီလက်ချက်ကြောင့်သေဆုံးသူ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဝင်၂ ဉီး ရင်ပေါင်ရွာ ၁၂ ဉီး ကျန် ဉီးမှာ အခြားသော ကျေးရွာမှ ဒေသခံများဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော စီး ယနေ့နံနက်ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက်ထွက်ခွာလာ၍ ပြည်သူများသတိပြုရန် နှိုးဆော်


စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော စီး ယနေ့နံနက်ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက်ထွက်ခွာလာ၍  ကမ်းနဖူးတလျှောက်ကျေးရွာများကိုရမ်းသမ်းပစ်ခတ်နိုင်ဖွယ်ရှိ‌သောကြောင့်ပြည်သူများသတိပြုရန် ဒေသခံတော်လှန်ရေးအင်အားစုများကဆိုပါတယ်။


"စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာတင် စစ်သင်္ဘော စီး ယနေ့နံနက် နာရီခွဲခန့်တွင် ကသာမြို့ဆိပ်ကမ်းမှ စတင်ဆန်တက် ထွက်ခွာလာကြောင်း သိရပါတယ်။ စစ်သင်္ဘောများမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နိုင်ဖွယ် ရှိသောကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများ သတိဖြင့် နေထိုင် သွားလာကြရန် အသိပေး နိုးဆော်အပ်ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ ရေလမ်းခရီးကို အသုံးပြု၍ သယ်ဆောင်မှုများရှိကာ ဒေသခံကာကွယ်ရေးတပ်များတိုက်ခိုက်ပါက ကမ်းနဖူးရှိကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလေ့ရှိပါတယ်။


========================


📌📌 ၆။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ကို မဟာမိတ်အဖွဲ့တချို့မှ လက်နက်ခဲယမ်းများ ထောက်ပံပေးအပ်


ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ကို မဟာမိတ်အဖွဲ့တချို့မှ လက်နက်ခဲယမ်းများ ထောက်ပံပေးအပ်ခဲ့‌ကြောင်း သြဂုတ်လ၁၈ရက်မှာ ယောဒေသ_ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


"မဟာမိတ်အဖွဲ့တချို့မှ ထောက်ပံ့ပေးအပ်သော လက်နက်ခဲယမ်းများကို YPDF တာဝန်ရှိသူများမှ တပ်ခွဲမှူးများထံ တပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ အဆင့်ဆင့် ဖြန့်ခွဲ အပ်နှံ ပေးအပ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စကစတပ်များကိုအထိနာ အကျအဆုံးများပြားအောင် တိုက်ခိုက်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့  တပ်ကြပ်ကြီး စာရင်း တာဝန် မှ CDM ဝင်ထားသူ CDM Department တွင် ဒုခွဲမှူး တာဝန်ထမ်းဆောင်


စစ်ကောင်စီရဲ့ တပ်ကြပ်ကြီး စာရင်းတာဝန် မှ CDM ဝင်ထားသူ CDM Department တွင် ဒုခွဲမှူး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်လို့ သြဂုတ်လ ၁၈ ရက်မှာ ကရင်နီပြည်သူ့ရင်ခွင်ကဖော်ပြပါတယ်။


"စကစ  တပ်ကြပ်ကြီး စာရင်း တာဝန် မှ CDM ဝင် ပြီးနောက်ပိုင်း CDM Department တွင် ဒုခွဲမှူး တာဝန်ကို ဆက်လက်ထမ်းဆောင်ကာ တော်လှန်ရေး အဆုံးထိ သွားမည်ဟု ဆုံးဖြတ်ထားသူ  စိုင်းစံနောင်"လို့ ဆိုပါတယ်။ လက်ရှိမှာ တပ်နဲ့ရဲ CDM ဝင်ထားသူဟာ လူဦးရေ တစ်သောင်းခွဲကျော်နေပြီဖြစ်ပါတယ်။ စကစဘက်မှ အလင်းဝင်လာသူများကို လက်နက်နဲ့ တကွရောက်ရှိလာပါက ဆုကြေးငွေကျပ်သိန်း ၃၅ သိန်း မှ သိန်း ၆၀ အထိပေးအက်ချီးမြှင့်နေပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment