18th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


 📌 ၁။ နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအပေါ် အများပြည်သူများမှ အကြံပြုချက်များရေးသားပေးပို့နိုင်တယ်လို့ NUG အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ဖိတ်ခေါ်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့

📌 ၄။ အကြမ်းဖက်အာဏာလုစစ်ကောင်စီထံမှာ နိုင်ငံရေးပင်စင်ထုတ်တဲ့ သူတွေဟာ ကိုယ်ကျိုးရှာအတ္တသမားတွေလို့ NLD ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်ပြော

📌 ၅။ ပြည်သူ့ဂုဏ်ရည် (ယူကေ) ဌာနခွဲမှ တော်လှန်ရေးရန်ပုံငွေ စျေး‌ရောင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမယ်

📌 ၆။ ဆင်အကောင် ၃၀ ကျော်ထိန်းတဲ့ CDM ဆင်ဦးစီးများနဲ့လူတစ်ရာကျော်အတွက် အများပြည်သူထောက်ပံ့ထားမှုကို KLG PDF(ကျောက်လုံးကြီး)ကတဆင့်လှူဒါန်း

📌 ၇။ မြိုင်မြို့နယ်အတွင်း ယမန်နေ့က မိုင်းခွဲသောနေရာသွားရောက်စစ်ဆေးရာ စကစတပ်ရဲ့ကျည်များနှင့် အသုံးအဆောင်များရရှိခဲ့တယ်လို့မြိုင်ပကဖထုတ်ပြန်

📌 ၈။ တန့်ဆည်မြို့နယ် ကံပေါက်ကျေးရွာနှင့် သဲကုန်းကျောင်းအနီး စကစတပ်ကို MDF - TAZE Tiger နှင့်မဟာမိတ် PDF တပ်ရင်းများမှ ဆီးကြိုတိုက်ခိုက်

📌 ၉။ အရာတော်မြို့နယ်က ကျေးရွာများကို စကစတပ်များဝင်ရောက် မွှေနှောက်ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


နွေဦးတော်လှန်ရေးဟာ အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သြဂုတ်လ ၁၆ ရက်မှာ ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"ကျနော်တို့အားလုံးကြုံတွေ့ဖြတ်သန်းခဲ့ကြရတဲ့ ၁၉၆၀-၁၉၇၀ ခုနှစ်တွေဆီကို ကျနော်တို့နောင်မျိုးဆက်တွေကို ပြန်လည်ခေါ်ဆောင်သွားဖို့ဆို တာလုံး ဝမဖြစ်သင့်တဲ့ကိစ္စတခုဖြစ်ပါတယ်။ ကျနော်တို့လည်းတပါတီအာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ မျက်စိပိတ်နားပိတ်နေခဲ့ကြရပြီး ဒီမိုကရေစီအသီးအပွင့်လေးမြင်တွေ့ရဖို့ နှစ်ပေါင်းများစွာ အသက် သွေးချွေးပေး ဆပ်ပြီး ကြိုးစားခဲ့ကြတာမို့ ဒီခရီးကရှည်ပေမယ့် ဆက်လက်ကြိုးစား လျှောက်လှမ်းရင်း အောင် ပွဲဆီသွားကြဖို့လိုအပ်ပါတယ်။ ဒါဟာကျနော်တို့အားလုံးအတွက် အနိုင်တိုက်ရမယ့်နောက်ဆုံး ပွဲလည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအပေါ် အများပြည်သူများမှ အကြံပြုချက်များရေးသားပေးပို့နိုင်တယ်လို့ NUG အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ဖိတ်ခေါ်


ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအပေါ် အများပြည်သူများမှ အကြံပြုချက်များရေးသားပေးပို့နိုင်တယ်လို့ NUG အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ကဖိတ်ခေါ်လိုက်ပါတယ်။ သြဂုတ်လ ၁၇ ရက်မှာ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ အမျိုးသားညီညွတ်ရေးအစိုးရကအသိပေးကြေညာခဲ့ပါတယ်။


"ယခုကာလ၌ ကျွန်ုပ်တို့၏အန္တိမရည်မှန်းချက်သည် တော်လှန်ရေးအောင်မြင်ရန်ဖြစ်ပြီး ထို့အတွက်ကျရာကဏ္ဍတွင် အင်တိုက်အားတိုက်ဆောင်ရွက်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏ စာနာမဲ့ကျေးရွာလိုက်မီးတင်ရှို့မှု၊ သာလွန်အင်အားစစ်ရေးဆောင်ရွက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အညာဒေသနှင့် တိုင်းရင်းသားဒေသများတွင် အသက်အိုးအိမ်နှင့်အတူ ၎င်းတို့အမြတ်တနိုးထားရာ အမွေအနှစ်များ ဆုံးရှုံးပျက်စီးလျှက်ရှိရာ အသက်လုံခြုံရေးသည် အဓိကကာကွယ်ရေးလုပ်ငန်းဖြစ်သော်လည်း အမွေအနှစ်များဆုံးရှုံးနေမှုကိုလည်း မျက်ကွယ်မပြုဘဲ အလေးထားကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိလာပါတယ်"လို့ဆိုပါတယ်။


ယခုရင်ဆိုင်နေရသည့်ပဋိပက္ခကာလအတွင်း စစ်ရေးကြောင့် သဘာဝအမွေအနှစ်များပျက်စီးရသကဲ့သို့ အဖိုးတန်သဘာဝအရင်းအမြစ်များကိုလည်း ကျင့်ဝတ်မဲ့စီးပွားရေးသမားများက အဂတိလိုက်စားသောဝန်ထမ်းများနှင့်ပူးပေါင်း၍ အတိုင်းအဆမဲ့ထုတ်ယူသုံးစွဲနေခြင်းကြောင့်ပျက်စီးရမည့်အန္တာရယ်လည်းကြီးမားနေသည်ကိုတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေဖြင့် သဘာဝအမွေအနှစ်စာရင်းထုတ်ပြန်နိုင်ကာကွယ်နိုင်ရေးအတွက် သဘာဝအမွေအနှစ်စံနှုန်းသတ်မှတ်ရန် ပညာရှင်များ ဆက်စပ်အဖွဲ့အစည်းများဖြင့် ဆွေးနွေးပြုစုခဲ့ကြပြီးပြုစုအတည်ပြုခဲ့သော ယဉ်ကျေးမှုအ မွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များကို ပြည်သူသို့အသိပေးတင်ပြအပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။ အဆိုပါ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးရာတွင် စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးတို့ကို အများဆုံးထောက်ပံ့မှုပြုလုပ်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ထောက်ပံ့မှုပြုရာတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများနှင့် စစ်ဘေးရှောင်များအတွက် ၁၃၀.၂၅သန်း၊ကျဆုံးသွားသူများနှင့်ထိခိုက်ဒဏ်ရာရသူများအတွက် ၂၁.၉၀ သန်း CDM ဝန်ထမ်းများအတွက် ၁၅.၁၆ သန်း၊ ထိခိုက်လွယ်ပြည်သူများနှင့် မိသားစုဝင်များအတွက် ၄၀.၂၁ သန်း၊ နိုင်ငံရေးအကျဥ်းသားများနှင့်မိသားစုဝင်များအတွက် ၁၀ သန်း၊ အထွေထွေလူသားချင်းစာနာမှုအကူအညီများအတွက် ၁၃.၉၇ သန်း အသုံးပြုခဲ့ပါတယ်။


အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည်ဟုထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်အာဏာလုစစ်ကောင်စီထံမှာ နိုင်ငံရေးပင်စင်ထုတ်တဲ့ သူတွေဟာ ကိုယ်ကျိုးရှာအတ္တသမားတွေလို့ NLD ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်ပြော


အကြမ်းဖက်အာဏာလုစစ်ကောင်စီထံမှာ နိုင်ငံရေးပင်စင်ထုတ်တဲ့ သူတွေဟာ ကိုယ်ကျိုးရှာအတ္တသမားတွေလို့ NLD ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်ကပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၁၇ ရက်မှာ NLD ပါတီ ဗဟိုအလုပ်မကော်မတီ CWC မှ ဦးထွန်းမြင့်ကလူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။


"ဒီလိုအချိန်၊ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရပိုင်ခွင့်ဆိုပြီး အကြမ်းဖက်အာဏာလုစစ်ကောင်စီထံမှာ နိုင်ငံရေးပင်စင်ထုတ်တဲ့ သူတွေဟာ ကိုယ်ကျိုးသမား၊ အတ္တသမားအချောင်သမား၊ တော်လှန်ရေးနှင့်ပြည်သူအပေါ်မှာသစ္စာဖေါက်မျက်ကွယ်ပြုပြီး၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုတဲ့၊လူ့ငနွားတွေသာဖြစ်တယ်"လို့ ဆိုပါတယ်။ အဆိုပါ နိုင်ငံရေးပင်စင်ကို လူနှစ်ရာကျော်ထုတ်ပေးခဲ့တယ်လို့ အကြမ်းဖက် စကစကကြေညာခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်သူ့ဂုဏ်ရည် (ယူကေ) ဌာနခွဲမှ တော်လှန်ရေးရန်ပုံငွေ စျေး‌ရောင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမယ်


ပြည်သူ့ဂုဏ်ရည် (ယူကေ) ဌာနခွဲမှ တော်လှန်ရေးရန်ပုံငွေ စျေး‌ရောင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။


ပြည်သူ့ဂုဏ်ရည် (ယူကေ) ဌာနခွဲနှင့် “Gurkha society of Myanmar (UK)” မှဦးဆောင်၍တော်လှန်ရေးရံပုံငွေ ပြည်သူ့ဂုဏ်ရည် (ယူကေ) ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို သြဂုတ်လ (၂၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲဟာတော်လှန်ရေးကို တစ်ဒေါင့် တစ်နေရာကနေ အားပေးကူညီရန်နှင့် မြန်မာပြည်ဖွားမိသားစုဝင်တွေထဲမှ ဂေါက်သီးအားကစားမှသည့်  တော်လှန်‌ရေးဆီသို့ ရည် ရွယ် ချက်ဖြင့်  တော်လှန်ရေးရန်ပုံငွေ စျေး‌ရောင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ နေ့လည်ဘက်တွင် ကြွရောက်လာသော ပြည်သူများကိုကိုမင်းမော်ကွန်းမှ Online ကတဆင့် Live သီချင်း သီဆိုဖျော်ဖြေပေးမှာဖြစ်ပြီး UK အခြေစိုက် FR များမှ အစားအသောက်များ ရောင်းချပေးမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ဆင်အကောင် ၃၀ ကျော်ထိန်းတဲ့ CDM ဆင်ဦးစီးများနဲ့လူတစ်ရာကျော်အတွက် အများပြည်သူထောက်ပံ့ထားမှုကို KLG PDF(ကျောက်လုံးကြီး)ကတဆင့်လှူဒါန်း


ဆင်အကောင် ၃၀ ကျော်ထိန်းတဲ့ CDM ဆင်ဦးစီးများနဲ့လူတစ်ရာကျော်အတွက် အများပြည်သူထောက်ပံ့ထားမှုကို KLG PDF (ကျောက်လုံးကြီး) ကတဆင့်လှူဒါန်းခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက်မှာ KLG PDF (ကျောက်လုံးကြီး)ကဖော်ပြပါတယ်။


"ဆင်ကောင်ရေ၃၅ကောင်အားစောင့်ရှောက်နေကြသော CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစု 33စု လူဦးရေ 117 ယောက်အတွက် အများပြည်သူများ၏ စေတနာဖြင့် လှူဒါဏ်းထားသော ဆန်တင်း 70 ကျော် ပိုက်ဆံ 3162900 ကျပ်နှင့် ဆီ ဆား အစရှိသည်များကို  KLG PDF(ကျောက်လုံးကြီး) ကတဆင့်လှူဒါန်းတစ်ဆင့် ဆင်ဦးစီးမိသားစုထံ သွားရောက်ပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ KLG PDF(ကျောက်လုံးကြီး)ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်အတွင်း ယမန်နေ့က မိုင်းခွဲသောနေရာသွားရောက်စစ်ဆေးရာ စကစတပ်ရဲ့ကျည်များနှင့် အသုံးအဆောင်များရရှိခဲ့တယ်လို့မြိုင်ပကဖထုတ်ပြန်


မြိုင်မြို့နယ်အတွင်း ယမန်နေ့က မိုင်းခွဲသောနေရာသွားရောက်စစ်ဆေးရာ စကစတပ်ရဲ့ကျည်များနှင့် အသုံးအဆောင်များရရှိခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ပါတယ်။ သြဂုတ်လ ၁၇ ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖကဆိုပါတယ်။


"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယမန်နေ့က စခ များအား မိုင်းခွဲသောနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျည်များနှင့် အသုံးအဆောင်များရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ထပ်မံရရှိသော သတင်းများအရ စကစတပ်များဟာ ယောက်သေဆုံးခဲ့ပြီးပြင်းထန်သော  ယောက် အား FAW ကားလာရောက်သယ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၈။ တန့်ဆည်မြို့နယ် ကံပေါက်ကျေးရွာနှင့် သဲကုန်းကျောင်းအနီး စကစတပ်ကို MDF - TAZE Tiger နှင့်မဟာမိတ် PDF တပ်ရင်းများမှ ဆီးကြိုတိုက်ခိုက်


တန့်ဆည်မြို့နယ် ကံပေါက်ကျေးရွာနှင့် သဲကုန်းကျောင်းအနီး စကစတပ်ကို MDF - TAZE Tiger နှင့်မဟာမိတ် PDF တပ်ရင်းများမှ ဆီးကြိုတိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက် မနက် ၁၀ နာရီ ၃၀ အချိန်မှာ တန့်ဆည်မြို့နယ် ကံပေါက်ကျေးရွာနှင့် သဲကုန်းကျောင်းအနီးမှာ ထိတွေ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။


" တန့်ဆည်မြို့နယ် ကံပေါက်ကျေးရွာနှင့် သဲကုန်းကျောင်းအနီးတွင် MDF - TAZE Tiger နှင့်မဟာမိတ် PDF တပ်ရင်းများမှ စကစ စစ်ကြောင်းကိုတန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါ စကစ စစ်ကြောင်းသည် ကံပေါက်ကျေးရွာအနောက်ဖက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး MDF - TAZE Tiger တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများဖြစ်ကြသော တန့်ဆည် တပ်ရင်း , SAF မန်းလေးတပ်ရင်း နှင့် တန့်ဆည် ပကဖ တို့မှ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စကစ စစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်နေသောတိုက်ပွဲတွင်း အခြေအနေများအရ စစ်ကောင်စီဖက်ကသေဆုံးမှုများပြားလျက်ရှိတယ်လို့ ဆိုပါတယ်။


========================


📌📌 ၉။ အရာတော်မြို့နယ်က ကျေးရွာများကို စကစတပ်များဝင်ရောက် မွှေနှောက်ဖျက်ဆီး


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကျေးရွာများကို စကစတပ်များဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက် မှာ လျှပ်စီးမိုးကြိုးမုန်တိုင်းအဖွဲ့ကအတည်ပြုပြောပါတယ်။


"စကစတပ်များအရာတော် မြောက်ပိုင်း ကိုင်းရွာ၊ရွာသစ်၊နေရာခင်း ကျေးရွာများမှာ၀င်ရောက်မွေနှောက် ဖျက်ဆီးသွားပါတယ်"လို့ ဆိုပါတယ်။ ကျေးရွာများအတွင်းလူနေအိမ်နဲ့ စျေးဆိုင်များကိုဖျက်ဆီးခဲ့ပြီး ရွာများမှာ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment