၂၀၂၂ သြဂုတ်လ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များအပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအသိပေးပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး
📌 ၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေအားလုံးကို ဝန်ထမ်းအဖြစ် ကနေပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပယ်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဝေဖန်ထောက်ပြမှုများကို လက်ခံကြိုဆိုတယ်လို့ဆို
📌 ၅။ Memorial Foundation ကိုရီယား ဂွမ်ဂျူးလူ့ခွင့်အရေး အဖွဲ့ မှ ၀န်ကြီးနှင့်ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးတွေ့ဆုံ
📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ လူ့အခွင့်ရေးကို လေးစားကြဖို့တိုက်တွန်းရခြင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အင်အားစုတွေ တရားသောတိုက်ပွဲဆင်နွှဲနေတာကို သက်သေပြဖို့ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၇။ ကိုးတောင်ဘို့မှာတိုက်ပွဲဖြစ်ပွား၍ စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူအမျိုးသမီးနှစ်ဦးသေဆုံး
📌 ၈။ ယင်းမာပင်မြို့နယ်ကပိုင်နဲ့သီးကုန်းကျေးရွာက လူနေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး
📌 ၉။ နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများ နွေဦးထီဝယ်ယူအားပေးနိုင်ရန် နိုင်ငံတကာရှိ နွေဦးထီကိုယ်စားလှယ်များထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များအပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းအသိပေးပြောကြား
လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များအပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကသြဂုတ်လ၁၈ရက်ကျင်းပတဲ့ ကြား ကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောပါတယ်။
"တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများ အချိတ်အဆက်မိမိနှင့် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်းနှင့် လက်နက်တပ်ဆင်နိုင်ရေး တောင်းဆိုချက်များအပါအဝင် တော်လှန်ရေးကာလအလွန် ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ပါ ဆွေးနွေး တောင်းဆိုလာကြပြီဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင်လည်း ဒေသတစ်ခုနှင့်တစ်ခု လိုအပ်ချက်နှင့် ဆောင်ရွက်နိုင်မှုတို့ ကွာခြားသဖြင့် မြေပြင်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်ပေးကွပ်ကဲမှုစနစ်ကိုထူထောင်လျက်ရှိပြီးလက်နက်တပ်ဆင်ရေးပါတပါတည်းဆောင်ရွက်နေနယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှု ကော်မတီ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအကောင်အထည်ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာကြသော ပြည်သူ့ရင်ခွင်ခိုလှုံ ရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များက ကော်မတီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဆွေးနွေးတင်ပြခဲ့ ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်း အကြံပြုခဲ့ကြ ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ကော်မတီဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေး မှူးများ၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အ ထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေအားလုံးကို ဝန်ထမ်းအဖြစ် ကနေပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပယ်
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေအားလုံးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်းဩဂုတ် ၁၈ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ကြော်ငြာနဲ့ထုတ်ပြန်ခဲ့ပါတယ်။
မကြာမီပေါ်ပေါက်လာတော့မယ့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်မှာ ပြည်သူတွေကို ကိုယ်စားပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်မယ့် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစဉ်ကြီးမှာ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ ထောက် တိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး/မြို့နယ်အုပ်ချုပ် ရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူးနဲ့ညွှန်ကြားရေးမှူး/ ခရိုင်အုပ်ချုပ်ရေးမှူး အဆင့်ထိ အရာထမ်းတွေကို တာဝန်ထမ်း ဆောင်ခွင့် မရှိစေဘဲ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
သို့သော်ထုတ်ပယ်တဲ့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို အကြမ်း ဖက်စစ်ကောင်စီရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ သတင်းတွေ လျှို့ဝှက်ပေးပို့တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးအထောက်အပံ့နဲ့ အခြားအထောက်အပံ့ တွေ ပေးအပ်တာ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ငွေကြေးနဲ့ အခြားအထောက်အပံ့တွေ လျှို့ဝှက်ပေးအပ် တာတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်သူ့ဘက်တော်သား ဝန်ထမ်းတွေ ပါဝင်ခြင်းမရှိစေဘဲ ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေမှုတွေအပေါ် အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဝေဖန်ထောက်ပြမှုများကို လက်ခံကြိုဆိုတယ်လို့ဆို
အမျိုးသားညီညွတ်ရေးအစိုးရဟာ ဝေဖန်ထောက်ပြမှုများကို လက်ခံကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကသြဂုတ်လအတွင်းကျင်းပတဲ့ တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဟာ ဝေဖန်တာလည်းခံပါတယ်။ဝေဖန်ဖို့လည်းလိုပါတယ်။ဝေဖန်မှုတွေကိုလည်း ကြုိဆိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လတ်တလောမှာ လူထုမှ အမျိုးသာစညီညွတ်ရေးအစိုးရကို လက်နက်တပ်ဆင်ရေးအပိုင်းနဲ့ မြို့သိမ်းတိုက်ပွဲများဆင်နွှဲဖို့ ဝေဖန်ထောက်ပြမှုများရှိနေပါတယ်။
========================
📌📌 ၅။ Memorial Foundation ကိုရီယား ဂွမ်ဂျူးလူ့ခွင့်အရေး အဖွဲ့ မှ ၀န်ကြီးနှင့်ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးတွေ့ဆုံ
သြဂုတ်လ ၁၈ ရက်နေ့မှာ လူငယ်၊ အမျိုးသမီးနဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဝန်ကြီး နော်ဆူဆန်လှလှစိုးနဲ့ Memorial Foundation ကိုရီယား ဂွမ်ဂျူးလူ့ခွင့်အရေး အဖွဲ့ကတွေ့ဆုံခဲ့ဆကြာင်းထုတ်ပြန်ခဲ့ပါတယ်။ ထို့သို့တွေ့ဆုံရာတွင်မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထွန်းကားရေး လူ့အခွင့်အရေး ကိစ္စများ အမျိုးသမီးနှင့်ကလေးသူငယ်ကာကွယ်ရေးကိစ္စများအားဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့လူ့အခွင့်ရေးတို့မှာတက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၆။ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ လူ့အခွင့်ရေးကို လေးစားကြဖို့တိုက်တွန်းရခြင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အင်အားစုတွေ တရားသောတိုက်ပွဲဆင်နွှဲနေတာကို သက်သေပြဖို့ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ လူ့အခွင့်ရေးကို လေးစားကြဖို့တိုက်တွန်းရခြင်းမှာ ဂုဏ်သိက္ခာရှိတဲ့ အင်အားစုတွေ တရားသောတိုက်ပွဲဆင်နွှဲနေတာကို သက်သေပြဖို့ဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကသြဂုတ်လ၁၈ရက်မှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် သက်ဆိုင်သော သင်ခန်းစာများ ပို့ချရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"လူ့အခွင့်အရေးဆိုတာ နိုင်ငံတကာကသတ်မှတ်ပေးလို့ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။လူတိုင်း ဂုဏ်သိက္ခာအပြည့်နဲ့ နေနိုင်ဖို့တောင်းဆိုရင်း နိုင်ငံတကာစံနှုန်းတွေ ပေါ်ပေါက်လာတာပါ။ အဖွဲ့အစည်းတွေအနေနဲ့ လူ့အခွင့်အရေးကို လေးဟားကြဖို့တိုက်တွန်းရတာကလည်း နိုင်ငံတကာရဿ့ စံချိန် စံညွှန်းတွေကြောင့်မဟုတ်ပါဘူး။ဂုဏ်သိက္ခာရှိတဲ့ အင်အားစုတွေ တိုက်ပွဲ ဝင်နေတဲ့တရားသောတိုက်ပွဲအဖြစ် သက်သေပြနိုင်ဖို့ပါ"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စကစတပ်ဖွဲ့ဝင်များကိုအရှင်ဖမ်းမိသော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဟာ ဆေးကုသပြုစုပေးလျက်ရှိပါတယ်။
========================
📌📌 ၇။ ကိုးတောင်ဘို့မှာတိုက်ပွဲဖြစ်ပွား၍ စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူအမျိုးသမီးနှစ်ဦးသေဆုံး
ကိုးတောင်ဘို့မှာတိုက်ပွဲဖြစ်ပွား၍ စကစတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားပြည်သူအမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း သြဂုတ်လ ၁၉ ရက်နေ့မှာ စစ်ရေးသတင်းကို ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကဆိုပါတယ်။
"မနေ့ညက ကိုးတောင်ဘို့ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသမဟာမိတ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စကစဘက်မှ ၃ ကောင်အနည်းဆုံးကျဆုံးပြီး ထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ်။ စကစဘက်မှ လက်နက်ကြီးနဲ့ တရစပ်ပစ်ခတ်ခဲ့၍ ကိုးတောင်ဘို့ဘူတာအနီး ဘူတာတန်းမှနေအိမ်တစ်အိမ်ပေါ်ကျကာ အမျိုးသမီးကြီးနှစ်ယောက်သေဆုံးခဲ့ပါတယ်"လို့ ဆိုပါတယ်။
တိုက်ပွဲများထပ်မံပြင်းထန်လာနိုင်၍ နေအိမ်မှာ ပြန်လည်နေထိုင်ကြသော အရပ်သားပြည်သူများ ရွာထဲတွင်ဆက်မနေသင့်ဘဲ ရှောင်ရှားသင့်ပါကြောင်း ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကသတိပေးကြေညာပါတယ်။
========================
📌📌 ၈။ ယင်းမာပင်မြို့နယ်ကပိုင်နဲ့သီးကုန်းကျေးရွာက လူနေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ကပိုင်နဲ့သီးကုန်းကျေးရွာက လူနေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သြဂုတ်လ၁၉ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။ "စကစတပ်များဟာကပိုင်/သီးကုန်းကျေးရွာ နေအိမ်များ မီးရှို့ထားခဲ့ပါတယ်။ ပြည်သူတွေကတော့ လွတ်ရာကို ကြိုတင်ရှောင်နိုင်လိုက်ပါတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့မှာ ယင်းမာပင်မြို့နယ်အတွင်းက ရင်ပေါင်တိုင်မှ ထွက်ခွါလာတဲ့ စကစတပ်များဟာ ကပိုင်/သီးကုန်း ကျေးရွာကို ရောက်ရှိလာခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာပါ။
========================
📌📌 ၉။ နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများ နွေဦးထီဝယ်ယူအားပေးနိုင်ရန် နိုင်ငံတကာရှိ နွေဦးထီကိုယ်စားလှယ်များထုတ်ပြန်
နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများ နွေဦးထီဝယ်ယူအားပေးနိုင်ရန် နိုင်ငံတကာရှိ နွေဦးထီကိုယ်စားလှယ်များထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့မှာ နိုင်ငံတကာ ကိုယ်စားလှယ်များကို နွေဦးထီ မိသားစုကအသိပေးဖော်ပြပါတယ်။ နိုင်ငံတကာရှိ တော်လှန်ရေးအင်အားစုများ နွေဦးထီဝယ်ယူအားပေးနိုင်ရန် နိုင်ငံတကာရှိ နွေဦးထီကိုယ်စားလှယ်များ ကိုဖော်ပြအပ်ပါတယ်။ လက်ရှိအချိန်မှာ USA ၊ UK ၊Germany Finland ၊New Zealand ၊Japan ၊Canada ၊Thailand ၊Singapore နိုင်ငံများတွင် နွေဦးထီ တရားဝင်ကိုယ်စားလှယ်များထားရှိထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။ နွေဦးထီလက်မှတ်များကို NUG Pay နဲ့ရက်ပိုင်းအတွင်းထိုးလို့ရတော့မယ်လို့လည်းအသိပေးကြေညာထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment