23rd AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကို လုံခြုံရေးသတိရှိဖို့နဲ့ စစ်ရေးဆောင်ရွက်မှုတို့မလောရန် ပြည်ထဲရေးဝန်ကြီးမှာကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက် (/၂၀၂၂) ကို ဩဂုတ်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ

📌 ၃။ တပ်ရင်းတပ်ဖွဲ့များကို မှတ်ပုံတင်ပေးတဲ့အခါမှာလုပ်ငန်းစဥ် တချို့ကြောင့် ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း အမြန်ဆုံးဆောင်ရွက်ပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ရှင်းလင်း

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးပြင်ဆင်မှုအတော်ကိုအားကောင်းနေပြီလို့ဆို

📌 ၅။ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၍ အိမ်ခြေအလုံး ၃၀ မီးလောင်ပျက်စီး

📌 ၆။ မကွေးတိုင်း ပေါက်မြို့နယ် ရှိ စသိန်း၊ ညောင်ရင်း၊ နှင့် ဂွေးဂုံကျေးရွာ များကို အကြမ်းဖက် စစ်တပ်က ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၍ ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရ

📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ CRPH/NUG Support Group (Australia) နှင့်အတူ EOD ရှယ်ယာများရောင်းချပေးလျက်ရှိ

📌 ၈။ InyaView@6.5 Mile သတ်မှတ်ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ  သန်းဖိုးအထိရောင်းချထားရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကို လုံခြုံရေးသတိရှိဖို့နဲ့ စစ်ရေးဆောင်ရွက်မှုတို့မလောရန် ပြည်ထဲရေးဝန်ကြီးမှာကြား


အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ကို လုံခြုံရေးသတိရှိဖို့နဲ့ စစ်ရေးဆောင်ရွက်မှုတို့မလောရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။ သြဂုတ်လတွင်းမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာအသိပေးပြောပါတယ်။


"ကိုယ်စီတာဝန်ကျေဖို့ပဲလိုတယ်။ လုံခြုံရေးသတိအမြဲရှိပါ။ မလောပါနဲ့ ရဲဘော်တို့"လို့ ဆိုပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့SOF အယောက်တစ်ရာကျော် သင်တန်းဆင်းပြီးဖြစ်ကာ ရန်ကုန်၊ဧရာဝတီနဲ့မွန်ပြည်နယ်တို့မှာမြို့ပြစစ်ဆင်ရေးတာဝန်များပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SPECIAL OPERATION FORCE (S.O.F) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန၏ အထူးတိုက်ခိုက်ရေးနှင့်ချေမှူန်းရေး လက်ရင်းတပ်ဖွဲ့ဖြစ်ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက် (/၂၀၂၂) ကို ဩဂုတ်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက် (/၂၀၂၂) ကို ဩဂုတ်လ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာချက် အပြည့်အစုံမှာ - https://www.facebook.com/101928055384776/posts/pfbid0YGyvFD5bkCja6Zwv8BJk9RSBNE3o3fa32Lkvu2BUFq96buNuEqyGcRiZ4j3Ymff2l/?d=n


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


ထုတ်ပြန်ကြေညာချက် (/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၂) ရက်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်


မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့်ပတ်သက်သည့်ကြေညာချက်


၁။ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ သတ္ထု၊ ကျောက်မျက်နှင့် ပုလဲ လုပ်ငန်းရှင်/ ကုမ္ပဏီများအနေဖြင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် စီးပွားရေးအပါအဝင် မည်သည့်ကိစ္စရပ်ကိုမဆို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပူပေါင်းပါဝင် ပတ်သက်ခြင်း မပြုရန် အမျိုးသားညီညွတတ်ရေးအစိုးအရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၇..၂၀၂၁ ရက်စွဲပါ ကြေညာချက် (/၂၀၂၁) ဖြင့်လည်းကောင်း၊ ၂၉..၂၀၂၁ ရက်စွဲပါ ကြေညာချက် (/၂၀၂၁) ဖြင့်လည်းကောင်း မေတ္တာရပ်ခံ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါသည်။

၂။ သို့သော် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ကျောက်မျက်ရတနာပြပွဲများ ကျင်းပပြုလုပ်ခြင်း၊ စီမံကိန်းများရေးဆွဲရာတွင် ပါဝင်ခြင်း စသည့်ကိစ္စရပ်များလုပ်ဆောင်လျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အနေဖြင့် (၂၀၂၂-၂၀၂၅) ဆဌမသက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များပြန်လည်ရွေးချယ် တင်မြှောက်ရန် (၁၉..၂၀၂၂) ရက်စွဲဖြင့် ကြေညာ၍ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အာဏာရရှိရေးနှင့် ဝင်ငွေရရှိရေးအတွက် ပြည်သူများကို ဖိနှိပ်၍ မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူခြင်း၊ ငွေကြေးချမ်းသာကြွယ်ဝသူများကို ပစ်မှတ်ထား အမှုဆင်ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ အနေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ်လျက်ရှိသည်ကို အားလုံး အသိပင်ဖြစ်သည်။ ယခုကဲ့သို့ မိမိတို့ပြည်သူတရပ်လုံး ဒုက္ခပင်လယ်ဝေနေချိန်တွင် တိုင်းပြည်ရတနာဖြစ်သည့် သူဌေးသူကြွယ်၊ လုပ်ငန်းရှင်ကြီးများအနေဖြင့် ပြည်သူ့ရန်သူစစ်ကောင်စီကို အထောက်အကူမပြုသင့်ဘဲ ပြည်သူနှင့်အတူ ရပ်တည် ရင်ဆိုင်သင့်ချိန်ဖြစ်သည်။

၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအားနည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်နေသော တရားမဝင်စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် မည်သည့်ပူးပေါင်းမှုကိုမှ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်ခြင်းလုံးဝမပြုရန်နှင့် အသင်း၏တရားဝင်မှုမရှိသော (၁၉..၂၀၂၂) ကြေညာချက်ပါ ရွေးချယ်ပွဲအား အမျိုးသာညီညွတ်ရေးအစိုးရက  အသိအမှတ်မပြုပါကြောင်း အသိပေး ထုတ်ပြန်ကြေညာလိုက်သည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


========================


📌📌 ၃။ တပ်ရင်းတပ်ဖွဲ့များကို မှတ်ပုံတင်ပေးတဲ့အခါမှာလုပ်ငန်းစဥ် တချို့ကြောင့် ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း အမြန်ဆုံးဆောင်ရွက်ပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ရှင်းလင်း


တပ်ရင်းတပ်ဖွဲ့များကို မှတ်ပုံတင်ပေးတဲ့အခါမှာလုပ်ငန်းစဥ် တချို့ကြောင့် ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း အမြန်ဆုံးဆောင်ရွက်ပေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဦးနိုင်ထူးအောင်က ရှင်းလင်းပြောပါတယ်။ သြဂုတ်လအတွင်း ဆက်သွယ်မေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုပါတယ်။


"တပ်ရင်း တပ်ဖွဲ့တွေဖွဲ့တဲ့အခါ တိုက်ဆိုင်စစ်ဆေးရတာပေါ့။တပ်သားတိုးချဒ့တာ၊ကိုယ်ပိုင်နံပါတ်ပို့ပေးတာ စတဲ့လုပ်ငန်းစဥ်ကြောင့် ကြန့်ကြာမှုတချို့ရှိပါတယ်။ပြီးတဲ့အခါ ဆက်သွယ်ရတဲ့အခါမှာလည်း အခက်အခဲတချို့ရှိတော့ ကြန့်ကြာပါတယ်။ဒါပေမယ့်ကျနော်တို့ ဘက်ကတော့ အမြန်ဆုံးဆောင်ရွက်ပေးနေပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ တပ်ရင်းတပ်ဖွဲ့ပေါင်းနှစ်ရာ့ငါးဆယ်ကို ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ပုံတင် ပေးပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးပြင်ဆင်မှုအတော်ကိုအားကောင်းနေပြီလို့ဆို


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးပြင်ဆင်မှုအတော်ကိုအားကောင်းနေပြီလို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောပါတယ်။ သြဂုတ်လအတွင်းမှာ တော်လှန်ရေးအခြေအနေနဲ့ပတ်သက်လို့ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက လူမှုကွန်ရက်မှာအသိပေးပြောကြားခဲ့ပါတယ်။


"စကစနဲ့ပေါင်းအပါ တွေကတော့ ဂုဏ်သိက္ခာဆိုတာ ဂျိုနဲ့လားလို့ ပြန်မေးမယ့်သူတွေ။ သူတို့မှာ ဂုဏ်သိက္ခာမရှိဘူး၊ အရှက်တရားမရှိဘူး။ သူတို့မှာ ကိုယ်ကျိုးပဲရှိတယ်။ ဒါကြောင့်တော်လှန်ရေးက အခြေအနေပြောင်းပြီး လက်နက်ကိုင်လမ်းစဉ်အားကောင်းအောင်တည်ဆောက်လာရတာ ဖြစ်တယ်။ သူတို့နဲ့ ကျွန်တော်တို့ အားပြိုင်တဲ့ အဆင့်ကို ရောက်လာနေပါပြီ။  လက်ရှိ တော်လှန်ရေး အင်အားစုတွေရဲ့ ပြင်ဆင်နေတဲ့အနေအထားဖြစ်တယ်။ ပြင်ဆင်မှုဟာအတော်အားကောင်းနေပါပြီ။ တိုးတက်လာနေပါပြီ။ ဒီထက် ရန်သူကို ပခုံးခြင်းယှဉ်ဖို့ လုပ်နေပါပြီ"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်၊ စက်တင်ဘာခုနစ်ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်းနှစ်ရာငါးဆယ့်ခုနစ်ရင်း၊မြို့နယ်ပကဖပေါင်း နှစ်ရာ့ငါးဆယ်ကျော်နဲ့တစ်နိုင်ငံလုံးအင်အားသိန်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၍ အိမ်ခြေအလုံး ၃၀ မီးလောင်ပျက်စီး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကိုအကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၍ အိမ်ခြေအလုံး၃၀မီးလောင်ပျက်စီးခဲ့ပါတယ်။ သြဂုတ်လ၂၂ရက် ညနေပိုင်းကစတင်ကာ ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့တာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကဆိုပါတယ်။


"ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ညောင်ကုန်းရွာကို ၂၂ ရက် ညနေတွင် အကြမ်းဖက်စခများမှ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်အလုံး (၃၀) ပျက်ဆီးဆုံးရှုံးသွားတယ်"လို့ ဆိုပါတယ်။ ယခုအခါ အကြမ်းဖက်စကစတပ်(၆၃)​ဦးဟာ နံနက်၅နာရီခွဲခန့်တွင် ညောင်ကုန်းရွာမှ အနောက်မြောက်ဘက်သို့ ထွက်ခွါသွားပြီး လက္ခုပင်ရွာအရှေ့ဘက်ခြမ်းရှိ တောတိုက်တွေမှာ ရောက်ရှိနေတယ်လို့သိရပါတယ်။ ကောလင်းနယ်အစပ်နှင့် ကျွန်းလှမြို့နယ်အစပ်မှာရှိတဲ့ ရွာများမှပြည်သူတွေအားလုံး သတိဝီရိယထားပြီး ဂရုစိုက်သွားလာကြဖို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကအသိပေးထားပါတယ်။


========================


📌📌 ၆။ မကွေးတိုင်း ပေါက်မြို့နယ် ရှိ စသိန်း၊ ညောင်ရင်း၊ နှင့် ဂွေးဂုံကျေးရွာ များကို အကြမ်းဖက် စစ်တပ်က ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၍ ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရ


မကွေးတိုင်း ပေါက်မြို့နယ် ရှိ စသိန်း၊ ညောင်ရင်း၊ နှင့် ဂွေးဂုံကျေးရွာ များကို အကြမ်းဖက် စစ်တပ်က ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၍ ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ဩဂုတ်လ ၂၂ ရက် မှာပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ကဖော်ပြအသိပေးပါတယ်။


"မကွေးတိုင်း ပေါက်မြို့နယ် ရှိ စသိန်း၊ ညောင်ရင်း၊ နှင့် ဂွေးဂုံကျေးရွာ များကို အကြမ်းဖက် စစ်တပ်က ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ မိုးထဲရေထဲမှ ထွက်ပြေး တိမ်းရှောင်နေရပါတယ်"လို့ဆိုပါတယ်။


ဩဂုတ်လ ၂၂ ရက်နေ့တွင် လည်းပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် မဟာမိတ်အဖွဲ့များ ဖြစ်သော ဗိုလ်တိမ်လွှာအဖွဲ့၊ Pakokku Generation Z, ပခုက္ကူမြို့ပြပြောက်ကျား အဖွဲ့၊ MUGDF အဖွဲ့၊ အနောက်လွင်ပြင် တပ်ရင်း ၇၀၈ အဖွဲ့၊ ပေါက်မြောက်ပိုင်း ဒေသခံ ဗိုလ်မီးခဲ အဖွဲ့ တို့မှ အထက်ပါ ကျေးရွာများသို့ စစ်ကြောင်း ကြောင်း ခွဲ၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ဂွေးဂုံ ကျေးရွာတွင် စခန်းချထားသော စကစတပ်၊ ပျူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။ အဖွဲ့ တစ်ဖွဲ့က ရန်သူ့ကင်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် ရန်သူ သုံးဦးကို အသေ ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အခြား ကင်းများကို စီးနင်းရာတွင် ရန်သူ့ဖက်မှ ၄၀ မမ ဖြင့် တရစပ် ပစ်ခတ် မှုကြောင့် လက်နက်အင်အား မမျှသဖြင့် ပြန်လည် ဆုတ်ခွါခဲ့ရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ CRPH/NUG Support Group (Australia) နှင့်အတူ EOD ရှယ်ယာများရောင်းချပေးလျက်ရှိ


အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ CRPH/NUG Support Group (Australia) နှင့်အတူ EOD ရှယ်ယာများရောင်းချပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၃ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဟာ CRPH/NUG Support Group (Australia) နှင့်အတူ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) အစု ရှယ်ယာများကို ရောင်းချပေးလျက် ရှိပါတယ်"လို့ ဆိုပါတယ်။


ရှယ်ယာဝယ်ယူဖို့အွန်လိုင်းပုံစံမှာ မိမိဝယ်ယူလိုသည့် ရှယ်ယာအရေအတွက်ကို ဖြည့်စွက်အသိပေးပါက ရုံးအဖွဲ့မှ ပြန်လည်ဆက်သွယ် ရောင်းချပေးမှာဖြစ်တယ်လို့ဆိုထားပါတယ်။ အသေးစိတ်အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။


========================


📌📌 ၈။ InyaView@6.5 Mile သတ်မှတ်ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ သန်းဖိုးအထိရောင်းချထားရ


InyaView@6.5 Mile သတ်မှတ်ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ သန်းဖိုးအထိရောင်းချထားရတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ End of Dictator Ship ကအသိပေးဖော်ပြပါတယ်။


"InyaView@6.5 Mileကြီးက သတ်မှတ်ရှယ်ယာတန်ဖိုး ဒေါ်လာ သန်းမှာ သန်းထိခရီးပေါက်ခဲ့ပြီဆိုတော့ ၂၈% လောက်အောင်မြင်ခဲ့ပြီ ဆိုရပါမယ်။ ပတ်စွန်းစွန်းမှာတင် ဒေါ်လာ သန်းဖိုးရောင်းရတယ်ဆိုတာ တွေးကြည့်ရင်အားရှိစရာကြီးပါ"လို့ ဆိုပါတယ်။


မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ သန်းနဲ့ Finical Right ကို အစုရှယ်ရာ အနေနဲ့  တစ်စုကို ဒေါ်လာ ၁၀၀ နဲ့  ရှယ်ယာပေါင်းက သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment