24th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီ စစ်သား(၃၇)ယောက်ကို သုတ်သင်ခဲ့တဲ့ The Sniper() ရဲဘော်နွေဦး ကိုပြည်ထဲရေးဝန်ကြီးချီးကျူးဂုဏ်ပြု

📌 ၂။ အာဆီယံဒေသတွင်း လိင်အကြမ်းဖက်မှု ကိစ္စများ အားတရားမျှတမှုဖော်ဆောင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးတက်ရောက်အကြံပြုတိုက်တွန်း

📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ကုလသမဂ္ဂရုံးချုပ်ရှေ့စုပေါင်းချီတက်ဆန္ဒပြမယ်

📌 ၄။ တော်လှန်ရေး အမြန်အောင်မြင်ဖို့ အချင်းချင်းသွေးမကွဲဖို့လိုတယ်လို့ ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်အသိပေး

📌 ၅။ စစ်တပ်နဲ့ရဲဆို မသာ မချပေးဘူးလို့ကြေညာထားတဲ့ သရုပ်ဆောင်ဦးကျော်သူအိမ်ကိုသိမ်း

📌 ၆။ NUGPay နှင့်အခွန်ဆောင်လို့ရပြီလို့ဆို

📌 ၇။ S.O.F နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၆၀ မမ အထူးမစ်ရှင်အဖြစ် ရန်ကုန် အင်းစိန်အကျဥ်းထောင်ရဲ့အပြင်ဘက်ခြမ်းက အရာရှိအိမ်ယာများနဲ့ စကစဂိတ်စခန်းများကိုတိုက်ခိုက်

📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်တပ်ညှင်းပန်းသတ်ဖြတ်လို့ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၃၃) ဦး ရှိပြီ

📌 ၉။ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း - မှကြားဖြတ်တိုက်ခိုက်ရာ လေးဆယ်ထက်မနည်းကျကာ အရှင်ခုနစ်ဦးဖမ်းမိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီ စစ်သား(၃၇)ယောက်ကို သုတ်သင်ခဲ့တဲ့ The Sniper() ရဲဘော်နွေဦး ကိုပြည်ထဲရေးဝန်ကြီးချီးကျူးဂုဏ်ပြု


စစ်ကောင်စီ စစ်သား (၃၇) ယောက်ကို သုတ်သင်ခဲ့တဲ့ The Sniper() ရဲဘော်နွေဦး ကိုပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ သြဂုတ်လ၂၃ရက်မှာ ပြည်ထဲရေးဝန်ကြီးက လူမှုကွန်ရက်မှာအသိပေးပြောပါတယ်။


"စကစ စစ်သား (၃၇) ယောက်ကို သုတ်သင်ခဲ့တဲ့ The Sniper() နွေဦးတစ်နေ့ တပ်မဟာတာဝန်ခံ တစ်ဦးက ဆရာရေ နွေဦး()ဖိုးလုံးကို စွမ်ဆောင်ရည်ဂုဏ်ပြုမှတ်တမ်း ထုတ်ပေးပါ လို့ပြောလာတယ်။ ဘာဖြစ်လို့ ထုတ်ပေးရမှာလည်း အကျိုးအကြောင်းတင်ပြပေးပါ ဆိုတော့တောင်ပိုင်းတပ်ရင် (၃၅၀၂) ပူးတွဲစစ်ကြောင်းက စနိုက်ဘာရဲဘော် နွေဦး()ဖိုးလုံး စကစ ရှေ့တန်းစခန်း() ခုက စကစ စစ်သား ၃၇ ယောက်ကို အကူတစ်ယောက်ရဲ့အကူ အညီနဲ့တစ်နှစ်တာအတွင်း စနိုက်ဘာ နှင့်ချောင်းပြီး သုတ်သင်နိုင်ခဲ့တဲ့ ရဲဘော်ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ရဲဘော်နွေဦး () ဖိုးလုံး အတွက်များစွာ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်လို့ ပြည်ထဲရေးဝန်ကြီးကဆိုထားပါတယ်။ ရဲဘော်နွေဦးဟာ ပြည်သူ့ PDF ရဲ့သားကောင်းစစ်သည် ဖြစ်ကြောင်း ဝန်ကြီးကဆိုထားပြီးတော့ ဆုချဖို့အစီအစဥ်လည်းရှိမယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ အာဆီယံဒေသတွင်း လိင်အကြမ်းဖက်မှု ကိစ္စများ အားတရားမျှတမှုဖော်ဆောင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးတက်ရောက်အကြံပြုတိုက်တွန်း


အာဆီယံဒေသတွင်း လိင်အကြမ်းဖက်မှု ကိစ္စများ အားတရားမျှတမှုဖော်ဆောင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးတက်ရောက်အကြံပြုတိုက်တွန်းခဲ့ပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးက အသိပေးပြောကြားထားပါတယ်။


"အာဆီယံဒေသတွင်း လိင်အကြမ်းဖက်မှု ကိစ္စများ အားတရားမျှတမှုဖော်ဆောင်ရေးအတွက် တက်ရောက် အကြံပြုတိုက်တွန်းခဲ့ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများကို အကြမ်းဖက်ကာလိင်ပိုင်းဆိုင်ရာများကျူးလွန်မှုများမြင့်တက်ခဲ့ပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ကုလသမဂ္ဂရုံးချုပ်ရှေ့စုပေါင်းချီတက်ဆန္ဒပြမယ်


သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ကုလသမဂ္ဂရုံးချုပ်ရှေ့စုပေါင်းချီတက်ဆန္ဒပြမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လအတွင်းမှာ NYCBC က သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"လာမည့် (၇၇)ကြိမ်မြောက် UN General Assembly တွင် NUG မှ ခန့်အပ်ထားသည့် လက်ရှိ UNဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်း သံအမတ်ကြီး၊ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်း အား ဆက်လက် အသိအမှတ်ပြု ခန့်အပ်ထားရေး “Global Credentials  Action Campaign " ကိုကျင်းပမယ်"လို့ဆိုထားပါတယ်။


အဆိုပါCampaignကို စက်တင်ဘာလ (၁၇) ရက်၊နယူးယောက်မြို့ကုလသမဂ္ဂရုံးချုပ်ရှေ့တွင်၊ပြည်နယ်အသီးသီးမှ တိုင်းရင်းသားများ/ အဖွဲ့အစည်းအသီးသီးများက၊ လာရောက်ပူးပေါင်းအားဖြည့်ကာ၊ စုပေါင်းချီတက်ဆန္ဒပြဖော်ထုတ်ကြမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ တော်လှန်ရေး အမြန်အောင်မြင်ဖို့ အချင်းချင်းသွေးမကွဲဖို့လိုတယ်လို့ ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်အသိပေး


တော်လှန်ရေး အမြန်အောင်မြင်ဖို့ အချင်းချင်းသွေးမကွဲဖို့လိုတယ်လို့ ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်အသိပေးပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်က လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"ဒီတော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ ရင်းပြီး မြေပြင်မှာ ပေးဆပ်နေသူတွေကို မေ့လျော့ပြီး တော်လှန်ရေး ရေစီးထဲက လူအနည်းငယ်ဟာ ကိုယ့်အချင်းချင်း ပြိုင်ဆိုင်ခြင်း၊ ကိုယ့်အချင်းချင်း ချောက်တွန်းခြင်း၊ ကိုယ့်အချင်းချင်း တိုက်ခိုက်ခြင်း၊ ကိုယ့်အချင်းချင်း မနာလိုချင်း၊ ကိုယ့် အချင်းချင်း သဝန်တိုခြင်း၊ ကိုယ့်အချင်းချင်း ဂုံးတိုက်ခြင်း၊ ကိုယ့်အချင်းချင်း အတင်းပြောချင်း၊ ကိုယ့်အချင်းချင်း သံသယပွားခြင်း၊ ကိုယ် အချင်းချင်း အပြစ်တင်ခြင်း ဆိုတဲ့ တရားဆိုးတွေရှိနေကြတာ သတိထားမိတော့ စိတ်မချမ်းသာဘူး။  သွေးကွဲဖို့ သွေးခွဲနေကြတာ တစိမ်းမဟုတ်ပဲ ကိုယ့်အချင်းချင်းဖြစ်နေတာမျိုးဟာ တော်လှန်ရေးအတွက် အဓိက အဖုအထစ် ဆူးညောင့်တွေပဲ။ 


အရေးကြီးတာ တော်လှန်ရေး အမြန်အောင်မြင်ဖို့ပဲ"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ စစ်တပ်နဲ့ရဲဆို မသာ မချပေးဘူးလို့ကြေညာထားတဲ့ သရုပ်ဆောင်ဦးကျော်သူအိမ်ကိုသိမ်း


စစ်တပ်နဲ့ရဲဆို မသာ မချပေးဘူးလို့ကြေညာထားတဲ့ သရုပ်ဆောင်ဦးကျော်သူအိမ်ကို တပ်နဲ့ရဲများက သိမ်းဆည်းချိတ်ပိတ်လိုက်တယ်လို့သတင်းရရှိပါတယ်။ မရမ်းကုန်းမြို့နယ်၊ အမှတ် () ရပ်ကွက်ရှိနေအိမ်ကို သြဂုတ်လ ၂၃ ရက် မှာ အကြမ်းဖက် စစ်တပ်ကလာရောက်၍ ချိတ်ပိတ်ကြောင်းစာတမ်းဆွဲကပ်ခဲ့ပါတယ်။


အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် ရဲနှင့် စစ်တပ်မိသားစုများကို စျာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှုတို့ မပေးတော့ကြောင်း ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာ မင်းသားကြီး ဦးကျော်သူနဲ့ဇနီးဟာ အကြမ်းဖက် စစ်တပ်ရန်မှ တိမ်းရှောင်နေနေရပါတယ်။


========================


📌📌 ၆။ NUGPay နှင့်အခွန်ဆောင်လို့ရပြီလို့ဆို


အမျိုးသားညီညွတ်ရေးအစိုးရသို့ လုပ်ငန်းရှင်များအနေနဲ့ NUGPay နှင့်အခွန်ဆောင်လို့ရပြီလို့ဆိုပါတယ်။ သြဂုတ်လ၂၃ ရက် မှာ NUG Pay ကအသိပေးဆိုပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရသို့ အခွန်ထမ်းဆောင်ရန်အတွက် ပထမဆုံးအဆင့်အနေနှင့်  ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပုံစံ (က-၀၀၁)ကို ဖြည့်သွင်းပြီးလျှင် အခွန်ထမ်းဆောင်ရန် လိုအပ်သော အသေးစိတ်အချက်အလက်များ ပါဝင်သည့် Email တစ်စောင်ရရှိမည်ဖြစ်ပါတယ်။ ငွေပေးချေမှုကိုတော့ Email တွင်ပေးထားသောနည်းနှစ်ခုအနက် အဆင်ပြေတဲ့နည်းကိုသုံးလို့ရပါတယ်"လို့ ဆိုပါတယ်။


Email တွင်ပေးထားသော NUG ၏နိုင်ငံခြားဘဏ်သို့ ကိုယ်တိုင်ဖြစ်စေ၊ အခြားယုံကြည်ရသူမှတဆင့်ဖြစ်စေ ငွေလွှဲခြင်း (သို့မဟုတ်) Email တွင်ပေးထားသော QR code သို့ NUGPay ဖြင့်ငွေလွှဲခြင်းတို့ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ငွေလွှဲပြီးလျှင်ပုံစံ (-၀၀၁) ကိုငွေလွှဲပြီးကြောင်း အထောက်အထားပြေစာနှင့်တကွ ဖြည့်သွင်းပေးရပါမှာဖြစ်ပါတယ်။ ပုံစံ (-၀၀၁) ဖြည့်သွင်းပြီး တစ်လအတွင်း Unique Identification Number (UID) နှင့်တကွ ဂုဏ်ပြုမှတ်တမ်းကို ဖော်ပြပါ Email မှ လက်ခံရရှိမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ S.O.F နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ၆၀ မမ အထူးမစ်ရှင်အဖြစ် ရန်ကုန် အင်းစိန်အကျဥ်းထောင်ရဲ့အပြင်ဘက်ခြမ်းက အရာရှိအိမ်ယာများနဲ့ စကစဂိတ်စခန်းများကိုတိုက်ခိုက်


ယမန်နေ့ သြဂုတ်လ ၂၂ ရက်နေ့  နံနက်အစောပိုင်း ၃း၂၀ နာရီတွင် ရန်ကုန် အင်းစိန်အကျဥ်းထောင်၏ အပြင်ဘက်ခြမ်း အရာရှိများအိမ်ယာနှင့် လုံခြုံရေးတပ်စွဲထားသော စစ်ခွေးများဂိတ်တဲအား ၆၀ မမ စိန်ပြောင်းတစ်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်SOFကဆိုပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ စစ်ရေးသတင်းများကို SOF ကဆိုပါတယ်။


"တပ်ဖွဲ့ဝင် Operators များ၏ ကျွမ်းကျင်စွာချိန်ဆပစ်ခတ်နိုင်မှူကြောင့် ပစ်မှတ်() အရာရှိများနေထိုင်သည့်အိမ်ယာသို့ ဗုံးသီးနှစ်ချက် ပစ်မှတ်() စစ်ခွေး ၂၀ ခန့်တပ်စွဲထားသော ဂိတ်တဲအား ဗုံးသီးနှစ်ချက်စီဖြင့် (ဗုံးသီးလေးချက်) ပစ်ခတ်နိုင်ခဲ့ပြီး ပစ်မှတ်များသို့ တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့တယ်"လို့ ဆိုပါတယ်။


ပစ်ခတ်တိုက်ခိုက်မှူအပြီး ၃း၄၀ နာရီတွင်တဝန်းလုံးမီးများမှိတ်ပြီး လူနာတင်ယာဥ် သုံးစီးနှင့် DC နှစ်စီးဝင်လာကာ သေဆုံးနိုင်ခြေရှိသူများနှင့် ပြင်းထန်ဒဏ်ရာရသူ ၁၃ ဦးခန့်အား လာရောက်ထုတ်ယူသွားတယ်လို့ဆိုပါတယ်။ အခြားဒဏ်ရာရသူများအား ထောင်ဝန်းအတွင်းနေရာရွှေ့၍ လျှို့ဝှက်ကုသနေကြောင်းသိရကာ စကစတပ်များအိပ်နေသည့် ဝန်ထမ်းအဆောင်တစ်ခု အမိုးများအုတ်နံရံများပါ ပျိုကျပျက်စီးခဲ့ပြီး နေရာအား ပိတ်ဆို့ကာရံထားတယ်လို့ဖော်ပြပါတယ်။ လက်ရှိမှာဝန်ထမ်းများအားလုံးကို ပြင်ပနှင့်အဆက်အသွယ်ဖြတ်ပြီး သတင်းပိတ်ထားကြောင်းသိရပါတယ်။


"S.O.F တပ်ဖွဲ့ဝင်အားလုံးလုံခြုံဘေးကင်းပါပြီ။ ပစ်မှတ်များနှင့် သတင်းအချက်အလက်များ တိတိကျကျဖြင့်ယုံကြည်စွာပေးပို့သော ထောင်ဝန်ထမ်းအား ကျေးဇူးတင်ပါတယ်"လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။


========================


📌📌 ၈။ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်တပ်ညှင်းပန်းသတ်ဖြတ်လို့ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၃၃) ဦး ရှိပြီ


နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်တပ်ညှင်းပန်းသတ်ဖြတ်လို့ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၃၃) ဦး ရှိပြီလို့သတင်းရရှိပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၃၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ကဖော်ပြပါတယ်။


ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအနီးရှိ ပိတောက်ခုံကျေးရွာနှင့် ဘူတာတန်းကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် စကစတပ်များကရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ အဆိုပါလက်နက်ကြီးကျည်သည် ကိုးတောင်ဘို့ဘူတာရုံအနောက်ဘက်ရှိ နေအိမ် တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အဆိုပါနေအိမ်နှင့် ကပ်လျက် နေအိမ်ရှိ ခုံတန်းလျားအောက်၌ ပုန်းအောင်းနေသည့် ဒေသခံအမျိုးသမီး နှစ်ဦးဖြစ်သော ဒေါ်ခင်မာဝင်းနှင့် ဒေါ်ခင်မြင့်တို့မှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။


========================


📌📌 ၉။ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း - မှကြားဖြတ်တိုက်ခိုက်ရာ လေးဆယ်ထက်မနည်းကျကာ အရှင်ခုနစ်ဦးဖမ်းမိထား


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းအားကန့်ဘလူခရိုင်တပ်ရင်း - မှကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။ သြဂုတ်လ ၂၃ ရက် နံနက်၈နာရီကတိုက်ပွဲစတင်တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း - မှပြောပါတယ်။


"၇ယောက်သူတို့ဘက်ကလူကိုဖမ်းမိထားပါတယ်ဗျ။အရာရှိပါ၊မပါတော့မသိသေးပါဘူး"လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲမှာ စကစဘက်ကလေကြောင်းပစ်ကူလာ၍ မနက်ဆယ်နာရီမှာဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။ ကန့်ဘလူခရိုင်တပ်ရင်း - ကထုတ်ပြန်ထားချက်အရ RPG စက်လတ် MA 1 MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment