6th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလက ကာကွယ်ရေးဝန်ကြီးကို စစ်တရားရုံးချုပ်နှင့် အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာအပ်နှင်း

📌 ၂။ ပြည်သူတွေ ညီညွတ်မှုနဲ့ နွေဦးတော်လှန်ရေးက ကျိန်းသေပေါက်နိုင်မှာလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၄။ စစ်ကောင်စီက နိုဝင်ဘာလအထိ တိုးတက်ပြောင်းလဲမှုမရှိပါက အာဆီယံနိုင်ငံများက ဆုံးဖြတ်ချက်အသစ်တွေ ထပ်မံလာမယ်လို့သတိပေး

📌 ၅။ အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်လုပ်သမားဥပဒေဝဘ်ဆိုက် (Labour Law Portal) အားစတင်ထုတ်လွှင့်

📌 ၆။ MDY-PDF မှရဲဘော်များ လစဉ်အိတ်ဆောင် ပိုက်ဆံ အဖြစ် တစ်ဦးကိုကျပ်တစ်သောင်းရရှိ

📌 ၇။ ၁၇ လတာအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပေါင်း ၃၄၇၄ ကြိမ် ပြုလုပ်ခဲ့

📌 ၈။  ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်နေ အရပ်သားတစ်ဦးကို ညအချိန်မတော် စကစတပ်များလာရောက်ဖမ်းဆီး၍ မနက်ပိုင်းမှာ ရုပ်အလောင်းကို ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ပစ်ထားခဲ့

📌 ၉။ ဆိပ်ဖြူ-ဆောလမ်းပိုင်းကို နံနက် နာရီမှ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး အလုံပိတ်ကားများဖြတ်သန်းခွင့်မပြု

📌 ၁၀။ စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ မှ တပ်သားလေးဦးဟာ KNU ထံ အလင်းဝင်ခိုလှုံ

📌 ၁၁။ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလက ကာကွယ်ရေးဝန်ကြီးကို စစ်တရားရုံးချုပ်နှင့် အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာအပ်နှင်း


ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလက ကာကွယ်ရေးဝန်ကြီးကို စစ်တရားရုံးချုပ်နှင့်အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာအပ်နှင်းလိုက်ပါတယ်။ ဩဂုတ်လ () ရက် မှာကြေညာချက်အမှတ် /၂၀၂၂ နဲ့ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီဥက္ကဌ ယာယီသမ္မတ ဒူဝါလရှီးလကထုတ်ပြန်ခဲ့တာပါ။


ထုတ်ပြန်ချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ၏ (၃၀..၂၀၂၂) ရက်နေ့တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ စစ်တရားရုံးချုပ်နှင့် အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာကို အပ်နှင်းလိုက်တယ်လို့ဖော်ပြ ပါရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟာ အဆိုပါ စစ်တရားရုံးချုပ်နှင့်အကျဥ်းစစ်တရားရုံးချုပ် ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာဖြင့် လွှဲအပ်နိုင်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၂။ ပြည်သူတွေ ညီညွတ်မှုနဲ့ နွေဦးတော်လှန်ရေးက ကျိန်းသေပေါက်နိုင်မှာလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား


ပြည်သူတွေ ညီညွတ်မှုနဲ့ နွေဦးတော်လှန်ရေးက ကျိန်းသေပေါက်နိုင်မှာလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောကြားလိုက်ပါတယ်။ ပြည်သူလူထုသိချင်သမျှ NUG အစိုးရဖြေကြားတဲ့အစီအစဥ်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။


"ကျနော်တို့နိုင်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပြည်သူတွေဟာ ဘယ်တုန်းကမှမတူတဲ့ ညီညွတ်မှုကရှိနေပြီ။ တော်လှန်ရေးက တော်တော်ကြီးကို ရင့်ကျက်နေပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ ပြည်သူလူထု ညီညွတ်မှုဟာ တနိုင်ငံလုံးအသံတိတ် သပိတ်ဆင်နွှဲမှုအပါအဝင် ပြည်သူ့အဓိဌာန်ပြုမှုများမှာ တွေ့မြင်နိုင်ကြောင်း၊ အဆိုပါညီညွတ်မှုမျိုးဟာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း ဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေးခဲ့ပါတယ်။ သြဂုတ်လ () ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်ခဲ့ပြီး မြန်မာ့အရေးအတွက် လွှတ်တော်အတွင်း ၎င်းကူညီပေးနိုင်သည့် ကိစ္စရပ်များအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

 

နှစ်ဘက်ဆွေးနွေးခဲ့ကြရာမှာဒုက္ခသည်များအရေး၊ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေးကိစ္စများ၊ စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအရေး၊ သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသည့် နိုင်ငံကူးလက်မှတ်ဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက နိုဝင်ဘာလအထိ တိုးတက်ပြောင်းလဲမှုမရှိပါက အာဆီယံနိုင်ငံများက ဆုံးဖြတ်ချက်အသစ်တွေ ထပ်မံလာမယ်လို့သတိပေး


စစ်ကောင်စီက နိုဝင်ဘာလအထိ တိုးတက်ပြောင်းလဲမှုမရှိပါက အာဆီယံနိုင်ငံများက ဆုံးဖြတ်ချက်အသစ်တွေ ထပ်မံလာမယ်လို့သတိပေးလိုက်ပါတယ်။ ဖနွမ်းပင်မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါတယ်။


အာဆီယံဘုံသဘောတူညီချက် ချက်ကို သိသာထင်ရှားတဲ့ အကောင်အထည်ဖေါ်မှုကို အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကတိုက်တွန်းထားပါတယ်။ အဆိုပါလုပ်ဆောင်ချက်တွေကို သိသာထင်ရှားစွာမလုပ်ခဲ့ဘူးဆိုရင်တော့ နိုဝင်ဘာလအာဆီယံထိပ်သီးညီလာခံကနေ ဆုံးဖြတ်ချက်အသစ်တွေထပ်မံလာမယ်လို့သတင်းရရှိပါတယ်။ ဒါ့အပြင် အာဆီယံအထူးသံတမန်အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ အမြန်ဆုံးထိစပ်ဆွေးနွေးဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲက သဘောတူဆုံးဖြတ်ပါတယ်။


========================


📌📌 ၅။ အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်လုပ်သမားဥပဒေဝဘ်ဆိုက် (Labour Law Portal) အားစတင်ထုတ်လွှင့်


အလုပ်သမားဥပဒေ ဆိုင်ရာပြဋ္ဌာန်းချက်များအား လေ့လာနိုင်ရန်လုပ်သမားဥပဒေဝဘ်ဆိုက် (Labour Law Portal) အားစတင်ထုတ်လွှင့်လိုက်ပါတယ်။ အလုပ်သမားဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) မှစီစဥ်ဆောင်ရွက်ထားသည့် အလုပ်သမားဥပဒေဝဘ်ဆိုက် (Labour Law Portal) တွင် အလုပ်သမားဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအားစုစည်းတင်ထားပြီးဖြစ်၍  ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ကြောင်း သြဂုတ်လ ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။


အဆိုပါ Website တွင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ လူမှုဖူလုံရေးဆိုင်ရာဥပဒေများ၊ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဆိုင်ရာဥပဒေများ၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနဆိုင်ရာဥပဒေများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးဦးစီးဌာနဆိုင်ရာဥပဒေများကိုဝင်ရောက်ဖတ်ရှုလေ့လာနိုင် မှာဖြစ်ပါတယ်။ ဝင်ရောက်ဖတ်ရှု့လေ့လာရမည့် Labour Law Portal link မှာ https://laws.molmyanmar.org ဖြစ်ပါတယ်။


========================


📌📌 ၆။ MDY-PDF မှရဲဘော်များ လစဉ်အိတ်ဆောင် ပိုက်ဆံ အဖြစ် တစ်ဦးကိုကျပ်တစ်သောင်းရရှိ


MDY PDFမှရဲဘော်များ လစဥ်အိတ်ဆောင်ပိုက်ဆံအဖြစ် တစ်ဦးလျှင်ကျပ်တစ်သောင်းရရှိတယ်လို့ သြဂုတ်လ ရက်နေ့မှာ MDY PDF ကဖော်ပြပါတယ်။


"ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး ( MDY-PDF) မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီ ရဲဘော်တဦးလျှင် တသောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ရဲဘော်များအားလုံးကို ဖြန့်ဝေပေးရခြင်းဖြစ်တဲ့အတွက် ငွေပမာဏအရ နည်းပေမယ့် အဆိုပါ အိတ်ဆောင်ပိုက်ဆံများဟာ ပြည်သူလူထုကနေတဆင့် စီးဝင်လာတဲ့ငွေများဖြစ်တဲ့အတွက် ပြည်သူနှင့် PDF အကြား တော်လှန်ရေးဝတ်မှုံကူးခြင်းလည်း ဖြစ်တယ်လို့ဆိုပါတယ်။


ပြည်သူများအနေဖြင့်လည်း မိမိတို့လှူဒါန်းလိုက်သော အလှူငွေများဟာ PDF ရဲဘော်များထံ လက်ဝယ်လက်ရောက် ရောက်ရှိသွားတာကို မြင်ပြီး ပီတိဖြစ်နိုင်သလို ကျွန်တော်တို့ PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထုတရပ်လုံးရှိတယ်လို့ ခံစားရတဲ့အတွက် အင်မတန်မှကို စိတ်နွေးရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်_မန္တလေးကဖော်ပြပါတယ်။


========================


📌📌 ၇။ ၁၇ လတာအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပေါင်း ၃၄၇၄ ကြိမ် ပြုလုပ်ခဲ့


၁၇ လတာအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပေါင်း ၃၄၇၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လ ရက်မှာတနင်္သာရီတိုင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (၁၇) လတာခရီးကို Southern Monitor ကထုတ်ပြန်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ရက်နေ့၊ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေ တစ်နိုင်ငံလုံးအနှံ့ ပေါ်ပေါက်လာခဲ့ပြီး တနင်္သာရီတိုင်းထဲက မြို့ကြီးတွေကလည်း ဆန္ဒပြပွဲတွေ အစောဆုံး ပြုလုပ်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့ကြပါတယ်။၁၇ တာအတွင်း မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအရေအတွက်ကို ကြည့်မယ်ဆိုရင် ထားဝယ်မြို့နယ်မှာ ၇၆၆ ကြိမ်၊ ရေဖြူမြို့နယ်မှာ ၃၂၆ ကြိမ်၊ လောင်းလုံးမြို့နယ်မှာ ၁၇၁၃ ကြိမ်၊ သရက်ချောင်းမြို့နယ်မှာ ၄၂၆ ကြိမ်၊ မြိတ်မြို့နယ်မှာ ၁၁၉ ကြိမ်၊ ကျွန်းစုမြို့နယ်မှာ ကြိမ်၊ ပုလောမြို့နယ်မှာ ၁၆ ကြိမ်၊ တနင်္သာရီမြို့နယ်မှာ ၃၁ ကြိမ်၊ ကော့သောင်းမြို့နယ်မှာ ၅၈ ကြိမ်ရှိခဲ့တာတွေ့ရပါတယ်။ ၁၇ လတာအတွင်း တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပေါင်း ၃၄၇၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


တနင်္သာရီတိုင်းရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုကို လေ့လာမှတ်တမ်းတင်ဖို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း အကြမ်းမဖက် လူထုလှုပ်ရှားမှုဖြစ်စဉ်တွေကို Southern Monitor က အချက်အလက်ပြုစုခဲ့ပါတယ်။ ၁၇ လတာအတွင်း အကြမ်းမဖက် လူထုလှုပ်ရှားမှုအားအကောင်းဆုံးကာလဟာ ၂၀၂၁ မတ်လကနေ ဇူလိုင်လအထိ လတာ ကာလဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါအခြေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကြောင့်  ၂၀၂၁ ဩဂုတ်လနောက်ပိုင်းကနေ တဖြေးဖြေး လူထုလှုပ်ရှားမှုတွေ လျော့နည်းလာတာကို တွေ့ရပါတယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေထဲမှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်တာတွေ၊ လူမြင်ကွင်းနဲ့ ဝေးတဲ့နေရာတွေမှာ အဖွဲ့အလိုက် ဆန္ဒထုတ်ဖော်မှုတွေ၊ ညသပိတ်နဲ့ ဆုတောင်းပွဲတွေ၊ အသံတိတ်သပိတ်တွေ၊ သံပုံတီးသပိတ်၊ ပိုစတာများ သင်္ကေတများ ဆိုင်းဘုတ်များအသုံးပြုပြီး ဆန္ဒထုတ်ဖော်တာတွေနဲ့ အွန်လိုင်းကမ်းပိန်းတွေပါဝင်ပါတယ်။


========================


📌📌 ၈။  ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်နေ အရပ်သားတစ်ဦးကို ညအချိန်မတော် စကစတပ်များလာရောက်ဖမ်းဆီး၍ မနက်ပိုင်းမှာ ရုပ်အလောင်းကို ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ပစ်ထားခဲ့


ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်နေ အရပ်သားတစ်ဦးကို ညအချိန်မတော် စကစတပ်များလာရောက်ဖမ်းဆီး၍ မနက်ပိုင်းမှာ ရုပ်အလောင်းကို ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ပစ်ထားခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင် နေထိုင်သည့် အရပ်သား တစ်ဦးဖြစ်သူ ဦးစိုးမြင့်ကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဩဂုတ်လ ရက်နေ့ ၁၀ နာရီဝန်းကျင်ခန့်အချိန်မှာ စကစတပ်များကဖမ်းဆီးသွားခဲ့ပါတယ်။


 သြဂုတ်လ ရက်နေ့ နံနက်အစောပိုင်းတွင် ထိုးကြိတ်ခြင်းခံထားရတဲ့ ဒဏ်ရာများနှင့် နားထင်တွင် သေနတ်ဒဏ်ရာ ရရှိထားသည့် ဦးစိုးမြင့်၏ ရုပ်အလောင်းကို ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်၌ တွေ့ရှိရကြောင်း AAPP ကဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၅၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၉။ ဆိပ်ဖြူ-ဆောလမ်းပိုင်းကို နံနက် နာရီမှ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး အလုံပိတ်ကားများဖြတ်သန်းခွင့်မပြု


ဆိပ်ဖြူ-ဆောလမ်းပိုင်းကို နံနက် နာရီမှ ညနေ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး အလုံပိတ်ကားများဖြတ်သန်းခွင့်မပြုဘူးလို့ဆိုပါတယ်။ သြဂုတ်လ ရက်နေ့မှာဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ မိဘပြည်သူများအား အသိပေးထုတ်ပြန်ခဲ့ပါတယ်။


"ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိဘပြည်သူများအား ဆိပ်ဖြူ-ဆောလမ်းပိုင်းကို နံနက် ၆နာရီမှ ညနေ ၅နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီးတော့ ဖြတ်သန်းသွားလာရာတွင်လည်း ဆီဘောက်ဆာကားများ၊အချိုရည်ကွန်တိန်နာကားများ၊မိုးကာအလုံပိတ်အုပ်ထားသောကားများအား လုံးဝဖြတ်သန်းခွင့်ပြုမည်မဟုတ်ဘူး"လို့ဆိုပါတယ်။ စကစတပ်များဟာ မြို့များမှာ အင်အားဖြည့်တင်းရန်နဲ့ လမ်းပိုင်းဆိုင်ရာဖြတ်သန်းရန်အတွက် အိမ်စီးကားများနဲ့ အလုံပိတ် ကုန်တင်ကားများကို အသုံးပြုလျက်ရှိနေပါတယ်။


========================


📌📌 ၁၀။ စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ မှ တပ်သားလေးဦးဟာ KNU ထံ အလင်းဝင်ခိုလှုံ


စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ မှ တပ်သားလေးဦးဟာ KNU ထံ အလင်းဝင်ခိုလှုံခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ ကိုရဲမင်း AAC က အလင်းဝင်တဲ့စကစတပ်သားများအကြောင်းကိုပြောပါတယ်။


"မြဝတီမြို့တောင်ဖက် ဝေါလေလမ်း သုံးထပ်ကွေ့အနီးတွင် KNU နှင့် PDF များကို တိုက်ခိုက်ရန်ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ မှ တပ်သားလေးဦးဟာ KNU ထံ နေ့  ရက်နေ့က ခိုလှုံလာခဲ့ပါပြီ"လို့ဆိုပါတယ်။ အလင်းဝင်လာတဲ့ စကစတပ်များကို ကျွေးမွေးစောင့်ရှောက်ထားပြီးကောင်းမွန်စွာထားရှိထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၁။ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာကို စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ သြဂုတ်လ ရက်နေ့မှာ ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာကို မွန်းလွဲပိုင်းအချိန်က စတင်မီးရှို့ခဲ့ပါတယ်။ သြဂုတ်လ ရက် နေ့လည်ပိုင်း ကလေးမြို့မြောက်ပိုင်း ရာဇဂြိုလ်ရွာကို စကစတပ်တွေက  မီးရှို့သွားပါတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ လတ်တလောမှာဆုံးရှုံးပျက်စီးမှုအခြေအနေကိုမသိရသေးသော်လည်း အိမ်ခြေအများအပြားမီးလောင်ခဲ့တာလို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment