14th SEP 2022 - Morning Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ရေး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်

📌 ၂။ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေနဲ့ စီမံဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်အစိုးရအဖွဲ့ကိုမှာကြား

📌 ၃။ စစ်ရေးအရှိန် ပိုမြှင့်မယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး

📌 ၄။ ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ အမှုစစ်အခြေခံသင်တန်း (/၂၂) ကိုပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲအရာရှိကြီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၉၀) ကျော် တက်ရောက်

📌 ၅။ တော်လှန်ရေးအင်အားစုအချို့ကို ထောက်ပံ့ရန် ဝတ်လက်စ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးနှစ်လုံးကို စစ်ကိုင်းတိုင်းအမတ် လေလံတင်ရောင်းချ

📌 ၆။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများနှုတ်ထွက်အလင်းဝင်ကြရန် ဆိပ်ဖြူပအဖ အသိပေးကြေညာ

📌 ၇။ လပေါင်း (၂၀) အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ (၅၁၂၅) ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်

📌 ၈။ စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်ပဲပြစ်ကုန်းကျေးရွာကို စကစတပ်များမီးရှို့ရာ မီးငြိမ်းဖို့ပြန်လာတဲ့ အရပ်သားငါးဦး အပစ်ခံရ၍ သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ရေး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားလိုက်


နွေဦးတော်လှန်ရေးကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ရေး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၁၃ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီးဌာနတွေအနေနဲ့ သက်ဆိုင်ရာ အလုပ်တာဝန်တွေလည်း များပြား လှသလို လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ကော်မတီအသီးသီးမှာလည်း မပျက်မကွက်တက်ရောက် ဆွေး နွေးပေးကြဖို့နဲ့ တော်လှန်ရေးအတွက် တရက်ဆိုတဲ့ အချိန်ဟာလည်း ကြာတယ်လို့ ထင်ရတာဖြစ်လို့ အချိန်နဲ့တပြေးညီ အလုပ်လုပ်ကြရင်း နွေဦးတော်လှန်ရေးကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ရေး ကြိုးစားကြဖို့"ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လ ကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးကို အပြီးသတ်ဆောင်ရွက်မယ်လို့ ပြည်ထဲရေးဝန်ကြီးကလည်းဆိုထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေနဲ့ စီမံဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်အစိုးရအဖွဲ့ကိုမှာကြား


အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေနဲ့ စီမံဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့ကိုပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၆၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"တခုပြောလိုတာက အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေနဲ့ စီမံဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတို့ ပေါင်းစပ် ဆောင်နိုင်ရေးကိစ္စက အလျင်အမြန် လိုအပ် လာပြီ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ဒါ့အပြင်အစည်းအဝေးမှာ အထူးတရားရုံးကိစ္စတွေ၊ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တရားစီရင်နိုင်ရေး ကိစ္စရပ်တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး၊ တစ်နှစ်အတွင်း အားစိုက်လုပ်ဆောင်ရမယ့် One Year Strategy ကို cabinet မှာ ဆွေးနွေး ပြီး ဖြစ်သလို မဟာမိတ်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးပြီးဖြစ်တဲ့အတွက် ဆက်လက်အားစိုက်လုပ်ဆောင်ရေး၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမှာတွေ၊ ကြိုတင်ပြင်ဆင်ရမှာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ရေးအရှိန် ပိုမြှင့်မယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး


စစ်ရေးအရှိန် ပိုမြှင့်မယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကအသိပေးဆိုပါတယ်။ စက်တင်ဘာ ၁၃ ရက် လူမှုကွန်ရက်မှာ ပြည်ထဲရေးဝန်ကြီးက ရေးသားဆိုပါတယ်။


"ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ်။တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ။ဒါပေမယ့်မကြာစေရပါဘူး ။ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ "ပြည်တော်ဝင်" ကြမယ် လို့ပြောထားတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ (..၂၀၂၁) မှ (..၂၀၂၂) ထိ တစ်နှစ်တာကာလအတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ဘက်မှသေဆုံးသူ- ၂၅၁၀၇ ဦး နှင့်ထိခိုက်သူ - ၈၀၂၃ ဦး အထိ ရှိခဲ့ပါတယ်။


"ပြည်သူ့လူထုရဲ့ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျ အကုန်ဝယ် နေကြတာကြည့်ရင် ပြည်သူမှာ "အောင်စိတ်" က အခိုင်အမာကို ရှိနေတယ်။ ပြီးခဲ့တဲ့နှစ် သမ္မတကြီး "အရေးပေါ်အခြေအနေ"ကြေညာခဲ့ပြီးတစ်နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြပျောက်ကြားတွေ ဆင်နွဲခဲ့တဲ့ ခုခံစစ်က မြပြ ကျေးလက် နဲ့ တောတောင်ကြားမှာ ထိတွေတိုက်ပွဲမျိုးစုံနဲ့ စစ်မျက်နှာစုံဖွင့် နိုင်ခဲ့ကြတယ်။


ဒီနှစ် သမ္မတကြီး ကြေညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေတော့"လို့ ပြည်ထဲရေးဝန်ကြီးကထပ်လောင်းပြောပါတယ်။ လက်ရှိမှာ စစ်ဒေသခွဲ သုံးခုရှိပြီး မကြာမီ EROS မဟာမိတ်အသစ်များထပ်မံတိုးလာမှာဖြစ်၍ စစ်ဒေသအသစ်များတိုးချဲ့ပေါ်ပေါက်မယ်လို့ကာကွယ်ရေးဝန်ကြီးကလည်းဆိုထားပါတယ်။


========================


📌📌 ၄။ ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ အမှုစစ်အခြေခံသင်တန်း (/၂၂) ကိုပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲအရာရှိကြီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၉၀) ကျော် တက်ရောက်


ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ အမှုစစ်အခြေခံသင်တန်း (/၂၂) ကိုပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲအရာရှိကြီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၉၀) ကျော် တက်ရောက်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၂ ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ရဲတပ်ဖွဲ့က ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ရဲတပ်ဖွဲ့က ဖွင့်လှစ်သင်ကြားသည့် အမှုစစ်အခြေခံ(ပလဖ)သင်တန်း အမှတ်စဉ် (/၂၂) ကို ယမန်နေ့ နံနက် () နာရီအချိန်တွင်ဖွင့်လှစ်သင်ကြားခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးနှင့်  အမြဲတမ်းအတွင်းဝန် တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ သင်တန်းသို့ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲအရာရှိကြီးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၉၀)ကျော် တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ တော်လှန်ရေးအင်အားစုအချို့ကို ထောက်ပံ့ရန် ဝတ်လက်စ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးနှစ်လုံးကို စစ်ကိုင်းတိုင်းအမတ် လေလံတင်ရောင်းချ


တော်လှန်ရေးအင်အားစုအချို့ကို ထောက်ပံ့ရန်ဝတ်လက်စ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးနှစ်လုံးကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က လေလံတင်ရောင်းချလိုက်ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့က စတင်ကာ -ကြမ်းခင်းစျေး မြန်မာငွေကျပ် သိန်း ( ၃၀ )ကစတင်ထားပြီး စက်တင်ဘာ၂၇ရက်နေ့မှာ အရောင်းပိတ်မယ်လို့ radio NUG ကို လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောပါတယ်။


ဒေါ်သန့်ဝေကျော်


"ရလာတဲ့ ရံပုံငွေကတော့ အညာဒေသမှာရှိတဲ့ ရံပုံငွေ ရရှိဖို့ခက်ခဲတဲ့ နာမည်သိပ်မထင်ရှားကြတဲ့ အဖွဲ့လေးတွေထဲက တစ်ဖွဲ့ကိုပေးဖို့ ကျွန်မရည်ရွယ်ထားတယ် ရည်ရွယ်ထားတဲ့အဖွဲ့လည်း ရှိပါတယ်ရှင့်။ နောက်ပြီးတော့ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေ ညီမတွေ ရှိပါတယ်။ သူတို့တွေဆီကိုလည်း မျှဝေလိုတဲ့ ဆန္ဒရှိတယ်။ ဒီအစီအစဉ်လေးနဲ့ ဒီလေလံကို ကျွန်မလုပ်ဖြစ်ပါတယ်ရှင့်"


" အခု လေလံကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်မကြိုက်လို့ ဝယ်ထားတဲ့ ကျွန်မဝတ်ဖို့ ဝယ်ထားတဲ့ ဝတ်လည်း ဝတ်နေတဲ့ ပစ္စည်းလေးတွေပါ။ ဒါကို ဒုတိယအကြိမ် လေလံအနေနဲ့ ပြင်ဆင်တာဖြစ်ပါတယ်။ မဲစနစ်နဲ့လုပ်ရင်တော့ ရံပုံငွေပိုရတယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ မဲစနစ်ကိစ္စကို သေသေချာချာလေး လုပ်နိုင်ဖို့က အခက်အခဲရှိတယ်။ ဒီအတွက် ကျွန်မမျှော်မှန်းထားတဲ့ target တစ်ခုကို ရရင် တော်ပြီဆိုပြီးတော့ ကြမ်းခင်းဈေးကို သိန်း ၃၀ သတ်မှတ်ပြီးတော့ လေလံစနစ်ကိုသုံးလိုက်ပါတယ်ရှင့်"


အဆိုပါ လက်ဝတ်ရတနာများဟာ ဒေါ်သန့်ဝေကျော် စုဆောင်းထားသော ဝတ်လက်စ မိုးကုတ်ပတ္တမြား လက်စွပ်နဲ့ ဆွဲသီးအလုံးနှစ်လုံးဖြစ်ကာအမြင့်ဆုံးစျေးပေးသူထံ ပစ္စည်းအပ်မယ်လို့လည်းသတင်းရရှိပါတယ်။


========================


📌📌 ၆။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများနှုတ်ထွက်အလင်းဝင်ကြရန် ဆိပ်ဖြူပအဖ အသိပေးကြေညာ


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိNon CDM ဝန်ထမ်းများနှုတ်ထွက်အလင်းဝင်ကြရန် ဆိပ်ဖြူပအဖ အသိပေးကြေညာလိုက်ပါတယ်။ စက်တင်ဘာလ (၁၃) ရက်နေ့မှာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆိပ်ဖြူမြို့နယ်က အသိပေးခဲ့တာဖြစ်ပါတယ်။


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ယန္တရားအတွက် တာဝန်ထမ်းဆောင်နေကြသော Non CDM ဝန်ထမ်းများ သိရှိလိုက်နာစေရန် အမိန့်ထုတ်ပြန် ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


(က) Non CDM များအနေဖြင့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ နှုတ်ထွက်(အလင်းဝင်)ကြရန်နဲ့

() Non CDM များအနေဖြင့် ပြည်သူလူထုနှင့် CDM များအား အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် အကြမ်းဖက် စစ်ကောင်စီကို လက်ကိုင်တုတ်သဖွယ် အထောက်အပံ့ပြုခြင်း (လုံးဝ) မပြုလုပ်ရန်တို့ကိုအသိပေးထားပါတယ်။


ဤအမိန့်ကြေညာချက်ပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက Non CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒလမ်းညွှန်ချက်၊ ဉပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၇။ လပေါင်း (၂၀) အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ (၅၁၂၅) ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်


လပေါင်း (၂၀) အတွင်းအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ (၅၁၂၅) ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း (၂၀) အတွင်း ဖြစ်ပွားသော တိုက်ပွဲစာရင်း စက်တင်ဘာလ (၁၃) ရက်နေ့မှာကေအဲန်ယူဗဟိုကဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း (၂၀) အတွင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တပ်များအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲပေါင်း (၆၃၅၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များဘက်မှ (၅၁၂၅) ဦး သေဆုံးခဲ့ပြီး (၄၁၇၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် (၁၃၇) ဦး အသက်စွန့်ခဲ့ရပြီး (၃၅၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များမှ ပြည်သူလူထုများ နေထိုင်သော ကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၄၄၅၆) လုံး ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီးပြည်သူလူထုများနေထိုင်သော ကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ အတွင်းသို့ လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှု စုစုပေါင်း (၁၁၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်ပဲပြစ်ကုန်းကျေးရွာကို စကစတပ်များမီးရှို့ရာ မီးငြိမ်းဖို့ပြန်လာတဲ့ အရပ်သားငါးဦး အပစ်ခံရ၍ သေဆုံး


စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်ပဲပြစ်ကုန်းကျေးရွာကို စကစတပ်များမီးရှို့ရာ မီးငြိမ်းဖို့ပြန်လာတဲ့ အရပ်သားငါးဦး အပစ်ခံရ၍ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာ ဘုတလင် ပဲပြစ်ကုန်းကို စကစတပ်များမီးရှို့ရာ ပြန်ထွက်သွားပြီထင်၍ မီးဝင်ငြိမ်းတဲ့အရပ်သားများကိုစကစတပ်ကင်းပုန်းများပစ်ခတ်ခဲ့တာလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကဆိုပါတယ်။


"စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်ပဲပြစ်ကုန်းကျေးရွာကိုစကစတပ်များမှနံနက်ငါးနာရီခန့်မှာမီးဝင်ရှို့ဖျက်စီးမှုတွေလုပ်ပါတယ်။ရွာကိုမီးရှို့ပြီးရွာဘေးမှာကင်းပုန်းများဝပ်ပါတယ်။ဒေသခံပြည်သူများမှစကစများကင်းပုန်းဝပ်နေသည်ကိုမသိသဖြင့်ရွာကိုမီးငြိမ်းဘို့ဝင်ရာစကစတပ်များမှနောက်ပိုးသိပ်ပစ်ခတ်ချင်းခံရတယ်"လို့ဆိုပါတယ်။ အပစ်ခံရသော ပြည်သူ ဦးတွင် ဦးမှ ပြင်းထန်ဒါဏ်ရာရပြီး ဦးမှာသေဆုံးသွားကြတယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment