၂၀၂၂ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်စနစ် တစ်နေ့တစ်ခြား ယိမ်းယိုင်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၂။ IIMM ကုလစုံစမ်းရေးအဖွဲ့ ရဲ့မြန်မာနိုင်ငံ အစီရင်ခံစာဟာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးနေတဲ့ နိုင်ငံတကာကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ အာဏာရှင်ကို ဖြုတ်ချပြီးမှသာ သဘာဝပတ်ဝန်းကျင်မှာထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား
📌 ၄။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ မအောင်မြင်ဘဲ နွေဦးတော်လှန်ရေးရဲ့ အပြီးသတ်အောင်ပွဲသာ မကြာခင်ရမယ်
📌 ၅။ ကန့်ဘလူမြို့နယ်ချပ်သင်းကထွက်လာတဲ့အကြမ်းဖက် စစ်တပ်များရမ်းသမ်းပစ်ခတ်၍ အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးကျည်ထိမှန်သေဆုံး
📌 ၆။ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှတပ်သားသစ်များခေါ်ယူနေ
📌 ၇။ နွေဦးရိပ်မွန် အိမ်ရာအတွက် စုစုပေါင်း မြေကွက် ၁၀၀ ရောင်းချခဲ့ရာမှာ ၁၂ ကွက်သာ ကျန်ရှိတော့
📌 ၈။ နွေဦးထီကရရှိလာတဲ့ ဝင်ငွေများအား CDM သူရဲကောင်းများကို အလေအလွင့်မရှိ ချီးမြှင့်နေပြီဖြစ်၍ပြည်သူများ နွေဦးထီကိုပိုမိုကံစမ်းအားပေးကြရန် တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်စနစ် တစ်နေ့တစ်ခြား ယိမ်းယိုင်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
စက်တင်ဘာ ၁၆ ရက် “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့” အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်အာဏာရှင်စနစ် တစ်နေ့တစ်ခြား ယိမ်းယိုင်လာတယ်လို့ ဆိုထားပါတယ်။
"လက်ရှိ စစ်အာဏာရှင်စနစ်နဲ့ဆိုးသွမ်းမှုတွေကို ခါးစည်းခံနေရတဲ့ မြန်မာနိုင်ငံ စစ်ကျွန်ဘဝက လွတ်မြောက်ပြီး တိုင်းရင်းသား ပြည်သူတိုင်း ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိကာ ကောင်းကျိုးချမ်းသာရရှိဖို့အတွက် တိုင်းရင်းသားပြည်သူတွေ လက်ချင်းချိတ်ဆက်ကာ စစ်အာဏာရှင်တွေကို အမြစ်ဖြတ်တိုက်ထုတ်နေပါတယ်။ စစ်အာဏာရှင်စနစ်ကလည်း တစ်နေ့တစ်ခြား ယိမ်းယိုင်လာတာ အားလုံးအသိပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်ဖွဲ့ဝင်နှစ်သောင်းကျော်သေဆုံးနေပြီး စစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေဟာ ၁၇ ရာခိုင်နှုန်းသာရှိပါတော့တယ်။
========================
📌📌 ၂။ IIMM ကုလစုံစမ်းရေးအဖွဲ့ ရဲ့မြန်မာနိုင်ငံ အစီရင်ခံစာဟာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးနေတဲ့ နိုင်ငံတကာကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
စက်တင်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့မေးမြန်းရာမှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုဆိုခဲ့ပါတယ်။
"အခုချိန်ထိ ဒီလောက် ဆိုးရွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတင်မကပဲ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ နှောင့်နှေးနေတဲ့ နိုင်ငံတကာကိုတော့ လှုပ်နှိုးလိုက်သလိုတော့ ဖြစ်သွားတာပေါ့။ အရင်တုန်းက ၂၀၁၇ တုန်းက ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအကြောင်းတွေ ယခုချိန်အထိ တရားမျှတဖို့ ဖော်ဆောင်မှုမရသေးတဲ့ ကိစ္စတွေ ဒါကို အဓိကထားပြီးတော့ ပြောပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ရရှိထားတဲ့ အချက်ပေါင်း သုံးသန်းနဲ့ နောက်တခါ ပြင်ဆင်ထားတယ်ဆိုတဲ့ ဥပဒေပိုင်း ဆိုင်ရာ case ပေါင်းတော့ သူတို့က ၆၇ ခုလောက်တော့ ရရှိပြီလို့သူတို့ကပြောတယ်"လို့ဝန်ကြီးကဆိုပါတယ်။
IIMM ကုလစုံစမ်းရေးအဖွဲ့ရဲ့အစီအရင်ခံစာမှာ ယခင်တုန်းကနိုင်ငံတကာမှာ မသုံးတဲ့ War Crime စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ထိကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၃။ အာဏာရှင်ကို ဖြုတ်ချပြီးမှသာ သဘာဝပတ်ဝန်းကျင်မှာထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား
စက်တင်ဘာ ၁၆ ရက်ကျင်းပတဲ့ “သက်ရှိမြေကမ္ဘာ ရှင်သန်ရေး အိုဇုန်းလွှာကို ပူးပေါင်းကာကွယ်ပေး” ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးကအခုလိုဆိုခဲ့ပါတယ်။ "စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ပြီ။စစ်အုပ်စုကို ရပ်ဆိုင်းနိုင်ပြီဆိုရင်တော့ ပတ်ဝန်းကျင်ကိုလည်း ကျမတို့တွေပိုမိုပြီးတော့ ထိန်းသိမ်းနိုင်မှာ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ထိန်းသိမ်းလာနိုင်တဲ့အခါမှာ ရာသီဥတုဖောက်ပြန်မှုတွေနည်းလာမယ်"လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စသ်အုပ်စုဟာ ပြည်သူ့အစိုးရလက်ထက်က သဘာဝပတ်ဝန်းကျင်ထိခိုက်မည်စိုး၍ ပိတ်ပင်ထားသောလုပ်ငန်းများအားလုံးကို ပြန်လည်စတင်ခဲ့ပါတယ်။ လက်ရှိမှာ အလွန်အကျွံ ကျောက်မျက်တူးဖော်မှုများအပြင် တရားမဝင် သစ်ခိုးထုတ်လုပ်မှုများပါကိုပါ မြန်မာနိုင်ငံဟာ ရင်ဆိုင်နေရပါတယ်။
========================
📌📌 ၄။ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ မအောင်မြင်ဘဲ နွေဦးတော်လှန်ရေးရဲ့ အပြီးသတ်အောင်ပွဲသာ မကြာခင်ရမယ်
စစ်အုပ်စုရဲ့ရွေးကောက်ပွဲ မအောင်မြင်ဘဲ နွေဦးတော်လှန်ရေးရဲ့ အပြီးသတ်အောင်ပွဲသာ မကြာခင်ရမယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။ တစ်နှစ် မဟာဗျူဟာ စီမံချက် စတင်နေပြီ၍ စစ်ရေးအရှိန် မြှင့်တင်တော့မှာလည်းဖြစ်တယ်လို့ radio NUGကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က စက်တင်ဘာ၁၇ရက်နေ့မှာပြောပါတယ်။
((((((( ဦးကျော်ဇော် - သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ)))))))
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ်ချပ်သင်းကထွက်လာတဲ့အကြမ်းဖက် စစ်တပ်များရမ်းသမ်းပစ်ခတ်၍ အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးကျည်ထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ချပ်သင်းကထွက်လာတဲ့အကြမ်းဖက် စစ်တပ်များရမ်းသမ်းပစ်ခတ်၍အသက် (၅) နှစ်အရွယ် ကလေးတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း မှာ အကြမ်းဖက် စစ်တပ်ကပစ်ခတ်ခဲ့တာလို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။
"ဒီနေ့မနက် ချပ်ကုန်းက ထွက်ခွာလာတဲ့ စကစတပ်များ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိဿလင်ကုန်းကျေးရွာမှ ဦးဝင်းချိုရဲ့သား မောင်အောင်မြင့်မြတ်အသက် (၅) နှစ်အရွယ် ကလေးတစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။ နောက်ဆက်တွဲအသေးစိတ်ကို KTB-R မှ ဆက်လက်စုံစမ်းနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှတပ်သားသစ်များခေါ်ယူနေ
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ တပ်သားသစ်များခေါ်ယူနေပြီဖြစ်ကြောင်းကို စက်တင်ဘာ ၁၇ ရက် နေ့မှာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အသိပေးဖော်ပြပါတယ်။ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ဝင်ရောက်လိုပါက အသက် ၁၈ နှစ်မှသည် အသက် ၅၀ အထိသက်မှတ်ထားပြီး ကျား / မ လိင်ခွဲခြားထားမှု့ မရှိသောကြောင့် LGBT များပါ လက်ခံကာ ကျန်းမာသန်စွမ်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။
ပြည်နယ်နှင့်တိုင်း အရမ်းဝေးကွာသောအရပ်မှ စစ်သည်များ လမ်းခရီးအခက်အခဲကြောင့် မလျှောက်စေချင်ဘဲ အခြေခံစစ်သင်တန်းမှာ ရက်တိုမဟုတ်အချိန်ပြည့်လေ့ကျင့်ရေးစနစ်ဖြစ်၍တော်လှန်ရေးမပြီးဆုံးမခြင်း အကြမ်းပတမ်းခံ အနစ်နာခံပြီး နေ့စဉ် သင်ယူရ
မယ်လို့အသိပေးထားပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့်ဆက်သွယ် စာရင်းပေးနိုင်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၇။ နွေဦးရိပ်မွန် အိမ်ရာအတွက် စုစုပေါင်း မြေကွက် ၁၀၀ ရောင်းချခဲ့ရာမှာ ၁၂ ကွက်သာ ကျန်ရှိတော့
နွေဦးရိပ်မွန် အိမ်ရာအတွက် စုစုပေါင်း မြေကွက် ၁၀၀ ရောင်းချခဲ့ရာမှာ ၁၂ ကွက်သာ ကျန်ရှိတော့တယ်လို့စက်တင်ဘာ ၁၆ ရက် ညပိုင်းမှာ End of Dictator Ship ကအသိပေးဖော်ပြပါတယ်။
"Spring Yangon ရဲ့ နွေဦးရိပ်မွန် အိမ်ရာအတွက် စုစုပေါင်း မြေကွက် ၁၀၀ ရောင်းချခဲ့ရာမှာ ၁၂ ကွက်သာ ကျန်ရှိပါတော့တယ်။ EOD ပရောဂျက်မှ မဟုတ်ပါဘူး၊ တော်လှန်ရေး ရန်ပုံငွေ တကျပ်တိုင်းဟာ အာဏာနိဂုံးကို ချီတက်တဲ့ ခြေလှမ်းတလှမ်းပါပဲ။ အတူတကွ ချီတက်နေကြတဲ့ လူထုကို လေးစားစွာ ဦးညွတ်ဂုဏ်ပြုပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာ InyaView@6.5 Mile ကလည်း ဒေါ်လာ ၃ သန်းကျော်သွားရောင်းချထားပြီး Share ၇ သောင်းမှာ ၃ သောင်းကျော် ရောင်းပြီးထားပြီးပြီလို့ဆိုထားပါတယ်။
"Spring Yangon Investment ရဲ့ အဦးဆုံး စီမံကိန်းတွေ အောင်မြင်ခါနီး အချိန်မှာ -အောင်အတိတ် အောင်နမိတ်နဲ့ ရွှေမန္တလေးရဲ့ “ပြည်တော်ဝင် စီမံကိန်း” ဟာ ဘယ်လိုများ ဖြစ်မလဲ။ Spring Mandalay Investment မှာရော ဘယ်လို အစီအစဉ်တွေ ပါဝင်မလဲ ဆိုတာ မကြာမီ သိရပါတော့မယ်" လို့ EOD ကထပ်မံဆိုထားပါတယ်။
========================
📌📌 ၈။ နွေဦးထီကရရှိလာတဲ့ ဝင်ငွေများအား CDM သူရဲကောင်းများကို အလေအလွင့်မရှိ ချီးမြှင့်နေပြီဖြစ်၍ပြည်သူများ နွေဦးထီကိုပိုမိုကံစမ်းအားပေးကြရန် တိုက်တွန်း
စက်တင်ဘာ ၁၇ ရက်နေ့မှာ နွေဦးထီမိသားစုက အခုလို တရားဝင်အသိပေးဖော်ပြလိုက်ပါတယ်။
"CDM ဆိုတာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တရားတည်မရအောင် အရှိုက်တည့်တည့်ကိုထိုးနှက်နိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်ပါတယ်။ နွေဦးထီဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ CDM သူရဲကောင်းများကိုချီးမြှင့်အထောက်အကူပြုနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ နွေဦးထီကရရှိလာတဲ့ ဝင်ငွေများအား CDM သူရဲကောင်းများကို အလေအလွင့်မရှိ ချီးမြှင့်နေပါတယ်။နွေဦးတော်လှန်ရေးမှာ နွေဦးထီကို အားပေးကံစမ်းပြီး တော်လှန်ရေးမှာ ပါဝင်လိုက်ရအောင်"လို့ဆိုပါတယ်။
နွေဦးထီကို NUG Pay နဲ့ငွေပေးချေကံစမ်းနိုင်ပြီး ထီလက်မှတ်တစ်စောင်ကို ငွေနှစ်ထောင်ကျပ်နှုန်းနဲ့ရောင်းချပေးလျက်ရှိပါတယ်။ နွေဦးထီ ကံစမ်းလိုသူများအနေနဲ့ ဘလူးမတ်ပါသော နွေဦးထီ Face Book စာမျက်နှာ၏ Messenger ဘောက်တွင် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment