22nd OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် ငွေကြေးစီမံခန့်ခွဲမှု လွဲချော်မှုများဟာ  မတည်ငြိမ်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဆောင်ကြဉ်းပေးတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလဆို

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက နည်းပညာသုံး ပြင်ဆင်ထားတဲ့ MES Myanmar Education System (MES) စနစ်နဲ့ စတင်မိတ်ဆက်

📌 ၃။ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်လာတဲ့အခါမျိုးတွေမှာ ဗုံးခွဲပြီး အခြားသူကို လက်ညှိုးထိုးတတ်တာ စစ်ခေါင်းဆောင်တွေရဲ့ နည်းလမ်းဟောင်းတွေဖြစ်တယ်လို့ press secretary ဦးနေဘုန်းလတ်ဆို

📌 ၄။ စစ်တပ်အနေဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုလည်း ထပ်ခါတလဲလဲ ပြုလုပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာမြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၅။ ကရင်ပြည်နယ်ရှိဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက်ို သွေးခွဲရန် ရည်ရွယ်ချက်နဲ့ အကြမ်းဖက် စစ်တပ်က လေယာဥ်နဲ့ရွာအတွင်းသို့ လေယာဉ်နဲ့ (၂၀) ကြိမ်ပစ်ခတ်ခဲ့တယ်လို့ Justice soldiers PDFထုတ်ပြန်

📌 ၆။ သမန်းကျင်း ကျေးရွာတောထဲတွင် စစ်ရှောင်ပြည်သူများကို စကစတပ်များပစ်ခတ်ရာ လင်မယား နှစ်ယောက်ထိမှန်၍ အမျိုးသားပွဲချင်းပြီးသေဆုံး

📌 ၇။ နိုင်ငံပေါင်း နိုင်ငံရှိ ကိုယ်စားလှယ်များမှတစ်ဆင့် ဒို့နွေဦးသူရဲကောင်းများအတွက်ငွေတိုက်စာချုပ် (၂၁) စောင်ကို အလှူရှင်များမှဝယ်ယူလှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီရဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် ငွေကြေးစီမံခန့်ခွဲမှု လွဲချော်မှုများဟာ  မတည်ငြိမ်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဆောင်ကြဉ်းပေးတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလဆို


အောက်တိုဘာ၂၁ ရက်ညပိုင်းမှာ ယာယီ သမ္မတ ဒူဝါလရှီးလက တွယ်တာကနေတစ်ဆင့် အခုလိုရေးသားပြောကြားလိုက်ပါတယ်။


"စစ်ကောင်စီရဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနှင့် ငွေကြေးစီမံခန့်ခွဲမှု လွဲချော်မှုများဟာ မတည် ငြိမ်မှုနှင့် ပျက်စီးဆုံးရှုံးမှုများကို ဆောင်ကြဉ်းပေးပါတယ်။ မြန်မာနိုင်ငံကို FATF အမည်ပျက်စာရင်းသွင်းပြီးနောက် NUGအစိုးရ ဟာနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျွန်ုပ်တို့၏ပြည်သူများအတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

အောက်တိုဘာ၂၁ ရက် FATF-Financial Action Task Force အစည်းအဝေးအပြီးမှာမြန်မာနိုင်ငံကို အမည်ပျက်စာရင်း (BLack List ) မှာထည့်သွင်းလိုက်ကြောင်းကြေညာလိုက်ပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်ဖို့ပျက်ကွက်တာ၊ပြုပြင်ပြောင်းလဲမှုမရှိတာတွေကြောင့် အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက နည်းပညာသုံး ပြင်ဆင်ထားတဲ့ MES Myanmar Education System (MES) စနစ်နဲ့ စတင်မိတ်ဆက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက နည်းပညာသုံး ပြင်ဆင်ထားတဲ့ MES Myanmar Education System (MES) စနစ်နဲ့ အောက်တိုဘာ၂၂ ရက်မှာ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က စတင်မိတ်ဆက်လိုက်ပါတယ်။


"Online မှာ ကျောင်းအပ်စရင်းသွင်းဖို့ ဖြစ်စေ၊ အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲ (BECA) ဖြေဖို့စရင်းသွင်းရတာပဲဖြစ်စေ မိမိရဲ့ဒေတာတွေကိုလုံခြုံစိတ်ချစွာရှိနေဖို့ ပညာရေးဝန်ကြီးဌာန ရဲ့ Myanmar Education System (MES)ကိုမိတ်ဆက်ပေးလိုက်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက နည်းပညာသုံး ပြင်ဆင်ထားတဲ့ MES Myanmar Education System (MES) စနစ်ဟာ Google Formနဲ့ ကျောင်းသားက အကြိမ်ကြိမ် လျှောက်လွှာတက် စာရင်းဖြည့်သွင်းခြင်းမှ ကင်းလွတ်မည်ဖြစ်ကာ လွယ်ကူရိုးရှင်းစွာ စာရင်းသွင်း၍ အချက်အလက်များကိူ တစ်နေရာတည်းမှာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ Myanmar Education System ရဲ့ လုပ်ဆောင်ချက်တွေကို သိရှိနိုင်ဖို့ ပညာရေးဝန်ကြီးဌာနရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အပြည့်အဝဖော်ပြအသိပေးထားပါတယ်။


========================


📌📌 ၃။ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်လာတဲ့အခါမျိုးတွေမှာ ဗုံးခွဲပြီး အခြားသူကို လက်ညှိုးထိုးတတ်တာ စစ်ခေါင်းဆောင်တွေရဲ့ နည်းလမ်းဟောင်းတွေဖြစ်တယ်လို့ press secretary ဦးနေဘုန်းလတ်ဆို


အောက်တိုဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ press secretary ဦးနေဘုန်းလတ်က သတင်းဌာနတခုကို အခုလိုဖြေကြားခဲ့ပါတယ်။


"အရင် ခေတ်အဆက်ဆက်ကလဲ အကြမ်းဖက်စစ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာတည်မြဲရေးအတွက်၊ သူတို့ သားစဉ်မြေးဆက် ကောင်းစားရေးအတွက် ပြည်သူလူထုကို ကြက်ကလေး ငှက်ကလေးတွေလို သဘောထားပြီး ထင်သလို သတ်ဖြတ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်လာတဲ့အခါမျိုးတွေမှာ လူထုတွေကြားထဲ လက်တစ်ဘက်က ဗုံးခွဲပြီး လက်တစ်ဘက်က အခြားသူကို လက်ညှိုးထိုးတတ်တာ စစ်ခေါင်းဆောင်တွေရဲ့ နည်းလမ်းဟောင်းတွေဖြစ်ပါတယ်။  PDF  တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားမဟာမိတ်တွေအနေနဲ့ကတော့ အများပြည်သူထိခိုက်မှုကိုသုညရာခိုင်နှုန်း ဖြစ်အောင် ဂရုစိုက်ကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ကတော့ ပြည်သူတွေတင်မကဘူး သူ့လက်အောက်ငယ်သားတွေကိုတောင် ထင်သလို ထိုးကျွေးနေတဲ့အနေအထားဆိုတာကို သတိချပ်သင့်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ ကျိုက်ထီးရိုးဘုရားအနီး ပစ်ခတ်မှုဖြစ်စဥ်မှာ တော်လှန်ရေးအင်အားစုကို အပြစ်ပုံချထားပြီး ရန်ကုန်အင်းစိန် အကျဥ်းထောင် ဗုံးပေါက်ကွဲမှုမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်များလုပ်သယောင်စွပ်စွဲထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်တပ်အနေဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုလည်း ထပ်ခါတလဲလဲ ပြုလုပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာမြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


အောက်တိုဘာ၂၁ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုဆိုပါတယ်။.


"စစ်တပ်အနေဖြင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုလည်း ထပ်ခါတလဲလဲ ပြုလုပ်လျက်ရှိကြောင်း၂၀၂၁ ခုနှစ်ဒီဇင်ဘာ၂၁ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ရင်နင့်ဖွယ်အကောင်းဆုံးဖြစ်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း (၃၈) ဦး ဖမ်းဆီးခံရပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရကာ မော်တော်ယာဉ်များအတွင်း၌ မီးရှို့ အသတ်ခံခဲ့ရကြောင်း"ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ပြည့်နှက်နေသည့် ခေတ်အခါတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ အခြေခံမူများကို လိုက်နာဆောင်ရွက်ခြင်းသည် အရေးကြီး ပါကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးချယ်ခြင်းမရှိ၊ ခွဲခြားခြင်းမရှိသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ်ရှိဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက်ို သွေးခွဲရန် ရည်ရွယ်ချက်နဲ့ အကြမ်းဖက် စစ်တပ်က လေယာဥ်နဲ့ရွာအတွင်းသို့ လေယာဉ်နဲ့ (၂၀) ကြိမ်ပစ်ခတ်ခဲ့တယ်လို့ Justice soldiers PDFထုတ်ပြန်


အောက်တိုဘာ ၂၂ ရက်မှာ Justice soldiers PDF ကအခုလို ဖော်ပြအသိပေးဆိုပါတယ်။


"ကရင်ပြည်နယ်ရှိဒေသခံများနှင့် တော်လှန်ရေး အင်အားစုများက်ို သွေးခွဲရန် ရည်ရွယ်ချက် ရှိရှိ ကျေးရွားအတွင်းသို့လေယာဉ်နဲ့ (၂၀) ကြိမ်ပစ်ခတ်ခဲ့ပါတယ်။သင်ဃန်းညီနောင် စခ ကုန်းမှ ၁၂၀မမ နဲ့လည်း ကျေးရွာအတွင်းသို့ပစ်ခတ်ခဲ့ပါတယ်။

ဘုရားနဲ့ ဘုန်းကြီးကျောင်းလည်းပစ်ခတ်ခဲ့ပါတယ်။ဒါလား ညီညွတ်ရေးဒါလား အမျိုးဘာသာသာသနာ"လို့ဆိုပါတယ်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အောက်တိုဘာ၂၁ ရက် KNLA ပူးပေါင်းအဖွဲ့များနဲ့စကစတပ်တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစတပ်မှ လေကြောင်းတိုက်ခိုက်မှု ၅၆ ကြိမ်လုပ်ဆောင်ခဲ့သော်လည်း စကစတပ်များသာအကျအဆုံးများခဲ့ပါတယ်။


========================


📌📌 ၆။ သမန်းကျင်း ကျေးရွာတောထဲတွင် စစ်ရှောင်ပြည်သူများကို စကစတပ်များပစ်ခတ်ရာ လင်မယား နှစ်ယောက်ထိမှန်၍ အမျိုးသားပွဲချင်းပြီးသေဆုံး


အောက်တိုဘာ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း သမန်းကျင်း ကျေးရွာတောထဲမှာ စစ်ရှောင်ပြည်သူများကို စကစတပ်များပစ်ခတ်ရာ လင်မယား နှစ်ယောက်ထိမှန်၍ အမျိုးသားပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ GZ STF ဝက်လက်ကအတည်ပြုပါတယ်။


"အောက်တိုဘာ ၂၁ ရက်နေ့ဝက်လက်မြို့နယ်အရှေ့ခြမ်း သမန်းကျင်း ကျေးရွာတောထဲတွင် စစ်ရှောင်ပြည်သူများကို စခများမှ ပစ်ခတ်ရာ လင်မယား နှစ်ယောက်ထိ အမျိူးသားမှာ ပွဲချင်းပြီးသေဆုံးပြီး အမျိူးသမီးမှာ သေနတ် ဒဏ်ရာ ချက်ဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


အသက်မသေဘဲ ကျန်ခဲ့သော အမျိူးသမီးမှာ သေနတ် ဒဏ်ရာ ချက်ဖြင့်စိုးရိမ်ရသော အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူ အမျိုးသားမှာ ဦးအောင်ငွေ ဖြစ်ပြီး ကျည်ထိမှန် ဒဏ်ရသူ အမျိုးသမီးမှာ ဒေါ်ချို လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ နိုင်ငံပေါင်း နိုင်ငံရှိ ကိုယ်စားလှယ်များမှတစ်ဆင့် ဒို့နွေဦးသူရဲကောင်းများအတွက်ငွေတိုက်စာချုပ် (၂၁) စောင်ကို အလှူရှင်များမှဝယ်ယူလှူဒါန်း


နိုင်ငံပေါင်း နိုင်ငံရှိ ကိုယ်စားလှယ်များမှတဆင့် ဒို့နွေဦးသူရဲကောင်းများအတွက်ငွေတိုက်စာချုပ် (၂၁) စောင်ကို အလှူရှင်များမှဝယ်ယူလှူဒါန်းခဲ့ကြောင်းကို အောက်တိုဘာလအတွင်းမှာ OurSpringHeroes ကအသိပေးဆိုပါတယ်။


"နိုင်ငံပေါင်း နိုင်ငံရှိ ကိုယ်စားလှယ်များမှတဆင့် ဒို့နွေဦးသူရဲကောင်းများအတွက်ငွေတိုက်စာချုပ် (၂၁) စောင်ကို အလှူရှင်များမှဝယ်ယူလှူဒါန်းခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်နှင့်ဖြစ်ပွါးခဲ့သော တိုက်ပွဲများအတွင်း ပြည်သူ့သူရဲကောင်း ရဲဘော်များဟာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်"လို့ဆိုပါတယ်။


တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ ပြည်သူ့သူရဲကောင်း ရဲဘော် ၂၁ ဦး ကို စက်ာပူနိုင်ငံကိုယ်စားလှယ်Soe Tun (Phoenix Lunn) ထံမှ ၁၂ ဦး ၊အမေရိကန်နိုင်ငံကိုယ်စားလှယ် Nandar Min Swe/ LA NUG Supporters ထံမှ  () ဦး NwayOo MoeSett Team - NOMZ ထံမှ () ဦး၊ Australia နိုင်ငံ ကိုယ်စားလှယ်Ma Boke ထံမှ () ဦး ၊ထိုင်းနိုင်ငံကိုယ်စားလှယ်Lucas Elias/ Peaple's Force ထံမှ ()ဦး စုစုပေါင်း သူရဲကောင်းရဲဘော် (၂၁) ဦးအတွက် အလှူရှင်များမှဝယ်ယူလှူဒါန်းပေးသွားပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအား ရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်  "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment