22nd OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၂။ NUG ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် မြန်မာ့အရေး နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်

📌 ၃။ နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့  FATF က မြန်မာကို နာမည်ပျက် စာရင်းသွင်း၍ အရေးယူ

📌 ၄။ ပြည်တွင်းပြည်ပမှ ဝင်ငွေရှိပြည်သူတိုင်း  လစဉ်ဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းမှ စတင်ကာ တတ်နိုင်တဲ့ဖက်မှ တော်လှန်ရေးတွင် ထောက်ပို့ပေးကြရန် ယူနိုက်တက်ဘွန်းတိုက်တွန်း

📌 ၅။ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို တောင်ကိုရီးယားနိုင်ငံ ကင်မဲမှာ ထပ်တိုးပြသမယ်

📌 ၆။ ကော့ကရိတ် ရဲစခန်း အချုပ်ထောင်ကိုဖွင့်လိုက်နိုင်ပြီလို့ ကျားဖြူတပ်ခွဲ ဆို

📌 ၇။ ဖယ်ခုံမှာ Non CDM ဝန်ထမ်းများ (၃၅) ဦး ခံဝန်ကတိဖြင့် ထပ်မှန် အလင်းဝင်လာ

📌 ၈။ ယင်းမာပင်မြို့နယ် ရွှေလှန်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက်စီးနင်းရာမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ပါသတ်ဖြတ်ခံရ

📌 ၉။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (.က.) - နေပြည်တော်  ထုတ်လုပ်ရေးစခန်းတွင် ပေါက်ကွဲမှုအသေးစား ဖြစ်ပွား၍ ရဲဘော် () ဦး ထိခိုက်ဒဏ်ရာရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၂) ကို အောက်တိုဘာ၂၁ ရက်နေ့မှာကျင်းပခဲ့ပါတယ်


အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ  အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်၍ တက်ရောက်လာသည့်ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ NUG ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် မြန်မာ့အရေး နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်


NUG ဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် မြန်မာ့အရေး နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါတယ်။ NUG အစိုးရ၏ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် အာရှလေ့လာရေးစင်တာ အရှေ့တောင်အာရှဌာနခွဲမှ Spring Revolution and Myanmar’s Long Road Toward National Unity ခေါင်းစဉ်ဖြင့် ကျင်းပသော မြန်မာ့အရေး နိုင်ငံတကာဆွေးနွေပွဲသို့ တက်ရောက်ခဲ့ပါတယ်။


အဆိုပါပွဲသို့ နိုင်ငံတကာနှင့် ကိုရီးယားပြည်တွင်းမှ မြန်မာ့အရေး အထူးပြုလေ့လာသူ ပညာရှင်များလည်း တက်ရောက်ကြပြီး၊မြန်မာနိုင်ငံ၏ လက်ရှိအခြေနေနှင့် အနာဂတ်အလားလာကို ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ် ဆွေးနွေး အကြံပြု တင်ပြခဲ့ကြပါတယ်။ 


NUG ပြည်ထောင်စု ဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံလွပ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပွားနေသည့် နှစ်ပေါင်း (၇၀)ကြာ လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းရင်းများ၊ ဖယ်ဒရယ်စနစ်သည် မည်သည့်အတွက်ကြောင့် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံအတွက် လိုအပ်သနည်းစသည်တို့အပြင်လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသားညီညွတ်ရေးအတိုင်ပင်ကောင်စီ(NUCC)တို့၏ နိုင်ငံရေးမျှော်ရည်မှန်းချက်များကို တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းလာသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


ထို ဆွေးနွေးပွဲ ဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အဖွင့်မိန့်ခွန်းကို ရုပ်သံဖိုင်နှင့် ပေးပို့ ပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး (Public Diplomacy Ambassador) Mr Lee Sang Hwa (မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ဟောင်း) လည်းတက်ရောက်ပြီး အမှာစကားပြောကြားပေးခဲ့ပြီး (NUG)အစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အတူ ကိုယ်စားလှယ် ရုံးအဖွဲ့ဝင်များလည်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့  FATF က မြန်မာကို နာမည်ပျက် စာရင်းသွင်း၍ အရေးယူ


နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF က မြန်မာကို နာမည်ပျက်( အမည်မည်း)စာရင်းသွင်း၍ အရေးယူလိုက်ပါတယ်။ အောက်တိုဘာ၂၁ ရက် FATF-Financial Action Task Force အစည်းအဝေးအပြီးမှာမြန်မာနိုင်ငံကို အမည်ပျက်စာရင်း (BLack List )မှာထည့်သွင်းလိုက်ကြောင်းကြေညာလိုက်ပါတယ်


ငွေကြေးခဝါချမှု တိုက်ဖျက်ဖို့ပျက်ကွက်တာ၊ပြုပြင်ပြောင်းလဲမှုမရှိတာတွေကြောင့် အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့သတင်းရရှိပါတယ်။ FATF အစည်းအဝေးကို စကစခန့် ဗဟိုဘဏ်နဲ့ ရဲတပ်ဖွဲ့က အဆင့်မြင့်အရာထမ်းတွေလည်းတက်ရောက်ခဲ့ပါတယ်။ FATF ရဲ့အမည်ပျက်စာရင်းမှာမြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ရှိရာကနေမြန်မာကတတိယမြောက်နိုင်ငံဖြစ်လာပါတယ်။


========================


📌📌 ၄။ ပြည်တွင်းပြည်ပမှ ဝင်ငွေရှိပြည်သူတိုင်း  လစဉ်ဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းမှ စတင်ကာ တတ်နိုင်တဲ့ဖက်မှ တော်လှန်ရေးတွင် ထောက်ပို့ပေးကြရန် ယူနိုက်တက်ဘွန်းတိုက်တွန်း


ပြည်တွင်းပြည်ပမှ ဝင်ငွေရှိပြည်သူတိုင်း  လစဉ်ဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းမှ စတင်ကာ တတ်နိုင်တဲ့ဖက်မှ တော်လှန်ရေးတွင် ထောက်ပို့ပေးကြရန် ယူနိုက်တက်ဘွန်းတိုက်တွန်းလိုက်ပါတယ်။ အောက်တိုဘာ၂၁ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကနေအသိပေးဆိုပါတယ်။


"ပြည်တွင်းပြည်ပမှ ဝင်ငွေရှိပြည်သူတိုင်း မိမိ လစဉ်ဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းမှ စတင်ကာ တတ်နိုင်သည့်ဖက်မှ တော်လှန်ရေးတွင် ထောက်ပို့ခြင်း၊ နောင်တစ်ချိန်တွင် ငွေပြန်လည်ထုတ်ယူနိုင်မည့် ငွေတိုက်စာချုပ် (NUG Bond)များ အများအပြား ဝယ်ယူခြင်း၊ ပိုမိုတတ်နိုင်သူများမှ သေချာပေါက်အကျိုးအမြတ်များမည်ဖြစ်သည့် EOD နွေဦးမြေကွက်များကိုအမြန်ဆုံးဝယ်ယူကြခြင်းဖြင့် တော်လှန်ရေး ဘဏ္ဍာရေးကဏ္ဍကို ဖြည့်တင်းပေးကြရန် တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ပြည်သူ့စိတ်ဓါတ်နှင့် အားပေးထောက်ခံမှုကို ရရှိထားသည့် ပြည်သူ့အစိုးရ NUG နှင့်မဟာမိတ်တို့အတွက် အောင်ပွဲသို့ချီရာလမ်းခရီးအတွက် ယခုအချိန်တွင် အဓိက အလိုအပ်ဆုံးမှာ ငွေကြေးထောက်ပံ့မှုအလုံးအရင်းပင်ဖြစ်ကြောင်း ယူနိုက်တက်ဘွန်းကဆိုပါတယ်။


========================


📌📌 ၅။ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို တောင်ကိုရီးယားနိုင်ငံ ကင်မဲမှာ ထပ်တိုးပြသမယ်


ပရိတ်သတ်များရဲ့တောင်းဆိုမှုအရ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို တောင်ကိုရီးယားနိုင်ငံ ကင်မဲမှာ ထပ်တိုးပြသမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာလအတွင်းမှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းပြသရေးကော်မတီကအသိပေးဆိုပါတယ်။


ထပ်တိုးပြသမှုကို တောင်ကိုရီးယားနိုင်ငံကင်မဲမြို့မှာ အောက်တိုဘာ၃၀ရက်နေ့ မှာ ပွဲစဥ် ပွဲ ပြသမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ကပူးပေါင်းစီစဥ်၍ ထိုင်ခုံ ၃၀၀ အတွက် Ticket တစောင် 30,000 won နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။


မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းဟာ CDMဗိုလ်ကြီးတစ်ဦးကိုအခြေ ခံ၍ အနုပညာရှင်မဟုတ်သော တော်လှန်ရေးနယ်မြေမှ ရဲဘော်များနဲ့ရိုက်ကူးထားခြင်းဖြစ်ကာ ဇာတ်ကားပြသခြင်းမှ ရရှိငွေများကို ဒါရိုက်ကိုပေါက်က တော်လှန်ရေးအတွက် ပြန်လည်လှူဒါန်းထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ ကော့ကရိတ် ရဲစခန်း အချုပ်ထောင်ကိုဖွင့်လိုက်နိုင်ပြီလို့ ကျားဖြူတပ်ခွဲ ဆို


ကရင်ပြည်နယ် ကော့ကရိတ် ရဲစခန်း အချုပ်ထောင်ကိုဖွင့်လိုက်နိုင်ပြီလို့ ကျားဖြူတပ်ခွဲ ကဆိုပါတယ်။ အောက်တိုဘာ၂၁ ရက် မွန်းလွဲပိုင်းမှာ ကျားဖြူတပ်ခွဲ ကဆိုပါတယ်။


"ကျားဖြူစစ်ကြောင်းနဲ့ ကော်သူးလေ Army မှ Lion Battalion KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades Federal Wings အစရှိတဲ့ပူးပေါင်းတပ်ဖွဲ့များ ကရင်ပြည်နယ် ကော့ကရိတ်မှာ မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲနေပါပြီ မနက် နာရီကပါ။လက်ရှိမှာ မြို့ပတ်ပတ်လည်ကို KNLA  နဲ့ ပူး​​ပေါင်း အဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနဲ့ လှည့်နေပြီ ဖြစ်ပါတယ်။


နောက်ဆုံး update က ကော့ကရိတ်ထောင်ကို လည်း ဖွင့်လိုက်နိုင်ပြီး ဖြစ်ပါတယ်.. အားလုံးလဲလွတ်သွားကြပြီး ပူးပေါင်း တိုက်ပွဲဝင်နေကြပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်ကအထိနာနေလို့ရန်ကုန်မှော်ဘီလေတပ်ကလေယာဥ်၂စင်းနဲ့ ပစ်ကူတာနဲ့ဗုံးကြဲတာတွေ လုပ်နေတယ်လို့ဆိုပါတယ်။


"ရိက္ခာနဲ့လက်နက်ခဲယမ်းပြန်လည်ဖြည့်တင်းဖို့ လိုအပ်ချက်တွေရှိနေသေးတာကြောင့် ပြည်သူများကလည်း ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၇။ ဖယ်ခုံမှာ Non CDM ဝန်ထမ်းများ (၃၅) ဦး ခံဝန်ကတိဖြင့် ထပ်မှန် အလင်းဝင်လာ


ဖယ်ခုံမှာ Non CDM ဝန်ထမ်းများ (၃၅) ဦး ခံဝန်ကတိဖြင့် ထပ်မှန် အလင်းဝင်လာတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂၁ ရက်မှာ ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"Non CDM ဝန်ထမ်းများတရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ဘဲ ရာထူးတာဝန်များမှ နှုတ်ထွက် အလင်းဝင် ကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ PK PDF တပ်ရင်း () PK PDF တပ်ရင်း () မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း () မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း () KNDF BO-3 နှင့် KNDF BO-11 တို့ ပူးပေါင်း ကြေငြာခဲ့ပြီးနောက် ယနေ့အချိန်ထိ ဝန်ထမ်း (၃၅) ဦး ခံဝန်ကတိဖြင့် ထပ်မှန် အလင်းဝင်လာခဲ့ပါတယ်"လို့ဆိုပါတယ်။ အများစုအလင်းဝင်လာတဲ့ဝန်ထမ်းများမှာပညာရေးနဲ့ကျန်းမာရေးအပါအဝင် မီးသတ်ဝန်ထမ်းများလည်းပါဝင်ပါတယ်။


========================


📌📌 ၈။ ယင်းမာပင်မြို့နယ် ရွှေလှန်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက်စီးနင်းရာမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ပါသတ်ဖြတ်ခံရ


ယင်းမာပင်မြို့နယ် ရွှေလှန်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကဝင်ရောက်စီးနင်းရာမှာ  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ပါသတ်ဖြတ်ခံခဲ့ရပါတယ်။ အောက်တိုဘာ ၂၁ ရက်  နံနက်ခင်းတွင် ရင်ပေါင်တိုင်ကျေးရွာတွင်တပ်စွဲခဲ့သော အကြမ်းဖက်စစ်တပ်ကရွှေလှန်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ကာ သောင်းကျန်းခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။


"အောက်တိုဘာ ၂၁ ရက် နံနက်ခင်းတွင် ရင်ပေါင်တိုင်ကျေးရွာတွင်တပ်စွဲခဲ့သော အကြမ်းဖက်စစ်တပ်ကရွှေလှန်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီး  ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကိုသတ်ဖြတ်ခဲ့ကာ မီးရှို့ခဲ့ပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာ၂၁ ရက် ညနေပိုင်းမှာ  နေအိမ်များထဲရုပ်အလောင်းများကိုမီးရှို့ခဲ့ပြီး အိမ် () လုံးမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ရင်ပေါင်တိုင်ကျေးရွာကိုဝင်ရောက်စီးနင်းစဥ် ၎င်းအကြမ်းဖက်စစ်အုပ်စု၏ ရမ်းကားမှုကြောင့်ကိုယ်ဝန်ဆောင်မိခင်၁ဦးနှင့်အဘွားအို၁ဦးအသက်ဆုံးရှူံးခဲ့ရပါတယ်။


========================


📌📌 ၉။ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (.က.) - နေပြည်တော်  ထုတ်လုပ်ရေးစခန်းတွင် ပေါက်ကွဲမှုအသေးစား ဖြစ်ပွား၍ ရဲဘော် () ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်သူ့ကာကွယ်ရေး အဖွဲ့ (.က.) - နေပြည်တော်  ထုတ်လုပ်ရေးစခန်းတွင် ပေါက်ကွဲမှုအသေးစား ဖြစ်ပွား၍ ရဲဘော် () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာ နေပြည်တော်ပကဖက အသိပေးဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေး အဖွဲ့ (.က.) - နေပြည်တော်  ထုတ်လုပ်ရေးစခန်းမှာ ပေါက်ကွဲမှုအသေးစား ဖြစ်ပွား၍ ရဲဘော်()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပါ"လို့ဆိုပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့များဟာ မိုင်းနဲ့ လက်နက်ခဲယမ်းများထုတ်လုပ်ရာမှာ မကြာခဏမတော်တဆမှုတို့ဖြစ်ပွား၍ ကိုယ်လက်အဂ်ါများထိခိုက်ဒဏ်ရာရရှိပါတယ်။


လက်လုပ် လက်နက်ကြီးများထုတ်ရာတွင် ပြောင်းကို ကျောက်တိုက်၍ လုပ်ဆောင်ရသဖြင့် ၄င်းလက်နက်ကြီး စမ်းသပ်ပစ်ခတ်ရာမှာအက်ကြောင်းမှ ပေါက်ကွဲသောကြောင့် အများစု ထိခိုက်ရတတ်တယ်လို့လည်း လက်နက်ကျွမ်းကျင်ပညာရှင်အချို့ကသုံးသပ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment