10th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအင်အားစုတွေရဲ့ညီညွတ်တဲ့ အားကို စစ်ကောင်စီဘယ်လိုမှ မခံနိုင်ဘဲ အောင်ပွဲဟာ လက်တကမ်းမှာပဲရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား

📌 ၂။ Global Townhall 2022 အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့သော်လည်း အခမ်းအနားစီစဥ်သူများ ဖိအားပေးခံပေးရ၍ ဖျက်သိမ်းခဲ့ရ

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီနဲ့နိုင်ငံတကာရှိ  NLD များ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ

📌 ၅။ ကရင်ပြည်နယ် လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းသို့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွား

📌 ၆။ ထိုင်ဝမ်မှာလည်း NUGPay အသုံးပြုနိုင်ပြီလို့အသိပေးကြေညာ

📌 ၇။ ကျိုင်းတုံဟော်နန်းဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်ပြည့်နှစ်ပတ်လည် တိုက်တွန်းနှိုးဆော်ချက်ကို GSCN ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအင်အားစုတွေရဲ့ညီညွတ်တဲ့ အားကို စစ်ကောင်စီဘယ်လိုမှ မခံနိုင်ဘဲ အောင်ပွဲဟာ လက်တကမ်းမှာပဲရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား


တော်လှန်ရေးအင်အားစုတွေရဲ့ညီညွတ်တဲ့ အားကို စစ်ကောင်စီဘယ်လိုမှ မခံနိုင်ဘဲ အောင်ပွဲဟာ လက်တကမ်းမှာပဲရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ရက် PDF ရဲဘော်များသို့ ပြောကြားရာမှာ ကာကွယ်ရေး ဝန်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။

"အားလုံးသဘောတူမျှတဲ့ ဘုံပန်းတိုင်တစ်ခုအပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အင်မတန်ထူးခြားတဲ့ အချက်ဖြစ်တယ်။ ငါတို့ညီညွတ်တဲ့ အားကို စစ်ကောင်စီဘယ်လိုမှ ခံနိုင်မယ် မဟုတ်ဘူး။ 

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်။ ပြီးရင် လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှတဲ့ လူ့ဘောင်ကို တည်ထောင်ကြမယ်ဆိုတဲ့ ငါတို့ရဲ့ ပန်းတိုင်ဟာ အလွန်ရှင်းလင်း ပြတ်သားတယ်။ ငါတို့ ညီညွတ် ရင် အောင်ပွဲဟာ လက်တကမ်းမှာပဲ ရှိလိမ့်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ BPLA တပ်မတော်တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရန်လည်း သဘောတူညီထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ Global Townhall 2022 အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့သော်လည်း အခမ်းအနားစီစဥ်သူများ ဖိအားပေးခံပေးရ၍ ဖျက်သိမ်းခဲ့ရ


Global Townhall 2022 အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခဲ့သော်လည်း အခမ်းအနားစီစဥ်သူများ ဖိအားပေးခံပေးရ၍ ဖျက်သိမ်းခဲ့ရတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လူမှုကွန်ရက်က တဆင့်သတင်းထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

“Sustaining Peace and Development in a Divided World” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည့် Global Townhall 2022 အခမ်းအနားတွင်အမှာစကားပြောကြားရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အား ဖိတ်ကြားခြင်းပြုခဲ့တယ်လို့သိရပါတယ်။ သို့သော်လည်း အခမ်းအနားစီစဥ်သူများ အနေနှင့် ဖိအားပေးမှုအချို့နှင့်ရင်ဆိုင်ခဲ့ရသောကြောင့် အဆိုပါ အစီအစဥ်အား ဖျက်သိမ်းခဲ့ရပါတယ်လို့သတင်းရရှိပါတယ်။

အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးသည်လည်း တက်ရောက်ဆွေးနွေးပေးရန်ဖိတ်ကြားခံခဲ့ရသော်လည်း စီစဥ်သူများအနေနဲ့ အလားတူ ဖိအားများနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဘက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်မှ  တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင်   ပြည်သူ့တော်လှန်ရေး၌ အထက်အောက်မရှိပဲ အားလုံးပေါင်းစည်းညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များသည် အသစ်အသစ်ဖြင့်ဆောင်ရွက်ရသည်ဖြစ်၍ ပြည်သူလူထု၏ လုံခြုံရေးနှင့် ဝန်ဆောင်မှုများကို စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တော်လှန်ရေးလုပ်ကိုင်နေသည်ကို မျက်ခြေမပြတ်ရန်လိုအပ်ပါကြောင်း၊အပတ်စဉ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်၍ မြေပြင်မှ အခြေအနေများကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး  တက်ရောက်လာသော ပအဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများနှင့် လိုအပ်ချက်များတို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းခဲ့ကြပါတယ်။

အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီနဲ့နိုင်ငံတကာရှိ  NLD များ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီနဲ့နိုင်ငံတကာရှိ  NLD များ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီနဲ့နိုင်ငံတကာရှိ  NLD များ တွေ့ဆုံမှုကို ရန်ကုန်တိုင်း NLDသတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးခင်ဆောင်စတဲ့ အလုပ်ကော်မတီဝင်များတက်ရောက်ခဲ့ပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးရာမှာ တရားမဝင် စစ်ကောင်စီက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ တရားမဝင်ရွေး ကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ သဘောထား ချမှတ်ခဲ့ ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ် လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းသို့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွား


ကရင်ပြည်နယ် လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းသို့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားပါတယ်။ နိုဝင်ဘာ ရက် နံနက် (၁း၀၀) ကျော်ခန့်အချိန်အာဏာသိမ်းစစ်ကောင်စီရဲ့ လေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ဖော်ပြပါတယ်။

"ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စုအတွင်း နိုဝင်ဘာလ () ရက်  နံနက် (၁း၀၀) ကျော်ခန့်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် တာဘော ကော်ဒဲကျေးရွာအတွင်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားကာ ဘုရားကျောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သော အိမ်များအားထိခိုက်မှုရှိသော်လည်း အရည်အတွက်အတိအကျအား စီစစ်အတည်ပြုနေဆဲ ဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ထိုင်ဝမ်မှာလည်း NUGPay အသုံးပြုနိုင်ပြီလို့အသိပေးကြေညာ


ထိုင်ဝမ်မှာလည်း NUGPay အသုံးပြုနိုင်ပြီလို့အသိပေးကြေညာပါတယ်။ နိုဝင်ဘာ၉ရက်နေ့မှာ NUG Pay ကနေ အသိပေးဖော်ပြပါတယ်။ "ထိုင်ဝမ်မှာလည်း NUGPay ရှိနေပါပြီ။

တော်လှန်ခေတ်ရဲ့ တော်လှန်ပိုက်ဆံ DMMK နဲ့ NUGPay ကို အသုံးပြုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ အရောက်လှမ်းကြမယ်"လို့ဆိုပါတယ်။

NUG Pay ဟာ လက်ရှိမှာ သုံးစွဲသူ ၁၅၀၀၀ ခန့်ရှိပြီးတော့ အကောင့်ဖွင့်လိုသူများအနေနဲ့ နိုင်ငံတကာရှိ NUGPay အေးဂျင့်များကို ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ကျိုင်းတုံဟော်နန်းဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်ပြည့်နှစ်ပတ်လည် တိုက်တွန်းနှိုးဆော်ချက်ကို GSCN ထုတ်ပြန်


ကျိုင်းတုံဟော်နန်းဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်ပြည့်နှစ်ပတ်လည် တိုက်တွန်းနှိုးဆော်ချက်ကို GSCN ထုတ်ပြန်လိုက်ပါတယ်။ သျှမ်းပြည်သူတို့၏ သမိုင်းအမွေအနှစ်တခုဖြစ်သည့် ကျိုင်းတုံဟော်နန်းကြီးကို လူမျိုးကြီးဝါဒဖြင့် အာဏာရူးတစ်စုကဖြိုချဖျက်ဆီးခဲ့သည်မှာနိုဝင်ဘာလ () ရက်နေ့တွင် (၃၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ကိုGSCNကဆိုပါတယ်။

"စစ်အာဏာရှင်တို့ဟာ မည်သို့ပင် အတုအယောင်ဟော်နန်းများကိုပြန်လည်တည်ဆောက်ပေးနေသော်လည်း သျှမ်းပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် သျှမ်းပြည်သူတို့မှာ အမှန်တရားနှင့်တရားမျှတမှုတို့မှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။သွေးစွန်သောငွေများဖြင့် တည်ဆောက်နေသော ဟော်နန်းများကိုဆန့်ကျင်ရမည်ဖြစ်သကဲ့သို့ ပါဝင်ပတ်သတ်နေသော စီးပွားရေးလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကို သပိတ်မှောက်ကြပါစို့"လို့ဆိုထားပါတယ်။

Boycott လုပ်ရန် နှိုးဆော်ထားသော စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းများမှာ Amazing Hotel GroupsAdventure Myanmar Travel and tourMin Din Construction တို့ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment