၂၀၂၂ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၂။ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူတွေကို ဘယ်လို ဒုက္ခပေးရမလဲ ထိုင်စဉ်းစားနေတဲ့ အဖွဲ့လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
📌 ၃။ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်း
📌 ၄။ နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ အမျိုးသမီးငယ်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွား
📌 ၅။ ဖယ်ခုံမြို့နယ် လအိ ကျေးရွာသို့ စကစမှ ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကျ၍ နေအိမ်များထိခိုက်ပျက်စီးကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ
📌 ၆။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၄၀၀) ကျော်ရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုအသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကနိုဝင်ဘာ ၉ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
"NUG အစိုးရဟာအမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုအသစ်ကို ကြိုဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ ဒုတိယနှစ်ပတ်လည်နေ့တွင် အမေရိကန်အစိုးရမှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ခြင်းကို NUG မှ ကြိုဆိုပါတယ်။ ပိတ်ဆို့အရေးယူမှုအသစ်တွင် လူတစ်ဦးချင်း၊ ဦးကျော်မင်းဦးနှင့် တစ်ဦးချင်းဖြစ်သော Sky Aviator ကုမ္ပဏီလီမိတက်တို့ ဖြစ်တယ်ဆိုတာသိရပါတယ်။ဦးကျော်မင်းဦးသည်စစ်တပ်ကို ပံ့ပိုးကူညီနေသည့် အဓိက လက်ရုံးရောင်းချသူဖြစ်ပြီး ၎င်း၏ကုမ္ပဏီဖြစ်သော Sky Aviator ကုမ္ပဏီလီမိတက်သည် စစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ တင်သွင်းမှုအတွက် တာဝန်ယူထားပါတယ်"လို့ဖော်ပြပါတယ်။
ဤအရေးကြီးသော ပိတ်ဆို့မှုများကို ချမှတ်ရာတွင် အမေရိကန်အစိုးရ၏ လုပ်ဆောင်မှုအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်လေကြောင်းလောင်စာဆီ ထောက်ပံ့မှုနောက်ဆက်တွဲအနေနဲ့ နောက်ထပ်ပစ်မှတ်ထား အရေးယူမှုတွေ ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူတွေကို ဘယ်လို ဒုက္ခပေးရမလဲ ထိုင်စဉ်းစားနေတဲ့ အဖွဲ့လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောကြား
နိုဝင်ဘာလအတွင်းမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအခုလိုဆိုပါတယ်။
"ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ကိုယ့်ထမင်းကိုယ်စားရတာ ဆိုတဲ့ လူတွေ စဉ်းစားမိဖို့ပါ။ ပြည်သူတွေကို ဘယ်လို ဒုက္ခပေးရမလဲ ဆိုတာပဲ ထိုင်စဉ်းစားနေတဲ့ အဖွဲ့က တိုင်းပြည်အုပ်ချုပ်ချင်ပါတယ် ဆိုတော့ ဒီတိုင်းပြည် ငါးပါးမှောက်ပြီပေါ့"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီးတော့ လူပေါင်း တစ်သောင်းကျော်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားပြီးတော့ လူပေါင်းနှစ်ထောင် ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၃။ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်း
အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တိုက်တွန်းကြောင်းကို အာဆီယံ (ASEAN) သို့ မြန်မာ့အရေးနဲ့ပတ်သက်၍ အိတ်ဖွင့်ပေးစာကို နိုဝင်ဘာ ၉ ရက်စွဲနဲ့ ပေးပို့ခဲ့ပါတယ်။
အာဆီယံအနေနဲ့ NUCCI NUG CRPH တို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင်ဆက်ဆံဖို့ လိုအပ်တယ်လို့ ဆိုထားပြီးတော့ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ပြီးတော့ ထည့်သွင်းစဉ်းစားဖို့ အချက်တွေကိုလည်းဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေက အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ်ပါ အချက်များ ကိုသာမက ASEAN Human Rights Declaration နဲ့ ASEAN ရဲ့ ဒီမိုကရေစီ အဝန်းအဝိုင်း တည်ဆောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး ရည်မှန်းချက်များကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း အိတ်ဖွင့်ပေးစာမှာဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ အမျိုးသမီးငယ်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွား
မကွေးတိုင်း နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ အမျိုးသမီးငယ်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ ဒီးဒုတ်ခင်ရွာကို အကြမ်းဖက် ဝင်ရောက်ခဲ့တာလို့ ဂဠုန်တပ်နတ်မောက် PDF ကအတည်ပြုဆိုပါတယ်။
"ယနေ့၁၀ရက်မနက်၄နာရီဝန်းကျင်တွင် ဒီးဒုတ်ခင်ရွာမှ အမျိုးသမီးငယ်အား စကစတပ်များ ရက်စက်စွာ ရိုက်နှက် ဖမ်းခေါ်သွားပြီး ဒီးဒုတ်ခင်ရွာ အတွင်းစကစတပ် ၁၀၀ကျော် ရောက်ရှိ့လာပြီး ပြည်သူများကို ရိုက်နှက်ပြီး ရွာရှိ့ အိမ်နှင့်အဆောင်းအုံများအား ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ မကွေးတိုင်းကို အင်အားများဖြည့်တင်း၍ မြေပြင် ဝေဟင် စစ်ဆင်ရေးများနဲ့ထိုးစစ်ဆင်လျက်ရှိပါတယ်။
========================
📌📌 ၅။ ဖယ်ခုံမြို့နယ် လအိ ကျေးရွာသို့ စကစမှ ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးကျ၍ နေအိမ်များထိခိုက်ပျက်စီးကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၉ ရက် ည ၉ နာရီ ၃၀ အချိန်မှာ စကစတပ်များက လက်နက်ကြီးများနဲ့ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဖယ်ခုံတော်လှန်ရေးအင်အားစု ကဆိုပါတယ်။
"နိုဝင်ဘာ ၉ ရက် ည ၉ နာရီ ၃၀ အချိန်မှာဖယ်ခုံမြို့နယ် လအိ ကျေးရွာသို့ စကစမှ ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကျပြီး အိုးအိမ်အချို့ပျက်းစီးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေါ်မူထန့် အသက် (၈၁) နှစ် ၊ဒေါ်မူမားသ အသက် (၄၄) နှစ်၊ဉီးကိုင် အသက် (၅၆) နှစ် ( စိုးရိမ်ရ )အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
========================
📌📌 ၆။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၄၀၀) ကျော်ရှိလာ
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၄၂၈) ဦး ရှိလာပြီလို့ နိုဝင်ဘာ၉ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှသတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၄၂၈) ဦး ရှိလာခဲ့ပြီးတော့ အများစု သေဆုံးခဲ့သူများမှာ စကစတပ်များ ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ ၄င်း စကစတပ်လက်အောက်ခံ အဖွဲ့အစည်းများ သတ်ဖြတ်တို့ခြင်းတို့လည်းပါဝင်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့၊ ည ၉ နာရီခန့်အချိန်ကလည်းမကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် စခန်းချနေသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်သည် ချောင်းဦးတိုကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် ဦးကြီးစိန်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိန်ဆင့်မှာ ခြေထောက်ပြတ်ခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment