24th NOV 2022 - Evening Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမျိုးသား အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းအစီအစဉ်တွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်အမှာစကားဖြင့် အခမ်းအနားနဲ့စတင်မည်

📌 ၂။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်ပြောကြားလိုက်

📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေတဲ့အပေါ် ရပ်တန့်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၄။ "စစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ်မှာ ဆိုးသွမ်းအနိုင်ကျင့်ရုံသာမက သယံဇာတ အရင်းအမြစ်များအပေါ်မှာလည်း ကိုယ်ကျိုး အတွက်အမြတ်ထုတ်၍ စီမံအုပ်ချုပ်မှုအမှားများပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနတို့ပူးပေါင်း၍ Cyber Security Awareness Session ကျင်းပ

📌 ၆။ ရန်ကုန်မြို့က နာမည်ကျော် ဗိုလ်ချုပ်ရွာ မှာအကြမ်းဖက်စစ်တပ်ရဲ့ အရာရှိကြီးတစ်ဦး အပင်ရေလောင်းပြီး အိမ်ရှေ့ထွက်လာစဥ် သေနတ်နဲ့ပစ်ခတ်ခံရ

📌 ၇။ ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ဝင်ရောက် မွှေနှောက် ဖျက်ဆီး

📌 ၈။ မိုးညိုမြို့နယ် ပတ္တော်နယ်မြေရဲစခန်းကို ပဒေသာမိုင်း ပတ်လည်ထောင်၍ ဖောက်ခွဲတိုက်ခိုက်ရာ ရဲစခန်းတစ်ခုလုံးမီးလောင်ပြာကျ

📌 ၉။ ရှားတော-လွိုင်ကော်ဆက်သွယ်ရေးလမ်းကို ရက်အကန့်အသတ် မရှိလုံခြုံရေးအရ ပိတ်ထား၍ အများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမျိုးသား အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းအစီအစဉ်တွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ အဖွင့်အမှာစကားဖြင့် အခမ်းအနားနဲ့စတင်မည်


နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှာကျင်းပြုလုပ်မည့်  အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကမ်ပိန်းအစီအစဉ်အားဘအမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကပြုလုပ်သွားမှာဖြစ်ပါတယ်။


အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်  အတို့၏ဖွင့် မိန့်ခွန်းပြောကြားမှုနှင့်အတူ စတင်မှာဖြစ်ပါတယ်။


 အဆိုပါ ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဉ်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုကွန်ယက် စာမျက်နှာ၊ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာ၊  လူ့အခွင့်အရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာနဲ့ သတင်းဌာနများမှာတိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက မြန်မာ့သမိုင်းမှာမရှိခဲ့ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်ပြောကြားလိုက်


နိုဝင်ဘာ ၂၃ ရက်ကျင်းပတဲ့နိုင်ငံရေးကဏ္ဍ လူထုတွေ့ဆုံဆွေးနွေးပွဲ"မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်ကအခုလိုပြောကြားခဲ့ပါတယ်။


"ဒီကနေ့လောက် ပြည်သူရဲ့ နိုင်ငံရေးထဲမှာ ပူးပေါင်းပါဝင်လာနိုင်မှုအင်အားက ကျနော်တို့မြန်မာ့သမိုင်းမှာမရှိခဲ့ဘူး။ တပြိုင်နက်တည်းမှာပဲ ဒီကနေ့လောက် ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေ ပြည်သူတွေ စုစည်းညီညွတ်မှု အနေအထားမျိုးဟာ ဒီကနေ့လောက် တစ်ခါတုန်းမှ မရှိခဲ့သေးဘူးလို့ ကျနော်မြင်တယ်။ရှင်းရှင်းပြောရရင် ရန်သူလည်းတူနေပြီ။ ရည်မှန်းချက်လည်းတူနေပြီ"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ နိုင်ငံတော်အာဏာကိုစစ်တပ်ကမတရားသိမ်းယူပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေတဲ့အပေါ် ရပ်တန့်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


နိုဝင်ဘာနောက်ဆုံးပတ်မှာ အကြမ်းဖက် စစ်တပ်ရဲ့အရပ်သားနေအိမ်များမီးရှို့ဖျက်ဆီးမှုနဲ့သတ်ဖြတ်မှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက Twitterက နေတစ်ဆင့်အခုလိုရေးသား‌ ပြောဆိုခဲ့ပါတယ်။


"မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်အဖွဲ့ တို့ဟာ မြန်မာနိုင်ငံကအပြစ်မဲ့ပြည်သူများအပေါ်  ရာဇ၀တ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိပါတယ်။ဒါကို ရပ်တန့်ရမယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းတစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်းနှစ်ထောင်ပျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ "စစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ်မှာ ဆိုးသွမ်းအနိုင်ကျင့်ရုံသာမက သယံဇာတ အရင်းအမြစ်များအပေါ်မှာလည်း ကိုယ်ကျိုး အတွက်အမြတ်ထုတ်၍ စီမံအုပ်ချုပ်မှုအမှားများပြုလုပ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


စစ်အုပ်ချုပ်ရေးကာလများအတွင်း မြန်မာ့သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုအား ဆန်းစစ်လေ့လာခြင်း (သတ္တုနှင့် ကျောက်မျက်ကဏ္ဍ) ဥယောဇဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအခုလိုဆိုထားပါတယ်။


"စစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ်မှာ ဆိုးသွမ်းအနိုင်ကျင့်ရုံသာမက သယံဇာတ အရင်းအမြစ်များအပေါ်မှာလည်း ကိုယ်ကျိုး အတွက်အမြတ်ထုတ်၍ စီမံအုပ်ချုပ်မှုအမှားများပြုလုပ်နေခြင်း၊ ၄င်းတို့အကျိုးစီးပွားအတွက် လွှဲပြောင်းရယူခြင်းစသဖြင့် သယံဇာတမှ ပြည်သူတွေ အကျိုးမခံစားရဘဲ ပျက်စီးဆုံးရှုံးမှုတွေကိုသာ ရင်ဆိုင်နေကြရတာ မျက်မြင် ပဲဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ သဘာဝသယံဇာတများကို အကြမ်းဖက် စစ်အုပ်စုဟာ စိတ်ကြိုက်ချယ်လှယ်ရောင်းချခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနတို့ပူးပေါင်း၍ Cyber Security Awareness Session ကျင်းပ


Cyber Security Awareness Session  ပွဲကိုနိုဝင်ဘာလ ၂၃ ရက်နေ့၊ ညနေပိုင်းမှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကျင်းပခဲ့ပါတယ်။


ပထမဦးစွာ ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ ဦးဇေလတ်က နွေဦးတော်လှန်ရေးတွင် သတင်းအချက်အလက်နှင့် နည်းပညာအခန်းကဏ္ဍသည် အရေးပါသော အခန်းကဏ္ဍဖြစ်သည့်နည်းတူ ကော်မတီအနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နည်းပညာပိုင်းဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဌာနမှ Dr. Katherine က ဆက်သွယ်ရေးကိရိယာများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံမှုရှိစေရေး၊ နည်းပညာဆိုင်ရာလုံခြုံရေးအတွက် လိုက်နာရမည့်စည်းမျဥ်းများချမှတ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရေးအတွက် သတိပြုသင့်သည့် အချက်များအား ရှင်းလင်းမျှဝေခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် ရေးရာကော်မတီဝင်များ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဌာနမှ Dr. Katherine နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ရန်ကုန်မြို့က နာမည်ကျော် ဗိုလ်ချုပ်ရွာ မှာအကြမ်းဖက်စစ်တပ်ရဲ့ အရာရှိကြီးတစ်ဦး အပင်ရေလောင်းပြီး အိမ်ရှေ့ထွက်လာစဥ် သေနတ်နဲ့ပစ်ခတ်ခံရ


နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် နာရီအချိန် သင်္ဃန်းကျွန်းမြိုနယ်၊ သုဝဏ္ဏ၊ ၂၃ ရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် ထောင့်ရှိ  အငြိမ်းစား ဗိုလ်မှူးကြီး ဇော်နိုင်ဝင်းသည် နေအိမ်ရှေ့တွင် ပစ်ခတ်ခံခဲ့ခြင်းဖြစ်ပြီး သေနတ် ချက်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရှိရ သည်။  


အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းမှာ စစ်ကောင်စီထံမှ အထောက် အပံ့များရယူထားပြီး စစ်ကောင်စီ၏ သတင်း စု ဆောင်း ရေး မှူးလည်းဖြစ်၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာ တွင် ဦးဆောင်သူလည်းဖြစ်သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆလ) ခေတ်ဝန်ကြီးဖြစ်ခဲ့သူ တိုက်စိုး သားမက်လည်းဖြစ်တယ်လို့သိရပါတယ်။


"အခုအချိန်မှာတော့ အဲဒီ‌နေရာမှာ စစ်တပ်ရော ရဲတွေရော ရောက်နေတာ အများကြီးပဲ"လို့ ဒေသခံတစ်ဦးက Radio NUGကို‌ပြောပါတယ်။ အဆိုပါ ရန်ကုန်မြို့ သုဝဏ္ဏဗိုလ်ချုပ်ရွာဟာ စစ်တပ်က အငြိမ်းစား အရာရှိကြီးများနေထိုင်ရာ ရပ်ကွက်ဖြစ်ပြီးတော့ အများစုဟာ နေပြည်တော်ကိုပြောင်းရွှေ့သွားတယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၇။ ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ဝင်ရောက် မွှေနှောက် ဖျက်ဆီး


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က ဝင်ရောက် မွှေနှောက် ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ၂၄ ရက် မနက်ပိုင်းမှာ သောက်ကန်ရွာ ရောက်ရှိနေသော အကြမ်းဖက်စကစတပ်ဟာ မီးရှို့ဖျက်ဆီးနေတယ်လို့ ခင်ဦး A_R_F တပ်ဖွဲ့ကဆိုပါတယ်။


"ခြေလျင်စစ်ကြောင်း()ဟာ ခင်ဦးမြို့နယ် မုံလှရွာ ယာယီညအိပ်နေသော စကစတပ် များ မုံလှရွာအတွင်းရှိနေပါတယ်။ခြေလျင်စစ်ကြောင်း () ဗအိုးကျေးရွာရောက်ရှိနေသော အကြမ်းဖက် စကစတပ်များ အင်တိုင်းကြီး ရွာ အနီးမှ ရှင်မင်းထွေ ကျေးရွာ ဘက်သို့ရောက်ရှိနေပြီး ခြေလျင်စစ်ကြောင်း ()ဟာသောက်ကန်ရွာ ရောက်ရှိနေကာသောက်ကန်ကျေးရွာအား မီးရှို့နေပါတယ်"လို့ဆိုပါတယ်။


အင်အား ရာနဲ့ချီသော စကစတပ်များဟာ ခင်ဦးမြို့နယ်ရှိ ကျေးရွာများအတွင်းဝင်ရောက်ကာ လူနေအိမ်များကိူ မီးရှို့ဖျက်ဆီးခြင်းနဲ့တန်ဖိုးရှိအရာများကို သယ်ဆောင်ခြင်းတို့လုပ်ဆောင်နေတယ်လို့သိရပါတယ်။


========================


📌📌 ၈။ မိုးညိုမြို့နယ် ပတ္တော်နယ်မြေရဲစခန်းကို ပဒေသာမိုင်း ပတ်လည်ထောင်၍ ဖောက်ခွဲတိုက်ခိုက်ရာ ရဲစခန်းတစ်ခုလုံးမီးလောင်ပြာကျ


"ပဲခူးတိုင်း သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပတ္တော်နယ်မြေရဲစခန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့  () နာရီ၌ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးညို၊ပကဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ရာ ရဲစခန်းမီးလောင်ပြာကျသွားခဲ့ပါတယ်"လို့နိုဝင်ဘာ၂၄ရက်မှာ စစ်ရေးသတင်းကို BAGOPDFကအသိပေးဖော်ပြပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့များကရဲစခန်းပတ်လည်တွင် ပဒေသာမိုင်းထောင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ရဲစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ()ဦးရှိပြီး ရင်မဆိုင်ရဲဘဲ ထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးအား အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ ရှားတော-လွိုင်ကော်ဆက်သွယ်ရေးလမ်းကို ရက်အကန့်အသတ် မရှိလုံခြုံရေးအရ ပိတ်ထား၍ အများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးထား


"ယနေ့ နိုဝင်ဘာ၂၄ ရက်မှ စတင်၍ ရှားတော-လွိုင်ကော်ဆက်သွယ်ရေးလမ်းကို ရက်အကန့်အသတ် မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း  KNDF/B-14မှ အသိပေးထုတ်ပြန်လိုက်ပါတယ်။ သို့ဖြစ်ပါ၍ မိဘပြည်သူများ အသွားအလာမပြုလုပ်ကြသေးပါရန် သတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ အများပြည်သူအသုံးပြုရာ လမ်းမကြီးများကို အသုံးပြု၍ စစ်အင်အားတိုးချဲ့ ဖြည့်တင်းခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ဖြတ်သန်းခြင်းတို့ လုပ်ဆောင်မှုရှိတဲ့အတွက် လမ်းပိုင်းဆိုင်ရာ သတိပေးချက်များကို ကာကွယ်ရေးတပ်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment