24th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူများ၏ မိသားစုများနှင့် အင်ဒိုနီးရှားပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ ရှမ်းနှစ်သစ်ကူးပွဲတော်နေ့နဲ့ ကယန်းနှစ်သစ်ကူးနေ့အတွက်သဝဏ်လွှာများပေးပို့

📌 ၃။ အာဆီယံထဲက နိုင်ငံများနဲ့ NUG အစိုးရပုံမှန်ထိတွေ့ဆက်ဆံမှုရှိနေတယ်လို့ဆို

📌 ၄။  မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိတယ်လို့ UN OCHA Myanmar ကထုတ်ပြန်

📌 ၅။ NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ရောင်းချရတဲ့ငွေကြေးတွေကို PDF နဲ့တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းမယ်

📌 ၆။ ANZ ဘဏ် မြန်မာနိုင်ငံက ထွက်ခွာမှုကို Justice For Myanmar က သတိကြီးကြီးနဲ့ ကြိုဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူများ၏ မိသားစုများနှင့် အင်ဒိုနီးရှားပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူများ၏ မိသားစုများနှင့် အင်ဒိုနီးရှားပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလနောက်ဆုံးပတ်မှာ ယာယီသမ္မတ ဒူဝါလရှီးလက Twitter မှာရေးသားပြောပါတယ်။


"အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားတွင် လှုပ်ခတ်ခဲ့သော ငလျင်အကြောင်း ကြားသိရတဲ့အတွက် အလွန် စိတ်မကောင်းဖြစ်မိပါတယ်။ NUG နှင့်မြန်မာပြည်သူများကိုယ်စား သမ္မတ ဂျိုကိုဝီဒိုနဲ့ သေဆုံးသူများ၏ မိသားစုများနှင့် အင်ဒိုနီးရှားပြည်သူများအား အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်"လို့ဆိုထားပါတယ်။


အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ကပြင်းအား . ရှိသော မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း၁၆၂ဦးသေဆုံးကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ ရှမ်းနှစ်သစ်ကူးပွဲတော်နေ့နဲ့ ကယန်းနှစ်သစ်ကူးနေ့အတွက်သဝဏ်လွှာများပေးပို့


အမျိုးသားညီညွတ်ရေးအစိုးရမှ ရှမ်းနှစ်သစ်ကူးပွဲတော်နေ့နဲ့ ကယန်းနှစ်သစ်ကူးနေ့အတွက်သဝဏ်လွှာများပေးပို့ခဲ့ပါတယ်။ နိုဝင်ဘာလ (၂၃) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာများအသီးပေးပို့ခဲ့ပါတယ်။


၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်နေ့တွင် ရှမ်းပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ ဆိုထားပြီး အလားတူ ၂၇၆၂ ခုနှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့တွင် ကယန်းပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ဖော်ပြထားပါတယ်။


နှစ်သစ်ကူးအချိန်ဟာ နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြည်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများ ရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါတယ်။ နှစ်သစ်ကိုကြိုဆိုရင်း ရှမ်း၊ ကယန်းလူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါတယ်လို့ဆိုပါတယ်။


သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် ရှမ်း၊ ကယန်းပြည်သူ မြောက်များစွာသည် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း နှစ်သစ်ကူးပွဲတော် အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာဝမ်းနည်းကြေကွဲရပါတယ်လို့ဆိုပါတယ်။


စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤပြည်ထောင်စုအတွင်း ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သယံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကြပါစို့ဟု နှစ်သစ်ကူးဆုတောင်းမင်္ဂလာ ပို့သအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ အာဆီယံထဲက နိုင်ငံများနဲ့ NUG အစိုးရပုံမှန်ထိတွေ့ဆက်ဆံမှုရှိနေတယ်လို့ဆို


အာဆီယံထဲက နိုင်ငံများနဲ့ NUG အစိုးရပုံမှန်ထိတွေ့ဆက်ဆံမှုရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။ နိုဝင်ဘာလအတွင်း သတင်းဌာနတစ်ခုနဲ့ မေးမြန်းခြင်းအစီအစဥ်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။


"ထိပ်သီးအစည်းအဝေးပြီးကတည်းက အာဆီယံအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံဖို့ ကမ်းလှမ်းတာမျိုး မရှိသေးပါဘူး။ သူတို့နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။မလေးရှား နိုင်ငံခြားရေး ၀န်ကြီးနဲ့ ပုံမှန် ထိတွေ့ဆက်ဆံမှု ရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေကို NUGအစိုးရအနေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားထားပြီးဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။


========================


📌📌 ၄။  မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိတယ်လို့ UN OCHA Myanmar ကထုတ်ပြန်


မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိတယ်လို့ UN OCHA Myanmar ကထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာ UN OCHA Myanmar အစီရင်ခံအရ သတင်းရရှိပါတယ်။


"လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့်ကန့်သတ်ချက်တွေနဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုလျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစဉ်မှာပဲ ဝင်ရောက်ခွင့်ကန့်သတ်ထားတဲ့မြို့နယ်တွေထဲမှာ စက်တင်ဘာလအလယ်ကတည်းကကန့်သတ်ထားတဲ့ မြို့နယ်ခြောက်ခုအပြင် ထပ်တိုးမြို့နယ်နှစ်ခုပါ  ပါဝင်လာပါတယ်"လို့ အစီရင်ခံကဆိုပါတယ်။


ရခိုင်ပြည်နယ်မှာပေါက်တောမြို့နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် သွားလာဝင်ရောက်ခွင့်တွေမရတော့ပဲ ကျောက်တော်မြို့နယ်ကိုလည်း မြို့ပေါ်မှာသာ ဝင်ရောက်ခွင့်ရပါတော့တယ်လို့ဆိုပါတယ်။ အလားတူ ရခိုင်ပြည်နယ်တဝှမ်းက ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြားနဲ့‌ တောင်ကုတ်အပါအဝင် မြို့နယ်အများအပြားမှာ ရှာဖွေဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ UN OCHA Myanmar ကဖော်ပြပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ရခိုင်ပြည်နယ်ကို အင်အား အလွန်အကျွံအသုံးပြုတိုက်ခိုက်လျက်ရှိပြီးတော့ အရပ်သားများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေတချို့ကဆိုထားပါတယ်။


========================


📌📌 ၅။ NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ရောင်းချရတဲ့ငွေကြေးတွေကို PDF နဲ့တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းမယ်


NYCBC က စီစဉ်ဆောင်ရွက်တဲ့ “Car Raffle Ticket “ ရောင်းချရတဲ့ငွေကြေးတွေကို PDF နဲ့တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူဒါန်းမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလအတွင်းမှာ ကား ကံစမ်းမဲနဲ့ပတ်သက်လို့ NYCBCက ကိုနေတင်မြင့်က ယခုလိုပြောကြားပါတယ်။

ဒီကားကိစ္စလေးကတော့ အဓိကကတော့ NYCBCကစီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်။ ပြည်တွင်းမှာ ကျွန်တော်တို့ရဲ့ PDFတွေ စွန့်စွန့်စားစား အသက်စွန့်ပြီးတိုက်ပွဲဝင်နေတယ်။ တိုက်ခိုက်နေတယ် အဲ့အတွက် ကျွန်တော်တို့ ပြည်ပမှာရှိတဲ့ကျွန်တော်တို့တွေက ဒီFandraising လည်းလုပ်ဆောင်ပြီးတော့ ပြည်တွင်းကို ပို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက် ခုနဲ့လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကတော့ တိုက်ရိုက်အက်ရှင် ကတော့ ဒီပလိုမက်တစ်ကမ်ပိမ်း ကတော့ ကျွန်တော်တို့ fandraising  ပေါ့ ကျွန်တော်တို့ NYCBCက စီစဉ်ဆောင်ရွက်ပြီးတော့ ကား ticketလေးလုပ်ဆောင်ပါတယ်။ ကားကတော့ ကျွန်တော်တို့ကတော့ တစ်စောင်ကို ၁၀၀ ကျပ်နဲ့ရောင်းတယ်။ အစောင် တစ်ထောင် ကျွန်တော်တို့ရောင်းပါမယ်။ ကျွန်တော်တို့ ကာလအချိန်ကတော့ ကျွန်တော်တို့ လသတ်မှတ်ထားပါတယ်။ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာပေါ့ အဲ့ဒီလိုပဲ ကျွန်တော်တို့ အိုင်ဒီယာတွေ ပေါ်ရင် ပေါ်သလို ကျွန်တော်တို့ fandraiding ကလည်း အဓိက အခန်းကဏ္ဍကဖြစ်တဲ့အတွက် မြန်မာပြည်မှာရှိနေတဲ့ PDFတွေ လိုအပ်တဲ့နေရာတွေ အဓိကလိုအပ်တဲ့ နေရာအားလုံးကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ပြောကြားလိုပါတယ် "


2023 BMW X2 ကားကံစမ်းမဲလက်မှတ်များကို အမေရိကန်ဒေါ်လာ၁၀၀နဲ့လက်ရှိမှာရောင်းချပေးလျက်ရှိပြီးတော့ ဆုမဲများမှာ ကားတစ်စီးအပြင်နောက်ထပ်ဆုမဲ၈မဲပါထည့်သွင်းပေးထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ANZ ဘဏ် မြန်မာနိုင်ငံက ထွက်ခွာမှုကို Justice For Myanmar က သတိကြီးကြီးနဲ့ ကြိုဆို


ANZ ဘဏ် မြန်မာနိုင်ငံက ထွက်ခွာမှုကို Justice For Myanmar က သတိကြီးကြီးနဲ့ ကြိုဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ၂၃ ရက်နေ့မှာ Justice For Myanmar ကအသိပေးဆိုပါတယ်။ "၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံက ထွက်ခွာတော့မှာဖြစ်ကြောင်း ANZ ဘဏ်ရဲ့ ကြေညာချက်ကို Justice For Myanmar က သတိကြီးကြီးနဲ့ ကြိုဆိုလိုက်ပါတယ်" လို့ဖော်ပြပါတယ်။


ANZ ဘဏ်ဟာ မြန်မာနိုင်ငံက ထွက်ခွာမယ့် ပထမဆုံးနိုင်ငံတကာဘဏ်ဖြစ်လာမှာ ဖြစ်ပြီး၊ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းပြီးနောက်ပိုင်း အခုဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အခုလအစောပိုင်းမှာ Distributed Denial of Secrets က ဖွင့်ချခဲ့တဲ့ အချက်အလက်တွေမှာ တွေ့ရှိရတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း  (MEC) နဲ့ ANZ ဘဏ်တို့အကြား ငွေလွှဲပေးပို့မှုတွေကို Justice For Myanmar က ထုတ်ဖော်ရေးသားခဲ့ပါတယ်။


MEC နဲ့ အင်းဝဘဏ်တို့ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။ ANZ ဘဏ်ဟာ သူတို့ရဲ့ ဘဏ်အသုံးပြုသူတွေက စစ်အုပ်စုဆီ ငွေပေးချေမှုတွေကိုလည်း ကြားခံဆောင်ရွက်ပေးခဲ့တယ်လို့လည်း Justice For Myanmar ကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment