6th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မန္တလေးရွှေမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ နွေဦးနှင်းဆီ စီမံကိန်းထဲမှ ဒေါ်လာ . သန်းဖိုး မြေ၁၀ကွက်ကို တစ်ဦးတည်းက ဝယ်ယူအားပေးသွား

📌 ၂။ NUG Pay အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ

📌 ၃။ တိုင်းရင်းသားအားလုံးရဲ့  ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် အတူတကွကြိုးပမ်းကြရန်ဒုဝန်ကြီးဒေါက်တာငိုင်းတမ်‌မောင်းဆို

📌 ၄။ အာဆီယံအစည်းအဝေးများသို့ စစ်တပ်ကို မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ခေါ်ခြင်းများရပ်တန့်ရမယ်လို့ ဆွေးနွေး

📌 ၅။ ကရင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ အဖြစ်  ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

📌 ၆။ ရှမ်းမြောက် PSDA အဖွဲ့မှာ တပ်သားသစ်များခေါ်ယူ

📌 ၇။ ကော်ဘရာစစ်ကြောင်းထံသို့စကစတပ် ခမရ () မှ တပ်ဖွဲ့ဝင်တစ်ဦးMA (3) သေနတ် တစ်လက်နဲ့အတူအလင်းဝင်ခိုလှုံ၍ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၅၀၀၀၀ ချီးမြှင့်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မန္တလေးရွှေမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ နွေဦးနှင်းဆီ စီမံကိန်းထဲမှ ဒေါ်လာ . သန်းဖိုး မြေ၁၀ကွက်ကို တစ်ဦးတည်းက ဝယ်ယူအားပေးသွား


မန္တလေးရွှေမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ နွေဦးနှင်းဆီ စီမံကိန်းထဲမှ ဒေါ်လာ . သန်းဖိုး မြေ၁၀ကွက်ကို တစ်ဦးတည်းက ဝယ်ယူအားပေးသွားတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာ အသိပေးဖော်ပြထားပါတယ်။


"မန္တလေးရွှေမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ နွေဦးနှင်းဆီ စီမံကိန်းအား ပေတရာ ပတ်လည် ( 100 X 100 ) မြေကွက် ၂၀ ဖော်ထုတ်ရောင်းချခဲ့ရာတွင် ကျန်ရှိနေသည့် မြေကွက် ၁၀ ကွက်၊ တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ . သန်းအား တဦးတည်းကဝယ်ယူအားပေးသွားပါတယ်"လို့ဆိုပါတယ်။


ထိုကဲ့သို့ ပမာဏများများ ဝယ်ယူအားပေးသူများနည်းတူ မိမိတို့ နိုင်သမျှ တစ်ဦးချင်း တစ်ကွက်ချင်း ဝယ်ယူအားပေးကြသူများအားလုံးနှင့် နိုင်ရာဝန်ထမ်းနေကြတဲ့ တော်လှန်ပြည်သူအားလုံးကို တော်လှန်ရေး အောင်စိတ်ဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်လို့လည်းဖော်ပြထားပါတယ်။


========================


📌📌 ၂။ NUG Pay အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ


NUG Pay အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေလို့သတင်းရရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့ နိုဝင်ဘာ၄ရက်တွေ့ဆုံပွဲမှာ ဒုဝန်ကြီး ဦးမင်းဇေယျာဦးကဆိုပါတယ်။


"စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုံခြုံရေး နှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ Cabinet နှင့် ဘဏ္ဍာရေးကော်မရှင်တို့၏ဆုံးဖြတ်ချက်တို့နှင့် အညီ လစဉ်သာမန်အသုံးစရိတ် လွှဲပြောင်းပေးအပ်ခြင်းကိစ္စ၊ ပြည်သူ့ရင်ခွင်ကော်မတီ၊ JCIG ကော်မတီ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီတို့အတွက် လျာထားဘတ်ဂျက်နှင့် သုံးစွဲမှုအခြေအနေများ၊၂၀၂၂ ခုနှစ် ဘဏ္ဍာရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ ငွေလုံးငွေရင်း စာရင်းများ၊ အမေ့ထီးရန်ပုံငွေခွဲဝေသုံးစွဲမှုအခြေအနေ၊ NUG Pay အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ Early Partnership Program ပြင်ဆင်ထားမှုအခြေအနေတို့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးမင်းဇေယျာဦးနှင့် အမြဲတမ်းအတွင်းဝန် တို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ တိုင်းရင်းသားအားလုံးရဲ့  ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် အတူတကွကြိုးပမ်းကြရန်ဒုဝန်ကြီးဒေါက်တာငိုင်းတမ်‌မောင်းဆို


တိုင်းရင်းသားအားလုံးရဲ့  ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် အတူတကွကြိုးပမ်းကြရန်ဒုဝန်ကြီးဒေါက်တာငိုင်းတမ်‌မောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံရာမှာ ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။


"ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်စွာဖော်ဆောင်ခြင်းသည် အားတက်ဖွယ်ဖြစ်ကြောင်း၊ တော်လှန်ရေးကိုတတ်စွမ်းသမျှဆောင်ရွက်ရန်နှင့် လုံခြုံရေးကို အထူးသတိပြုရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေးအတွက် အတူတကွကြိုးပမ်းကြရန်ဖြစ်တယ်"လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဒုဝန်ကြီးကဆိုပါတယ်။


ထို့နောက်ကျန်းမာရေးဝန်ကြီးဌာန၊ဒုဝန်ကြီး ဒေါက်တာရွှေပုံမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော မူဝါဒများကို  ရှင်းလင်းတင်ပြခဲ့ပါတယ်။ တွေ့ဆုံပွဲသို့  ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၄။ အာဆီယံအစည်းအဝေးများသို့ စစ်တပ်ကို မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ခေါ်ခြင်းများရပ်တန့်ရမယ်လို့ ဆွေးနွေး


အာဆီယံအစည်းအဝေးများသို့ စစ်တပ်ကို မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ခေါ်ခြင်းများရပ်တန့်ရမယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။ နိုဝင်ဘာ ရက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပလျက်ရှိသော အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲမှာ ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။


အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲအခမ်းအနားကိုလူထုတေးသံတော်လှန်ရေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများနှင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူများအတွက် ငြိမ်သက်အလေး ပြုခဲ့ကြပါတယ်။


ထို့နောက်အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော ဘရူနိုင်းဒါရုဆာလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ် နှင့် ဗီယက်နမ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ အားလုံးသော တိုင်းရင်းသားလူမျိုးများ၊ ကွဲပြားခြားနားသော ယဉ်ကျေးမှုများနှင့် နေရာပေါင်းစုံမှ လူမျိုးများနှင့်  တသားတည်း ရပ်တည်နေကြောင်းပြောကြားခဲ့ပါတယ်။


ဒါ့အပြင်လူပေါင်း ၂၄၀၀ ကျော်ကို သတ်ဖြတ်ထားသော၊ နိုင်ငံနှင့်အဝှမ်းရှိ ရွာများတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင် တိုက်ခိုက်မှုများ၊ နှိပ်စက်သတ်ဖြတ်မှုများ လူသတ်မှု၊ မုဒိန်းမှု၊ မတရားဖမ်းဆီးမှုတို့ကို ကျူးလွန်နေသည့် စစ်တပ်ကို ရှုံ့ချကြောင်း၊ အာဆီယံဘုံသဘောတူညီချက် () ရပ်သည် ယခုအချိန်ထိ မည်သို့သော ကောင်းမွန်တိုးတက်မှုကို မဖြစ်စေခဲ့ကြောင်း၊ အကြမ်းဖက်သတ်ဖြတ်မှုများသည် အရှိန်အဟုန်နှင့် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး ဖြည့်ဆည်းဆောင်ရွက်ရန် အာဆီယံ တွင် တာဝန်ရှိကြောင်း၊  ထို့ကြောင့် အာဆီယံဘုံသဘောတူညီချက်ကို‌ ကျော်လွန်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊အာဆီယံအစည်းအဝေးများသို့ စစ်တပ်ကို မြန်မာနိုင်ငံကိုယ်စားပြု ဖိတ်ခေါ်ခြင်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ကရင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ အဖြစ်  ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ


ကရင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ အဖြစ်  ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာ ရက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့ကာ အသက် ၃၀ အထက် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲများပါဝင်ပါတယ်။


အဆိုပါ အားကစားပြိုင်ပွဲကို ရန်ပုံငွေရှာဖွေပွဲ အဖြစ်သတ်မှတ်ကာကရင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော ရိက္ခာဆေးဝါးများထောက်ပံ့ရန် ရည်ရွယ်ပြီး “Humanitarian AID For BURMA” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါတယ်။


အဆိုပါရန်ပုံငွေပွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အသက် ၃၀ အထက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က “Karenni-Tarneit” အသင်းတွင် ဝင်ရောက်ကစားခဲ့ပါတယ်။


========================


📌📌 ၆။ ရှမ်းမြောက် PSDA အဖွဲ့မှာ တပ်သားသစ်များခေါ်ယူ


ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့မှာ တပ်သားသစ်များခေါ်ယူလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့PSDAကအသိပေးဆိုပါတယ်။


"ကျနော်တို့ ပြည်သူလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန်တပ်သားသစ်များ အလိုရှိနေပါတယ်။တော်လှန်ရေးတွင် ပါဝင်ရန်အသင့်ဖြစ် နေသော သူအားအလိုရှိပါတယ်"လို့ဆိုပါတယ်။ တပ်ဖွဲ့တွင် ပါဝင်၍ လက်နက်ကိုင်တော်လှန်ခြင်းကို ရွေးချယ်မည့်သူများ သိသင့်သောအခြေခံအကြောင်အရာများအနေနဲ့ နယ်မြေဒေသမခွဲခြားဘဲ တော်လှန်ရေးလုပ်နိုင်ရမယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့်လည်း CDM ဝင်လိုပါကPSDAမှ အစဥ်အမြဲ လက်ကမ်းကြိုဆိုတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ ကော်ဘရာစစ်ကြောင်းထံသို့စကစတပ် ခမရ () မှ တပ်ဖွဲ့ဝင်တစ်ဦး MA (3) သေနတ် တစ်လက်နဲ့အတူအလင်းဝင်ခိုလှုံ၍ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၅၀၀၀၀ ချီးမြှင့်


ကော်ဘရာစစ်ကြောင်းထံသို့စကစတပ် ခမရ () မှ တပ်ဖွဲ့ဝင်တစ်ဦး MA (3) သေနတ် တစ်လက်နဲ့အတူအလင်းဝင်ခိုလှုံ၍ NUGကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၅၀၀၀၀ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ နိုဝင်ဘာ ရက် ညပိုင်းမှာ ကော်ပရာ စစ်ကြောင်းကအသိပေးဆိုပါတယ်။


"ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၇) ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့တပ်မ (၄၄) လက်အောက်ခံ ခမရ () မှ တပ်ဖွဲ့ဝင် တစ်ဦးဟာ MA (3) သေနတ် တစ်လက်၊ ၎င်းကျည်ဘောက် ()ခု၊ .၅၆ ကပစ ကျည် (၁၀၀)တောင့် နှင့်အတူ CDM ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အလင်းဝင်ခိုလှုံလာသူမှာ လူခို့ (ညောင်ချောင်း) ဒေသသို့ ကျူးကျော် ရောက်ရှိနေသော ခမရ () မှ တပ်သား ဟိန်းဇော်ဦးဖြစ်ကာ ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။


လက်နက်နဲ့အတူခိုလှုံလာသော ခမရ () မှ တပ်သားကိုအမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ဘတ် (၅၀,၀၀၀) ချီးမြှင့်ခဲ့ရာကော်ဘရာ စစ်ကြောင်းမှုး ဗိုလ်ဒါဘောမှ ကိုယ်စား ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment