3rd DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံမှာပဲ ပြည်သူလူထုနဲ့ထပ်ချပ်မကွာနေထိုင်နေပြီး တိုင်းပြည်အတွက်အကုန်လုံးစွန့်လွှတ်ဖို့အသင့်ဖြစ်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးပြောကြား

📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ 

📌 ၃။ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဒုဝန်ကြီး ဦးကျော်နီတိုက်တွန်း

📌 ၄။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် ဝင်ရောက် သောင်းကျန်းဖျက်ဆီး

📌 ၅။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ M4 သေနတ်တစ်လက်နဲ့ M4 Carbine  အသစ်သေနတ်တစ်လက်တို့ကို အားဖြည့်ဝယ်ယူဖြည့်တင်းနိုင်

📌 ၆။ စစ်ကောင်စီတပ် ဆုတ်ခွာသွားသော ကျေးရွာနယ်မြေများသို့ အစောတလျင်ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမပြုရန် KNDF ဗဟိုကအရေးပေါ်သတိပေး

📌 ၇။ မြိတ်မှ ဘုတ်ပြင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်း () စီးကြားဖြတ်တိုက်ခိုက်ခံရရာ ကား () စီးပြန်ဆုတ်ပြေး

📌 ၈။ မသောက်မိသောမိုးခါးရေရုပ်ရှင်ဇာတ်လမ်းတို Online ကနေကြည့်လို့ရတော့မယ်လို့ ဒါရိုက်တာကိုပေါက်အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံမှာပဲ ပြည်သူလူထုနဲ့ထပ်ချပ်မကွာနေထိုင်နေပြီး တိုင်းပြည်အတွက်အကုန်လုံးစွန့်လွှတ်ဖို့အသင့်ဖြစ်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလအသိပေးပြောကြား


ဒီဇင်ဘာလ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေမှုများကို REUTERS NEXT – “Leadership Summit နှင့် Global Broadcast” အစီအစဥ်မှာ မြန်မာနိုင်ငံမှာပဲ ပြည်သူလူထုနဲ့ထပ်ချပ်မကွာနေထိုင်နေပြီး တိုင်းပြည်အတွက်အကုန်လုံးစွန့်လွှတ်ဖို့ အသင့်ဖြစ်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ကျနော် ဒီတိုင်းပြည်ထဲမှာပဲ ပြည်သူလူထုနဲ့ထပ်ချပ်မကွာနေထိုင်နေပြီး ပြည်သူလူထုကို စည်းရုံးပြီး တော်လှန်ရေးမှာပါဝင်နေပါတယ်။ ဘယ်အချိန်မှာ အသက်စွန့်လွှတ်ရမလဲမသိပါဘူး။ကျနော်ကတော့ ကိုယ့်တိုင်းပြည်အတွက် စွန့်လွှတ်ဖို့ အသင့်ဖြစ်နေပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ CDMဝန်ထမ်းများ သိန်းနဲ့ချီရှိနေပြီးတော့ ၄င်းတို့အတွက် စားဝတ်နေရေးအခက်အခဲနဲ့ နိုင်ငံတကာကသာ ထောက်ပံ့ကူညီမှုတွေရရှိပါက တော်လှန်ရေးအမြန်ဆုံးအောင်မြင်မယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ 


နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ခဲ့ကြောင်းကို ဒီဇင်ဘာ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးဖော်ပြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတဟောင်း ကျန်ဇီမင်း နိုဝင်ဘာ ၃၀ ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခြင်း အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ဖော်ပြပါတယ်။ 


 တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့သော အဆိုပါ သဝဏ်လွှာ တွင် တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခဲ့ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှု တခုဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် လည်း တရုတ်ပြည်သူပြည်သားများနည်းတူ ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရကြောင်း ကို ဖော်ပြထားပါတယ်။


========================


📌📌 ၃။ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဒုဝန်ကြီး ဦးကျော်နီတိုက်တွန်း


အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဒီဇင်ဘာ၂ ရက်မှာ အလုပ်သမားဒုတိယဝန်ကြီး ဦးကျော်နီက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ "လူဖြစ်ရခြင်းရဲ့အဓိပ္ပာယ်တွေပြည့်ဝစေဖို့ ပြည်သူတစ်ရပ်လုံး လက်တွေခိုင်ခိုင်တွဲထားပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြပါစို့"လို့ဆိုထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် စစ်အာဏာရှင် စနစ်ကို ထူထောင်ကာ ပြည်သူလူထုကို မတရားဥပဒေများပြဌာန်းအရေးယူလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် ဝင်ရောက် သောင်းကျန်းဖျက်ဆီး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် ဝင်ရောက် သောင်းကျန်းဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။ စကစတပ်စစ်ကြောင်းများဟာ အင်အားပေါင်းပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းသို့ စတင်၀င်ရောက်နေပြီလို့ ဒေသခံများကဆိုပါတယ်။


ဒီပဲယင်းနယ် သပြေသာ/ဝဲကြီးရွာများဘက်မှ စစ်ကြောင်းစထိုးနေပြီးတော့ ရေဦးနယ် မူးသာကုန်းရွာ ရောက်ရှိနေသော စကစတပ်များဟာဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေတယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာ အနီးနားရှိရွာများမှ ဒေသခံပြည်သူရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၅။ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ M4 သေနတ်တစ်လက်နဲ့ M4 Carbine  အသစ်သေနတ်တစ်လက်တို့ကို အားဖြည့်ဝယ်ယူဖြည့်တင်းနိုင်


သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ M4 သေနတ်တစ်လက်နဲ့ M4 Carbine  အသစ်သေနတ်တစ်လက်တို့ကို အားဖြည့်ဝယ်ယူဖြည့်တင်းနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ရက်မှာ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုပါတယ်။


"ကျွန်တော်တို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ သို့ အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် ထောက်ပို့ရဲဘော်များ၊ ထောက်ပို့အဖွဲ့အစည်းများ၏ လှူဒါန်းငွေဖြင့် M4 Second (1) ချောင်း၊ M4 Carbine  အသစ် (1) ချောင်း နှင့်အတူ 5.56 ကျည် (300) တို့အား နှစ်လစာအလှူငွေဖြင့် ကာလတန်ကြေးအားဖြင့် ကျပ်သိန်းလေးရာ ကျော်ဖိုး ဝယ်ယူအားဖြည့်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စုစုပေါင်း စက်တင်ဘာ၊ အောက်တိုဘာ၊နိုဝင်ဘာ သုံးလပေါင်း သိန်းခြောက်ရာကျော်၊ သိန်းခုနှစ်ရာဖိုးနီးပါး အဖွဲ့အတွက် လိုအပ်နေသော သေနတ် လက်နှင့် နှုတ်ခမ်းနီများ ဝယ်ယူအားဖြည့်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီတပ် ဆုတ်ခွာသွားသော ကျေးရွာနယ်မြေများသို့ အစောတလျင်ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမပြုရန် KNDF ဗဟိုကအရေးပေါ်သတိပေး


ဒီဇင်ဘာ () ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် စစ်ရေးအခြေအနေသတင်းနဲ့ပတ်သက်လို့ KNDF ကအခုလိုအသိပေးဆိုပါတယ်။


" ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီး၊ အထိအကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါကျေးရွာများတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်း မြေမြုပ်မိုင်းအန္တရာယ်ရှိနေခြင်းနှင့် လက်နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သဖြင့် ပြည်သူများအနေဖြင့် အဆိုပါကျေးရွာများသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြပါရန် အထူးတိုက်တွန်းအပ်ပါတယ်"လို့ဆိုထားပါတယ်။


ဒီဇင်ဘာလ ( ) ရက်နေ့ တွင်သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက်နေထိုင်သောပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။ ထို့ကြောင့် အဆိုပါနယ်မြေများသို့ အစောတလျင် ပြန်လည် ဝင်ရောက်နေထိုင်ခြင်းများမပြုလုပ်ကြရန်နှင့် KNDF မှ ထုတ်ပြန်သာ စစ်ရေးသတင်းမျာကို ဂရုစိုက်စောင့်ကြည့်ပေးပါရန် မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၇။ မြိတ်မှ ဘုတ်ပြင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်း () စီးကြားဖြတ်တိုက်ခိုက်ခံရရာ ကား () စီးပြန်ဆုတ်ပြေး


ဒီဇင်ဘာ၂ ရက်မြိတ်မှ ဘုတ်ပြင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်း() စီးကို တနင်္သာရီမြို့နယ်၊ ထုံခါးရွာသင်္ချိုင်းအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့(.က.)ကအတည်ပြုဆိုပါတယ်။


"မြိတ်မှ ဘုတ်ပြင်းကို စစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း() စီးကို တနင်္သာရီမြို့နယ်၊ ထုံခါးရွာသင်္ချိုင်းအနီး တနင်္သာရီမြို့နယ် (KNLA-TCSJF) ပူးပေါင်းအဖွဲ့မှ ရက်နေ့ ညနေ နာရီ ၂၀ မိနစ်အချိန်တွင်  အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား (၁၀၀) ကျော်လိုက်ပါလာခဲ့တဲ့ယာဥ်တန်း () စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့်ကား ()စီးပြန်ဆုတ်ပြေးသွားခဲ့ပြီးအပြန်လှန်ပစ်ခတ်မှု(၂၅)မိနစ်အချိန်ကြာကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာရှိသူများပြားပြီး သေပျောက်စာရင်းကိုတော့ စီစစ်နေဆဲဖြစ်ပါတယ်။  KNLA- TCSJF (Tiger Comando Special Joint Force)ပူးပေါင်းတပ်ဖွဲ့မှ တစုံတရာထိခိုက်မှုမရှိဘဲ့ အောင်မြင်စွာ ဆုံးသတ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ မသောက်မိသောမိုးခါးရေရုပ်ရှင်ဇာတ်လမ်းတို Online ကနေကြည့်လို့ရတော့မယ်လို့ ဒါရိုက်တာကိုပေါက်အသိပေး


မသောက်မိသောမိုးခါးရေရုပ်ရှင်ဇာတ်လမ်းတို Online ကနေကြည့်လို့ရတော့မယ်လို့ ဒါရိုက်တာကိုပေါက်က ဒီဇင်ဘာ ရက်မှာ လူမှုကွန်ရက်ကနေအသိပေးဆိုပါတယ်။ "တော်လှန်ရင်းရုပ်ရှင်ကြည့်ရုပ်ရှင်ကြည့်ရင်း တော်လှန်ကြပါစို့။ Online ကနေ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကိုကြည့်လို့ရတော့မည်။ မကြာမီ လာမည်"လို့ဆိုထားပါတယ်။


CDM ဗိုလ်ကြီးတစ်ဦးဇာတ်လမ်းကို အခြေခံ၍ တော်လှန်ရေးနယ်မြေမှ ရဲဘော်များနဲ့ရိုက်ကူးတဲ့မသောက်မိသောမိုးခါးရေ ဇာတ်လမ်းရုပ်ရှင်ဟာ နိုင်ငံတကာမှာလည်း ပြသလျက်ရှိနေပါတယ်။ မိုးခါးရေဇာတ်လမ်းတိုရုပ်ရှင်ကနေ ရရှိလာတဲ့ ရန်ပုံငွေထဲက ကျပ်သိန်း ၄၆၀၀ ကို ပထမအကြိမ်အဖြစ်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့မှုနိုဝင်ဘာလ နောက်ဆုံးပတ်မှာ ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment