3rd DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို စေ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ပြုလုပ်တဲ့ Profile Campaign ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးများပါဝင်လှုပ်ရှား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရကို ဩစတြေးလျ လွှတ်တော်နှင့် အစိုးရတို့က တရားဝင်အသိအမှတ်ပြုပေးရေးအပေါ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်  ဩစတြေးလျလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး

📌 ၃။ ရခိုင့်တပ်တော် AA အနေနဲ့ တော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို

📌 ၄။ လွတ်လပ်ခြင်းကို ထောင်ချထားတဲ့ တရားမဝင် အကြမ်းဖက် လူသတ် စစ်တပ်ကို အမြစ်ဖြတ်ကြလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

📌 ၅။ နယ်မြေ လွှမ်းမိုးချုပ်ကိုင်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုခိုင်မာစွာ တည်ရှိရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုဝန်ကြီးဆို

📌 ၆။ တူမီးထီ ကံထူးရှင်ပေါင်း (၂၅) ဦး ပေါ်ထွက်လာပြီး အမြင့်ဆုံးဆု မြန်မာငွေ သိန်း ၃၀ မှ အနိမ့်ဆုံး သောင်း အထိ ကံထူးကြ

📌 ၇။ ဆားလင်းကြီးမြို့နယ်၊ ဆထုံးရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့မှုကို ကာကွယ်ရေးတပ်များ သွားရောက်မီးငြိမ်းသတ်ပေးခဲ့

📌 ၈။ ကရင်ပြည်နယ်၊ ဘားအံမြို့၊  ဘားအံ- သထုံ ကားလမ်း မပေါ်ရှိ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ လူဦးရေ ၅၀၀ အထိရှိလာ

📌 ၉။ မန္တလေးမြို့အထွက် ပြင်ဦးလွင် အတက်လမ်း အောင်ပင်လယ်တိုးဂိတ်အနီး စစ်ကားတစ်စီးမိုင်းထိ၍ စကစတပ်သားနှစ်ဦးသေဆုံး

📌 ၁၀။ ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဘက်က ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို စေ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ပြုလုပ်တဲ့ Profile Campaign ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးများပါဝင်လှုပ်ရှား


အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို စေ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ပြုလုပ်တဲ့ Profile Campaign ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးများပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ နဲ့ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို စေ့ဆော်တိုက်တွန်းတဲ့အနေနဲ့ ပြုလုပ်တဲ့ Profile Campaign ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကပါဝင်ခဲ့တယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။


အဆိုပါလှုပ်ရှားမှာမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး၊ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ စီမံ၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်၊ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးစတဲ့ ပြည်ထောင်စုဝန်ကြီးများပါဝင်ခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရကို ဩစတြေးလျ လွှတ်တော်နှင့် အစိုးရတို့က တရားဝင်အသိအမှတ်ပြုပေးရေးအပေါ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်  ဩစတြေးလျလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရကို ဩစတြေးလျ လွှတ်တော်နှင့် အစိုးရတို့က တရားဝင်အသိအမှတ်ပြုပေးရေးအပေါ်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်  ဩစတြေးလျလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာလ () ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်   ဩစတြေးလျ လွှတ်တော်အမတ်များဟာ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင်  အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများနှင့် ဆိုးရွားသော လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရေးအတွက် ဒီမိုကရေစီအရေးဆောင်ရွက်နေကြသူများကို အကူအညီပေးရေး၊ ဒီမိုကရေစီပြန်လည်ရရှိပြီး ငြိမ်းချမ်းသာယာစွာ ပြည်သူများ နေထိုင်နိုင်ရေး၊  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားသော နိုင်ငံရေးဦးဆောင်သူများက အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါတယ်။


ဒါ့အပြင်စစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ်မှု၊ လက်ရှိ ပဋိပက္ခအား ဖြေရှင်းပေးနိုင်မည် မဟုတ်သော စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား ဩစ‌တြေးလျ လွှတ်တော်နှင့် အစိုးရတို့က တရားဝင်အသိအမှတ်ပြုပေးရေးအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ဩစတြေးလျလွှတ်တော်အမတ်များကလည်း CRPH အား ခိုင်ခိုင်မာမာ ထောက်ခံအားပေးပါကြောင်းနှင့် ရှေ့ဆက်၍ အကူအညီပေးရန် ကတိပြုပြောကြားခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ MP Peter Khalil နှင့် MP Zoe Daniels  ဦးဆောင်သော ဩစတြေးလျလွှတ်တော်အမတ်များ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုစိုးကြည်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ရခိုင့်တပ်တော် AA အနေနဲ့ တော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို


ရခိုင့်တပ်တော် AA အနေနဲ့ တော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။ နိုဝင်ဘာလကုန် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။


" ကျွန်တော်တို့ NUG အနေနဲ့ပြောမယ်ဆိုရင် AA အပေါ်မှာ ကောင်းကောင်းနားလည်ပါတယ်။ ယာယီအပစ်အခတ်ရပ်တယ်ဆိုတာက သေချာတယ်။ ဒါက စစ်ကောင်စီနဲ့ရွှေလမ်း ငွေလမ်းဖောက်တာမဟုတ်ဘူး။ AA အနေနဲ့ကလည်း ဒီတော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား အပစ်အခတ် ရပ်စဲမှုကို နှုတ်အားဖြင့်သဘောတူခဲ့ပါတယ်။


========================


📌📌 ၄။ လွတ်လပ်ခြင်းကို ထောင်ချထားတဲ့ တရားမဝင် အကြမ်းဖက် လူသတ် စစ်တပ်ကို အမြစ်ဖြတ်ကြလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော


လွတ်လပ်ခြင်းကို ထောင်ချထားတဲ့ တရားမဝင်အကြမ်းဖက် လူသတ် စစ်တပ်ကို အမြစ်ဖြတ်ကြလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ဒီမိုကရေစီကို သေဒဏ်ပေးပြီး အမှန်တရားနဲ့လွတ်လပ်ခြင်းကို ထောင်ချထားတဲ့ တရားမဝင် အကြမ်းဖက် လူသတ် စစ်တပ်ကို အမြစ်ဖြတ်ကြ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာအကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၅။ နယ်မြေ လွှမ်းမိုးချုပ်ကိုင်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုခိုင်မာစွာ တည်ရှိရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုဝန်ကြီးဆို


နယ်မြေ လွှမ်းမိုးချုပ်ကိုင်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုခိုင်မာစွာ တည်ရှိရန်လိုအပ်တယ်လို့ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးကဆိုပါတယ်။ ဒီဇင်ဘာ ရက် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံပွဲမှာပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးကပြောကြားခဲ့ပါတယ်။


"နယ်မြေ လွှမ်းမိုးချုပ်ကိုင်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုသည် ခိုင်မာစွာ တည်ရှိရန်လိုအပ်ကြောင်း၊ ပအဖ အဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ချိတ်ဆက်မှုကောင်းမွန်စွာဖြင့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြေပြင်မှာရှိသည့်အခြေအနေများကို ဆွေးနွေးပြောကြားပြီး ရှေ့လုပ်ငန်းစဉ်များကို တွေ့ကျစွာဖြင့်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း"ဒုဝန်ကြီးကဆိုပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ တူမီးထီ ကံထူးရှင်ပေါင်း (၂၅) ဦး ပေါ်ထွက်လာပြီး အမြင့်ဆုံးဆု မြန်မာငွေ သိန်း ၃၀ မှ အနိမ့်ဆုံး သောင်း အထိ ကံထူးကြ


တူမီးထီ ကံထူးရှင်ပေါင်း (၂၅) ဦး ပေါ်ထွက်လာပြီး အမြင့်ဆုံးဆု မြန်မာငွေ သိန်း ၃၀ မှ အနိမ့်ဆုံး သောင်း အထိ ကံထူးကြတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုဝန်ကြီး အိသဉ္ဇာမောင်က တူးမီးထီထိုးဖို့တိုက်တွန်းရင်းဆိုထားပါတယ်။


"US ဒေါ်လာဟာ လက်ရှိ ငွေလဲလှယ် နှုန်းနဲ့ဆို မြန်မာငွေကျပ် (၁၀,၀၀၀) တစ်သောင်းကျော် ရှိပါတယ်။ ဒေါ်လာ ဆိုတာ ပမာဏအားဖြင့် အလွန်နည်းပါးတယ် လို့ ဆိုနိုင်ပေမယ့် တော်လှန်ရေးအတွက် တော့ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ပါတယ်။အလားတူပဲ ကျွန်မတို့  ပြည်သူတွေ ရဲ့ ဒေါ်လာတွေ ပေါင်းစည်း လိုက်ကြရင် စစ်ကောင်စီ ပြုတ်ကျဖို့ အင်အားတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ"လို့ဆိုထားပါတယ်။


တူမီးထီဟာ တစ်စောင် ဒေါ်လာနှုန်းနဲ့ လာစဥ်ရောင်းချပေးလျက်ရှိကာအပတ်စဥ် () ထိ လည်ပတ်လျှက်ရှိပြီး ဒေါ်လာ (၉၃၈၀) မြန်မာငွေ သိန်းပေါင်း (၃၀၀) ခန့် တော်လှန်ရေးအတွက် ဘဏ္ဍာငွေ အားဖြည့်နိုင်ပြီ ဖြစ်ပါတယ်။ တူမီးထီ ကံထူးရှင်ပေါင်း (၂၅) ဦး ပေါ်ထွက်လာပြီး အမြင့်ဆုံးဆု မြန်မာငွေ သိန်း ၃၀ မှ အနိမ့်ဆုံး သောင်း အထိ ကံထူးကြသူများလည်း ရှိနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့နယ်၊ ဆထုံးရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့မှုကို ကာကွယ်ရေးတပ်များ သွားရောက်မီးငြိမ်းသတ်ပေးခဲ့


ဆားလင်းကြီးမြို့နယ်၊ ဆထုံးရွာကိုအကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့မှုကို ကာကွယ်ရေးတပ်များ သွားရောက်မီးငြိမ်းသတ်ပေးခဲ့ပါတယ်။ ဒီဇင်ဘာလ () ရက်နေ့ မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဆထုံးရွာကိုမီးငြိမ်းသတ်ပေးခဲ့တယ်လို့ နဂါးညီနောင်အထူးတပ်ဖွဲ့ကဆိုပါတယ်။


"ဒီဇင်ဘာလ ()ရက်နေ့ မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဆထုံးရွာကို မင်းအောင်လှိုင်၏အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ပြည်သူများ၏နေအိမ်များကို အကြမ်းဖက်မီးရှို့ခဲ့ရာ နဂါးညီနောင်တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်များမှ သွားရောက်မီးငြိမ်းသတ်ပေးပြီး ကျေးရွာတွင်းရှိ အိမ်မွေးတိရစ္ဆာန်များနှင့် အိမ်ထောင်ပရိဘောက ပစ္စည်းများကိုလည်း တက်စွမ်းသလောက် ကြိုးစားကယ်ထုတ်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့နောက် လေဖြတ်ထားပီး၊လမ်းမလျှောက်နိုင်သော အဖိုးကိုလည်း မီးဘေးလွတ်ရာသို့ ရွေ့ပြောင်းပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၈။ ကရင်ပြည်နယ်၊ ဘားအံမြို့၊  ဘားအံ- သထုံ ကားလမ်း မပေါ်ရှိ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ လူဦးရေ ၅၀၀ အထိရှိလာ


ကရင်ပြည်နယ်၊ ဘားအံမြို့၊  ဘားအံ- သထုံ ကားလမ်း မပေါ်ရှိ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ လူဦးရေ ၅၀၀ အထိရှိလာတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်း စုံစမ်းမေးမြန်းချက်ရ သတင်းရရှိပါတယ်။ အဆိုပါဂိတ်၌ စစ်ကောင်စီမှ တပ်နယ်တာဝန်မှူး ဗိုလ်မှူးအဆင့် ဦးဆောင်ကြီးကြပ်၍ တံတား တာဝန်ခံ ဗိုလ်ကြီးနှင့် စကစတပ်ဖွဲ့ဝင်များ အင်အား(၁၅)ဦးခန့်၊ ရဲတပ်ဖွဲ့မှ ဒုရဲမှူး နှင့် ရဲတပ်ဖွဲ့ဝင်များ အင်အား (၂၀)ဦးခန့်၊စုစုပေါင်း အင် အား (၆၀) ဦးခန့်တို့ဖြင့် နေ့စဉ်စစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။


ယင်းသို့စစ်ဆေးရာတွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ အား လက်နက်ခဲယမ်း ပါ/မပါ စစ်ဆေးခြင်း၊ ခရီးသွားပြည်သူများ၏ ဖုန်း၊ ကွန်ပြူတာများအား စစ်ဆေး ခြင်း၊ ဓာတ်ပုံများဖျက်ထားပါကလည်း Backup ဆွဲထုတ်ခြင်း၊ Gmail စစ်ဆေးခြင်း၊ ဖုန်း Message များ အားစစ်ဆေးခြင်း၊ Contact များစစ်ဆေးခြင်း၊ အခြား Social နှင့်ပတ်သက်၍ အသုံးပြုသော ဆော့ဝဲ များအား စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။


"တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ CDM ဝန်ထမ်းတွေ ပြည်တွင်းကိုဝင်မယ်ဆိုရင်သံလွင် တံတား ဘားအံ၊ စစ်ဆေးရေးဂိတ်ကိုရှောင်စေချင်ပါတယ်"CDMဝန်ထမ်းတစ်ဦးကအတည်ပြုဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ ယခုထက်ထိ အဆိုပါဂိတ်၌ မတရားဖမ်းဆီးခံရသူ ၅၀၀ ဦးခန့်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၉။ မန္တလေးမြို့အထွက် ပြင်ဦးလွင် အတက်လမ်း အောင်ပင်လယ်တိုးဂိတ်အနီး စစ်ကားတစ်စီးမိုင်းထိ၍ စကစတပ်သားနှစ်ဦးသေဆုံး


မန္တလေးမြို့အထွက် ပြင်ဦးလွင် အတက်လမ်း အောင်ပင်လယ်တိုးဂိတ်အနီး စစ်ကားတစ်စီးမိုင်းထိ၍ စကစတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ရက် မွန်းလွဲပိုင်းမှာ မြေခွေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့အတည်ပြုဆိုပါတယ်။


"၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ရက် နေ့တွင် ကျွန်ုပ်တို့ မြေခွေးတပ်ဖွဲ့၏ တပ်ခွဲမှူးကိုကျော်နှင့်တပ်စိတ်မှူးရဲရဲတို့၏ ကျဆုံးမှု တစ်နှစ်ပြည့်အနေဖြင့် သွေးကြွေးတောင်းယူခြင်းဖြစ်ပါတယ်"လို့ဆိုထားပါတယ်။ အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ကား မိုင်းထိမှန်ကာ နှစ်ဦးသေဆုံးပြီး ကျန်ရှိ တပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဘက်က ဦးသေဆုံး


ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်ဘက်က ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ၂ ရက်နေ့မှာ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးက အသိပေးဆိုပါတယ်။


"ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် တပ်စွဲထား‌သော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီဇင်ဘာလ ရက် ၊‌ နေ့လည် နာရီဝန်းကျင်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ အချိန် နာရီခန့် ကြာခဲ့တဲ့ ထမင်းမစားတိုက်ပွဲတွင် စစ်ကောင်တပ်သား ဦး သေဆုံးပြီး ဦးခန့်ဒဏ်ရာရရှိခဲ့သည့်အပြင် MA 1 တစ်လက်နှင့် ကျည်ဘောက် ခု သိမ်းဆည်း ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများမှ ထိခိုက်မှုမရှိအောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်။ အဆိုပါဝင်ရောက် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသည့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment