၂၀၂၂ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာစစ်တပ် အကြမ်းဖက်သမားများက မြန်မာပြည်တွင် လူငယ်များကို မဆုတ်မနစ် သတ်ဖြတ်နေတယ်လို့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၂။ လက်ရှိဆင်နွှဲနေတဲ့နွေဦးတော်လှန်ရေးဟာ ပြည်သူ့ရဲ့ဆန္ဒကို တညီတညွတ်တည်းဖော်ပြတဲ့တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြော
📌 ၃။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ မင်္ဂလာဒုံ စစ်သင်္ချိုင်းအရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားခဲ့
📌 ၅။ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယနေ့မနက် အကြမ်းဖက်စစ်တပ်က မီးပတ်ရှို့
📌 ၆။ မင်းတပ်မြို့နယ်မှာပညာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ Campaign စတင်
📌 ၇။ “ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်များ တစ်ထောင်ကျော်ကျန်ရှိနေသေး
📌 ၈။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာစစ်တပ် အကြမ်းဖက်သမားများက မြန်မာပြည်တွင် လူငယ်များကို မဆုတ်မနစ် သတ်ဖြတ်နေတယ်လို့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
ဒီဇင်ဘာလအတွင်း Twitter မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုဆိုထားပါတယ်။ "မြန်မာစစ်တပ် အကြမ်းဖက်သမားများက မြန်မာပြည်တွင် လူငယ်များကို မဆုတ်မနစ် သတ်ဖြတ်နေပါတယ်။ ASEAN၊UnitedNations ၊EU ၊USA တို့ဟာ စစ်တပ်ရဲ့ပြစ်ဒဏ်ကင်းလွတ်မှုနှင့် နိုင်ငံတကာဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်မှုများ ထပ်မံဖြစ်ပွားနေခြင်းကို ရပ်တန့်ရန် ပိုမိုပြတ်သားစွာ အရေးယူရန် လိုအပ်ပါတယ်"လို့ဆိုထားပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးနှင့် လူငယ် (၄) ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းစစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း AAPP ကဖော်ပြပါတယ်။ လက်ရှိမှာ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၇) ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၉) ဦးရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ လက်ရှိဆင်နွှဲနေတဲ့နွေဦးတော်လှန်ရေးဟာ ပြည်သူ့ရဲ့ဆန္ဒကို တညီတညွတ်တည်းဖော်ပြတဲ့တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြော
ဒီဇင်ဘာ ၃ ရက်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုအခမ်းအနားနှင့် အနုပညာစွမ်းရည်ပြိုင်ပွဲ ဆုကြေညာခြင်း အခမ်းအနားမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။ "ယခုကျနော်တို့ ဆင်နွှဲနေတဲ့နွေဦးတော်လှန်ရေးဟာ ပြည်သူ့ရဲ့ဆန္ဒကို တညီတညွတ်တည်းဖော်ပြတဲ့တော်လှန်ရေးဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မှ ပြန်လည်စိုးမိုး မရှိစေတော့ဖို့ဖက်ဒရယ် ပြည်ထောက်စု တည်ထောင်ဖို့ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၃။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ၄ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောကြားခဲ့ပါတယ်။
"ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပြီးသွားရမယ့် အကြောင်းအရာမဟုတ်တဲ့အတွက် ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေ မဖြစ်မနေလုပ်ဆောင်ရမှာပါ။သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေလုပ်ထုံးလုပ်နည်းတွေ မှန်ကန်ဖိုလိုပါတယ်။ ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်။ ထိန်းသိမ်းဖို့ လိုပါတယ်"လို့ဆိုပါတယ်။ တမူးမြို့မှာ အရပ်သားတချို့ သေဆုံးမှုများရှိသလို သတ်ဖြတ်ခံရမှုများလည်းရှိနေပါတယ်။
========================
📌📌 ၄။ မင်္ဂလာဒုံ စစ်သင်္ချိုင်းအရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားခဲ့
ဒီဇင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်း၏ အရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားခဲ့တယ်လို့သတင်းရရှိပါတယ်။
"ခေတ်အဆက်ဆက် ပြည်သူလူထု တစ်ရပ်လုံးအပေါ် ယုတ်မာရိုင်းဆိုင်းသော နည်းလမ်းမျိုးစုံဖြင့် ဂုတ်သွေးစုပ်ကာ ချယ်လှယ်အုပ်ချုပ်ရန် ကြိုးပမ်းလေ့ရှိသည့် အကြမ်းဖက် မြန်မာ့စစ်တပ်၏ ရာထူးအကြီးပိုင်း ထိပ်ပိုင်းခေါင်းဆောင်များ သေဆုံးလျှင် မြှုပ်နှံလေ့ရှိသည့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်သင်္ချိုင်း၏ အရှေ့တွင် လာဘ်ခေါ်ကြောင်ရုပ်အား Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များမှ သွားရောက်ချထားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်ရခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ၄င်းင်္သချိုင်းတွင် မြုပ်နှံခဲ့ပါတယ်။ ထိုသို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း စစ်သင်္ချိုင်းထဲသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ ထိုသင်္ချိုင်းထဲသို့ မြန်မြန်ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ယနေ့မနက် အကြမ်းဖက်စစ်တပ်က မီးပတ်ရှို့
ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ နများရွာ မြောက်ပိုင်းသို့ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီးတော့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။ "ဒီပဲယင်းအရှေ့ခြမ်း နများရွာကိုဝင်ရောက်သွားသော အကြမ်းဖက်စစ်ကြောင်းသည် နမျကို မီးရှို့ဖျက်ဆီးနေပါတယ်"လို့ဆိုပါတယ်။
အဆိုပါစစ်ကြောင်းသည် ရေဦးမြို့မှတစ်ဆင့် ဒီပဲယင်းမြို့မှထွက်လာသော စစ်ကြောင်းဖြစ်ပြီးယမန်နေ့က ညောင်လှကျေးရွာကို မီးရှို့ဖျက်ဆီးသွားသော စစ်ကြောင်းလည်းဖြစ်ပါတယ်။ နများကျေးရွာသို့ မီးရှို့ဖျက်စီးပြီး စကစတပ်စစ်ကြောင်းဟာယဥ်ကျေး ကျေးရွာ မြောက်ရွာသို့ လက်နက်များဖြင့် ပစ်ကာဝင်ရောက်ခဲ့ပါသေးတယ်။
========================
📌📌 ၆။ မင်းတပ်မြို့နယ်မှာပညာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ Campaign စတင်
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာပညာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ Campaign စတင်နေပြီလို့သတင်းရရှိပါတယ်။ ”ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” ကမ်ပိန်းကို ဒီဇင်ဘာလ (၃) ရက်နေ့မှ (၂၃) ရက်နေ့အထိလှုပ်ရှားမှာဖြစ်ပါတယ်။
Campaignကိုရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ပြည်သူတွေနဲ့အတူ လက်တွဲပူပေါင်းပြီး ကျောင်းသားကျောင်းသူ (၁၂၀၀၀) စာ စာရေးကိရိယာတွေ ထောက်ပံ့ပေးနိုင်ဖို့ စီစဥ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးစာအတွက် စာအုပ်၂အုပ်၊ ဘောပင် ၂ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းဖို့အတွက် စုစုပေါင်းကျပ်သင့်ငွေမှာ (ခရီးသွားလာစရိတ်အပါအပြီးအစီး) “၂၀၀၀ကျပ်” ကျသင့်မှာဖြစ်ပါတယ်။
ပါဝင်ချင်သူတွေအနေနဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂPage Messenger သို့ ဆက်သွယ်ပြီး Kpay, Wavepay, NUGPay အပြင် PayPal, Bangkok Bank တို့နဲ့ ချိတ်ဆက် လှူဒါန်းနိုင်ပါတယ်။ မင်းတပ်မြို့နယ်မှာ ပညာရေးဘုတ်အဖွဲ့ရဲ့ ဦီးဆောင်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ရပ်ရွာအခြေပြုကျောင်းပေါင်း “၁၆၈” ကျောင်းအထိရှိနေပြီး အခုလက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ခန့်ကို ဆရာ၊ဆရာမ ၁၃၀၀ ခန့်က ပညာသင်ကြားပေးလျက် ရှိပါတယ်။
========================
📌📌 ၇။ “ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်များ တစ်ထောင်ကျော်ကျန်ရှိနေသေး
“ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုး” ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ် တစ်ထောင်ကျော် ကျန်ရှိနေသေးတယ်လို့ ဒီဇင်ဘာလအတွင်းမှာ ranger kalay defend force ကအသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့တပ်ဖွဲ့ကို ကျည်အင်အားဖြည့်တင်းရန်အတွက် တော်လှန်ပြည်သူတစ်ဦးမှ လှူဒါန်းပေးသည့်ခရမ်းဆွဲကျောက်ပါဆွဲကြိုးတစ်ကုံးကို မဲစနစ်နဲ့ရောင်းချခဲ့တာ ၂၄ နာရီ ပြည့်ပါပြီ။၂၄နာရီအချိန်အတွင်းမှာ ၁၇၈ စောင်တိတိ ရောင်းချထားနိုင်ပါပြီဗျ။မဲအစောင်ရေ ၂၀၀၀အထိသတ်မှတ်ထားပြီးအချိန်အားဖြင့် ၁၄ ရက် ကျန်ရှိပါသေးတယ်"လို့ဆိုပါတယ်။
မဲတစ်စောင်ကို မြန်မာငွေ ၁၀၀၀၀ကျပ်သတ်မှတ်ထားကာပြည်ပမှ ဝယ်ယူလိုသူများအတွက်-
*SGD-10
*USD-10
*yen 800
*bath 150 သတ်မှတ်ထားပြီး ပြည်တွင်းပြည်ပ paymentမျိုးစုံဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၈။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ၃ရက်နေ့မှာ အမေရိကန်ရောက် မြန်မာ ပြည်ထောင်စုဖွားများကပါဝင်လှုပ်ရှားခဲ့ပါတယ်။ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ ကို အကြမ်းဖက် စစ်ကောင်စီ ၏သံရုံး ရှေ့ကို ချီတက် ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။
“ကျားမအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆) ရက်တာ လှုပ်ရှားမှု”ဟာ ကမ္ဘာနဲ့အဝှမ်းမှာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့”လည်းဖြစ်တဲ့ နိုဝင်ဘာလ (၂၅) ရက်မှစတင်ပြီး “လူ့အခွင့်အရေးနေ့” ဖြစ်တဲ့ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ (၁၆)ရက်တာကြာမြင့်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment