4th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အုပ်စုဟာ တရားမဝင် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၃။ မသန်စွမ်းသူများရဲ့ ပါဝင်မှုဟာ တော်လှန်ရေးအတွက် ကြီးမားသော အင်အားကို ဖြစ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၄။ ကလေးသူငယ်ပေါင်းငါးသိန်းကျော်ဟာ အိုးအိမ်ရပ်ရွာများကို စွန့်ပြီးတော့မှ ပဋိပက္ခများကို ရှောင်လွှဲနေကြရတယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား

📌 ၅။ တရားမဝင်အာဏာသိမ်းသမားများရဲ့ မတရားဖမ်းဆီး ထောင်ချ၊ သေဒဏ်တွေချမှတ်နေမှုကို ပြင်းထန်စွာရှုံ့ချတယ်လို့ဒုဝန်ကြီး ဝန်ကြီးဂျာထွယ်ပန်ပြောကြားလိုက်

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင် နှင့် ပြင်သစ် အောက်လွှတ်တော်အမတ် Mr Olivier FAURE တို့ အလွတ်သဘော တွေ့ဆုံ

📌 ၇။ ပညာရေးဝန်ကြီးဌာန (MOE) ကြားကာလပညာသင်ကြားရေးမြိုင်မြို့နယ်ပြည်သူ့အခြေပြုကျောင်းကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ

📌 ၈။ အားလုံးတပြိုင်ထဲတူညီရုန်းတဲ့တနေ့မှာဖက်ဆစ်တပ်ဟာ ဘယ်လေကြောင်းမှနေရာတကာကိုမတိုက်နိုင်တော့ဘူးလို့ ဦးမင်းကိုနိုင်ဆို

📌 ၉။ သေနတ် နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော  တပ်သား ရဲနိုင်သွေးအား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၁၁၄၀၀၀ ဂုဏ်ပြုချီးမြှင့်

📌 ၁၀။ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာဖြစ်သော ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၍ စကစတပ်သား နှစ်ဦးသေဆုံး

📌 ၁၁။ ဒီပဲယင်းအရှေ့ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညောင်လှရွာကို မီးရှို့ဖျက်ဆီး

📌 ၁၂။ ရွှေဘိုမြို့နယ် ကျေးရွာများကို မီးရှို့တဲ့စစ်ကြောင်းမှ နောက်ချန်အင်အားများကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အုပ်စုဟာ တရားမဝင် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


စစ်အုပ်စုဟာ တရားမဝင် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ () ရက်ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့မှ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ် () ဦး ဖြစ်သည့် မောင်ဟိန်းထက် (ရှေးဟောင်း အထူးပြု) မောင်သီဟထက်ဇော် (ပထဝီဝင် အထူးပြု) မောင်သူရမောင်မောင် (မြန်မာစာအထူးပြု) မောင်ခန့်လင်းမောင်မောင် (မြန်မာစာအထူးပြု) မောင်ခန့်ဇင်ဝင်း၊ မောင်သက်ပိုင်ဦး၊ မောင်ဇော်လင်းနိုင်တို့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တရားဥပဒေဘောင်မဝင်သော ထောင်တွင်းတရားရုံးတွင် စစ်ဆေးပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရတယ်လို့ဖော်ပြပါတယ်။ ထို့အပြင် အခြားလူငယ် လေးဦး ဖြစ်သည့် မောင်မင်းထက်သာ၊ မောင်ဝေယံဇင်၊ မောင်သူထူးအောင်၊ ကိုဖြိုး တို့ကိုလည်း သေဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်းဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ကြသည့်၊ နိုင်ငံရေးနည်းလမ်းများဖြင့် ဆန့်ကျင်ကြသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ပြီး ပြည်သူများ၏ နိုင်ငံရေး အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ တရားဥပဒေဘောင်မဝင်သော တရားရုံးများ မှတဆင့် စီရင်ချက်များ ချမှတ်ခြင်းများ ပြုလုပ်ပြီး ပြည်သူများ၏ တရားဥပဒေဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အဆိုးရွားဆုံးအနေဖြင့် သေဒဏ်များ ချမှတ်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ပြည်သူများ၏ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ခြင်းများ ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။


 စစ်အုပ်စုသည် တရားမဝင် အာဏာသိမ်းစစ်အုပ်စုသာဖြစ်သဖြင့် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာမရှိပါ။ ထို့အပြင် သေဒဏ်စီရင်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသော လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာ၀န်ယူ၊ တာ၀န်ခံရမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာလ ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၂) ကိုကျင်းပခဲ့တယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ-၁၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးလွင်ကိုလတ်မှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသာ လုပ်ငန်းများနှင့်  မူဝါဒများကို ရှင်းလင်း‌ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မသန်စွမ်းသူများရဲ့ ပါဝင်မှုဟာ တော်လှန်ရေးအတွက် ကြီးမားသော အင်အားကို ဖြစ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


မသန်စွမ်းသူများရဲ့ ပါဝင်မှုဟာ တော်လှန်ရေးအတွက် ကြီးမားသော အင်အားကို ဖြစ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ရက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဂုဏ်ပြုအခမ်းအနားနှင့် အနုပညာစွမ်းရည်ပြိုင်ပွဲ ဆုကြေညာခြင်း အခမ်းအနားမှာ ဝန်ကြီးကပြောပါတယ်။


"၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ ဒီအချိန်မှာ မသန်သော်လည်း စွမ်းတဲ့၊ စိတ်စွမ်းအား ကြီးမားတဲ့ မသန်စွမ်းသူများရဲ့ ပါဝင်မှုဟာ တော်လှန်ရေးအတွက် ကြီးမားသော အင်အားကို ဖြစ်စေပါတယ်။ပြင်းပြတဲ့ဆန္ဒထက် ကြီးမားသာလွန်သော အင်အားဆိုတာ မရှိဘူး ဆိုတဲ့အတိုင်း မသန်စွမ်းများရဲ့ စိတ်စွမ်းအားဟာ အခြား သူများထက် သာလွန်တဲ့အတွက် ဒီကြီးမားသာလွန်တဲ့ စိတ်စွမ်းအား ဟာ ယခုတော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေတာ သေချာပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေးမှာ မသန်စွမ်းသူတစ်ဦးချင်းစီရဲ့ ပါဝင်မှုကို လေးစား ဂုဏ်ပြုကြောင်း ဆိုထားပါတယ်။


========================


📌📌 ၄။ ကလေးသူငယ်ပေါင်းငါးသိန်းကျော်ဟာ အိုးအိမ်ရပ်ရွာများကို စွန့်ပြီးတော့မှ ပဋိပက္ခများကို ရှောင်လွှဲနေကြရတယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား


ကလေးသူငယ်ပေါင်းငါးသိန်းကျော်ဟာ အိုးအိမ်ရပ်ရွာများကို စွန့်ပြီးတော့မှ ပဋိပက္ခများကို ရှောင်လွှဲနေကြရတယ်လို့အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကပြောပါတယ်။ ဒီဇင်ဘာ ရက်အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဆန်းစစ်အကဲဖြတ်မှု တင်ပြခြင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကဆိုပါတယ်။


"အခုဆိုရင် အာဏာသိမ်းဖို့ကြိုးစားတဲ့ ပြီးခဲ့တဲ့နှစ်ကနေစပြီးတော့ ကလေးသူငယ်တွေရဲ့အခြေအနေတွေဟာ အင်မတန်မှဆိုးရွားနေတာကို တွေ့ရပါတယ်။ကလေးသူငယ်ပေါင်းငါးသိန်းကျော်ဟာ အိုးအိမ်ရပ်ရွာများကို စွန့်ပြီးတော့မှ ပဋိပက္ခများကို ရှောင်လွှဲ ပြီးတော့ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေ ဖြစ်နေကြရပါတယ်။ပညာသင်ကြားခွင့်၊ ကာကွယ်ဆေးထိုးခွင့်၊လွတ်လပ်စွာကစားခွင့် အဲဒါတွေအားလုံးဆုံးရှုံးနေရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းထိုးနယ်မြေများမှာ ကလေးသူငယ်နဲ့အမျိုးသမီးများကိုပါ သတ်ဖြတ်ခဲ့ပြီးတော့ ယခုတိုင်ပြစ်ဒဏ်မှ ကင်းလွတ်နေကြဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ တရားမဝင်အာဏာသိမ်းသမားများရဲ့ မတရားဖမ်းဆီး ထောင်ချ၊ သေဒဏ်တွေချမှတ်နေမှုကို ပြင်းထန်စွာရှုံ့ချတယ်လို့ဒုဝန်ကြီး ဝန်ကြီးဂျာထွယ်ပန်ပြောကြားလိုက်


တရားမဝင်အာဏာသိမ်းသမားများရဲ့ မတရားဖမ်းဆီး ထောင်ချ၊ သေဒဏ်တွေချမှတ်နေမှုကို ပြင်းထန်စွာရှုံ့ချတယ်လို့ဒုဝန်ကြီး ဂျာထွယ်ပန်ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ ပညာရေးဒုဝန်ကြီးက ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ် ဦးအပါအဝင် ပြည်သူများအား သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


"ဘယ်သူ့ကိုထိထိ ကျမတို့တော်လှန်ရေးအင်အားစုအားလုံးကိုထိတာပါပဲ။ တရားမဝင်အာဏာသိမ်းသမားများရဲ့ မတရားဖမ်းဆီး ထောင်ချ၊ သေဒဏ်တွေချမှတ်နေမှုကို ပြင်းထန်စွာရှုံ့ချပါတယ်။ ချမှတ်ပိုင်ခွင့်မရှိပါ"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ သေဒဏ်ချမှတ်ခံရသူတစ်ရာကျော်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင် နှင့် ပြင်သစ် အောက်လွှတ်တော်အမတ် Mr Olivier FAURE တို့ အလွတ်သဘော တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင် နှင့် ပြင်သစ် အောက်လွှတ်တော်အမတ် Mr Olivier FAURE တို့ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာလ ရက်၊ ၂၀၂၂ သောကြာနေ့ နေ့လည် ၄နာရီ တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင် နှင့် ရွေးကောက်ခံ EELV ပါတီ ကိုယ်စားလှယ် Mrs Lydia Labertrandie တို့သည် ပြင်သစ် အောက်လွှတ်တော်အမတ် Mr Olivier FAURE နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံပွဲ တွင် ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မှ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပေါ်ပေါက်လာခဲ့ပုံအပါ၀င် မြန်မာ့ နွေဦးတော်လှန်ရေးတိုးတက်မှုအခြေအနေများကို ဆွေးနွေးရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူများဘက်မှ ရပ်တည်ပြီးဆက်လက်ကူညီပံ့ပိုးရေးအတွက်လည်း ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ ပညာရေးဝန်ကြီးဌာန (MOE) ကြားကာလပညာသင်ကြားရေးမြိုင်မြို့နယ်ပြည်သူ့အခြေပြုကျောင်းကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ


ပညာရေးဝန်ကြီးဌာန (MOE) ကြားကာလပညာသင်ကြားရေးမြိုင်မြို့နယ်ပြည်သူ့အခြေပြုကျောင်းကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန (MOE) ကြားကာလပညာသင်ကြားရေးမြိုင်မြို့နယ်ပြည်သူ့အခြေပြုကျောင်းဆင်းပွဲ အခမ်းအနား ကိုကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါအခမ်းအနားမှာ" နွေဦးမှအစချီ အောင်ပွဲဆီသို့ " တေးသီချင်းနဲ့သီဆိုဖျော်ဖြေကာ ပညာရေးဘုတ်အဖွဲ့တာဝန်ရှိသူများ၊ဆရာများ၊ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၈။ အားလုံးတပြိုင်ထဲတူညီရုန်းတဲ့တနေ့မှာဖက်ဆစ်တပ်ဟာ ဘယ်လေကြောင်းမှနေရာတကာကိုမတိုက်နိုင်တော့ဘူးလို့ ဦးမင်းကိုနိုင်ဆို


အားလုံးတပြိုင်ထဲတူညီရုန်းတဲ့တနေ့မှာဖက်ဆစ်တပ်ဟာ ဘယ်လေကြောင်းမှနေရာတကာကိုမတိုက်နိုင်တော့ဘူးလို့၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုပါတယ်။ ဒီဇင်ဘာ ရက် လူမှုကွန်ရက်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောပါတယ်။


"အားလုံးတပြိုင်ထဲတူညီရုန်းတဲ့တစ်နေ့မှာဖက်ဆစ်တပ်မခံနိုင်ပါဘူး။ဘယ်လေကြောင်းမှလည်းနေရာတကာကိုမတိုက်နိုင်တော့ဘူး။ဒါကိုပြည်သူအားလုံးလည်းသိတယ်လက်နက်ကိုင်တော်လှန်ရေးအပါအဝင်တော်လှန်ရေးပေါင်းစုံကိုဆင်နွဲနေသူအားလုံးသိတယ်။ အရေးကြီးဆုံးကတစ်သံတည်းညီတစ်    ချီထဲရုန်းဖို့ပါ၊ တနှစ်စာစီမံချက်မှာဒါရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ မြေပြင်စိုးမိုးမှုများပျက်ပြားလျက်ရှိပြီးတော့ လေကြောင်းပစ်ကူကိုသာ အားကိုးတိုက်ခိုက်နေရပါတယ်။


"မွန်ကရင် တကြော တော်လှန်ရေးအားမြင့်လာတဲ့ "ရေး "အထိ ၊ထိုမှဆက်နေတဲ့ တနင်္သာရီ ဘုတ်ပြင်းတကြောမှာလည်း ဖက်ဆစ်တပ်ကိုနေ့စဉ်နှိပ်ကွက်ပြနေတာ တော်လှန်ရေးစစ်မြေပြင်တွေ အနှံ့ကျယ်လာတာ၊ဖက်ဆစ်တပ်သိသိကြီးနဲ့စစ်ကူလည်းမရှိ မပို့နိုင်၊ညောင်ဦးလိုဒေသမျိုးတောင် ပြည်သူ့သတ္တိနဲ့ အစွမ်းပါပြလို့ စကစရဲအရာရှိတွေပါ နှိမ်နင်းခံရတာ။ နေရာတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ Drone တွေဝဲ၊ ဗုံးတွေကြဲမှာကြောက်လို့ ရေတောင်စိုအောင်မချိုးရဲကြောင်း ဖမ်းမိတိုင်းမှာ ဝန်ခံကြတာ"လို့ ဦးမင်းကိုနိုင်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၉။ သေနတ် နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော  တပ်သား ရဲနိုင်သွေးအား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၁၁၄၀၀၀ ဂုဏ်ပြုချီးမြှင့်


သေနတ် နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော  တပ်သား ရဲနိုင်သွေးအား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းဘတ်ငွေ ၁၁၄၀၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ CDM ဝင်လာတဲ့စကစတပ်သားနဲ့ပတ်သက်လို့ နဂါးနီစစ်ကြောင်းတပ်ခွဲ ကအသိပေးဖော်ပြပါတယ်။


"ဘုရားသုံးဆူမြို့ နဂါးတောင်စခန်း မှ သေနတ် ၂လက်ဖြင့် CDM လာရောက်ပြုလုပ်သော ခလရ (၂၈၄)မှ တပ်သား ရဲနိုင်သွေးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုဆုငွေ ထိုင်းဘတ် (114000)အား နဂါးနီစစ်ကြောင်းတပ်ခွဲ၂ မှ  ကိုယ်စားပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ခလရ ၂၈၄ မှ တပ်သားရဲနိုင်သွေးဟာ နိုဝင်ဘာ ရက်နေ့က အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၁၀။ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာဖြစ်သော ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၍ စကစတပ်သား နှစ်ဦးသေဆုံး


မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာဖြစ်သော ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၍ စကစတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ရက် ချောင်းဦးရဲစခန်းမှလိုက်ပါလာသော စကစတပ်ဖွဲ့ဝင်ငါးဦးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army(BHA) ကဆိုပါတယ်။


"ကျွန်တော်တို့ Brave Heart Army(BHA)က Special 7 Attack Force(MSAF) နှင့် ပူးပေါင်း၍ ချောင်းဦးရဲစခန်းမှခွေး (5) ကောင်လိုက်ပါလာသော NOAH ကားသည် မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိခဲ့ပါသဖြင့် ထိုကားကိုမအူဂိတ်(စကစဂိတ်) မှ အပြန်အားစောင့်ဆိုင်း၍ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာဖြစ်သော ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသော စကစတပ်ဖွဲ့ဝင်ငါးဦးအနက်နှစ်ဦးသေဆုံး၍ သုံးဦးမှာထိခိုက်ဒဏ်ရာများစွာရရှိခဲ့ပါတယ်။


ထို့အပြင်ကားမှာလည်းမောင်းမရလောက်အောင်စုတ်ပြတ်သတ်သွားပြီး ကားဘီးများလည်းပွင့်ထွက်သွားခဲ့သောကြောင့်  မအူဂိတ်(စကစဂိတ်)အတွင်းမှနောက်ထပ် NOAH ကားတစ်စီးဖြင့် ထိုးရပ်သွားသောရှေ့ကားပေါ်မှ လူနာများကို လာရောက်တင်ဆောင်ကာ ချောင်းဦးဘက်သို့ ချက်ချင်းပင်‌ထွက်ခွာရာလမ်းမှာပင်မိုင်းထပ်မံထိ၍ တစ်ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၁၁။ ဒီပဲယင်းအရှေ့ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညောင်လှရွာကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ဒီပဲယင်းအရှေ့ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညောင်လှရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်မွန်းလွဲပိုင်း ဒီပဲယင်းအရှေ့ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညောင်လှရွာကိုမီးရှို့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။


"ဒီပဲယင်းအရှေ့ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ညောင်လှရွာကို နေရာခွဲ၍ ထပ်မံ မီးရှို့နေပါတယ်" လို့ဆိုပါတယ်။ ညောင်လှကျေးရွာကို ယခင်ပထမအကြိမ် မီးရှို့ဖျက်ဆီးခံရမှုကြောင့်နေအိမ် (၄၈) အိမ် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၁၂။ ရွှေဘိုမြို့နယ် ကျေးရွာများကို မီးရှို့တဲ့စစ်ကြောင်းမှ နောက်ချန်အင်အားများကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်


ရွှေဘိုမြို့နယ် ကျေးရွာများကို မီးရှို့တဲ့စစ်ကြောင်းမှ နောက်ချန်အင်အားများကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ရက်မှာ စစ်ရေးသတင်းကို Black_Dragon ကအတည်ပြုဆိုပါတယ်။


" ရက်နေ့ မနက်ပိုင်းတွင်ဆင်အင်း၊ မအူပင်၊ဗျိုင်းကြိုင် သဘွတ်တော ကျေးရွာများသို့ မီးရှို့ဖျက်စီး၍ သဘွတ်တောနှင့် ထညှင်းကုန်းရွာခြား ပျောက်နေသော နောက်ချန် စကစတပ်များအား Black Dragon အဖွဲ့နှင့်အတူ SBDF၊တိုက်နယ် .က. အဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ညနေပိုင်းတွင် စကစတပ်များဘေးဘက်မှ ဝိုင်းလာသည်ကို အချိန်မှီသိရ၍ ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွါနိုင်ကြောင်းနှင့် Black Dragon အဖွဲ့မှ လက်နက်ကြီး လက်ဖြင့် စကစတပ်များကင်း၀ပ်ရာ နေရာများသို့  ၁၁ ချက် ပစ်ခတ် ခဲ့ရာ လက်နက်ကြီး လက် ပျက်ဆီးခဲ့ပြီး ရဲဘော်များအထိခိုက်မရှိခဲ့ဘူးလို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment