15th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက်သရိုက်ကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား

📌 ၂။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်များတွေ့ဆုံပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြ

📌 ၃။ လှိုင်သာယာ၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံသုံးမြို့နယ်က တပ်ပိုင်မြေများကို နွေဦးစံရိပ်မွန် အိမ်ယာ စီမံကိန်းအနေနဲ့အိမ်ခန်း ၂၅၀၀ ခန့် ဆောက်လုပ်ရောင်းချ ပေးသွားမယ်လို့ဆို

📌 ၄။ NUGကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နာမည်အသုံးပြု၍ messenger နှင့် telegram အတုပြုလုပ်၍ ​​တော်လှန်ရေး ရဲဘော်များနှင့် ဆက်သွယ်ခြင်း အလှူခံခြင်းများပြုလုပ်နေ၍ သတိပေး

📌 ၅။ NUGPay ရဲ့ For Our People လှုပ်ရှားမှု (တူမီးတစ်ပေါက် အာဏာရူးအပျောက် Campaign) အတွက် Art Diary ရဲ့ နတ်ပေး artwork ဂုဏ်ပြုလက်ဆောင် Postcardများပေးနေ

📌 ၆။ နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသောအိမ်ထောင်စုများအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်း (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၇၉) ဦးအတွက်အကူအညီများစစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးကထောက်ပံ့ပေးအပ်

📌 ၇။ နွားထိုးကြီးမြို့နယ် နွားစျေးကွင်းတွင် ဆတ်ကြေးလာကောက်သော ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကာ သေနတ်တစ်လက်ကို နွားထိုးကြီး PDF သိမ်းဆည်း

📌 ၈။ ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးစကစတပ် များအား ကာကွယ်‌ရေးတပ်ဖွဲ့ရဲဘော်များမှ အယောင်ပြမျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုများရှိနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက်သရိုက်ကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြား


လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက်သရိုက်ကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၄ ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ချင်းတွင်းဒေသ၊အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာဝန်ကြီးကဆိုပါတယ်။


"အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်တယ်။ချောင်းငယ်တွေပေါင်းစည်းမိတဲ့အခါ အားကြီးတဲ့ မြစ်တစ်စင်းဖြစ်လာတယ်။တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းမိတဲ့ အခါမှာလည်း အားကောင်းတဲ့တော်လှန်ရေးမြစ်ကြီးအနေနဲ့လူသတ်အကြမ်းဖက်စစ်အာဏာရှင် အမှိုက်သရိုက်ကို ရှင်းလင်းသုတ်သင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်များတွေ့ဆုံပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြ


ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး ခေါင်းဆောင်များတွေ့ဆုံပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တွေ အကြားတွေ့ဆုံခဲ့ပါတယ်။


တွေ့ဆုံပွဲမှာ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသလို အတူလက်တွဲပြီး ဆက်လက်လုပ်ဆောင်သွားမယ့် ကိစ္စ ရပ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရက ကူညီဆောင်ရွက်ပေးမယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အစိုးရအဖွဲ့ဝင်များ၊တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ လှိုင်သာယာ၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံသုံးမြို့နယ်က တပ်ပိုင်မြေများကို နွေဦးစံရိပ်မွန် အိမ်ယာ စီမံကိန်းအနေနဲ့အိမ်ခန်း ၂၅၀၀ ခန့် ဆောက်လုပ်ရောင်းချ ပေးသွားမယ်လို့ဆို


ရန်ကုန်တိုင်း လှိုင်သာယာ၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံသုံးမြို့နယ်က တပ်ပိုင်မြေများကို နွေဦးစံရိပ်မွန် အိမ်ယာ စီမံကိန်းအနေနဲ့အိမ်ခန်း ၂၅၀၀ ခန့် ဆောက်လုပ်ရောင်းချ ပေးသွားမယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၄င်းလူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။


"အရေးကြီးတဲ့ တော်လှန်ရေးဘဏ္ဍာရန်ပုံငွေကို အချိန်မီရှာဖွေနိုင်ဖို့အတွက် The End of Dictatorship (EOD) အစီအစဉ်သစ်တစ်ခု စတင်လိုက်ပါပြီ။အဆင့်အတန်းမီ လူနေတိုက်ခန်းများကို တော်လှန်ပြည်သူများ လက်လှမ်းမီရန် ရည်သန်လျက် လစဉ်ပေးသွင်းငွေ ဒေါ်လာရာဂဏန်းဖြင့် ရောင်းချပေးသွားပါမယ်။လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်း ဘယ်ဘက်ရှိ အကြမ်းဖက်တပ်ပိုင်မြေ ဧက ၂၀၀ ကျော်၊ တောင်ဒဂုံ Spring Victory စီမံကိန်းနေရာမှ လျာထားမြေ၊ မင်္ဂလာဒုံလေဆိပ်လမ်းဆုံအကျော် သီရိမင်္ဂလာလမ်းအတွင်း အကြမ်းဖက်တပ်ပိုင်မြေ ဧက ၈၀ ကျော်၊ နေရာ ၃နေရာတွင် စုစုပေါင်းတန်ဖိုးမျှတ အိမ်ခန်း ၂၅၀၀ ခန့် ဆောက်လုပ်ရောင်းချ ပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အိမ်ခန်းများရောင်းချတန်ဖိုးများကို တပြေးညီသတ်မှတ်ထားပြီး၊ တော်လှန်ရေးအလွန်ကာလတွင် မဲစနစ်ဖြင့် တည်နေရာ၊ အလွှာ၊ အခန်း တို့ကို နေရာချထားပေးပါမှာဖြစ်ပါတယ်။ Studio 1-Bedroom 2-Bedroom နှင့် 3-Bedroom အခန်းများ ဖွဲ့စည်းရောင်းချပေးသွားမည်ဖြစ်ပြီး EOD ကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးသွင်းနိုင်မည်ရက်အား မကြာမှီကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ NUGကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နာမည်အသုံးပြု၍ messenger နှင့် telegram အတုပြုလုပ်၍ ​​တော်လှန်ရေး ရဲဘော်များနှင့် ဆက်သွယ်ခြင်း အလှူခံခြင်းများပြုလုပ်နေ၍ သတိပေး


NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နာမည်အသုံးပြု၍ messenger နှင့် telegram အတုပြုလုပ်၍ ​​တော်လှန်ရေး ရဲဘော်များနှင့် ဆက်သွယ်ခြင်း အလှူခံခြင်းများပြုလုပ်နေ၍ သတိပေးလိုက်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်က အသိပေးဆိုပါတယ်။


"ကျွန်တော်၏နာမည်ဖြင့် messenger နှင့် telegram အတုပြုလုပ်၍ ​​တော်လှန်ရေး ရဲဘော်များနှင့် ဆက်သွယ်ခြင်း အလှူခံခြင်းများ ပြလုပ်နေပါတယ်။လုပ်ငန်းကိစ္စများအား signal တစ်ခုမှသာ ပြောကြားဆက်သွယ်ခြင်းများ ပြုလုပ်နေပါကြောင်းနှင့် ကျွန်တော်အနေဖြင့်ဖြစ်စေ NUG မှ တာဝန်ရှိသူ အခြားတဦးဦး အနေဖြင့် ဖြစ်စေ ဆက်သွယ်လာခြင်းများ ရှိပါက အသေအချာ စစ်ဆေးပြီးမှသာ တုန့်ပြန်ပြောဆိုပါရန် လေးစားစွာဖြင့် တိုက်တွန်းအသိပေး အပ်ပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နာမည်များကို အသုံးပြု၍ လိမ်လည်မှုများလည်းရှိနေ၍ ထောက်ပို့ပြည်သူများအနေနဲ့ စီစစ်လှူဒါန်းဖို့လိုအပ်မှာဖြစ်ပါတယ်။


========================


📌📌 ၅။ NUGPay ရဲ့ For Our People လှုပ်ရှားမှု (တူမီးတစ်ပေါက် အာဏာရူးအပျောက် Campaign) အတွက် Art Diary ရဲ့ နတ်ပေး artwork ဂုဏ်ပြုလက်ဆောင် Postcardများပေးနေ


NUGPay ရဲ့ For Our People လှုပ်ရှားမှု (တူမီးတစ်ပေါက် အာဏာရူးအပျောက် Campaign) အတွက် Art Diary ရဲ့ နတ်ပေး artwork ဂုဏ်ပြုလက်ဆောင် Postcardများပေးနေတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ NUG Pay ကနေအသိပေးဆိုထားပါတယ်။


"ပြည်သူများနဲ့ NUGPay ရဲ့ For Our People လှုပ်ရှားမှု (တူမီးတစ်ပေါက် အာဏာရူးအပျောက် Campaign) အတွက် Art Diary ရဲ့ နတ်ပေး artwork ဂုဏ်ပြုလက်ဆောင် Postcard လေး ရယူလိုက်ပါ"လို့ဆိုထားပါတယ်။ https://nugpay.app မှ တဆင့် CSO agent များနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပြီး For Our People လှုပ်ရှားမှုရဲ့ NUGPay account ကို လှုဒါန်းထားကြောင်း ငွေလွှဲ Screenshot ကို ပြသပေးရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အချက်အလက် ပုံစံကို ဖြည့်သွင်းပြီးတဲ့ အခါ email မှ တဆင့် တစ်ပတ်အတွင်း ဂုဏ်ပြု postcard ပို့ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသောအိမ်ထောင်စုများအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်း (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၇၉) ဦးအတွက်အကူအညီများစစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးကထောက်ပံ့ပေးအပ်


နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသောအိမ်ထောင်စုများအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်း (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း (၇၉) ဦးအတွက်အကူအညီများစစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးကထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။


"စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့၏ လူသားချင်းစာနာထောက်ထားရေး အကူအညီအဖြစ် ဇန်နဝါရီ၁၂ရက်နေ့တွင် မီးဘေးသင့်ကျေးရွာများသို့သွားရောက်၍ ထိခိုက်လွယ်ပြည်သူများဖြစ်သည့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းခံရသောအိမ်ထောင်စုများအတွက် တစ်ဦးလျှင်ငွေကျပ်သုံးသောင်း(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၇၉)ဦးအတွက် ငွေကျပ် နှစ်ဆယ့်သုံးသိန်းခုနှစ်သောင်းကျပ်(၂၃၇၀၀၀၀)အား‌ မြေပြင်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


 ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်းမီးဘေးသင့်ကျေးရွာတစ်ရွာရှိ ပြည်သူများအတွက် ပြည်သူမှပြည်သူသို့ ကူညီထောက်ပံ့မှုဖြင့် အလှူရှင်တစ်ဦးနှင့်အများစုပေါင်းကူညီထားသော ဆန် ၁၁ ပိုင်း၊ ဆီ ပုံး၊ စောင်၊ အနွေးထည်မျိုးစုံတို့ကိုလည်း မြေပြင်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၇။ နွားထိုးကြီးမြို့နယ် နွားစျေးကွင်းတွင် ဆတ်ကြေးလာကောက်သော ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကာ သေနတ်တစ်လက်ကို နွားထိုးကြီး PDF သိမ်းဆည်း


နွားထိုးကြီးမြို့နယ် နွားစျေးကွင်းတွင် ဆတ်ကြေးလာကောက်သော ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကာ သေနတ်တစ်လက်ကို နွားထိုးကြီး PDF သိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီ ၁၄ ရက် မနက်၉နာရီအချိန် နွားထိုးကြီးမြို့နယ် နွားစျေးကွင်းတွင် ဆက်ကြေးလာကောက်သောရဲနှစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ နွားထိုးကြီး NPDF ကအတည်ပြုဆိုပါတယ်။


 နွားထိုးကြီးမြို့နယ် နွားစျေးကွင်းတွင် ဆက်ကြေးလာကောက်သော (ရဲ) နယ်ထိန်း (သန်းဇော်မင်း) နှင့် တပည့်(အောင်ကျော်ဖြိုး)တို့အား ကျွန်ုပ်တို့ NPDF အဖွဲ့မှပစ်ခတ်ခဲ့ရာနေရာတင် သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့နောက် အူဇီ သေနတ် တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ (9MM)(ကျည် 156)တောင့် နှင့် ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၈။ ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးစကစတပ် များအား ကာကွယ်‌ရေးတပ်ဖွဲ့ရဲဘော်များမှ အယောင်ပြမျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုများရှိနိုင်


ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးစကစတပ် များအား ကာကွယ်‌ရေးတပ်ဖွဲ့ရဲဘော်များမှ အယောင်ပြမျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ စစ်ရေးသတင်းကို Young Force(UG) မှအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ ၁၃ နေ့လည် ()နာရီဝန်းကျင်ခန့်တွင် ပခုက္ကူ-မြိုင် ကားလမ်းမကြီးအနီးတွင်(စကစတပ်နဲ့ရဲများ၊ပျူ များအား ကာကွယ်‌ရေးတပ်ဖွဲ့ရဲဘော်များမှ အယောင်ပြမျှားခေါ်ကာမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ မိုင်းထိ၍ကား () စီးအနက် တစ်စီးမှာ လေပေါ်သို့ မြောက်တက်ကာ mark(2) ကားပေါ်ပါလာသော စကစတပ်များ အပြင်းအထန် ဒဏ်ရာရပြီးသေဆုံးနိုင်တယ်လို့ဆိုပါတယ်။


ကားတစ်စီးမှာ (လုံးဝ)ပျက်စီးသွားပြီး ခြားကားနှင့်ပြန်ဆွဲကာ ဒဏ်ရာရစကစတပ်များကို မြို့ထဲမှလာရောက် သယ်သွားခဲ့ပါတယ်။ စစ်ဆင်ရေးကို သံမဏိသိန်းငှက် (မြိုင်) တပ်ခွဲဖြစ်တဲ့ ThuRain(TR) တပ်ခွဲနှင့်ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YoungForce(UG) တို့မှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment