၂၀၂၃ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြဖို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့်အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ထား
📌 ၃။ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှဖြစ်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကနည်းပညာတတ်မြောက်ကျောင်းသားများအား အလုပ်သင်ခန့်အပ်မှုဆိုင်ရာ Registration Form များစတင်ဖွင့်လှစ်
📌 ၅။ အကြမ်းဖက်စစ်ကြောင်းနဲ့ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်၍ စစ်ကြောင်းနှင့် ၃မိုင်အတွင်းမနေကြရန် တန့်ဆည်ပကဖ သတိပေး
📌 ၆။ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းကျေးရွာကို ယနေ့မနက်စကစတပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို သောင်းကျန်းမွှေနှောက်
📌 ၇။ MEF canda က စီစဥ်တဲ့ February လအတွက် Lucky Draw Project အရောင်းစတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြဖို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇန်နဝါရီ ၂၄ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို ဒီ့ထက် အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ကြမယ်။ အဆုံးသတ် အပြုတ်တိုက်ပွဲအတွက်လည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆင်ထားကြရမယ်။ ကျွန်တော်တို့ပြည်သူတွေ အရှုံးခံလို့မရဘူး။ ကျွန်တော်တို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြရမယ်။ ခုခံတော်လှန်စစ်မှ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်လင့်နိုင်လိမ့်မယ်။ ဒီပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်တို့အားလုံး ကြိုတင်ပြင်ဆင်ထားကြပါ"လို့ဆိုပါတယ်။
ဒါ့အပြင် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့တဲ့အတွက် စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ အဆုံးအဖြတ် တိုက်ပွဲအတွက် နွေဦးတော်လှန်ရေးကို စစ်ရေးအရှိန်မြှင့်တင်လျက်ရှိနေပါတယ်။
========================
📌📌 ၂။ မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့်အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း ဆုံးဖြတ်ထား
မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့်အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်တယ်လို့ဇန်နဝါရီလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အသိပေးဖော်ပြပါတယ်။
“လွန်ခဲ့သည့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိသည်ကို ဝမ်းနည်းစွာ မှတ်သားရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အချို့အား သေဒဏ်ပေးမှုကြောင့် အခြေအနေသည် ပိုမိုဆိုးဝါးခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ကျင်းပမည်ဟု ကြေညာထားပါကြောင်း၊ ထို့ကြောင့် မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုရန် အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါကြောင်း"ဆိုထားပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၃) ကြိမ်မြောက် ညီလာခံ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား လွှတ်တော်တစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်သည်အထိ IPU ၏ တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် IPU အစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှဖြစ်စရာအကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
ဇန်နဝါရီ ၂၄
အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှဖြစ်စရာအကြောင်းမရှိဘူးလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဇန်နဝါရီလအတွင်းမှာ ပြည်သူမှပြည်သူသို့အစီအစဥ်မှာပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"သူတို့ဟာ ဥပဒေအရ တရားဝင်တဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူး။ရွေးကောက်ပွဲ လုပ်လို့မရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပြင် ရွေးကောက်ပွဲကလည်း လုပ်ဖို့ ကိုမလိုဘူး။တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲက ပြုလုပ်ထားပြီးသားဖြစ်တယ်။ဒီလိုမျိုး ရွေးကောက်ပွဲ အဖြေကို အကြမ်းဖက် ဖျက်ဆီးသူတွေ လုပ်မယ်ဆိုတဲ့ တရားမဝင် ရွေးကောက်ပွဲက ဘယ်လိုနည်းနဲ့မှဖြစ်စရာအကြောင်းလည်းမရှိဘူး။လက်ခံစရာအကြောင်းလည်းမရှိဘူး"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲတွင် မဲစာရင်းကောက်သူများနဲ့ပါဝင်ပတ်သက်သူများကို အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနဲ့အရေးယူသွားမယ်လို့ NUGပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကနည်းပညာတတ်မြောက်ကျောင်းသားများအား အလုပ်သင်ခန့်အပ်မှုဆိုင်ရာ Registration Form များစတင်ဖွင့်လှစ်
ဇန်နဝါရီ ၂၄ ရက်
ဇန်နဝါရီ ၂၄ ရက်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကအခုလိုအသိပေးဆိုလိုက်ပါတယ်။
"ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် တော်လှန်ရေးအတွက်လိုအပ်သည့် နည်းပညာစီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာတတ်မြောက်ကျောင်းသားများအား အစိုးရနည်းပညာစီမံကိန်းများတွင် အလုပ်သင်ဝန်ထမ်းအဖြစ် စီစစ်ခန့်အပ်သွားရန် စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။အလုပ်သင်ဝန်ထမ်းများ ခန့်အပ်ရန်အတွက် Quokka Studio နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Registration Form များစတင်ဖွင်လှစ်နေပြီ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
- လက်ရှိခေါ်ယူနေသည့် Role များမှာ
1. Web Development
2. App Development
3. Blockchain Development
4. Game Development
5. Data Analysis
6. DevOps
7. Radio Communications and Electronics
တို့မှ လျှောက်ထားသူတို့ ကြိုက်နှစ်သက်ပြီး ပိုင်နိုင်ရာကဏ္ဍကို ရွေးချယ်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
လျှောက်ထားနိုင်သူများမှာ ဖော်ပြထားသည့် ကျွမ်းကျင်မှုကဏ္ဍများထဲမှ တစ်ခုခုကို theory ပိုင်းလေ့လာတတ်မြောက်ထားကြပြီး မိမိကိုယ်ကိုယုံကြည်မှုရှိသည့် လုပ်ငန်းခွင်အတွေ့အကြုံရယူလိုသူများ လျှောက်ထားနိုင်ပြီး CDM ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
အလုပ်သင်ကာလအချိန်အားဖြင့် သုံးလကြာမြင့်မည်ဖြစ်ပြီး ထိုသုံးလတာကာလပြီးဆုံးသွားလျှင် လက်တွေ့လုပ်ငန်းခွင်မှရရှိသော များစွာသောအတွေ့အကြုံ၊ ဗဟုသုတများအပြင် MoCIT ၏ IT Department မှပေးဆောင်သော ဝန်ကြီးဌာနအသိအမှတ်ပြု Official Certificate ကိုရရှိမှာဖြစ်ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကြောင်းနဲ့ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်၍ စစ်ကြောင်းနှင့် ၃မိုင်အတွင်းမနေကြရန် တန့်ဆည်ပကဖ သတိပေး
ဇန်နဝါရီ ၂၄ ရက်
ဇန်နဝါရ ၂၄ ရက်မှာ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအခုလိုအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်အပါအဝင် အကြမ်းဖက်စစ်ကောင်စီမှ ဒေသခံပြည်သူများ၏ နေအိမ်များ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသောကြောင့် ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ ခုခံတွန်းလှန်နေချိန်ဖြစ်ပါတယ်။ စစ်ကြောင်းအနီးတစ်ဝိုက် အချိန်မရွေး၊ နေရာမရွေး ခုခံတွန်းလှန်စစ်(တိုက်ပွဲ)များ ဖြစ်ပွါးနိုင်တာကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကြောင်းနှင့် ၃မိုင်အတွင်းမနေကြရန်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့မှ အသိပေးထားပါတယ်"လို့ဆိုပါတယ်။ တန့်ဆည်မြို့နယ်အတွင်း စကစတပ်များဟာ မကြာခဏာတိုက်ခိုက်မှုခံနေရပြီး ထိခိုက်သေဆုံးမှုတို့လည်းရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ "မုံရွာ -မန္တလေးလမ်းပိုင်းကိုဇန်နဝါရီ၂၄ရက်မှစ၍ချောင်းဦး CHUPDFက နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ပါတယ်။ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်"ဆိုထားပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းကျေးရွာကို ယနေ့မနက်စကစတပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို သောင်းကျန်းမွှေနှောက်
ဇန်နဝါရီ ၂၄ ရက်
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းကျေးရွာကို ယနေ့မနက်စကစတပ်ကမီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို သောင်းကျန်းမွှေနှောက်နေတယ်လို့ဇန်နဝါရီ၂၄ရက်မှာ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ ၂၄ ရက် မနက် ၈ နာရီ ၄၅ အချိန်လက်ယက်ကုန်းကျေးရွာမှ မီးခိုးများထွက်ပေါ်လာပါတယ်။လက်ယက်ကုန်းကျေးရွာဟာ စာသင်ကျောင်း ဝေဟင်တိုက်ခိုက်ခံရမှု ကျေးရွာအားမီးရှို့ဖျက်ဆီးမှုများကြောင့် အလွန်ထိခိုက်ခဲ့ရသည့် ကျေးရွာဖြစ်သလို ပြန်လည်တည်ဆောက်ရေးပင် ခက်ခဲလျှက်ရှိသည့်ကျေးရွာဖြစ်ကာယနေ့ ထပ်မံမီးရှို့နေတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် မဲအိုးရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းထုနေပြီးလက်ယက်ကုန်းရွာမှ စကစတပ်အချို့အဖွဲ့ခွဲထွက်ပြီး မဲအိုးရွာ မြောက်ဘက်သို့ရောက်ရှိနေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ MEF canda က စီစဥ်တဲ့ February လအတွက် Lucky Draw Project အရောင်းစတင်
ဇန်နဝါရီ ၂၄ ရက်
MEF candaက စီစဥ်တဲ့ February လအတွက် Lucky Draw Project အရောင်းစတင်နေပြီဖြစ်ကြောင်းကို ဇန်နဝါရီ ၂၄ ရက်မှာ MEF canada_fundraising ကအသိပေးဆိုထားပါတယ်။
"Lucky Draw Fundraising for Myanmar Spring Revolution Heroes & IDPs February လအတွက် Lucky Draw Project လေး အစဥ်အလာမပျက် အားပေးကြပါဦး ချစ်မိတ်ဆွေ အပေါင်းတို့။ဒီတခါတော့ ထူးထူးခြားခြား two Grand Prizes & three Consolation Prizes (နှစ်သိမ့်ဆုများ) ကို ဆုမဲအဖြစ် ဖောက်ပြီး 100% of total ticket sales ကိုတော့ Myanmar Spring Revolution Heroes & IDPs တွေကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကံစမ်းမဲတွင်အဆင့် ခုနှစ်ဆင့်ပါတဲ့ Antique Burmese Lacquerware ရှေးကျ၍တန်ဖိုးကြီးသော မြန်မာ့ယွန်း ဆွမ်းအုပ်အပါအဝင်ပတ္တမြား လက်စွပ်စတာတွေပါဝင်မှာဖြစ်ပါတယ်။ မဲလက်မှတ်ကို တစ်စောင် $10 နဲ့ဝယ်ယူနိုင်ပြီးတော့ MEF cadanမှာ မေးမြန်းဆက်သွယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment