30th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဆစ်ကောင်စီအနေနဲ့ ပျက်ပြယ်ပြီးသားဖြစ်တဲ့ ၂၀၀၈ ခြေဥအောက်ကို ပြန်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ သတိပေး

📌 ၂။ စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ်ဖြစ်သွားတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရက တည်ငြိမ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်အောင် ပြန်လည် ထူထောင်ဖို့သာလျှင်ဖြစ်တယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ မြန်မာနိူင်ငံရဲ့ နောင်မျိုးဆက်တွေကို စစ်အာဏာရှင် စနစ်မှာ ဆက်ပြီးတော့ ဒူးထောက်နေရတဲ့ဘဝမျိုး မဖြစ်စေလိုတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ပြောကြားလိုက်

📌 ၄။ တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ လူထုကို ပုံမှားရိုက်ပြီး အယုံသွင်းမယ့် လုပ်ရပ်တွေကို ဆန့်ကျင်ကြဖို့ ဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို

📌 ၅။ အမေရိကန်ဒေါ်လာ၂၀၀၀ ကုန်ကျစရိတ်ရှိတဲ့ ကိုယ်ပိုင်တိုက်လေယာဉ်ငယ်များ ထုတ်လုပ်နိုင်ပြီလို့ အသိပေးဖော်ပြ

📌 ၆။ ပုဂံဘုရားတစ်နေရာမှာ မုံရွာ သံမဏိတပ်ဖွဲ့ရဲ့ မှာယူထားသော လက်နက်များ သိန်းလေးထောင်ဖိုးခန့် စကစတပ်က ဖမ်းဆီး သိမ်းယူခံလိုက်ရ

📌 ၇။ မြန်မာကလေးငယ် သန်းကျော်ဟာ အကူအညီများလိုအပ်နေတယ်လို့ Unicef Myanmar ကဖော်ပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဆစ်ကောင်စီအနေနဲ့ ပျက်ပြယ်ပြီးသားဖြစ်တဲ့ ၂၀၀၈ ခြေဥအောက်ကို ပြန်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ သတိပေး


ဇန်နဝါရီ ၂၉


ဇန်နဝါရီ ၂၉ ရက် နေ့တွင် ကျင်းပပြုလုပ်တဲ့ ပြည်သူ့နွေဦးတော်လှန်ရေး () နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ဖက်ဆစ်တပ်နှင့်ပတ်သက်ပြီး အခုလိုသတိပေးဆိုပါတယ်။


"ဖက်ဆစ်ကောင်စီအနေနဲ့ စစ်ရေး၊စီးပွားရေး၊ သံတမာန်ရေး အဖက်ဖက်မှာ ကျဆုံးနေတာဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖက်ဖျက်ဆီးမှုတွေ၊ မသမာတဲ့ လှည့်စားမှုမျိုးစုံနဲ့ သူတို့အာဏာ တည်မြဲရေးအတွက် အားထုတ်လာမှာလည်းတွေ့ရမှာ ဖြစ်ပါတယ်။ပျက်ပြယ်ပြီးသားဖြစ်တဲ့ ၂၀၀၈ ခြေဥအောက်ကို ပြန်သွင်းပြီးတော့ နိုင်ငံကို စစ်ကျွန်အဖြစ် ဆက်ထားနိုင်အောင် ကြံစည်နေတဲ့ အတုအယောင်ဟန်ဆောင်ရွေးကောက်ပွဲဆိုတဲ့ အလိမ်အညာကိုဖန်တီးဖို့ ညာသံပေးတာလည်းရှိပါတယ်"လို့ဆိုပါတယ်။ 


၂၀၀၈ ဖွဲ့စည်းပုံဟာ တည်ဆဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖျက်သိမ်းပြီးသားလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ်ဖြစ်သွားတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရက တည်ငြိမ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်အောင် ပြန်လည် ထူထောင်ဖို့သာလျှင်ဖြစ်တယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီးဆို


ဇန်နဝါရီ ၂၉ ရက်ပြည်သူ့နွေဦးတော်လှန်ရေး () နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"စစ်တပ်ကြောင့် စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ်ဖြစ်သွားတာတွေကို ကျမတို့တွေက တည်ငြိမ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်အောင် ပြန်လည်ပြီးတော့ ထူထောင်ကြမှာသာလျှင်ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အတိုင်ပင်ခံကောင်စီတွင် မတူကွဲ ပြားမှုများကို တိုင်းရင်းသားအင်အားစု အပါအဝင်တော်လှန်ရေး အင်အားစုများနဲ့ ဆွေးနွေးတိုင်ပင်လျက်ရှိပြီး အားလုံးရဲ့ဘုံသဘောတူညီချက်မှာ စစ်ကောင်စီကို ဖြုတ်ချရေးသာဖြစ်တယ်လို့ နိူင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မြန်မာနိူင်ငံရဲ့ နောင်မျိုးဆက်တွေကို စစ်အာဏာရှင် စနစ်မှာ ဆက်ပြီးတော့ ဒူးထောက်နေရတဲ့ဘဝမျိုး မဖြစ်စေလိုတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ပြောကြားလိုက်


ဇန်နဝါရီ ၃၀


မြန်မာနိူင်ငံရဲ့ နောင်မျိုးဆက်တွေကို စစ်အာဏာရှင် စနစ်မှာ ဆက်ပြီးတော့ ဒူးထောက်နေရတဲ့ဘဝမျိုး မဖြစ်စေလိုတော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က​​ ဇန်နဝါရီလ၂၉ရက် နေ့ကပြုလုပ်ခဲ့တဲ့ ပြည်သူ့နွေဦးတော်လှန်ရေး () နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲမှာ ပြောကြားခဲ့ပါတယ်။


"ကျနော်တို့ရဲ့ သားသမီးတွေ၊ ကျနော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေ ကျနော်တို့ရဲ့ နောင်မျိုးဆက်‌တွေကိုတော့ စစ်အာဏာရှင် စနစ်မှာ ဆက်ပြီးတော့ ဒူးထောက်နေရတဲ့ဘဝမျိုး မဖြစ်စေလိုတော့ဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် ကိုယ်လုပ်နိူင်တာ လုပ်မယ်လို့ ကျနော်သည်ပင်လျှင် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနဲ့ လက်နက်တပ်ဆင်ပေးခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ လူထုကို ပုံမှားရိုက်ပြီး အယုံသွင်းမယ့် လုပ်ရပ်တွေကို ဆန့်ကျင်ကြဖို့ ဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းဆို


ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဒုတိယဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းက အသံတိတ် သပိတ်နှင့်ပတ်သက်ပြီး အခုလို ရည်ညွှန်းဆိုခဲ့ပါတယ်။


"တိတ်ဆိတ်မှုနဲ့ သက်သေပြဖို့ အချိန်နီးလာပါပြီ။ တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ လူထုကို ပုံမှားရိုက်ပြီး အယုံသွင်းမယ့် လုပ်ရပ်တွေကို ဆန့်ကျင်ကြမယ်။ တစ်သံတည်းညီ တစ်ချီတည်းရုန်းကြစို့"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ တစ်တိုင်းပြည်လုံးရှိ လူထုပါဝင်ဆင်နွှဲဖို့ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ကို နှိုးဆော်လျက်ရှိပါတယ်။


========================


📌📌 ၅။ အမေရိကန်ဒေါ်လာ၂၀၀၀ ကုန်ကျစရိတ်ရှိတဲ့ ကိုယ်ပိုင်တိုက်လေယာဉ်ငယ်များ ထုတ်လုပ်နိုင်ပြီလို့ အသိပေးဖော်ပြ


ဇန်နဝါရီ ၂၉


အမေရိကန်ဒေါ်လာ၂၀၀၀ ကုန်ကျစရိတ်ရှိတဲ့ကိုယ်ပိုင်တိုက်လေယာဉ်ငယ်များ ထုတ်လုပ်နိုင်ပြီလို့ ဇန်နဝါရီ ၂၉ ရက်မှာ People’s Voices က အသိပေးဆိုပါတယ်။


"ယနေ့ CRPH-OFP မှ တာဝန်ရှိသူများအပါအဝင် ညီမနဲ့ လက်လှမ်းမှီသလောက် Fundraiser များကို ဖိတ်ပြီး Drone Production Team နဲ့ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ တစ်စုံလုံးစာ ထုတ်လုပ်မှု့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် လုပ်ထားတဲ့အတွက် တစ်စီးစာအတွက် USD 2000 သာ ကျသင့်ပါတယ်ရှင့်။ ကျယ်ပြန့်လာတဲ့ စစ်ရေးအနေထားအရ လက်ရှိသုံးနေတဲ့ အစီးအရေအတွက်နဲ့ မလောက်တော့တဲ့အတွက် နောက်ထပ် စင်း ထပ်တိုးဖို့ စီစဥ်နေပါတယ်"လို့ဆိုထားပါတယ်။


ဇန်နဝါရီ ၂၉ ရက် Fundraiser များကို ဖိတ်ပြီး Drone Production Team နဲ့ တွေဆုံမှု့ကနေပြီး Fundraiser အဖွဲ့တစ်ဖွဲ့မှ တစ်စီး၊ USA ရောက် အဖွဲ့တစ်ဖွဲ့မှ တစ်စီးနှင့် PV member ရွာသားများက တစ်စင်း၊ စုစုပေါင်း စီးစာ ရရှိခဲ့ပါတယ်

လို့ဖော်ပြပါတယ်။ ဒါ့အပြင် လိုအပ်နေတဲ့ စင်း အပါအဝင် တခြားလိုအပ်တဲ့ ဆက်စပ်ပစ္စည်းများအတွက် ထောက်ပို့ငွေကို ကျပ် ၁၀၀၀ campaign လုပ်ပြီး ကောက်ခံသွားမယ်လို့ People’s Voices ကဖော်ပြပါတယ်။


========================


📌📌 ၆။ ပုဂံဘုရားတစ်နေရာမှာ မုံရွာ သံမဏိတပ်ဖွဲ့ရဲ့ မှာယူထားသော လက်နက်များ သိန်းလေးထောင်ဖိုးခန့် စကစတပ်က ဖမ်းဆီး သိမ်းယူခံလိုက်ရ


ပုဂံ ဂံဘုရားတစ်နေရာမှာ မုံရွာ သံမဏိတပ်ဖွဲ့ရဲ့မှာယူထားသော လက်နက်များ သိန်းလေးထောင်ဖိုးခန့် စကစတပ်က ဖမ်းဆီး သိမ်းယူခံလိုက်ရတယ်လို့ဇန်နဝါရီနောက်ဆုံးပတ်မှာ မုံရွာ သံမဏိတပ်ဖွဲ့ရဲ့ ဗိုလ်သံမဏိကအသိပေးဆိုပါတယ်။


"တော်လှန်ရေးကာလမှာ ကျွန်တော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှု" ၊ဇန်နဝါရီ၂၇ရက်နေ့ကိုတော့ ကျွန်တော် ဘယ်တော့မှမေ့နိုင်မှာ မဟုတ်တော့ဘူး ။အားလုံးအေးဆေးဖြစ်ပြီး လက်ထဲရောက်ဖို့ မိနစ်ပိုင်းအလိုလေးမှာဘဲ ကျွန်တော့်တို့ပစ္စည်းတွေ ပုဂံဘုရားတွေရဲ့တစ်နေရာမှာ စကစတပ်တစ်သိုက်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့တယ်။ကာလတန်ဖိုးအရဆို သိန်းလေးထောင်နီးပါးပေါ့ဗျာ"လို့ဆိုပါတယ်။


ဇန်နဝါရီ၂၇ ရက်နေ့  နံနက်ပိုင်းက မန္တလေးတိုင်း ညောင်ဦးမြို့နယ် အာနန္ဒာဘုရားအနီး ညောင်ဦး-ပုဂံ-ချောက် ကားလမ်းတွင် သတင်းပေးချက်အရ Light Truck ကားတစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ကားကြမ်းခင်းအတွင်း သိုဝှက်သယ်ဆောင်လာသည် လက်နက်၊ ခဲယမ်းများနှင့် အတူ လူနှစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ စကစဘက်က ထုတ်ပြန်ခဲ့ပါတယ်။ သိမ်းဆည်းခံရသောလက်နက်များမှာ 60mm ကွန်မန်တိုစိမ်ပြောင်း၂ လက်၊ 40mm နှစ်လက်၊ M4 A4 နှစ်လက်၊ AK47 သုံးလက်၊ 5.56ကျည် 5600 7.62 7500 9mm 30ဖာ၊ 45mm 25ဖာ၊ 60mm အဖူး30လုံး၊ 40mm အဖူး 45တို့ ပါဝင်ပါတယ်။


========================


📌📌 ၇။ မြန်မာကလေးငယ် သန်းကျော်ဟာ အကူအညီများလိုအပ်နေတယ်လို့ Unicef Myanmar ကဖော်ပြ


မြန်မာကလေးငယ် သန်းကျော်ဟာ အကူအညီများလိုအပ်နေတယ်လို့ Unicef Myanmar က ဇန်နဝါရီ ၃၀ ရက်မှာ ဖော်ပြအသိပေးခဲ့ပါတယ်။


"မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပိုမိုလိုအပ်လာနေပါတယ်။ မြန်မာကလေးငယ် သန်းကျော်ဟာ အကူအညီများလိုအပ်နေကြပါတယ်"လို့ဆိုထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်တပ်အာဏာလုယူမှု ဖြစ်ပေါ် ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများမှ ပြည်သူလူထုများဟာ စစ်ဘေးရှောင် နေထိုင်နေကြရပြီး ၄င်းတို့ရဲ့ ကလေးငယ်များဟာလည်း ပညာသင်ကြားမှုကနေဝေးကွာခဲ့ရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment