6th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြေပြင်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များက သေချာစွာ ဖြည့်ဆည်းပေးမှသာ တော်လှန်ရေး အရှိန်မြင့်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်နဲ့ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်တော်လှန်ရေး အင်အားစုများမှပန်ကြားလွှာထုတ်ပြန်

📌 ၃။ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၏ (၆၁) နှစ်ပြည့်မွေးနေ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း

📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေး

📌 ၅။ Code of Conduct သည်ပင်လျှင်ခုခံ‌တော်လှန်စစ် အောင်မြင်ရေးအတွက် ပဓာနအကျဆုံးသော လိုအပ်ချက်လို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြောကြား

📌 ၆။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ပခုက္ကူခရိုင်အမှတ် () တပ်ရင်းအဖြစ် အသိမှတ်ပြု

📌 ၇။ Salin- SPDF မှထောက်ပံ့ရေးတပ် ဖွဲ့စည်း

📌 ၈။ မြောင်နယ်အတွင်းရှိ မီးဘေးသင့်နှင့်စစ်ဘေးရှောင်ပြည်သူ ၁၂၀၀ စာအတွက် အစားအသောက်များ ကျွေးမွေးလှူဒါန်း

📌 ၉။ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း (၂၈) ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်

📌 ၁၀။ ကနီမြို့နယ် မုဋ္ဌောကျေးရွာအနီးတွင် သောင်တင်နေသော စကစ ထောက်ပို့သင်္ဘောများထဲမှကင်းထောက် စက်လှေအသေးတစ်စီးကိုကာကွယ်တပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်က ဦးသေဆုံး

📌 ၁၁။ ကနီမြို့နယ် တစ်ကြောမှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ပြင်းထန်ကာ ရိက္ခာပို့လမ်းကြောင်း ဖြတ်တောက်ခံရ၍ စကစတပ်က ၁၉ ဦးခန့်သေဆုံး

📌 ၁၂။ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာဘက်မှ ကျွန်းတောကုန်းရွာဘက်သို့ ထွက်လာတဲ့ပျူစောထီများကို  ကာကွယ်ရေးတပ်များက နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြေပြင်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များက သေချာစွာ ဖြည့်ဆည်းပေးမှသာ တော်လှန်ရေး အရှိန်မြင့်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


မြေပြင်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များက သေချာစွာ ဖြည့်ဆည်းပေးမှသာ တော်လှန်ရေး အရှိန်မြင့်လာမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကထည့်သွင်းဆိုပါတယ်။


"မကြာမီ ကာလများမှာ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်မှုသည် အချိန်ကာလအားဖြင့် နှစ်ဆိုသည့် အချိန်ကာလတစ်ခုကို ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး အရှိန်မြှင့်ပြီး အောင်မြင်အောင် ဖော်ဆောင်ရမည့် အချိုးအကွေ့ ကာလတစ်ခုအဖြစ် သတ်မှတ် ထားသည်ဖြစ်သောကြောင့် ကော်မတီဝင် ဝန်ကြီးများ၊ ဌာနများသည်လည်း တစ်နှစ်မဟာ ဗျူဟာအား စနစ်တကျအကောင်အထည်‌ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး  မြေပြင်မှာ ဆောင်ရွက်နေသူအများစုကလည်း ကြေကြေညက်ညက် နားလည်သိရှိထားရန် စီမံဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ မြေပြင်ခေါင်းဆောင်များ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များက သေချာစွာ ဖြည့်ဆည်းပေးမှသာ တော်လှန်ရေး အရှိန်မြင့်လာပြီး ပြည်သူများ၏ခုခံနိုင်မှုအတွက် နိုင်သမျှ ထောက်ပံ့မှုပြုလုပ်ကြဖို့လည်း တိုက်တွန်းလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၃/၂၀၂၂) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် ကျန်ရှိ နေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်နဲ့ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်တော်လှန်ရေး အင်အားစုများမှပန်ကြားလွှာထုတ်ပြန်


အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်နဲ့ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်တော်လှန်ရေး အင်အားစုများမှပန်ကြားလွှာထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ရက်နေ့ ရက်စွဲနဲ့ အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသောအတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တော်လှန်ရေး အင်အားစုများမှ ပြည်သူများထံ အသိပေးပန်ကြားလွှာတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသောအတုအယောင် ရွေးကောက်ပွဲအတွက်နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန် အသိပေးကြေညာထားပါတယ်။


မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပို့ကြပါရန်နဲ့ အခြေအနေ အရပ်ရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် နှိုးဆော်တိုက်တွန်းထားပါတယ်။


သတင်းပေးပို့တိုင်ကြားရန်:

 ) PVTV Myanmar https://t.me/pvtvmyanmar

) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

https://www.facebook.com/mohaimyanmar/?mibextid=ZbWKwL

) တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

https://www.facebook.com/MoJNUG?mibextid=ZbWKwLတို့ဖြစ်ပါတယ်။


========================


📌📌 ၃။ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၏ (၆၁) နှစ်ပြည့်မွေးနေ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်း


ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၏ (၆၁) နှစ်ပြည့်မွေးနေ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဇန်နဝါရီ ရင်မှာ မွေးနေ့ဆုတောင်းကိုကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ - ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၏ (၆၁) နှစ်ပြည့်မွေးနေ့မှစ၍ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဖက်ဒရယ်ပြည်ထောင်စုအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA လည်း ပူးပေါင်းဆောင်ရွက်မှုများရှိနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၄။ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေး


ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလ () ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅) တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။


ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ရင်းဖြင့် စုဖွဲ့ထားရှိကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)ကို တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ Code of Conduct သည်ပင်လျှင်ခုခံ‌တော်လှန်စစ် အောင်မြင်ရေးအတွက် ပဓာနအကျဆုံးသော လိုအပ်ချက်လို့ လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြောကြား


Code of Conduct သည်ပင်လျှင်ခုခံ‌တော်လှန်စစ် အောင်မြင်ရေးအတွက် ပဓာနအကျဆုံးသော လိုအပ်ချက်လို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြောကြားလိုက်ပါတယ်။


" CoC ကတော့ (Code of Conduct) လို့ပြောကြတဲ့ "စစ်သည်တော် ကျင့်ဝတ်စည်းကမ်း‌" များ တည့်မတ် ကောင်းမွန်ရေးပဲ ဖြစ်ပါတယ်။ ကျနော့်တစ်ဦးချင်း အမြင်ကို ပြောရမယ်ဆိုရင် ဒီ Code of Conduct သည်ပင်လျှင် ကျနော့်တို့ ခုခံ‌တော်လှန်စစ် အောင်မြင်ရေးအတွက် ပဓာနအကျဆုံးသော လိုအပ်ချက်လို့ ရှုမြင်ပါတယ်"လို့ဆိုပါတယ်။


NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ခရိုင်တစ်ခုကနေပြီးတော့ "ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)" အဖွဲ့ဝင်များအတွက် ဆောင်ရွက်တဲ့ စစ်ပညာအခြေခံသင်တန်းမှာ လူထုသပိတ်ခေါင်းဆောင်ဟာဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (Code of Conduct) တွေနဲ့အညီ လိုက်နာကျင့်သုံးနေသရွေ့ ပြည်သူလူထုက  ထောက်ခံ၊ ပံ့ပိုး၊ ကူညီနေကြမှာပဲ ဖြစ်တယ်လို့ ဒေါက်တာတေဇာဆန်းကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ပခုက္ကူခရိုင်အမှတ် () တပ်ရင်းအဖြစ် အသိမှတ်ပြု


မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ပခုက္ကူခရိုင်အမှတ် () တပ်ရင်းအဖြစ် အသိမှတ်ပြုလိုက်ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာပြည်သူများထံသို့ အသိပေးကြေညာချက် ကို  မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (Myaing Villages Revolution Front) ကအသိပေးဆိုပါတယ်။


"မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (Myaing Villages Revolution Front ) သည် ယခင်က ပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့အနေဖြင့်ပျောက်ကြားဗျူဟာမြောက်သော စစ်ဆင်ရေးများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မိမိတို့ပြုလုပ်ခဲ့သောစစ်ဆင်ရေးများအား ပြည်သူများ စိတ်ဓါတ်ခွန်အားရရှိစေရန် မိမိတို့တပ်ဖွဲ့၏ Offical Facebook Page တွင် ကြေညာခြင်းများပြုလုပ်ခဲ့ပါတယ်။ ယခုအခါ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၏လက်အောက်ခံ တရားဝင် ပခုက္ကူခရိုင်အမှတ် () တပ်ရင်းအဖြစ် အသိမှတ်ပြုခံရပြီးချိန်မှစ၍ မိမိတို့ဖော်ဆောင်သော တိုက်ပွဲသတင်းများအားလုံးကို ပြည်သူများထံသို့ ချပြပေးသွားမည်မဟုတ်ပဲပြည်သူများသိသင့်သိထိုက်သော စစ်ရေးသတင်းများကိုသာ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ခွင့်ပြုချက်ဖြင့် တင်ပြပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့မှ တိုက်ပွဲသတင်းများကို အသိပေးတင်ပြနိုင်ခြင်း အားနည်းခဲ့လျှင် နားလည်ပေးပါရန် MyaingVillagesRevolutionFront က ဖော်ပြထားပါတယ်။


========================


📌📌 ၇။ Salin- SPDF မှထောက်ပံ့ရေးတပ် ဖွဲ့စည်း


Salin- SPDFမှထောက်ပံ့ရေးတပ် ဖွဲ့စည်းလိုက်ပါတယ်။ ဇန်နဝါရီလအတွင်းအသိပေးထားချက်အရ Salin- SPDF တောင်ပိုင်းတော်လှန်ရေး အင်အားစု  နှင့်  ညီနောင်မဟာမိတ်တပ်ခွဲများအား အဓိက ပါဝင်ထောက်ပံ့သွားရန် ရည်ရွယ်ဖွဲ့စည်းတယ်လို့ဖော်ပြပါတယ်။


ထောက်ပံ့ရေးတပ်တွင် တာဝန်ထမ်းဆောင်လိုသောသူသည် အနည်းဆုံး လနှင့်အထက် ထောက်ပို့တာဝန် ယူနိုင်ရမည်ဖြစ်ကာ လစဉ် ငါးသောင်းကျပ် မှ တစ်သိန်းကျပ်အတွင်းအား ) အနည်းဆုံး ထောက်ပံ့နိုင်သူ ဖြစ်ရမယ်လို့ဆိုထားပါတယ်။ ထောက်ပံ့ရေးတပ်တွင် တာဝန်ထမ်းဆောင်လိုသောသူများအနေနဲ့Salin- SPDF တောင်ပိုင်းတော်လှန်ရေး အင်အားစုထံသို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ မြောင်နယ်အတွင်းရှိ မီးဘေးသင့်နှင့်စစ်ဘေးရှောင်ပြည်သူ ၁၂၀၀ စာအတွက် အစားအသောက်များ ကျွေးမွေးလှူဒါန်း


စစ်ကိုင်းတိုင်း မြောင်နယ်အတွင်းရှိ မီးဘေးသင့်နှင့်စစ်ဘေးရှောင်ပြည်သူ ၁၂၀၀ စာအတွက် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။


ဇန်နဝါရီ၅ရက်နေ့မှာ အမျိုးသမီးစစ်သည်တော်များတပ်ရင်း (မြောင်) - M2Wကအသိပေးဖော်ပြပါတယ်။


"AMDM (Australia) "Humanitarian Assistance for Burma"  မှ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှတဆင့် အမျိုးသမီးစစ်သည်တော်များတပ်ရင်း (မြောင်) - M2W မှ မြောင်နယ်အတွင်းရှိ မီးဘေးသင့်နှင့်စစ်ဘေးရှောင်ပြည်သူ​​များအတွက် ထမင်းထုပ်များ၊ စစ်​​ဘေးရှောင်ကလေးငယ်များအား ရေခဲမုန့်နှင့် ဝေဖာများအား ကျွေးမွေးလှူဒါန်းပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ 


ယခုကဲ့သို့ AMDM (Australia) "Humanitarian Assistance for Burma" via MOHADM မှ မီးဘေးသင့်၊ စစ်ဘေးရှောင်ပြည်သူများနှင့် ကလေးငယ်များ စုစုပေါင်း ၁၂၀၀ ဦးစာ ကျွေးမွေးခဲ့ခြင်းအတွက် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၉။ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း (၂၈) ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရဲတပ်ရင်း (၂၈) ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ရက်နေ့ နံနက် နာရီခွဲ အချိန်ရဲတပ်ရင်း (၂၈) အား မဟာမိတ်များနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားတော်လှန်ရေးပြောက်ကြားတပ် (National Revolutionary Guards (NRG-PDF/Salingyi) ကအတည်ပြုပါတယ်။


"ယင်းမာပင်မြို့နယ် ရဲတပ်ရင်း (၂၈) အား ဇန်နဝါရီ ရက်နံနက် နာရီခွဲ အချိန်တွင် ကျနော်တို့ အမျိုးသားတော်လှန်ရေးပြောက်ကြားတပ် (National Revolutionary Guards (NRG-PDF/Salingyi) နှင့် ဒေသခံညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီးအလုံး (၁၀၀)ခန့် ဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ရာတွင် ရဲတပ်ရင်းအတွင်းမှ ရဲများ၏ အဆောင်များပေါ်သို့ ကျရောက်ပေါက်ကွဲကာ ငိုယိုအော်ဟစ်ဆဲဆိုသံများပါကြားခဲ့ရတယ်လို့ဖော်ပြပါတယ်။ တိုက်ပွဲပြီးဆုံးပြီး တစ်နာရီခန့်အကြာထိ ရဲတပ်ရင်းအတွင်းမှ အော်ဟစ်ငိုကြွေးသံများ ကြားနေရပြီး  ရဲများ သေဆုံး ထိခိုက်ဒဏ်ရာများရရှိနိူင်သော်လည်း စုံစမ်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များမှာ အထိခိုက်မရှိအောင်မြင်စွာဆုတ်ခွါနိူင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ကနီမြို့နယ် မုဋ္ဌောကျေးရွာအနီးတွင် သောင်တင်နေသော စကစ ထောက်ပို့သင်္ဘောများထဲမှကင်းထောက် စက်လှေအသေးတစ်စီးကိုကာကွယ်တပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်က ဦးသေဆုံး


စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋ္ဌောကျေးရွာအနီးတွင် သောင်တင်နေသော စကစ ထောက်ပို့သင်္ဘောများထဲမှကင်းထောက် စက်လှေအသေးတစ်စီးကိုကာကွယ်တပ်များဝိုင်းဝန်းတိုက်ခိုက်ရာ စကစတပ်က၆ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ စစ်ရေးသတင်းကို KLG PDF (ကျောက်လုံးကြီး)အဖွဲ့မှအတည်ပြုဆိုပါတယ်။


"ကနီမြို့နယ် မုဋ္ဌောကျေးရွာအနီးတွင် သောင်တင်နေသော စကစ ထောက်ပို့သင်္ဘောများထဲမှ ဇန်နဝါရီ၄ရက်နေ့ ညနေ ငါးနာရီအချိန်ခန့်တွင် စကစတပ်က၇ယောက်ပါ ကင်းထောက် စက်လှေအသေးလေးဖြင့် ဆန်တက်လာရာ ပန်းဆိုင်းကျေးရွာအနီး‌အရောက်တွင် KLG PDF(ကျောက်လုံးကြီး) အဖွဲ့မှ ဦးဆောင်ပြီး ဆရာစံအဖွဲ့နှင့်အတူ DRPA အဖွဲ့တို့ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ပွဲကြာချိန်တစ်နာရီအချိန်အတွင်း စကစတပ်က ၆ဦးသေဆုံးကာ ၁ဦးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။ စကစတပ် ကင်းထောက်စက်လှေကိုတော့ ရေမြှုပ်ထားခဲ့လိုက်ပါတယ်လို့ ဆိုပါတယ်။


========================


📌📌 ၁၁။ ကနီမြို့နယ် တစ်ကြောမှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ပြင်းထန်ကာ ရိက္ခာပို့လမ်းကြောင်း ဖြတ်တောက်ခံရ၍ စကစတပ်က ၁၉ ဦးခန့်သေဆုံး


စစ်ကိုင်းတိုင်း ကနီမြို့နယ် တစ်ကြောမှာ စကစတပ်နဲ့ကာကွယ်ရေးတပ်များတိုက်ပွဲ ပြင်းထန်ကာ ရိက္ခာပို့လမ်းကြောင်း ဖြတ်တောက်ခံရ၍ စကစတပ်က၁၉ဦးခန့်သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ရက်နေ့မှာ စစ်ရေးသတင်းကို KLG PDF (ကျောက်လုံးကြီး) မှအတည်ပြုဆိုပါတယ်။


"ကုန်းကြောင်းတိုက်ပွဲမှာ ဇန်နဝါရီ၃ရက်မနက်၉နာရီကနီမြို့မှ အလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့လာသော စကစထောက်ပို့လှည်းများကို KLG PDFနှင့်DRPAအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ထောက်ပို့လှည်းသုံးစီးပျက်စီး

ပြီးစကစတပ်နှင့် ပျူသေဆုံးများနိုင်ပါတယ်"လို့ဆိုပါတယ်။


အလားတူရေကြောင်းတိုက်ပွဲတွင်ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး မုဋ္ဌောရွာအနီးတွင် သင်္ဘော စီးနှင့် ညောင်းပင်ဝန်းရွာအနီးတွင် သောင်တင်နေသော စကစ  ထောက်ပို့ဖလပ်သင်္ဘော၂ စီးရှိရာ ဇန်နဝါရီ ရက် ညနေ နာရီအချိန်မုဋ္ဌောရွာအနီးမှ စကစအင်းအား၂၀ ခန့်ပါထောက်ပို့သင်္ဘောတစ်စီး ဆန်တက်လာရာ ပန်းဆိုင်းရွာအရောက်တွင် KLG PDF(ကျောက်လုံးကြီး)မှ ဦးဆောင်ပီး DRPAနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။ တိုက်ပွဲကြာချိန် ၃နာရီမှ ည၈နာရီအရောက်တွင် စကစ ထောက်ပို့သင်္ဘောကိုသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စကစထောက်ပို့သင်္ဘောပေါ်ပါလာသော စကစတပ်မှ ၂၀ ဦးတွင်၁၉ဦးသေဆုံးကာ ၁ဦးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၂။ တန့်ဆည်မြို့နယ် ဆင်ငယ်ရွာဘက်မှ ကျွန်းတောကုန်းရွာဘက်သို့ ထွက်လာတဲ့ပျူစောထီများကို  ကာကွယ်ရေးတပ်များက နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်


တန့်ဆည်မြို့နယ် ဆင်ငယ်ရွာဘက်မှ ကျွန်းတောကုန်းရွာဘက်သို့ ထွက်လာတဲ့ပျူစောထီများကို  ကာကွယ်ရေးတပ်များက နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ရက် နံနက် နာရီအချိန် ဆင်ငယ်ရွာဘက်မှ ကျွန်းတောကုန်းရွာဘက်သို့ ထွက်လာသောပျူများကိုတိုက်ခိုက်ခဲ့တယ်လို့ Guerrilla Warfare K.P.K ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ ရက်နေ့ နံနက် နာရီအချိန်တွင် ဆင်ငယ်ရွာဘက်မှ ကျွန်းတောကုန်းရွာဘက်သို့ ထွက်လာသော ပျူ၁၄၀ခန့် အား ရွာအဝင်တွင် Guerrilla Warfare K.P.K TSR Taze Tiger PLA PRLF ၊တပ်ရင်း() ပကဖနှင့်ပလဖ ပူးပေါင်းတပ်ဖွဲ့တို့မှ အသင့်တပ်ဆင်ထားသော တိုက်မိုင်းများမှ လုံးဖြင့် ဧည့်ခံနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဆက်လက်ပြီးကျန်ရှိပျူနဲ့စကစတပ်အင်အားဖြင့် ကျွန်းတောကုန်းရွာအတွင်းဝင်ရောက်ခဲ့ပြီး ပြည်သူ့နေအိမ်မျာအား မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်။


ထို့နောက် ပျူများရွာအနောက်ဘက်မူးဘောင်သို့ အထွက်လာသောအချိန်တွင်  K.P.K မိုးကြိုးမုန်တိုင်းနှင့် ပလဖ အဖွဲ့တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွါးခဲ့ပြီးအင်္က္ကုကားဘက်သို့ အထွက်တွင် ပျူများနောက်တကြိမ် တိုက်မိုင်း လုံးထပ်မံထိခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။ ဒဏ်ရာရပျူနဲ့စကစတပ်များအား ကားနှစ်စီးဖြင့်သယ်ယူသွားကြောင်းသိရသော်လည်း သေဆုံးအရေအတွက်အတည်ပြုစုံစမ်းဆဲ ဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့  Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment