၂၀၂၃ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဂျာမနီနိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရုံး ဝန်ကြီးနဲ့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ ၃ ကြိမ်မြောက်တွေ့ဆုံဆွေးနွေး
📌 ၂။ ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၄။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အသိပညာ၊ အတတ်ပညာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံမှုများ ကင်းမဲ့နေခြင်းသည် လူမျိုး တစ်မျိုးအဖြစ် ဂုဏ်သိက္ခာ ရှိရှိ ဖွံ့ဖြိုးတိုးတက်လာရန် လုံး၀မဖြစ်နိုင်ကြောင်း KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြောကြား
📌 ၅။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် 68လမ်း မန္တလာသီရိအားကစားကွင်း အရှေ့ဘက်စကစဂိတ်စခန်းအား ဗုံးပစ်ရာ ဗိုလ်တစ်ဦးအပါအဝင် လေးဦးထိခိုက်
📌 ၆။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း ချောင်းဦး CHUPDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲ (၁၄) ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဘက်က ၂၆ ဦးသေဆုံး
📌 ၇။ Eainpyanlann ကို android သမားတွေအားလုံးအားစိုက်ပေးကြဖို့ Click2donate တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဂျာမနီနိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရုံး ဝန်ကြီးနဲ့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ ၃ ကြိမ်မြောက်တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၁၀
ဂျာမနီနိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရုံး ဝန်ကြီး Dr. Tobias Lindnerနဲ့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ ၃ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖေဖော်ဝါရီ၈ရက်နေ့က Twitter မှာ ဂျာမနီနိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးရုံး ဝန်ကြီး
Dr. Tobias Lindnerက ဖော်ပြအသိပေးဆိုထားပါတယ်။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီအနာဂတ်အတွက် NUGအစိုးရက ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့တစ်နှစ်တာအတွင်း ၃ ကြိမ်မြောက် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ဆိုထားပါတယ်။ မြန်မာနိူင်ငံတွင်စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှု အဆုံးသတ်ရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြတယ်လို့ အသိပေးဆိုထားပါတယ်။
========================
📌📌 ၂။ ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
ဖေဖော်ဝါရီ ၁၀ ရက်
ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဆာဟိရှင်ဘွန်းသတင်းစာ (Asahi Shimbun) ရဲ့ မေးခွန်းများကို ဖေဖော်ဝါရီ ၂ ရက်နေ့ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာလည်း မရှိပါဘူး။ စစ်တပ်ရဲ့ ထုံးစံအတိုင်း လိမ်ညာလှည့်စားတဲ့ အချက်အလက် အလွဲအမှားတွေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးကြောင်း ထုတ်ပြန်ကြေညာတာမျိုးတော့ လုပ်နိုင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ဘက်က အစစ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားပါမယ်"လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာများကို မဖြေရှင်းနိုင်တဲ့အပြင် ပိုမိုရှုပ်ထွေး ခက်ခဲစေမှာ ဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီလ ၁၀
ဖေဖော်ဝါရီ ၁၀ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၆/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ကြားကာလစိုက်ပျိုးရေးနှင့် မွေးမြူရေး ဦးစီးဌာန ဌာန ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များရှင်းလင်းပြောကြားခဲ့ပြီး စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အသိပညာ၊ အတတ်ပညာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံမှုများ ကင်းမဲ့နေခြင်းသည် လူမျိုး တစ်မျိုးအဖြစ် ဂုဏ်သိက္ခာ ရှိရှိ ဖွံ့ဖြိုးတိုးတက်လာရန် လုံး၀မဖြစ်နိုင်ကြောင်း KNUဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြောကြား
ဖေဖော်ဝါရီ ၁၀
ဖေဖော်ဝါရီ ၁၁ ရက်ကျရောက်မယ့် (၇၅) နှစ်ပြည့် စိန်ရတု ကရင့်အမျိုးသားနေ့သို့ ပြောကြားသော မိန့်ခွန်းမှာကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ အခုလိုထည့်သွင်းဆိုပါတယ်။
"ကရင်အမျိုးသားများ၏ သိက္ခာ အရှိန်အဝါ ဂုဏ်သတင်း နှင့် ကြီးကျယ်ခန်းနားမှုများကိုလည်း ကမ္ဘာအထိ ထင်ပေါ်ကျော်ကြားစေခဲ့ကြောင်း ၊ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ အသိပညာ၊ အတတ်ပညာနှင့် စီးပွားရေးဆိုင်ရာ လုံခြုံမှုများ ကင်းမဲ့နေခြင်းသည် လူမျိုး တစ်မျိုးအဖြစ် ဂုဏ်သိက္ခာ ရှိရှိ ဖွံ့ဖြိုးတိုးတက်လာရန် လုံး၀မဖြစ်နိုင်ကြောင်း ပြန်လည်အောက်မေ့ သတိရှိနေရန် လိုအပ်တယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းသည့် ကရင်အမျိုးသားတို့၏ အနာဂတ် ဘ၀သာယာလှပရေးအတွက် ကရင်အမျိုး သားအချင်းချင်းကြား၊ ကရင်အမျိုးသားအဖွဲ့အစည်းအချင်းချင်းကြား မှန်ကန်သည့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံဖို့လည်းတိုက်တွန်းဆိုခဲ့ပါတယ်။
========================
📌📌 ၅။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် 68လမ်း မန္တလာသီရိအားကစားကွင်း အရှေ့ဘက်စကစဂိတ်စခန်းအား ဗုံးပစ်ရာ ဗိုလ်တစ်ဦးအပါအဝင် လေးဦးထိခိုက်
ဖေဖော်ဝါရီ ၁၀ ရက်
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အောင်စည်တော်စစ်ဆင်ရေး- မန္တလေးAST-MDYကအခုလို အသိပေးဆိုလိုက်ပါတယ်။
"မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် 68လမ်း မန္တလာသီရိအားကစားကွင်း အရှေ့ဘက်စကစတပ်ဂိတ်အား လျက်ဆား လက်ဆောင်ပစ်ကျွေးခဲ့ရာ ဗိုလ်တစ်ကောင်နှင့် အပေါင်းပါ ၄ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း စုံစမ်းသိရှိရတယ်"လို့ဆိုပါတယ်။
လုပ်ဆောင်ချက် အောင်မြင်ပြီးနောက် အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း ချောင်းဦး CHUPDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲ (၁၄) ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဘက်က ၂၆ ဦးသေဆုံး
ဖေဖော်ဝါရီ ၁၀
ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ရေးသတင်းကို CHU PDF ကအခုလိုအသိပေးဆိုပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီအတွင်း CHUPDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ/ ၎င်းတို့၏လက်ပါးစေ ပျူစောထီးများနှင့် ထိတွေ့တိုက်ပွဲ (၁၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၄ ကြိမ်အတွင်း စကစတပ်နဲ့ပျူ စုစုပေါင်း (၂၆) ဦးရှင်းလင်းနိူင်ခဲ့တယ်"လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူ စကစဘက်က ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှရဲဘော် (၁) ဦး နိုင်ငံတော်အတွက် အသက်ကိုစွန့်လှူခဲ့ရပြီး ရဲဘော် (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၇။ Eainpyanlann ကို android သမားတွေအားလုံးအားစိုက်ပေးကြဖို့ Click2donate တိုက်တွန်း
ဖေဖော်ဝါရီ ၁၀ ရက်
Eainpyanlann ကို android သမားတွေအားလုံးအားစိုက်ပေးကြဖို့ Click2donate က ဖေဖော်ဝါရီ ၁၀ ရက်မှာ အသိပေးတိုက်တွန်းဆိုထားပါတယ်။
"C2D app ရဲ့ dev acc ကို ဂူဂူက သူများကွန်တန့်တွေတင်ပါတယ်ဆိုပြီးပိတ်ချပစ်တယ်။
App ပါ playstore ကလစ်သွားတယ်။တကယ်က အဲ့ဒါ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ဟာတွေပဲကို သေချာလည်းမဖတ်ပဲ ဖျက်ချပစ်တာခင်ဗျာ Android တွေကWeclick4pdf၊Pyithubawa၊ Lungemyar ဒါတွေက်ို ဝင်ပေးထားကြပါခင်ဗျာ Eainpyanlann ကို android သမားတွေအားလုံးအားစိုက်ပေးကြပါ"လို့ဆိုထားပါတယ်။ Click2donateဟာ ပြည်သူများကလစ်နှိပ်၍ ရရှိသော ငွေကြေးများကို တော်လှန်ရေးအင်အားစုမျညးထံ ပြန်လည်ထောက်ပို့ပေးခြင်းဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment