24th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လက်တွေ့ လုပ်ဆောင်မှုကို အဓိကဆောင်ရွက်ရမယ့်အချိန်မှာ အချို့အစည်း အဝေးတွေကို လျှော့ချဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ Global Town hall Meeting - Session 4 ကို ဖေဖော်ဝါရီ၂၆ရက် ကျင်းပမယ်

📌 ၃။ စစ်ကောင်စီကျောင်းတွေမှာ မထားတဲ့ CDM ကျောင်းသားများကို တော်လှန်ရေးပြီးပါက အသက်အရွယ် နဲ့ လိုက်တဲ့ အတန်းကိုတင်ပေးမယ်လို့ ပညာရေးဝန်ကြီးဆို

📌 ၄။ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ NUGလူ့အခွင့်ရေးရာဝန်ကြီးတို့တွေ့ဆုံဆွေးနွေး

📌 ၅။ Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များကို စတင်မိတ်ဆက်

📌 ၆။ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများအကူအညီနဲ့ဝင်ရောက်စီးနင်းခံရသည့် KNLA တပ်ရင်းဌာနချုပ်ကို  ပြန်လည်တိုက်ယူနိုင်ခဲ့

📌 ၇။ “Project ဝရဇိန်” Project ကာလ တစ်ပတ်အတွင်းသတ်မှတ်ထားတဲ့ ပထမအဆင့် target ပမာဏ ဒေါ်လာတစ်သိန်း ပြည့်မီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လက်တွေ့ လုပ်ဆောင်မှုကို အဓိကဆောင်ရွက်ရမယ့်အချိန်မှာ အချို့အစည်း အဝေးတွေကို လျှော့ချဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဖေဖော်ဝါရီ ၂၄


ဖေဖော်ဝါရီ ၂၃ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုမှာကြားလိုက်ပါတယ်။


"တော်လှန်ရေးအရှိန်မြှင့်မယ့် အခုလိုကာလမှာ မြေ ပြင်လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်ဆောင်ရွက်လာနိုင်အောင် ထိရောက်တဲ့ စည်းဝေးတွေ့မှုတွေ လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်တွေ့ လုပ်ဆောင်မှုကို အဓိကဆောင်ရွက်ရမယ့်အချိန်မှာ အချို့အစည်း အဝေးတွေကို လျှော့ချပြီး ထိရောက်တဲ့အစည်းအဝေးတွေ လုပ်ဆောင်နိုင်ဖို့ကိုလည်း တာဝန်ရှိသူ တွေက စီမံဆောင်ရွက်ကြရမှာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် တောင်သူလယ်သမား ပြည်သူများအပေါ်မှာ လိုအပ်တဲ့ အကာအကွယ်တွေပေးနိုင်ဖို့နဲ့ မြေယာပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ် ဆောင်ထားကြဖို့ကိုလည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ Global Town hall Meeting - Session 4 ကို ဖေဖော်ဝါရီ ၂၆ ရက် ကျင်းပမယ်


ယခုတစ်ခါမှာတော့သံတမန်ရေး၊ နိုင်ငံတကာဆောင်ရွက်ရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မူ အစီအစဉ်ကို ရှင်းလင်းပြောဆိုမည့်Global Town hall Meeting - Session 4 ကို ဖေဖော်ဝါရီ၂၆ရက် ကျင်းပမယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်မှ  အဖွင့်အမှာစကား ပြောကြားခြင်းနဲ့ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆွေးနွေးပြောကြားခြင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့တက်ရောက် ဆွေးနွေးပြောကြားမှာဖြစ်ပါတယ်။


ဒါ့အပြင် ပြည်သူလူထုနှင့် အမေးအဖြေကဏ္ဍများလည်းပါဝင်မှာဖြစ်ပြီး တက်ရောက်လာတဲ့အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီကျောင်းတွေမှာ မထားတဲ့ CDM ကျောင်းသားများကို တော်လှန်ရေးပြီးပါက အသက်အရွယ် နဲ့ လိုက်တဲ့ အတန်းကိုတင်ပေးမယ်လို့ ပညာရေးဝန်ကြီးဆို


ဖေဖော်ဝါရီ ၂၄


စစ်ကောင်စီကျောင်းတွေမှာ မထားတဲ့ CDM ကျောင်းသားများကို တော်လှန်ရေးပြီးပါက အသက်အရွယ် နဲ့ လိုက်တဲ့ အတန်းကိုတင်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီလအတွင်း ကျင်းပတဲ့လူထုတွေ့ဆုံပွဲ အမေးအဖြေမှာပြောဆိုခဲ့တာဖြစ်ပါတယ်။


"တော်လှန်ရေးအပြီးမှာ assessment တွေလုပ်ပြီး အသက်အရွယ် နဲ့ လိုက်တဲ့ အတန်းကို ပေးမှာဖြစ်တယ် အသက်အရွယ်အလိုက်ပညာရေးကို ပြန်သွားမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်ကို စိုးမိုးနယ်မြေများနဲ့တိုင်းရင်းသားနယ်မြေများမှာ အကောင်အထည်ဖော် သင်ကြားလျက်ရှိပါတယ်။


========================


📌📌 ၄။ ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ NUGလူ့အခွင့်ရေးရာဝန်ကြီးတို့တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၂၄


ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ NUGလူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းတို့ တွေ့ဆုံခဲ့ကြောင်းကို ဖေဖော်ဝါရီ၂၃ရက်မှာ အသိပေးဆိုလိုက်ပါတယ်။


"ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအသစ်ဖြစ်သူ High Commissioner Türk နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြခဲ့ပြီး မဟာမင်းကြီးရုံးရဲ့ နည်းပညာအကူအညီတွေကို တောင်းခံခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ရပ်တည်ချက်ရှိတဲ့သူတစ်ဦးဖြစ်တာကြောင့် ပိုမိုထိရောက်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို လက်တွဲလုပ်ဆောင်နိုင်မယ်လို့ယုံကြည်တယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


တစ်ဆက်တည်းမှာပဲ လူ့အခွင့်ရေးရာဝန်ကြီးက နိုင်ငံသားဖြစ်ခွင့်အက်ဥပဒေသစ်ကို ရေးဆွဲနိုင်ဖို့ပြင်ဆင်နေကြောင်းကို ဖေဖော်ဝါရီလအတွင်း ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် United State Holocaust Memorial Musueum/US Permanent Mission အဖြစ် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေ ဆွေးနွေးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။


"၂၀၂၂ခုနှစ်ဇွန်လမှာထုတ်ပြန်ခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ရဲ့ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မူဝါဒနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ကို မြန်မာနိုင်ငံမှာ မွေးဖွားမှုနဲ့  မြန်မာနိုင်ငံသား မိဘများက မည်သည့်နိုင်ငံတွင်မွေးဖွားခဲ့သည်ဖြစ်စေ နိုင်ငံသားအဖြစ်အသိအမှတ်ပြုမှု ကို အခြေခံတဲ့ နိုင်ငံသားဖြစ်ခွင့်အက်ဥပဒေသစ်ကို ရေးဆွဲနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ နဲ့ ဆွေးနွေး တိုင်ပင်လျက်ရှိပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ် အမျိုးဘာသာစောင့်ရှောက်ရေး ကာကွယ်ရေး ဥပဒေများ ကို ဖျက်သိမ်းနိုင်ရေးကိုလည်း လုပ်ဆောင် လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များကို စတင်မိတ်ဆက်


ဖေဖော်ဝါရီ ၂၄


Early Partnership Program ရဲ့ မိုးကုတ်လုပ်ကွက်များကိုEODက စတင်မိတ်ဆက်ဖော်ပြလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာဘောလုံးကြီးလုပ်ကွက်နဲ့ဓာတ်တော်လုပ်ကွက်များကို အသိပေးဆိုပါတယ်။


"ဘောလုံးကြီးကွက်ရပ်မှ ထွက်ရှိသည့် ပတ္တမြားဂေါ်ကြိုးသည် နာမည်ကျော်ဖြစ်ပြီး အရည်အသွေး အလွန်ကောင်းမွန်ပါတယ်။ဘောလုံးကြီးကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ကွက်အား ဖေါ်ထုတ်ပေးထားပါတယ်။ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ အလားတူ  မိုးကုတ်မြို့၏ အနောက်မြောက်ဘက် သုံးကီလိုမီတာအကွာတွင် ဓာတ်တော်ဧရိယာကို မိတ်ဆက်ထားပြီး ဓာတ်တော်ကွက်ရပ်တွင် ရင်းနှီးမြုပ်နှံနိုင်သော စုစုပေါင်းလုပ်ကွက် ကွက်အား ဖေါ်ထုတ်ပေးထားကြောင်းသိရပါတယ်။


ဓာတ်တော်ဧရိယာမှ ထွက်ရှိသည့် ဂဲကပ်ပတ္တမြားရိုင်းသည် အလွန်လှပပြီး ပွင့်အားကောင်းကာ ကျောက်မျက်ထုတ်လုပ်ခွင့်ကာလမှာ လုပ်ငန်းစတင်ချိန်မှ ၁၀ နှစ်ဖြစ်ပါတယ်။ လုပ်ကွက်များတွင် ရင်းနှီးမြုပ်နှံလိုသူများ www.earlypartnership.org/booking တွင်ဝင်ရောက်စာရင်းသွင်းနိုင်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၆။ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများအကူအညီနဲ့ဝင်ရောက်စီးနင်းခံရသည့် KNLA တပ်ရင်းဌာနချုပ်ကို  ပြန်လည်တိုက်ယူနိုင်ခဲ့


ဖေဖော်ဝါရီ ၂၄


ဖေဖော်ဝါရီ ၂၄ ရက်မှာ Federal Wings ဒရုန်းတပ်ဖွဲ့က စစ်ရေးသတင်းကို အခုလိုအသိပေးဆိုပါတယ်။


"KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ () နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ  KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို ဖေဖော်ဝါရီလ (၂၁) ရက် မွန်းလွဲပိုင်းတွင် ဝေါလေဗျူဟာကုန်းမှတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အင်အား (၅၀) ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ စီးနင်းခံရသည့် စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း()တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက်မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ ကရင်ပြည်နယ်ကို နယ်မြေစိုးမိုးမှုရရှိရေး လေကြောင်းနဲ့မြေပြင်စစ်ကြောင်းထိုးမှုများကို အင်အားအလွန်အကျွံ အသုံးပြုလျက်ရှိပါတယ်။


========================


📌📌 ၇။ “Project ဝရဇိန်” Project ကာလ တစ်ပတ်အတွင်းသတ်မှတ်ထားတဲ့ ပထမအဆင့် target ပမာဏ ဒေါ်လာတစ်သိန်း ပြည့်မီ


ဖေဖော်ဝါရီ ၂၄


၈၈ မျိုးဆက်  မနီလာသိန်းဦးဆောင်တဲ့ “Project ဝရဇိန်ဟာProject ကာလ တစ်ပတ်အတွင်းမှာ သတ်မှတ်ထားတဲ့ ပထမအဆင့် target ပမာဏ ဒေါ်လာတစ်သိန်း ပြည့်မီနေပြီဖြစ်ကြောင်းသိရပါတယ်။  ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့အတွက် အထူးစစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြေပြင်စိုးမိုးမယ့် ဝေဟင်မိုးကြိုး  " Project ဝရဇိန်" ကမ်ပိန်း ဖေဖော်ဝါရီလက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ Project ဝရဇိန်"ဟာ Fixed Wing Drone စွမ်းရည်များကို ရုပ်သံနှင့်တကွတင်ပြထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment