၂၀၂၃ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Non CDM အားလုံးကို ဥပဒေအရ အရေးယူမှာ မဟုတ်ဘဲ အရေးယူသင့်သူကိုသာ အရေးယူမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၂။ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ငြင်းဆိုလေ့ရှိတဲ့ အစဥ်အလာကို ရပ်တန့်ပစ်ရမယ်လို့ဆို
📌 ၃။ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့မနက် BPLA နဲ့ပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
📌 ၄။ မုံရွာ - မန္တလေး ကားလမ်းမကြီးပေါ်တွင် ချောင်းဦး CHUPDF အမည်ကိုအသုံးပြု၍ လက်နက်ကိုင်တချို့က အလှူခံနေ
📌 ၅။ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံဆည်ပေါ်မှ ပြန်ထွက်လာသော ခလရ(၅၀)စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံး
📌 ၆။ ချောင်းဦးမြို့ပေါ် ဂျုံတက်ရောင်းနေတဲ့ရွာသားများကို PDF ဂျုံများဖြစ်သည်ဟုဆိုကာစကစရဲများက ဂျုံရောင်းရငွေများသိမ်း၍ လူများကိုပါ အကြမ်းဖက် ဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Non CDM အားလုံးကို ဥပဒေအရ အရေးယူမှာ မဟုတ်ဘဲ အရေးယူသင့်သူကိုသာ အရေးယူမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ဖေဖော်ဝါရီ ၂၅
Non CDM အားလုံးကို ဥပဒေအရ အရေးယူမှာ မဟုတ်ဘဲ အရေးယူသင့်သူကိုသာ အရေးယူမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဖေဖော်ဝါရီလအတွင်း လူထု တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ Non CDM တွေကို အရေးယူသင့်တဲ့သူကို ယူဖို့ ဥပဒေဖြစ်တယ် … သင့်တော်တဲ့သူကို သင့်တော်တဲ့ အရေးယူမှုလုပ်ရမှာဖြစ်တယ် … ကြေငြာချက်မူဝါဒတွေကိုသေချာဖတ်ပါ ..အဲ့ဒီမှာ Non CDM တိုင်းကို အရေးယူမယ်မပါဘူး .. သူတို့နဲ့သင့်တော်တဲ့ ဘယ်ရာထူးကို အနာဂတ်မှာ ဘယ်ခံဝန်ချက်တွေနဲ့ခေါ်သွားမယ်ဆိုတာ ရေးထားတဲ့ မူဝါဒကိုသေချာဖတ်ပါ … အဲ့ဒီမူဝါဒကို ဥပဒေအဖြစ်ပြောင်းမှာပါ… ကျွန်တော်တို့ဟာ မတရားလုပ်မှာမဟုတ်ဘူး …တရားတဲ့တိုင်းပြည်ဖြစ်ဖို့အတွက် ကျွန်တော်တို့ဟာ တရားမှုကိုရှာနေတဲ့တော်လှန်ရေး … ဘယ်တော့မှ မတရားတာကိုမလုပ်ဘူး … မတရားတာကိုလဲလက်မခံဘူး"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစလက်အောက်တွင် Non CDM လုပ်နေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရထံ သို့ ပြည်သူ့သတင်းပေးအဖြစ် တာဝန်ထမ်းဆောင်နေသူများလည်းရှိနေပါတယ်။
========================
📌📌 ၂။ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ငြင်းဆိုလေ့ရှိတဲ့ အစဥ်အလာကို ရပ်တန့်ပစ်ရမယ်လို့ဆို
ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ငြင်းဆိုလေ့ရှိတဲ့ အစဥ်အလာကို ရပ်တန့်ပစ်ရမယ်လို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် United State Holocaust Memorial Musueum/US Permanent Mission အဖြစ် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေ ဆွေးနွေးခြင်းအခမ်းအနားမှာ NUGလူ့အခွင့်ရေးရာဝန်ကြီးကဆိုပါတယ်။
"ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ အတိုင်းအတာနဲ့ အဲ့ဒီရက်စက် ကြမ်းကြုတ်မှုအတိုင်းအတာကို အမှန်တကယ် အသိအမှတ်ပြုဖို့၊ တာဝန်ရှိတဲ့ ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ငြင်းဆိုလေ့ရှိတဲ့ အစဥ်အလာကို ရပ်တန့်ပစ်ရပါမယ်။ အမှန်တရား ကိုထုတ်ဖော် ပြောဆိုခြင်းနှင့် တာဝန်ခံမှုတို့ဟာ ဒီကိစ္စအတွက်မရှိမဖြစ် အရေးပါတဲ့ အရာတွေဖြစ်တယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မှုများကြောင့် ဘဂ်လားဒေ့ရှ်နိူင်ငံမှာ ရိုဟင်ဂျာလူအများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
📌📌 ၃။ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့မနက် BPLA နဲ့ပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
ဖေဖော်ဝါရီ ၂၅ ရက်
KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့မနက် BPLAနဲ့ပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ၂၅ရက်မှာ စစ်ရေးသတင်းကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အသိပေးဖော်ပြပါတယ်။
"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့မနက် (၆)နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုထိတွေ့တိုက်ပွဲတွင်မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၄။ မုံရွာ - မန္တလေး ကားလမ်းမကြီးပေါ်တွင် ချောင်းဦး CHUPDF အမည်ကိုအသုံးပြု၍ လက်နက်ကိုင်တချို့က အလှူခံနေ
မုံရွာ - မန္တလေး ကားလမ်းမကြီးပေါ်တွင် ချောင်းဦး CHUPDF အမည်ကိုအသုံးပြု၍ လက်နက်ကိုင်တချို့က အလှူခံနေကြောင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ချောင်းဦး PDF ကအသိပေးဆိုပါတယ်။ယ
"ချောင်းဦးမြို့နယ်အတွင်း မုံရွာ - မန္တလေး ကားလမ်းမကြီးပေါ်တွင် CHUPDF အမည်ကိုအသုံးပြု၍ လက်နက်ကိုင်တချို့က အလှူခံခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ကြိမ်ဖန်များစွာ ကြားသိရပါတယ်။
CHUPDF နှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုနှင့် ထောက်ပံ့အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများ၊ တပ်ဖွဲ့ဝင်ငွေတိုးလုပ်ငန်းများမှရရှိလာသော ငွေကြေးများဖြင့်သာ ရပ်တည်လျှက်ရှိပြီး လမ်းပေါ်တက်၍ ပိုက်ဆံကောက်ခြင်း လုံးဝ (လုံးဝ) ပြုလုပ်ခြင်း မရှိပါကြောင်း ကြေညာအပ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း လမ်းပေါ်တက်၍ ပိုက်ဆံတောင်းရာတွင် မိမိတို့အဖွဲ့အစည်း၏ အမည်အစစ်အမှန်များကိုသာ တိတိကျကျရဲရဲဝံ့ဝံ့အသုံးပြုကြပါရန်နှင့် CHUPDF အမည်ကို အလွဲသုံးစားမပြုကြရန် အသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံဆည်ပေါ်မှ ပြန်ထွက်လာသော ခလရ(၅၀)စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံး
ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံဆည်ပေါ်မှ ပြန်ထွက်လာသော ခလရ(၅၀)စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ရေးသတင်းကို PDF-GANGAW- တောင်ပိုင်းကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ၂၄ရက်ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာတမံဆည်ပေါ်မှ ပြန်ထွက်လာသော အင်အား(၈၉)ယောက်ပါ ခလရ(၅၀)စစ်ကြောင်းအား မင်းရွာကျေးရွာ၏တောင်ဘက်အရောက်(2:15PM) မှ (2:40PM) အချိန်ထိPDFပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၄) ဦးသေဆုံးပြီး (၅) ဦးခန့်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။
ကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ယခုအခါအဆိုပါစစ်ကြောင်းသည် မင်းရွာ ရွာထဲ၌ပြည်သူပိုင်ပစ္စည်းများခိုးနေကြကြောင်းသိရပါတယ်။ ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ဂန့်ဂေါ-မင်းရွာလမ်းပိုင်းအားအသုံးပြုသွားလာခြင်း မပြုကြသေးပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၆။ ချောင်းဦးမြို့ပေါ် ဂျုံတက်ရောင်းနေတဲ့ရွာသားများကို PDF ဂျုံများဖြစ်သည်ဟုဆိုကာစကစရဲများက ဂျုံရောင်းရငွေများသိမ်း၍ လူများကိုပါ အကြမ်းဖက် ဖမ်းဆီး
ဖေဖော်ဝါရီ ၁၆ ရက် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာ၌ နေထိုင်သော ကိုကျောက်ခဲ၊ ကိုမြတ်ဖြိုးရွှေ၊ ကိုအာနိုး၊ ကိုလှတိုးနှင့် ကိုကျော်ဇင်ထွန်းတို့သည် ဂျုံများကို ချောင်းဦးမြို့ပေါ်ရှိ နဂါးနီပွဲရုံ၌ ရောင်းချနေစဉ် ချောင်းဦးရဲစခန်းမှ ရဲများ ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပိုင်ဆိုင်သော ဂျုံများဟု စွပ်စွဲကာ ၎င်းတို့အား ဖမ်းဆီးခဲ့ပါတယ်။
ထို့ပြင် ဂျုံရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော်နှင့် ထော်လာဂျီ နှစ်စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၆၀၀၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP ကသိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment