7th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ (၇၆) နှစ်မြောက်သျှမ်းအမျိုးသားများနေ့တွင်စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွတည်ဆောက်နိုင်ပါစေကြောင်း NUG နိူင်ငံခြားရေးဝန်ကြီးဆုမွန်ကောင်းတောင်း 

📌 ၃။ နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

📌 ၄။ နွေဦးတော်လှန်ရေးကို လူထု၊လူတန်းစား ပေါင်းစုံပါဝင်နိူင်လောက်တဲ့ အစီအမံများ စီစဥ်ထားပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင် အသိပေး

📌 ၅။ အကြမ်းဖက်စစ်တပ်ကိုကမ္ဘာကအာရုံစိုက်ပြီး အရေးယူဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၆။ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် အမေရိကန်သမ္မတဘိုင်ဒင်ထုတ်ပြန်ထားတဲ့ "အထူးအမိန့်အမှတ် ၁၄၀၁၄" ကို သက်တမ်းတစ်နှစ်ထပ်တိုး၊ ဖေဖော်ဝါရီ၁၀ရက်စတင်အသက်ဝင်မယ်

📌 ၇။ မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့အတုကသတင်းအတုများဖန်တီးကြောင်း တော်လှန်ရေးအင်အားစုများအတည်ပြု

📌 ၈။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွက် သိန်း ၄၀ ကျော် အရေးပေါ်လိုအပ်နေသော ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ ရက် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ () ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲချိတ်ဆက်မယ့်အကြောင်း ထုတ်ပြန်ခဲ့ပြီး တဆက်တည်းမှာပဲ မွန်ပြည်သစ်ပါတီမှ (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုလျက် တိုင်းပြည်ရဲ့ အနာဂတ် ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ကို မိမိတို့အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက် ရှိပါတယ်။ အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပါတယ်။ စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ ကျွန်တော်တို့အကြား တည်ဆောက်ဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး/ ဒုဝန်ကြီးများအနေနဲ့လည်း တိုင်းရင်းသားအရေး မဟာမိတ်ချိတ်ဆက်မှုအပိုင်းကို ဦးစားပေးလျက် အမြဲချိတ်ဆက်ဆောင်ရွက်ကြဖို့ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ (၇၆) နှစ်မြောက်သျှမ်းအမျိုးသားများနေ့တွင်စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွတည်ဆောက်နိုင်ပါစေကြောင်း NUG နိူင်ငံခြားရေးဝန်ကြီးဆုမွန်ကောင်းတောင်း 


ဖေဖော်ဝါရီ


ဖေဖော်ဝါရီ ရက်နေ့မှာကျရောက်သော(၇၆) နှစ်မြောက်သျှမ်းအမျိုးသားများနေ့ကို NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအခုလိုဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ 


"ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက်သျှမ်းအမျိုးသားများနေ့တွင် သျှမ်းတိုင်းရင်းသာညီအကိုမောင်နှမများ ငြိမ်းချမ်းသာယာရှိကြပါစေ။ ရင်ဆိုင်နေရသော အခက်အခဲများကိုလည်း အတူတကွ အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ပြီး စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုကိုလည်းအတူတကွတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဖော်ပြပါတယ်။


စစ်တပ်အာဏာလုယူပြီးနောက် ရှမ်းပြည်နယ်အတွင်း ဒေသ မတည်မငြိမ်ဖြစ်ကာ ဒေသခံပြည်သူလူထုအများစု အခက်အခဲ အကြပ်အတည်းများနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီ၇ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကအသိပေးဖော်ပြချက်အရ နိုင်ငံခြားရေးဝန်ကြီး‌ဒေါ်ဇင်မာအောင်နှင့် ယူကေနိုင်ငံခြား‌ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ဖေဖော်ဝါရီလ () ရက်နေ့ ယူကေစံတော်ချိန် ညနေ (:၃၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ဖော်ပြပါတယ်။


ယူကေနိုင်ငံခြားရေးဝန်ကြီးရုံး၌တွေ့ဆုံခဲ့ကြသည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာပြည်အရေးနှင့် စပ်လျဥ်း၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများရပ်တန့်နိုင်ရန် ဆောင်ရွက်နိုင်ရေး၊ လူနည်းစုလူမျိုးများအရေးနှင့် အခြားသော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးခဲ့ကြပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးကို လူထု၊လူတန်းစား ပေါင်းစုံပါဝင်နိူင်လောက်တဲ့ အစီအမံများ စီစဥ်ထားပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင် အသိပေး


ဖေဖော်ဝါရီလအတွင်းအခမ်းအနားတစ်ခုမှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကအခုလိုအသိပေးဆိုခဲ့ပါတယ်။


"တခြားဘဏ္ဍာရန်ပုံငွေ ရှာဖွေရေးများအပြင် ပြည်သူလူထုကိုယ်တိုင် ဒီတော်လှန်ရေးထဲကို လူထု၊လူတန်းစား ပေါင်းစုံပါဝင်နိူင်လောက်တဲ့ အစီအမံများကိုလည်း ကျနော်တို့စီစဥ်ဆောင်ရွက်ထားရှိပါတယ်။အဲဒီအစီအစဥ် အားလုံးကို မိမိတို့လက်လှမ်းမီတဲ့ဘက်ကပေါ့လေ။တတ်နိူင်စွမ်းလေယက်တဲ့ အပိုင်းမှာ အားလုံးကနေ ပူးပေါင်းပါဝင်ပေးဖို့ပါ"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ နွေဦးစံရိပ်မွန် အိမ်ရာတွေထဲမှာ(နွေဦးစံရိပ်မွန် - ) မင်္ဂလာဒုံနေရာကို တော်လှန်ပြည်သူတွေ စိတ်ဝင်စားမှုအများဆုံးဖြစ်နေတယ်လို့သတင်းရရှိပါတယ်။


"နွေဦးစံရိပ်မွန် အိမ်ရာတွေထဲမှာ တော်လှန်ပြည်သူတွေ စိတ်ဝင်စားမှုအများဆုံးကတော့. မင်္ဂလာဒုံပါ။Yangon International Airport နဲ့လည်းနီး၊ ဘတ်စ်ကားတစ်မှတ်တိုင်စာလောက် လမ်းလျောက်လိုက်ရင်လည်း ပြည်လမ်းမကြီးပေါ်ရောက်တော့ သွားရေးလာရေးက အရမ်းအဆင်ပြေပါတယ်။တည်နေရာကိုကြည့်လိုက်ရင် မြို့တော်ဂေါက်ကွင်းဘေး ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာဖြစ်နေတယ်။ ဆောင်းတွင်းမှာ စိမ့်စိမ့်လေးအေး၊ နွေမှာ အပူသက်သာပြီး၊ မိုးတွင်းမှာ ဘောလုံးသမားအကြိုက် ရာသီဥတုမျိုး ခံစားရမယ့် ပတ်ဝန်းကျင်လို့ ပြောလို့ရပါမယ်"လို့ဆိုပါတယ်။


နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်း အိမ်ရာများကိုတောင်ဒဂုံ၊ မဂ်လာဒုံ၊ လှိုင်သာယာမြို့နယ်များရှိ စစ်တပ်ပိုင်မြေနေရာများမှာ တိုက်ခန်းပေါင်း၃၀၀၀ နီးပါး ပါဝင်တည်ဆောက်ရန် ရည်ရွယ်ထားပြီး ရောင်းချရန် ကြိုတင်အမှာစာများကောက်ယူရာတွင်စာရင်းပေးသွင်းသူ ၃၆၀၀ နီးပါးရှိနေ၍ အခန်းများ ထပ်မံတိုးချဲ့ရောင်းချပေးမယ်လို့လည်းသိရပါတယ်။ နွေဦးစံရိပ်မွန် တန်ဖိုးသင့်တိုက်ခန်းများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တရားဝင်ရောင်းချမည်ဖြစ်ပြီး EODရဲ့အရောင်းကိုယ်စားလှယ်များထံ ကြိုတင်မှာယူစာရင်းပေးသွင်းနိူင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်ကိုကမ္ဘာကအာရုံစိုက်ပြီး အရေးယူဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုဆိုခဲ့ပါတယ်။


"မြန်မာနိုင်ငံရဲ့ အခြေအနေကအကြမ်းဖက်စစ်တပ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတွေကို ရန်သူသဖွယ်သတ်မှတ်ပြီးတော့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဖြစ်တာပါ။ ဒါကိုကမ္ဘာကအာရုံစိုက်ပြီး အရေးယူဆောင်ရွက်ဖို့ အရေးတကြီးလိုနေပါပြီ။  စိတ်မကောင်းစရာက ကမ္ဘာကအာရုံစိုက်ပြီးလုပ်ဆောင်လာဖို့အတွက် ပြည်သူတွေ အသတ်ခံနေရတယ်။ ရွာတွေမီးရှို့ဖျက်ဆီး ခံနေရတယ်။ ဒုက္ခသည်တွေ ထောင်၊ သောင်း၊ သိန်းချီပြီးတော့ ထွက်ပြေးနေရတဲ့အခြေအနေရောက်နေတာပါဘဲ"လို့ ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်း နှစ်ထောင် ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် အမေရိကန်သမ္မတဘိုင်ဒင်ထုတ်ပြန်ထားတဲ့ "အထူးအမိန့်အမှတ် ၁၄၀၁၄" ကို သက်တမ်းတစ်နှစ်ထပ်တိုး၊ ဖေဖော်ဝါရီ၁၀ရက်စတင်အသက်ဝင်မယ်


မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် သမ္မတဘိုင်ဒင်ဟာ International Emergency Economic Powers Act (50 U.S.C. 1701-1706) ဆိုတဲ့ဥပဒေလုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၁ မှာ "အထူးအမိန့်အမှတ် ၁၄၀၁၄" ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ 


ထို့ကြောင့် ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၁ မှာထုတ်ပြန်ခဲ့တဲ့အမျိုးသားအရေးပေါ်အခြေအနေ ကို နောက်ထပ် နှစ် သက်တမ်းတိုးလိုက်ပြီး ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၃ မှစတင်အသက်ဝင်မှာဖြစ်ပါတယ်။ 


ပြည်သူတွေရွေးကောက်တင်‌မြောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနှင့် သတင်းသမားတွေကို တရားမျှတမှုမရှိဘဲ ဆက်လက်ဖမ်းဆီး ထိမ်းသိမ်းနေတာတွေကြောင့် "အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြာရေးမူဝါဒ" ကိုထိခိုက်စေတယ်ဆိုပြီးတော့ အဆိုပါအထူးအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၇။ မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့အတုကသတင်းအတုများဖန်တီးကြောင်း တော်လှန်ရေးအင်အားစုများအတည်ပြု


မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့အတုကသတင်းအတုများဖန်တီးကြောင်း ဖေဖော်ဝါရီ၆ရက်နေ့မှာ အစည်းအဝေးကျင်းပတဲ့တော်လှန်ရေးအင်အားစုအချို့ကဆိုပါတယ်။


"ပုံတွေရော၊ ဇာတ်လမ်းတွေရော အကုန်အတုတွေဖန်တီးထားတာ။ဒါကိုသတင်းဌာနတွေက ယုံပြီးဖော်ပြလိုက်တာပေါ့။ ကျနော်တို့ကစောင့်ကြည့်နေတာ သူက Face Book Pag ဖွင့်ထားတာသိပ်မကြာသေးဘူး။ အားလုံးတိုက်ဆိုင်စစ်ဆေးတော့ အတုဖြစ်နေတာပါ။ ဖြစ်စဥ်တွေတကယ်မရှိပါဘူး"လို့ ဆိုပါတယ်။


ဖေဖော်ဝါရီ လအတွင်း ဆားတောင်မြို့စစ်ရေးဆောင်ရွက်ချက်ဟုဆိုကာ မြေအောက်လျှပ်စီး ပြောက်ကျားအဖွဲ့အတုမှ သတင်းတုများထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၈။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွက် သိန်း ၄၀ ကျော် အရေးပေါ်လိုအပ်နေသော ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့


ဖေဖော်ဝါရီ ရက်


ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွက် သိန်း၄၀ ကျော် အရေးပေါ်လိုအပ်နေသော ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့  ဖေဖော်ဝါရီ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန Humanitarian Corridor Project သို့ ထည့်ဝင်လှူဒါန်းထားသော ပြည်သူများ ပံ့ပိုးမှုဖြင့်  ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွက် စုစုပေါင်းတန်ဖိုး ,၁၅၃,၃၃၅ (လေးဆယ့်တစ်သိန်းငါးသောင်းသုံးထောင်သုံးရာသုံးဆယ့်ငါးကျပ်) တန်ဖိုးရှိ အရေးပေါ်လိုအပ်နေသော ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ သောင်းကျန်းရက်စက်မှုများကြောင့် ချင်းပြည်နယ်ရှိ ဒေသခံ ပြည်သူလူထုဟာ နေရပ်များကိုစွန့်ခွာ၍ စစ်ရှောင်နေထိုင်နေကြရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment