၂၀၂၃ မတ်လ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG command အောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှာကြား
📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူလူထုထံ NUCC အသိပေးဖော်ပြ
📌 ၃။ တရားရေးဝန်ကြီးဌာန မှ တာဝန်ယူ ဆောင်ရွက်မည့် အကျဥ်းဦးစီးဌာန ရှိလာမယ်လို့ NUG တရားရေးဝန်ကြီးအသိပေးဆို
📌 ၄။ ရွှေဘိုမြို့ ထောက်ပို့တပ်မှ ထွက်လာတဲ့စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြေလျင်စစ်ကြောင်းမှာဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခံရ
📌 ၅။ ရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာကို စကစတပ်များ ဝင်ရောက်စစ်ကြောင်းထိုးပြီး ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးထားပြီး၊အချို့လည်း ပစ်ခတ်ခံထားရ
📌 ၆။ အမေရိကန် တက္ကဆက်ပြည်နယ်မှာပြသတဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲနှင့် Food Fair Fundraiserမှ အမေရိကန်ဒေါ်လာ ၆၀၀၀ ကျော်ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG command အောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှာကြား
မတ်လ ၁၉ ရက်
စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့လိုအပ်ကြောင်း မတ်လအတွင်းကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အလေးအနက်မှာကြားခဲ့ပါတယ်။
"ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ယူထားကြတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ၊ localအဖွဲ့တွေနဲ့ ပကဖတွေအားလုံး command တစ်ခုတည်းအောက်မှာ စုစည်းလုပ်ဆောင်ကြ ဖို့၊ NUG command အောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့နဲ့ ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်အောင် ပံ့ပိုးပေးဖို့ စတာတွေအတွက် ပိုမိုအားထုတ် ညှိနှိုင်းလုပ်ဆောင်ကြဖို့ ထပ်မံမှာကြားလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် မြေပြင်က တင်ပြလာတဲ့ပြဿနာ ကိစ္စရပ်တွေကိုလည်း စောလျင်စွာ ဖြေရှင်းပေးဖို့ လိုအပ်ပြီး တိုင်ကြားနိုင်မယ့်နည်းလမ်း၊ ဖြေရှင်းပြီးစီး မှုအခြေအနေတွေကို စောင့်ကြည့်ခြင်း၊ ကိစ္စအမျိုးအစားအလိုက် အပြီးဖြေရှင်းရမယ့် အချိန်သတ်မှတ် ခြင်းစတဲ့ လုပ်ငန်းစဉ်တွေ ဝန်ကြီးဌာနအတွင်း စနစ်တကျ ထားရှိလုပ်ဆောင်ရမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူလူထုထံ NUCC အသိပေးဖော်ပြ
မတ်လ ၁၉ ရက်
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူလူထုထံ NUCC အသိပေးဖော်ပြလိုက်ပါတယ်။ မတ်လ ၁၉ ရက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက လူမှုကွန်ရက်စာမျက်နှာမှာ ချပြခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် အစိတ်အပိုင်းနှစ်ရပ်ပါဝင်ပြီး အစိတ်အပိုင်း (၁) “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” နှင့် အစိတ်အပိုင်း (၂) “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ” တို့ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထို့နောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြန်လည်သုံးသပ်ခဲ့ကြကာ ပြန်လည်ပြင်ဆင်ထားတဲ့ ပဋိညာဉ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံမှာ အတည်ပြုခဲ့ကြပါတယ်လို့ဆိုပါတယ်။ လတ်တလောတွင်ပြည်သူများ သိရှိစေရန် NUCC ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဒေါင်းလုဒ် ရယူ၍ ဖတ်ရှုလေ့လာနိူင်မှာဖြစ်ပါတယ်။
========================
📌📌 ၃။ တရားရေးဝန်ကြီးဌာန မှ တာဝန်ယူ ဆောင်ရွက်မည့် အကျဥ်းဦးစီးဌာန ရှိလာမယ်လို့ NUG တရားရေးဝန်ကြီးအသိပေးဆို
မတ်လ ၁၉ ရက်
မတ်လ ၁၈ ရက်ကျင်းပတဲ့ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးမှာ တရားရေးဝန်ကြီး ဦးသိန်းဦးက အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးကာလ ၂ နှစ်နီးပါး ရှိလာသောအချိန်တွင် တရားစီရင်ရေးမဏ္ဍိုင်အား လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ကြိုးစားသည့်အခါ ဥပဒေတာဝန်ခံများ၊ တရားသူကြီးများကို ခန့်အပ်နိုင်ခဲ့ပြီး မြို့နယ် ၂၅ မြို့နယ်တွင် တရားစီရင်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်သည့် အနေအထား ဖြစ်လာပြီဖြစ်ကြောင်း၊နောက်ပိုင်းတွင် တရားရေးဝန်ကြီးဌာန မှ တာဝန်ယူ ဆောင်ရွက်မည့် အကျဥ်းဦးစီးဌာနလည်း ရှိလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ဖြစ်စေရန်အတွက် တရားရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် ဌာန ၃ ခုမှာ စနစ်တကျနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သော ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း မှ မြို့နယ်ဥပဒေတာဝန်ခံများအား မိတ်ဆက်စကား ပြောကြားခြင်း၊ ထို့နောက် ဥပဒေတာဝန်ခံများ၏ ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေဆွေးနွေးခြင်း၊ အစည်း အဝေးဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ရွှေဘိုမြို့ ထောက်ပို့တပ်မှ ထွက်လာတဲ့စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြေလျင်စစ်ကြောင်းမှာဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခံရ
မတ်လ ၁၉
"မတ်လ၁၈ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ် ခန့် တွင် ရွှေဘိုမြို့ ထောက်ပို့ တပ်မှ ထွက် လာတဲ့ ၆ ဘီး ကား ၂ စီး ကို ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း တစ်နေရာတွင် Who am i-Army ၊ Black Wolf-Army နှင့် ရွှေဘိုမြို့နယ် တိုက်နယ် ၄ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်များ မှ မိုင်း အလုံးအရေ (၂၆)လုံး အသုံးပြု၍ မိုင်းဆွဲတိုက်ခဲ့တယ်"လို့သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှု့ကြောင့် ခြောက်ဘီး ကား ၂ စီး ဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးနိုင်ခြေ ရှိနိုင်ပြီး လမ်းတစ်လျှောက်လုံး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် သွားခဲ့ပါတယ်။ အလားတူရွှေဘိုမြို့ ထောက်ပို့ တပ် မှ ကျောက်မြောင်းမြို့ဘက်သို့ ခြောက်ဘီးကားများ ထွက်ဖို့အတွက် ကင်းပုန်း လာဝပ် သော စကစ အင်အား ၄၀ ဦးခန့် အား ဒရုန်း ဖြင့် တိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။
မနက် ၆ နာရီ အချိန် ရွှေဘိုမြို့ မှ ထွက်၍ ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာ အထိ ကင်းပုန်းလာဝပ်သော စကစ အင်အား ၄၀ ဦးခန့် ကို ဒရုန်းဖြင့် လက်လုပ် အီနာဂါ ဗုံးသီး ၂ လုံး ချ တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှု့ကို Who am i-Army နှင့် Black Wolf-Army ပူပေါင်းတပ်ဖွဲ့ဝင်များ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာကို စကစတပ်များ ဝင်ရောက်စစ်ကြောင်းထိုးပြီး ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးထားပြီး၊အချို့လည်း ပစ်ခတ်ခံထားရ
မတ်လ ၁၉
မကွေးတိုင်း ရေစကြိုမြို့နယ် မီးလောင်ကျွန်းရွာကို စကစတပ်များ ဝင်ရောက်စစ်ကြောင်းထိုးပြီး ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးထားပြီး၊အချို့လည်း ပစ်ခတ်ခံထားရတယ်လို့ မတ်လ၁၉ရက်မှာ စကစတပ်များအခြေအနေကို ဘီလုံးပြောက်ကျားတပ်ကဆိုထားပါတယ်။
"မီးလောင်ကျွန်းမှစကစတပ်များသည် ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးထားပြီး၊ ပြည်သူအချို့လည်း ပစ်ခတ်ခံထားရတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။ အဆိုပါစကစတပ်များဟာ ငရံ့အိုမှခွေးများ မီးလောင်ကျွန်းရွာသစ်သို့စစ်ကြောင်းထိုးရောက်နေခြင်းဖြစ်ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
📌📌 ၆။ အမေရိကန် တက္ကဆက်ပြည်နယ်မှာပြသတဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲနှင့် Food Fair Fundraiserမှ အမေရိကန်ဒေါ်လာ ၆၀၀၀ ကျော်ရရှိခဲ့
မတ်လ ၁၉ ရက်
အမေရိကန် တက္ကဆက်ပြည်နယ်မှာပြသတဲ့ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲနှင့် Food Fair Fundraiserမှ အမေရိကန်ဒေါ်လာ ၆၀၀၀ ကျော်ရရှိခဲ့ပါတယ်။ မတ်လ ၁၉ ရက်မှာ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲနှင့် Food Fair Fundraiserမှ ရရှိငွေများနှင့်ပတ်သက်ပြီး ပွဲစီစဉ်သူအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုဇာနည်ဝင်းက ယခုလိုရှင်းလင်းပြောကြားထားပါတယ်။
((((( ကိုဇာနည်ဝင်း - ပွဲစီစဉ်သူအဖွဲ့ဝင်တစ်ဦး)))))
ရောင်နီလာရာလမ်းရုပ်ရှင်ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ကူညီကြသော ကိုပေါက်ရုပ်ရှင်ကော်မတီအဖွဲ့ဝင်များ၊ ရုပ်ရှင်ပြရန် နေရာ sponsor ပေးသော Bethel Baptist Church, Texas မှ pastor Rev. M. Khen Sang, Rev. Za Thawng Cin, Tial Hlei Mang နှင့် ဘာသာသူများ၊ Food Fair Fundraiser ဖြစ်မြောက်အောင် အစားအစာများကို ဖန်တီးပေးသော စားဖိုမှုးများနှင့် volunteers များကိုလည်းကျေးဇူးတင်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment