2nd MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထု၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများကို အလဟသတ်မဖြစ်စေရေးနဲ့ တော်လှန်ရေးအောင်မြင်စေရေး တို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မမှိတ်မသုန် ကြိုးစားဆောင်ရွက်နေတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ၂၀၂၃ ခုနှစ်ဟာ ဖက်ဆစ် စစ်မိစ္ဆာ နိဂုံးအဆုံးသတ်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြော

📌 ၃။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား  မတ် () ရက် နေ့မှစ၍ ဆောင်ရွက် ပေးသွားမယ်

📌 ၄။ စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ပစ်ခတ်မီးရှို့မှုများ လုပ်ဆောင်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၅။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို  အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုက ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေး

📌 ၆။ NUG အစိုးရအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီနှင့် ထိုင်းနိုင်ငံအတွင်းအလုပ်သမားအရေး ဆွေးနွေး

📌 ၇။ မကွေးတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ်များရှိရာ ဘုရားစေတီ၊ ပုထိုးနဲ့ ဘာသာရေးအဆောက်အဦ စတဲ့ ဒေသ ၂၉ ခုမှာစစ်ရေးဆိုင်ရာများမပြုလုပ်ဖို့ အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟို အဖွဲ့သတိပေးထုတ်ပြန်

📌 ၈။  စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ PDFတပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေအဖွဲ့များ LDF များအတွက် လက်နက်ခဲယမ်းများကို အမြန်ဆုံး တပ်ဆင်ပေးရန်အဆိုကို စစ်ကိုင်းတိုင်းလွှတ်တော်တင်

📌 ၉။ ဒါရိုက်တာ ကိုပေါက်ရဲ့ရင်တွင်းဖြစ်ရောင်နီလာရာလမ်းရုပ်ရှင်ကို မတ်လ၁၁ရက်နေ့ သြစတြေးလျမှာ ပြသမယ်

📌 ၁၀။ ယင်းမာပင်မြို့နယ် ကုန်းရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထု၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများကို အလဟသတ်မဖြစ်စေရေးနဲ့ တော်လှန်ရေးအောင်မြင်စေရေး တို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မမှိတ်မသုန် ကြိုးစားဆောင်ရွက်နေတယ်လို့ ယာယီသမ္မတပြောကြား


ပြည်သူလူထု၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများကို အလဟသတ်မဖြစ်စေရေးနဲ့ တော်လှန်ရေးအောင်မြင်စေရေးတို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မမှိတ်မသုန် ကြိုးစားဆောင်ရွက်နေတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ မတ်လ ရက်နေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တတိယအကြိမ် လွှတ်တော်အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ဆိုထားပါတယ်။


"၂၀၂၁ ခုနှစ် တွင် ပြည်သူလူထု၏ အာဏာအရပ်ရပ်ကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မသိမ်းပိုက်ရန် ကြိုးပမ်းပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းသည် အကြမ်းဖက်စစ်အုပ်စု၏ မျိုးစုံသော အနိုင်ကျင့်တိုက်ခိုက် ဖျက်ဆီးမှုများကို အများဆုံးထိခိုက်ခံစားခဲ့ရသည့် ဒေသ ဖြစ်ခဲ့ရပြီး စစ်ကိုင်းတွင်းရှိ ပြည်သူ လူထုအနေဖြင့် အသက်၊သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်များကို ပေးဆပ်ခဲ့ရသလို ပျက်စီးဆုံးရှုံးမှုအများဆုံးခံရတဲ့ ဒေသလည်း ဖြစ်ခဲ့ရပါတယ်။ ထိုကဲ့သို့ ပြည်သူလူထု၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများကို အလဟသတ်မဖြစ်စေရေးနဲ့ တော်လှန်ရေး အောင်မြင်စေရေးတို့အတွက် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း မမှိတ်မသုန် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်"လို့ ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၂။ ၂၀၂၃ ခုနှစ်ဟာ ဖက်ဆစ် စစ်မိစ္ဆာ နိဂုံးအဆုံးသတ်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် ပြော


၂၀၂၃ ခုနှစ်ဟာ ဖက်ဆစ် စစ်မိစ္ဆာ နိဂုံးအဆုံးသတ်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ မတ်လ ရက်နေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။


"ယခု ၂၀၂၃ ခုနှစ်ဟာ ဖက်ဆစ် စစ်မိစ္ဆာ နိဂုံးအဆုံးသတ်ရေးအတွက် မိမိတို့ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးလည်း မိမိတို့ မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ စုစည်းမှုအင်အားကို အခြေပြုကာ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းရင်း နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ ဆက်လက်ချီတက်ကြပါစို့"လို့ဆိုပါတယ်။


ဒါ့အပြင် စစ်ကိုင်းတိုင်းဟာ နွေဦး တော်လှန်ရေးမှာ စံနမူနာယူကြရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သလို တော်လှန်ရေးရဲ့တပ်ဦးကနေ ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ကဆိုပါတယ်။


========================


📌📌 ၃။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား  မတ် () ရက် နေ့မှစ၍ ဆောင်ရွက် ပေးသွားမယ်


အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွား သည့် သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား  မတ် () ရက် နေ့မှစ၍ ဆောင်ရွက် ပေးသွားမယ်လို့သိရပါတယ်။ မတ်လ ရက်နေ့မှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကအသိပေးထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ()ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်မှ  နိုင်ငံတော်အာဏာအား အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအသီးသီး၌ အလုံးစုံ ယိုယွင်းပျက်စီးလျက်ရှိကြောင်း ပြည်သူလူထုအများ သိရှိကြပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံသား ပြည်သူလူထုများ ရင်ဆိုင်နေရသော စီးပွားပျက် ကပ်များ၊ လူနေမှုဘဝ မလုံခြုံမှုများ၊ ဘေးဒုက္ခများမှ လျော့ပါးသက်သာနိုင်ရေး အတွက် အဘက်ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက် ရှိတယ်လို့ဖော်ပြပါတယ်။


ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွား သည့်သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား ၂၀၂၃ ခုနှစ် မတ် () ရက် နေ့မှစ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများသိရှိ၊ လျှောက်ထား ဆောင်ရွက်နိုင်ရေး ဤကြေညာချက်အား အသိပေး ထုတ်ပြန်ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။


သို့ဖြစ်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ သား/သမီးများအတွက် မွေးစာရင်းလက်မှတ် လျှောက်ထားထုတ်ယူနိုင်ရေးအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ website လိပ်စာ  နှင့် Immigration Department of MoHAI-NUG Facebook page တို့သို့ ဆက်သွယ်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ပစ်ခတ်မီးရှို့မှုများ လုပ်ဆောင်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ပစ်ခတ်မီးရှို့မှုများ လုပ်ဆောင်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


မတ်လ ရက်နေ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးကဆိုပါတယ်။


"စိုးမိုးထိန်းချုပ်နယ်မြေများ၌ မြေပြင်တွင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတပတ်အတွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ အသက်ပေးခဲ့ရသည့် CDM သူနာပြုများရှိပါကြောင်း၊ စစ်ကောင်စီသည် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကို ပစ်ခတ်မီးရှို့ပစ်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်မှ အသက်ပေး၍ ဆောင်ရွက်နေကြသူများရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်း၍ အကောင်းဆုံးဖြစ်ရန် လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ မြေပြင်မှာ တိုက်ပွဲဝင်နေသူများအားလုံးကို အမြဲ ဦးစားပေး လေးစားပါကြောင်း၊ မြေပြင်မှ ဆောင်ရွက်ချက်များကို အရေးတကြီး ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း"ဝန်ကြီးက ဆိုပါတယ်။


ဆက်လက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့မှ  ဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊  မူဝါဒနှင့်ထုတ်ပြန် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန် အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို  အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုက ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို  အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုက ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်ကမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို  အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တခုဖြစ်သော Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD  Graduate ကျောင်းသားများ Master Degree ကျောင်းသားများမှအထူးဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


ဆွေးနွေးပွဲတွင် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့်အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိကဆွေးနွေးခဲ့ကြပါတယ်။ ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းစီးနှိပ်စက်ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှုများ၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှု စသည်တို့ကို မေးခွန်းများ အပြန်အလှန်မေးမြန်းကာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ပါဝင်တက်ရောက်ခဲ့ကြသူများသည် Master Degree တန်းနှင် PhD Graduate ကျောင်းသားကျောင်းသူများဖြစ်ကြပြီး USA,Bangladesh, China, Egypt, Ethiopia, France, India, Israel, Kuwait, Nigeria, and Pakistan နိုင်ငံတို့မှ ဖြစ်ပါတယ်။


========================

 

📌📌 ၆။ NUG အစိုးရအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီနှင့် ထိုင်းနိုင်ငံအတွင်းအလုပ်သမားအရေး ဆွေးနွေး


NUG အစိုးရအလုပ်သမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီနှင့် ထိုင်းနိုင်ငံအတွင်းအလုပ်သမားအရေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ မတ်လ ရက်နေ့မှာ ကိုရဲမင်း AAC အသိပေးဆိုထားပါတယ်။


"NUG အစိုးရအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီနှင့် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားရေးဖြေရှင်းပေးသော အဖွဲ့အစည်းများရှေ့ဆက်မည့်လုပ်ငန်းစဥ် ဆိုင်ရာ တွေ့ဆုံဆွေး​​​​​နွေးပွဲ ပုံရိပ်များဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


မြန်မာအေဂျင်စီ JMK ကုမ္ပဏီ နှင့် ထိုင်းနိုင်ငံအေဂျင်စီ Project Managing Engineering Corp.,Ltd တို့မှစေလွှတ်လိုက်သည့် MOU အလုပ်သမား ၁၀ဦးအတွက် လုပ်အားခများနှင့် အလုပ်ပြောင်းရွှေ့ခွင့်စာ (ကျန်အော့)ရရှိအောင်NUG အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် လပိုင်း ၃၀ ရက်နေ့တွင်ကူညီဆောင်ရွက်ပေးနိူင်ခဲ့ပါတယ်။


========================


📌📌 ၇။ မကွေးတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ်များရှိရာ ဘုရားစေတီ၊ ပုထိုးနဲ့ ဘာသာရေးအဆောက်အဦ စတဲ့ ဒေသ ၂၉ ခုမှာစစ်ရေးဆိုင်ရာများမပြုလုပ်ဖို့ အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟို အဖွဲ့သတိပေးထုတ်ပြန်


မကွေးတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ်များရှိရာ ဘုရားစေတီ၊ ပုထိုးနဲ့ ဘာသာရေးအဆောက်အဦ စတဲ့ ဒေသ ၂၉ ခုမှာစစ်ရေးဆိုင်ရာများ မပြုလုပ်ဖို့ အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟို အဖွဲ့သတိပေးထုတ်ပြန်လိုက်ပါတယ်။ မတ်လ ရက်နေ့မှာအမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုက အသိပေးဖော်ပြပါတယ်။


ထုတ်ပြန်ချက်အရ"အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့နဲ့ မကွေးတိုင်း၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားတဲ့ မူဝါဒတွေ၊ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ စံနှုန်း သတ်မှတ် ချက်တွေ၊ သဘာဝ အမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တေါနဲ့အညီ ဖော်ပြထားတဲ့ ဒေသ၊နေရာ၊ အဆောက်အအုံတွေ ကြားကာလအမွေအနှစ်တွေကို  ပထမ အသုတ် သတ်မှတ်လိုက်တယ်"လို့ဆိုထားပါတယ်။


တားမြစ်ချက်အရ ဒေသ ၂၉ ခုက အထင်ကရ သမိုင်းဝင်နေရာများဖြစ်တဲ့ မဏိရတနာစေတီ၊ မကွေးမြသလွန်၊ ဗလီကြီး ရွာသစ်၊ ဂျမေ့ ဗလီ မကွေး၊ မင်းလှခံတပ်၊ ဂွေ့ချောင်စခံတပ် စတဲ့နေရာများပါဝင်ပါတယ်။


တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉) ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ (၂၀၁၅) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄) တို့အပြင် နိုင်ငံတကာ ဆက်စပ်ဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟို အဖွဲ့ အသိပေးကြေညာထားပါတယ်။


========================


📌📌 ၈။  စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ PDFတပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေအဖွဲ့များ LDF များအတွက် လက်နက်ခဲယမ်းများကို အမြန်ဆုံး တပ်ဆင်ပေးရန်အဆိုကို စစ်ကိုင်းတိုင်းလွှတ်တော်တင်


စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ PDFတပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေအဖွဲ့များ LDF များအတွက် လက်နက်ခဲယမ်းများကို အမြန်ဆုံး တပ်ဆင်ပေးရန်အဆိုကို စစ်ကိုင်းတိုင်းလွှတ်တော်တင်ပြ ဆွေးနွေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးကို မတ်လ၁ရက်နေ့မှာ ကျင်းပခဲ့ပါ တယ်။


အဆိုပါလွှတ်တော်အစည်းအဝေးတွင် တော်လှန်ရေးအမြန်ဆုံး အောင်မြင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ PDFတပ်ရင်းများ ပြည်သူ့ကာကွယ်ရေအဖွဲ့များ LDFများအတွက် လက်နက်ခဲယမ်းများကို အမြန်ဆုံး တပ်ဆင်ပေးရန်အဆိုတို့ကို တိုင်းဒေသကြီး လွှတ်တော် မှတဆင့် အမျိုးသားညီညွှတ်ရေးအစိုးရ သို့ တိုက်တွန်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


အဆိုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၃ဦးမှ  လည်း ထပ်မံထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်တီ  ဥက္ကဌ ဦးမြင့်ထွေးက နာယကအဖြစ် ဦးဆောင်ကျင်းပကာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များအနေဖြင့် ဖိတ်ကြားထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားပြုကော်မတီ မှ တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ သပိတ်အင်အားစုများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၉။ ဒါရိုက်တာ ကိုပေါက်ရဲ့ရင်တွင်းဖြစ်ရောင်နီလာရာလမ်းရုပ်ရှင်ကို မတ်လ၁၁ရက်နေ့ သြစတြေးလျမှာ ပြသမယ်


ဒါရိုက်တာ ကိုပေါက်ရဲ့ရင်တွင်းဖြစ်ရောင်နီလာရာလမ်းရုပ်ရှင်ကို မတ်လ၁၁ရက်နေ့ သြစတြေးလျမှာ ပြသမယ်လို့ သတင်းရရှိပါတယ်။ မတ်လ ရက်နေ့မှာ ရောင်နီလာရာလမ်း ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။


"Perth မှ အမျိုးတို့ရေဒါရိုက်တာ ကိုပေါက်ရဲ့ရင်တွင်းဖြစ်ရောင်နီလာရာလမ်း  (PG) ရုပ်ရှင်ကို 11 March 2023 ( Saturday)Canning Town Hall မှာပြပါမယ်" လို့ဆိုပါတယ်။


ရောင်နီလာရာလမ်းဇာတ်လမ်းရုပ်ရှင်ဟာ ဒါရိုက်တာကိုပေါက်၏ အာဏာမသိမ်းခင်အခြေအနေကနေ အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတစ်ယောက်ဘဝ ပြေးခဲ့ရပုန်းခဲ့ရသော ဝရမ်းပြေးဘဝ၊ ထို့နောက် တော်လှန်ရေးသမားဘဝ အစရှိသော ဘဝတွေမှာ ဖြတ်သန်းခဲ့ရသော အခြေအနေကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် ဇာတ်ကားလည်းဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ပြသရင်းရရှိတဲ့ ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် ပြန်လည် လှူဒါန်းထောက်ပို့ သွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ ယင်းမာပင်မြို့နယ် ကုန်းရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွား


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကုန်းရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ မတ်လ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"ယင်းမာပင်မြို့နယ် ကုန်းရွာကို ရန်သူစစ်ကောင်စီအုပ်စုက ယမန်နေ့ညပိုင်းနှင့် မတ်လ ရက်နေ့တွင် နှစ်ကြိမ် ခွဲ၍ ရွာလုံးကျွတ်နီးပါး မီးရှို့သွားခဲ့ပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ထိုသို့မီးရှို့ဖျက်ဆီးရာမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment