16th APL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "မြေပြင်မှာ အရေးမလှတိုင်း စစ်ကောင်စီဟာ  လေကြောင်းအားကိုးနဲ့ လက်စားချေလေ့ရှိပြီး တစ်လအတွင်းမှာ  လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့

📌 ၂။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ပဇီကြီးကျေးရွာဖြစ်စဥ်မှာ အိမ်ထောင်စု ၁၀၂စုကို စာရင်းကောက်ယူမှုအရ သေဆုံးသူ ၁၇၄ယောက်ရှိလာ

📌 ၃။ တနင်္သာရီမြို့နယ်၊ (၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ဆို

📌 ၄။ ဧရာဝတီတိုင်း ၊အင်္ဂပူမြို့ဗဟိုမဏ္ဍပ် သင်္ကြန်အကြတ်နေ့ ဗုံးကွဲ၍ စကစတပ်သားတစ်ဦးနဲ့ရဲနှစ်ဦး ဗုံးစများထိမှန်

📌 ၅။ သင်္ကြန် အကြတ်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (.က.) - လွိုင်ကော်၏ ဗဟိုကင်းနဲ့ လွိုင်ကော်က ဗဟိုမဏ္ဍပ်ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ Falcon Wingsဒရုန်းတပ်ဖွဲ့အသိပေး

📌 ၆။ ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီ တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာ

📌 ၇။ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စကစတပ်နဲ့ပျူများ GPSစံနစ်ပါ ၈၀မမ ဗုံးသီးဖြင့် ပစ်ခတ်ခံရ၍ ၁၂ဦးသေဆုံး

📌 ၈။ PDF-Khayan တပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားအိမ်ကို စကစတပ်က မီးရှို့

📌 ၉။ ထားဝယ်အကျဥ်းထောင်ထဲမှာ နိူင်ငံရေးအကျဥ်းသားတွေ နေ့စဥ် အကြမ်းဖက် ရိုက်နှက်ခံနေရပြီး နံပတ်တုတ် ကောက်တဲ့အထိ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "မြေပြင်မှာ အရေးမလှတိုင်း စစ်ကောင်စီဟာ  လေကြောင်းအားကိုးနဲ့ လက်စားချေလေ့ရှိပြီး တစ်လအတွင်းမှာ  လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့


"မြေပြင်မှာ အရေးမလှတိုင်း စစ်ကောင်စီဟာ  လေကြောင်းအားကိုးနဲ့ လက်စားချေလေ့ ရှိပြီး တစ်လအတွင်းမှာ  လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့တယ်လို့ “PDF ရဲဘော်များသို့ပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုခဲ့ပါတယ်။


"မြေပြင်မှာ အရေးမလှတိုင်း စစ်ကောင်စီဟာ သူ့ရဲ့ လေကြောင်းအားကိုးနဲ့ လက်စားချေလေ့ ရှိတယ်။ ဒီတစ်လအတွင်း လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့တာ တွေ့ရတယ်။ သို့သော် လေကြောင်း အန္တရာယ်ကို ကြံ့ကြံ့ခံပြီး ရန်သူ့စစ်ကြောင်းတွေ ရှေ့မတိုးနိုင်အောင် ကောင်းကောင်း ဟန့်တားနိုင်ခဲ့ကြတယ်။ မြေပြင်အင်အားချင်း မယှဥ်နိုင် စစ်ကိုစစ်နဲ့တူအောင် မတိုက်နိုင်တော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ သူရဲဘောကြောင်ရုံမက လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ တစ်နေ့ထက်တစ်နေ့တိုးပြီး ကျုးလွန်လာတာကိုလည်း တွေ့ရတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ သူရဲ့ သေရေးလက်ကျန်အင်အားကို စုပြီး မြေပြင်ထိုးစစ်တချို့ အား ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ကရင်ဒေသတွေမှာ အပြင်းအထန်လုပ်ဆောင်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ပဇီကြီးကျေးရွာဖြစ်စဥ်မှာ အိမ်ထောင်စု ၁၀၂စုကို စာရင်းကောက်ယူမှုအရ သေဆုံးသူ ၁၇၄ယောက်ရှိလာ


ပဇီကြီးကျေးရွာဖြစ်စဥ်မှာ အိမ်ထောင်စု ၁၀၂စုကို စာရင်းကောက်ယူမှုအရ သေဆုံးသူ ၁၇၄ယောက်ရှိလာတယ်လို့ ကန့်ဘလူ ဒေါင်းနီအဖွဲ့က ကိုကျော်ဝဏ္ဍကပြောပါတယ်။ ဧပြီ ၁၅ရက်ကျင်းပတဲ့ ပဇီကြီးရွာ ဖြစ်စဉ်နဲ့ ပက်သက်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်တဲ့ ကန့်ဘလူ ဒေါင်းနီအဖွဲ့က ကိုကျော်ဝဏ္ဍက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


"အခုအချိန်အထိ အိမ်ထောင်စု ၁၀၂စုကို ကျနော်တို့စာရင်းကောက်ယူမှုအရ သေဆုံးသူ ၁၇၄ယောက်ရှိပါပြီ။ ဒါက ပဇီကြီးကျေးရွာက ကျန်တဲ့ အိမ်ထောင်စုတွေကို မေးပြီး စာရင်းကောက်တာပေါ့။ သေဆုံးတဲ့အထဲ အနီးနားရွာက လူတွေလည်းပါပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ဧပြီ ၁၁ရက်နေ့ မနက်ပိုင်းမှာ ပဇီကြီးကျေးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ကနဦးဂျက်ဖိုက်တာက ပစ်ခတ်ခဲ့ပြီး နောက် Mi35ရဟတ်ယာဥ်က ထပ်မံပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။


"တကယ်တမ်းက ကျေးရွာရဲ့လူမှုစီးပွားဦးတည်ဖြေရှင်းတဲ့ အုပ်ချုပ်ရေးမှူးရုံးပေါ့။ အဲဒါကို အိမ်သစ်တက်ပွဲဆိုပြီး ဖိတ်စာမှာပါတယ်။ အဲဒီတော့ ရုံးခန်းဖွင့်ပွဲ၊ အိမ်သစ်တက်ပွဲပေါ့။ အဲဒါက အုပ်ချုပ်ရေးမှူးရုံးက အရင်ရွာထဲမှာပါ။ အခုကရွာပြင်မှာ လုပ်တာပေါ့။အလှူဆိုတော့ ရွာထဲက ကလေးလူကြီးအကုန်လာကြတာပေါ့"လို့ ဖြစ်စဥ်ကို ကိုကျော်ဝဏ္ဍကပြောပါတယ်။


ဒါ့အပြင် ကန့်ဘလူနယ်ပဇီကြီးကျေးရွာမှ စစ်ဘေးရှောင်နေရတဲ့လူဦးရေဟာ ၁၅၀ခန့်ရှိပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့ရှိနေတယ်လို့လည်းပြောပါတယ်။ 

ကျန်ခဲ့တဲ့မိသားစုတွေက မနက်မိုးလင်းတာနဲ့ ထကြပြီးတော့ ဒီအချိန်ဆို ငါ့သားလေး ငါ့သမီးလေးဆိုပြီး ပူဆွေးငိုကြွေးနေကြပါတယ်။ လတ်တလော စစ်ရှောင်နေရတာ အိမ်ထောင်စုတစ်ရာကျော် လူဦးရေ၁၅၀ရှိပါတယ်။ အကာအကွယ်နေရာတွေမှာ အဆင်ပြေသလို မိုးကာလေးတွေ ခင်းနေနေရပါတယ်"လို့ဆိုပါတယ်။


ဧပြီ၁၁ရက်နေ့ ကန့်ဘလူပဇီကြီး ကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်များသေဆုံးခဲ့ရပြီး အငယ်ဆုံးရင်ခွင်ပိုက်၆လအရွယ်နှင့် သုံးနှစ်အရွယ် ကလေးငယ်များလည်းပါဝင်တယ်လို့ ဆိုပါတယ်။


"ဖြစ်စဥ်မှာ PDF တွေသေဆုံးတယ်ဆိုတာမရှိပါဘူးဗျ။ နောက်ဆုံးပြီး အဲဒီနေရာမှာ ဗုံးရှိတယ်ဆိုတာလည်း ပေါက်ကရတွေ စကစဘက်က ဇော်မင်းထွန်းက ပါးစပ်ထဲရှိတာလျှောက်ပြောတာပါ။ ဘာဗုံးမှ မရှိပါဘူး"လို့ ကိုကျော်ဝဏ္ဍကထပ်မံပြောပါတယ်။


========================


📌📌 ၃။ တနင်္သာရီမြို့နယ်၊ (၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ဆို


တနင်္သာရီမြို့နယ်၊(၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ဧပြီ၁၅ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီတိုင်း က အသိပေးဖော်ပြပါတယ်။


"တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦးသည်  ယခုလ(၁၄)ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ လာရောက်ခိုလှုံ၍ CDM ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် တပ်သားနှင့်အတူ MA-3 မောင်းပြန် တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံး နှင့် ချပ်ဝတ်တန်ဆာအချို့ ပါဝင်ပြီး လက်နက်နှင့်အတူ ဝင်ရောက်ခိုလှုံလာသည့်အတွက် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်းသုံးဆယ် ပေးအပ်သွားမယ်လို့ဆိုပါတယ်။


CDM ရဲဘော်၏ ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။


========================


📌📌 ၄။ ဧရာဝတီတိုင်း ၊အင်္ဂပူမြို့ဗဟိုမဏ္ဍပ် သင်္ကြန်အကြတ်နေ့ ဗုံးကွဲ၍ စကစတပ်သားတစ်ဦးနဲ့ရဲနှစ်ဦး ဗုံးစများထိမှန်


ဧရာဝတီတိုင်း ၊အင်္ဂပူမြို့ဗဟိုမဏ္ဍပ် သင်္ကြန်အကြတ်နေ့ ဗုံးကွဲ၍ စကစတပ်သားတစ်ဦးနဲ့ရဲနှစ်ဦး ဗုံးစများထိမှန်ခဲ့ပါတယ်။


ဧပြီ၁၅ရက် မနက်ပိုင်းမှာ အင်္ဂပူမြို့ဗဟိုမဏ္ဍပ်ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံများကအတည်ပြုဆိုပါတယ်။


"အရပ်သားမရှိတဲ့အချိန် ထပေါက်တာ"လို့ဆိုပါတယ်။


အဆိုပါအင်္ဂပူမြို့ဗဟိုမဏ္ဍပ်ဟာ စည်ကားခြင်းမရှိဘဲ စကစတပ်ဖွဲ့များသာ ရှိနေတယ်လို့သိရပါတယ်။


စစ်ဆင်ရေးကို အင်္ဂပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ သင်္ကြန် အကြတ်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (.က.) - လွိုင်ကော်၏ ဗဟိုကင်းနဲ့ လွိုင်ကော်က ဗဟိုမဏ္ဍပ်ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ Falcon Wingsဒရုန်းတပ်ဖွဲ့အသိပေး


သင်္ကြန် အကြတ်နေ့ အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (.က.) - လွိုင်ကော်၏ ဗဟိုကင်းနဲ့ လွိုင်ကော်က ဗဟိုမဏ္ဍပ်ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ Falcon Wingsဒရုန်းတပ်ဖွဲ့အသိပေးဆိုပါတယ်။


ဧပြီ၁၅ရက်မှာ စစ်ရေးသတင်းကို Falcon Wingsဒရုန်းတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


"ဧပြီ၁၅ ရက်နေ့၊ သင်္ကြန် အကြတ်နေ့၊ မနက် () နာရီ (၃၀) မိနစ်ဝန်းကျင်တွင် Falcon Wings  နှင့် PDF လွိုင်ကော်မှ -ရုန်း မစ်ရှင် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (.က.) - လွိုင်ကော်၏ ဗဟိုကင်းနဲ့ စကစရဲရုံးအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် အရာရှိကြီးများ စုဝေးရာ ဗဟိုမဏ္ဍပ် () နေရာကို မစ်ရှစ်ဦးတည်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင် အရာရှိများ ထိခိုက်ပျက်စီးမှု ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


Falcon Wings မှ အဆိုပါမစ်ရှင်ကို မဆောင်ရွက်မီ အကြမ်းဖက်စစ်တပ်လက်‌‌‌‌ဝေခံများ၏ တည်နေရာကို ဦးစွာ ထောက်လှမ်း၍ အချက်အလက်များစုဆောင်း၊ သုံးသပ်ပြီးမှသာ ပစ်မှတ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မစ်ရှင်ဆောင်ရွက်နေစဉ်မှာလည်း အရပ်သားမထိခိုက်အောင် အတတ်နိုင်ဆုံး ပစ်မှတ်တိကျမှုကို အလေး‌ထားဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။


ယခုဒရုန်းမစ်ရှင်မှာ ပြည်သူများအား အစုလိုက် အပြုံလိုက် သုတ်-သင်မှုများဖြစ်သော မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း အပါအဝင် နိုင်ငံအဝန်းတွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်တပ်အား စစ်ရာဇဝတ်မှု အစုစုအတွက် အကြွေးဆပ်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။


========================


📌📌 ၆။ ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီ တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာ


ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီ တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဧပြီ ၁၅ရက်မှာ N ysoပြောက်ကျားတပ်က စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"ဧပြီ၁၄ရက်ကန့်ဘလူ မြို့နယ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု့ကြောင့် ကျဆုံးခဲ့ရသော ပြည်သူများအတွက် လက်တုန့်ပြန်သောအားဖြင့် ပေါက်မြို့နယ် ရွှေဘုံသာရွာရှိ စစ်ကောင်စီ တပ်စခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့မှုမှာရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှု့ကို ပခုက္ကူခရိုင်တပ်ရင်း(၁၄) တပ်ခွဲ()၊တပ်ခွဲ()၊တပ်ခွဲ()၊တပ်ခွဲ() Special Force 7Column Justice FighterNPRF ဂဠုန်တပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၇။ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စကစတပ်နဲ့ပျူများ GPSစံနစ်ပါ ၈၀မမ ဗုံးသီးဖြင့် ပစ်ခတ်ခံရ၍ ၁၂ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စကစတပ်နဲ့ပျူများ GPSစံနစ်ပါ ၈၀မမဗုံးသီးဖြင့်ပစ်ခတ်ခံရ၍ ၁၂ဦးသေဆုံးခဲ့ပါတယ်။ ဧပြီ ၁၅ရက်မှာ စစ်ရေးသတင်းကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တပ်ရင်း()ကအတည်ပြုဆိုပါတယ်။


" မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာတွင် တပ်စွဲထားသော စကစတပ်နဲ့ရဲများ၊ ပျူများဟာ ဧပြီ၁၅ရက် သက်ြန်အကြတ်နေ့တွင် လမ်းဖြတ်သွားသူများအား ငွေတောင်းရမ်းကာ စခန်းရှေ့တွင်မူးရှူးကခုန်နေစဉ် ညနေ၃း၄၅မိနစ်အချိန်တွင် ပထမအကြိမ် GPSစနစ်ပါ ၈၀မမဗုံးသီးဖြင့် စတုဒီသာကြွေးခဲ့ရာ လမ်းပေါ်ကနေသော ၁၈ဦးမှ ၇ဦးသေဆုံးကာ ၅ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။


ဆက်လက်၍ညနေ ၅း၁၅ မိနစ်အချိန်တွင်လည်း ၎င်းတို့တပ်စွဲထားသော စခန်းအတွင်းရှိ ဆလပ်ပြင်ဘန်ကာပေါ်ရှိ စကစတပ်ဖွဲ့ဝင် ()ဦးအား GPS စံနစ်ပါ ၄၀ မမ ()လုံး၊ ၈၀ မမ()လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ()ဦး သေဆုံးပြီး ၃ဦဆေးရုံသို့ စိုးရိမ်ရအဖြစ်ပို့ဆောင်ကြောင်းသိရပါတယ်။


စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တပ်ရင်း() မြင်းခြံ  ခရိုင် နှင့်နဂါးနီတပ်ရင်း၊ တပ်ရင်း() ကျောက်ဆည်ခရိုင် တို့မှ ပဇီကြီးကျေးရွာ၊ ကန့်ဘလူမြို့နယ် ဖြစ်စဉ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ PDF-Khayan တပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားအိမ်ကို စကစတပ်က မီးရှို့


PDF-Khayan တပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွားအိမ်ကိုစကစတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဧပြီ၁၅ရက်မှာ PDF-Khayan ပြန်ကြားရေးအဖွဲ့က အသိပေးဆိုထားပါတယ်။


"ဧပြီ၁၅ရက်  နေ့လည်()နာရီ ဝန်းကျင်ခန့်တွင် PDF- Khayan တပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွားအိမ်ကို မီးရှို့ခဲ့ကြပါတယ်။ အဆိုပါအိမ်သည် ချိတ်ပိတ်ထားသည့် အိမ်ဖြစ်ပြီး အိမ်ရှိ ပစ္စည်းများကိုလည်း ၎င်းတို့ စစ်​​ကောင်စီ တပ်သားများက ခိုးယူသွားခဲ့ကြပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ချိတ်ပိတ်ခံထားရသည့်အိမ်သည် ခရမ်းမြို့ပေါ် အမှတ်()ရပ်ကွက်တွင်  စစ်ကောင်စီက မီးရှို့ဖျက်စီးနေခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။


ဧပြီလ အတွင်း PDF - Khayan တပ်ဖွဲ့သည် စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၄ ရက်နေ့တွင်လည်း  မြို့နယ် လဝက ရုံးရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီ၏ဘန်ကာများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သလို လက်နက်()လက် ရရှိခဲ့ပါတယ်။


အဆိုပါတိုက်ခိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခရမ်းမြို့ကို ပိတ်ဆို့လိုက်ပြီး  ဧပြီ(၁၅) ရက်နေ့ မြို့အဝင်အထွက်များအားလုံး နှင့် တွဲဆိုင်ကယ်များ၊ လျှပ်စစ်စက်ဘီးများပါ စီးနှင်းခွင့်ကို  ပိတ်ပင်ခဲ့ပါတယ်။


========================


📌📌 ၉။ ထားဝယ်အကျဥ်းထောင်ထဲမှာ နိူင်ငံရေးအကျဥ်းသားတွေ နေ့စဥ် အကြမ်းဖက် ရိုက်နှက်ခံနေရပြီး နံပတ်တုတ် ကောက်တဲ့အထိ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့


ထားဝယ်အကျဥ်းထောင်ထဲမှာ နိူင်ငံရေးအကျဥ်းသားတွေ နေ့စဥ် အကြမ်းဖက် ရိုက်နှက်ခံနေရပြီး နံပတ်တုတ် ကောက်တဲ့အထိ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာရိုက်နှက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၅ရက်မှာ ထားဝယ် နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဥ်းသားများမှ ပြည်သူလူထုထံ တိုင်ကြားစာကို ဖော်ပြပါတယ်။


ဧပြီ လဆန်းပိုင်းမှာပဲ အမှတ်()အမျိုးသားအိပ်ဆောင်ကို အိပ်ဆောင်မှူးအဖြစ်ထောင်အရာရှိ ဇော်ဇော်ထက် ဆိုသူ တာဝန်ကျလာကြောင်း၊ အဆိုပါထောင်အရာရှိ ဦးဇော်ဇော်ထက်ဟာယခုလ ရက်နေ့မှာ နိုင်ကျဥ်း ကိုအောင်ဝင်းကို ပါးသုံးချက်ရိုက်နှက်ခဲ့ပြီး ၁၂ ရက်နေ့မှာလည်း နိုင်ကျဥ်း ကိုလွင်ဇော်ဆို သူကို ပါးတစ်ချက် ထပ်မံရိုက်ခဲ့ကြောင်း၊ အလားတူ ၁၂ရက်ညမှာ ညတာဝန်ကျ ထောင်ဝန်ထမ်းတစ်ဦး အရက်မူးပြီး လမ်းမှာအိပ်နေလို့ဆိုပြီး ခေါင်းကွဲအောင်အထိ ရာဘာတုတ်နဲ့ ရိုက်နှက်ခဲ့ကာ ၁၃ရက်နေ့မှာလည်း ရန်ဖြစ်တဲ့ အကျဥ်းသားတစ်ယောက်ကို နံပတ်တုတ် ကောက်တဲ့အထိ ခန္ဓာကိုယ်အနှံ့ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိပါတယ်။


၁၃ရက်နေ့ ညနေပိုင်းရှာဖွေရေးအပြီးမှာထောင်အရာရှိအကျဥ်းသားတစ်ဦးရဲ့ မျက်နှာကို လက်သီးနဲ့ထိုးတာ၊ တံတောင်နဲ့ ထောင်းတာနဲ့ ပါးရိုက်တာတွေကို အချက်ရေများစွာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ပြီး၁၅ ရက်နေ့ နေ့လယ်မှာ ရန်ဖြစ်တဲ့ အကျဥ်းသားတစ်ယောက်ကို နံပတ်တုတ်နဲ့ အချက်ပေါင်းများစွာ ရိုက်နှက်တာတွေကို နေ့စဥ်နီးပါး ကျူးလွန်နေတယ်လို့ဆိုထားပါတယ်။


အဆိုပါရိုက်နှက်တာအားလုံးကို အမှတ်() အမျိုးသားအိပ်ဆောင်မှူးဖြစ်သူ ထောင်အရာရှိ ဇော်ဇော်ထက် က ကျူးလွန်ခဲ့ပြီး ထောင်ပိုင်က ဟန့်တားခဲ့သော်လည်း လိုက်နာခြင်းမရှိဘူးလို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment