16th APL 2023 - (Ethnic language program-CHO_Mün) by Radio NUG



📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ ဧပြီလ ( ၁၆ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ  

📌📌 ၁။ မင်းတပ်နယ်ထဲ မပေါက်ကွဲသေးတဲ့ အင်အားပြင်း ဒုံးကျည်များရှိနေ

 

မင်းတပ်မြို့နယ်ထဲ (ဧပြီ ၁၁ ရက်) နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းကနေ ပစ်လွှတ်လို့ မပေါက်ကွဲသေးတဲ့ အင်အားပြင်းဒုံးကျည်တွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။

မနေ့ညက မင်းတပ်နယ်မှာ စစ်ကောင်စီ‌လေကြောင်းကနေ ကြိမ်ပစ်ခတ်ခံရပြီး လူထိခိုက်မှုမရှိပေမယ့် နေအိမ်တချို့နဲ့ ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးမှုရှိခဲ့ပါတယ်။

မပေါက်ကွဲသေးတဲ့ဒုံးကျည်တချို့ တိုက်နယ် အမှတ် ဘက်မှာရှိနေတယ်လို့ အခင်းဖြစ်ပွားရာ သွားရောက်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

ညက စကစတိုက်လေယဉ်ဗုံးကြဲတာ မကွဲခဲ့တဲ့ ဒုံးကျည်တွေ ရှိသေးတယ်။ နောက်ထပ်မကွဲသေးတဲ့ ဗုံးတွေလည်း ရှိသေးတာကြောင့် ပြည်သူများ တောထဲတောင်ထဲ တောင်ယာခင်းများကို သွားလာရာတွင် သတိထားကြပြီး မကွဲသေးသော လက်နက်ကြီးဗုံး၊ဆံများတွေ့ရှိပါက ထိခြင်း၊ ကိုင်ခြင်း မပြုဘဲ နီးစပ်ရာ ../ ကာကွယ်ရေး အဖွဲ့များကို သတင်းပို့ကြပါရန်။လို့ ပြောထားပါတယ်။

မင်းတပ်နယ်နဲ့ မကွေးတိုင်းတွေထဲ တိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာတွေဟာ နေပြည်တော်အခြေစိုက် လေတပ်စခန်းနဲ့ မကွေးအခြေစိုက် လေတပ်စခန်းက ဂျက်ဖိုက်တာတွေလို့ စစ်ကောင်စီရဲ့ လေကြောင်းရန် စောင့်ကြည့်နေတဲ့ WaiHin (ဝေဟင်) ရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်တာတွေကြောင့် မင်းတပ်နယ်နိမိတ်အတွင်းမှာ ရိုးရာပွဲလမ်းသဘင်၊ လူစု၊ လူဝေးလုပ်တာမျိုး အထူးရှောင်ကြဖို့ CDF မင်းတပ်က ဧပြီ ရက်နေ့ ထုတ်ပြန်ချက်မှာ အရေးပေါ်အနေနဲ့ ကြေညာထားပါတယ်။

 

========================

 

📌📌 ၂။ ရက်တာပစ်ခတ်မှုမှာ စစ်ကောင်စီ ၁၅ ဦးထက်မနည်းသေတယ်လို့ CDF မင်းတပ် အတည်ပြု

 

မင်းတပ်မြို့နယ် - မကွေးတိုင်းနယ်စပ် CDF မင်းတပ်၊ ယောဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုသတင်းကို ကာကွယ်ရေးအင်အားစုက (ဧပြီ ၁၂ ရက်) သတင်းအတည်ပြု ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ရက်နေ့ဖြစ်ပွားခဲ့တဲ့ ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ထိတွေ့မှုမှာ ရန်သူ့အင်အား ၁၅ ဦးသေတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တနေကုန်နီးပါးဖြစ်တဲ့ ဒီပစ်ခတ်မှုမှာ ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဧပြီ ၁၀ ရက်နေ့ကလည်း မင်းတပ်မြို့အနောက်ဘက် မိုင်အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်တို့ နာရီဝက်လောက်ကြာတဲ့ ပစ်ခတ်မှုရှိတယ်လို့ ဆိုပါတယ်။

သူတို့ (စခ) ကင်းလှည့်တာ စတော်ဘယ်ရီခြံနားဖြစ်မယ်၊ အပြန်လှန်ရယ်လို့တော့ မဟုတ်လောက်ဘူး။ စောင့်ပစ်တဲ့သဘော ထင်တယ်။ ညဘက်ဆိုတော့ ကျန်တာ မသိလိုက်ဘူး။လို့ မင်းတပ်မြို့ အနောက်ရပ်ကွက်နေထိုင်သူက The Mindat Post ကို ပြောပါတယ်။ 

အဲဒီပြောက်ကျားစနစ်နဲ့ ပစ်ခတ်မှုမှာ ဦးသေတယ်လို့ CDF မင်းတပ်က ဆိုပါတယ်။

နေရာတိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ခုရက်ပိုင်း မင်းတပ်နယ်ထဲ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားပြီး လူနေအိမ်နဲ့ ဘုန်းကြီးကျောင်းတချို့ ထိခိုက်ပျက်စီးမှုရှိတယ်လို့လည်း ကာကွယ်ရေးဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ရှိလာတဲ့ မင်းတပ်နယ်နိမိတ်အတွင်းမှာ ရိုးရာပွဲလမ်းသဘင်၊ လူစု၊ လူဝေးလုပ်တာမျိုး အထူးရှောင်ကြဖို့ CDF မင်းတပ်က ဧပြီ ရက်နေ့ ထုတ်ပြန်ချက်မှာ အရေးပေါ်အနေနဲ့ ကြေညာထားပါတယ်။

 

========================

 

📌📌 ၃။ စစ်ကောင်စီရဲ့ သံချပ်ကာ စီးအပါဝင် လက်နက်၊ ရိက္ခာတင်ကားအားလုံး CNA မဟာမိတ်ပူးပေါင်းတပ်က သိမ်းပိုက်

 

ချင်းအမျိုးသား တပ်မတော် (CNA), ချင်းကာကွယ်ရေးတပ် (CDF) နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ သံချပ်ကာ စီးပါယာဉ်တန်းကို ဟားခါး - ဖလမ်း အကြားတနေရာမှာ သိမ်းပိုက်တဲ့ ဝေဟင်ရုပ်ပုံတွေလို့ The Chin Journal က (ဧပြီ ၁၃ ရက်) ဖော်ပြလာပါတယ်။

ဒီယာဉ်တန်းဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကလေးမြို့ကနေ ချင်းတောင်ဘက်ကို တိုက်ခိုက်ရေးသုံး သံချပ်ကာ စီးအပါဝင် ကားအစီးရေ ၃၀ ဝန်းကျင်နဲ့ တက်လာတာတဲ့ စစ်ကောင်စီယာဉ်တန်းရှည်ပါ။ 

လမ်းတလျှောက်တိုက်ခိုက်ခံလာရတဲ့ စစ်ကောင်စီတပ်ကတော့ ဟားခါး - ဖလမ်းအကြား ချွန်ကျူံးကျေးရွာအရောက်မှာ လက်နက်၊ ရိက္ခာတင်မော်တော်ယာဉ်အားလုံးလည်း လုံးပါးပါးသွားပါတယ်။ 

ရက်ပေါင်း ၃၀ ကျော်ကြာတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းရှည်တိုက်ခိုက်မှုမှာ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ဒီယာဉ်တန်းရှည်ကို ချင်းအမျိုးသား တပ်မတော် (CNA), ချင်းကာကွယ်ရေးတပ် (CDF) တို့က ပူးပေါင်းတိုက်ခိုက်တာလို့ သိရပြီး ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကလည်း ချင်းတောင်တနေရာမှာ ချင်းကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာ တလကျော်လာပြီလို့ (ဧပြီ ၁၃ ရက်) အစောပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

 

========================

 

📌📌 ၄။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ပဇီကြီးမှာ အသက်ဆုံးရှုံးသူ ၁၆၀ ကျော်လာ

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ (ဧပြီ ၁၃ ရက်) မနက်ပိုင်းထိ အသက်ဆုံးရှုံးရသူအရေတွက် ၁၆၀ ကျော်လာပြီလို့ Myanmar Now ရဲ့ သတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁၊ ၁၂ ရက်နေ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေတဲ့ချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံးကြဲပြီးတဲ့နောက် ရဟတ်ယာဉ်နဲ့ အနီးကပ်လိုက်လံပစ်ခတ်ခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်တွေကို ကိုးကားတဲ့ သတင်းဌာနတွေထံက သိရပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ၊ ရွာခံ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း ၂၀၀ ကျော်ရှိနေတဲ့ လူအုပ်တည့်တည့်မှာ ဖျက်အားပြင်း ဗုံး လုံးကျဲချခံရတာဖြစ်ပြီး သေဆုံးသူ ၁၆၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိနေပါတယ်။

အသက်ဆုံးရှုံးရသူတွေထဲမှာ ၁၈ နှစ်အောက် ကလေးအယောက် ၂၀ ဝန်းကျင်ပါတယ်လို့ NUG က ဧပြီ ၁၂ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၁ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဇော်မင်းထွန်းက သူတို့ လေကြောင်းကတိုက်ခိုက်တာ မှန်ပေမယ့် PDF တွေရဲ့ မိုင်းတွေပေါက်ကွဲပြီး လူထိခိုက်မှုပိုများတာလို့ စစ်ကောင်စီဝါဒဖြန့် MRTV မှာ ပြောသွားပါတယ်။

 


#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment