20th APR 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီဟာလေကြောင်းတစ်ခုထဲသာ အားကိုးရာရှိတော့တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်၊ မန္တလေးပတ်ဝန်းကျင်ကိုပင် ပြည်သူလူထုရဲ့ကျန်းမာရေးဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုတွေ မပေးနိူင်တော့ဘူးလို့ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ ပြည်သူရာချီ သေဆုံးထားသည့် ပဇီကြီးရွာအား စစ်ကောင်စီ ထပ်မံစစ်ကြောင်းထိုးရာ ဒေသခံ ,၀၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

📌 ၄။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန် တိုးလာနိုင်ပြီး ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းလည်း မြင့်တက် လာနိုင်တယ်လို့ MOHADM-NUG က သတိပေးထုတ်ပြန်

📌 ၅။ ကရင်နီပြည်ဒီးမော့ဆိုနဲ့ဘောလခဲနယ်စပ်ကြားတိုက်ပွဲမှာ စကစမှ ရှစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိရရှိခဲ့

📌 ၆။ ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီဌာနချုပ် (Camp Zion)၌တာဝန်ထမ်းဆောင်ရန်ကျန်းမာရေးဝန်ထမ်းများအားဖိတ်ခေါ်

📌 ၇။ မင်းတပ်မြို့နယ်ကျေးရွာများကို လေကြောင်းကနေတိုက်ခိုက်တဲ့ စစ်ကောင်စီ Pilot ဦးကို ရှင်းလင်းနိူင်သူအား သိန်း၅၀၀တန်ဖိုးရှိ မြေကွက်ပေးမယ်လို့ CDFမင်းတပ်ဆုကြေးထုတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီဟာလေကြောင်းတစ်ခုထဲသာ အားကိုးရာရှိတော့တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီ၂၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအခုလိုပြောကြားလိုက်ပါတယ်။


"သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီဟာ ဘာကိုမှ မမြင်နိုင်တော့ဘဲ သူ့မှာရှိတဲ့ တစ်ခုတည်းသော အားကိုးရာ လေကြောင်းကနေ တဆင့်ပဲ အပြစ်မဲ့ ပြည်သူတွေကို အငြှိုးကြီးကြီးနဲ့ ဒီလိုမျိုး လုပ်ရပ်တွေ ထပ်မံမကျူးလွန်ဘူးဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီလို ပြည်သူတွေ ထပ်မံ မဆုံးရှုံးရအောင် စီမံနိုင်သမျှ နည်းလမ်းတွေနဲ့ စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေအနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာ အဆင့်ဆင့်သော တာဝန်ရှိသူတွေကို လုံခြုံရေးအသိ၊ ကာကွယ်ရေး အသိ အမြဲမပြတ်ရှိစေဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဧပြီ၁၀ရက်နေ့ ချင်းပြည်နယ် ဝေဘူလမြို့သစ်ကို အကြမ်းဖက် စစ်တပ်ကလေကြောင်းကတိုက်ခိုက်ခဲ့ရာ အရပ်သား၉ဦးသေဆုံးခဲ့ပြီး ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း၊ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၆၈ဦးသေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်များဖြစ်ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ ရန်ကုန်၊ မန္တလေးပတ်ဝန်းကျင်ကိုပင် ပြည်သူလူထုရဲ့ကျန်းမာရေးဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုတွေ မပေးနိူင်တော့ဘူးလို့ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဧပြီ၂၀ရက်


ဧပြီလအတွင်း သူနာပြုတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီက  ကျင်းပခဲ့တဲ့ ဘွဲ့နှင်းသဘင်အခမ်းအနား မှာ ပညာရေးနဲ့ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကအခုလိုပြောဆိုထားပါတယ်။


"တကယ်တော့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုတွေကို သတ်တယ်။ပြည်သူလူထုရဲ့အိုးအိမ်တွေကို မီးရှို့တယ်။အမျိုးသမီးတွေကို စော်ကားနေတယ်။ဒီလိုတွေသာ ပြုလုပ်နေပေမယ့် ပြည်သူလူထုရဲ့ကျန်းမာရေးဝန်ဆောင်မှု၊စောင့်ရှောက်မှုတွေကို ရန်ကုန်၊ မန္တလေးပတ်ဝန်းကျင်တောင် ပေးနိူင်တာမဟုတ်ပါဘူး။မပေးပါဘူး"လို့ဆိုပါတယ်။


လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေများမှာ ပြည်သူလူထု ကျန်းမာရေးဝန်ဆောင်မှုနဲ့စောင့်ရှောက်မှုများကို CDMကျန်းမာရေးဝန်ထမ်းများနဲ့အတူ တိုင်းရင်းသားတော်လှန်ရေးအင်အားစု ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနဲ့လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ပြည်သူရာချီ သေဆုံးထားသည့် ပဇီကြီးရွာအား စစ်ကောင်စီ ထပ်မံစစ်ကြောင်းထိုးရာ ဒေသခံ ,၀၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ


ဧပြီ၂၁ရက်


ပြည်သူရာချီ သေဆုံးထားသည့် ပဇီကြီးရွာအား စစ်ကောင်စီ ထပ်မံစစ်ကြောင်းထိုးရာ ဒေသခံ ,၀၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဧပြီ၂၀ရက်နေ့မှာ ပဇီကြီးရွာအ‌ခြေအနေနှင့်ပတ်သက်၍ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က အခုလိုအသိပေးဆိုထားပါတယ်။


"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာ ခုနစ်ရွာမှ ဒေသခံပြည်သူ ,၀၀၀ ကျော်မှာ နီးစပ်ရာ တောတိုက်တဲများမှ ထပ်မံ၍ အရေးပေါ် စစ်ရှောင်နေကြရပါတယ်"လို့ဆိုပါတယ်။


ဧပြီလ ၁၉ ရက် နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်မှ ကန့်ဘလူမြို့နယ် မလည်ဘက်သို့ စစ်ကြောင်းထိုးလာသော ယင်းစစ်ကြောင်းမှာညနေပိုင်း နာရီခွဲခန့်တွင် ပဇီကြီးရွာအနီးသို့ ရောက်ရှိလာခဲ့သည့်အတွက် အရေးပေါ် စစ်ရှောင်ကြရခြင်း ဖြစ်ပါတယ်။


စစ်ရှောင်နေကြရသည့် ကျေးရွာများမှာ ပဇီကြီး၊ ထန်းတော၊ လေးတွင်းစဉ်၊ ချောင်းရှည်၊ ချောင်းသာ၊ မယ်ဇတောနှင့် ချောင်းမကြီးရွာများမှ ဖြစ်ပါတယ်။


မလည်နှင့် ပဇီကြီးကျေးရွာမှာ လေးမိုင်ခန့်သာ ဝေးပြီး ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်က အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်ခံရစဉ်က အသက်မပြည့် ကလေးငယ်များလည်း သေဆုံးခဲ့ကာ လက်ရှိတွင် အကြီးစားကုသမှုပေးနေရသည့် ပြည်သူ ၁၆ ဦး ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန် တိုးလာနိုင်ပြီး ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းလည်း မြင့်တက် လာနိုင်တယ်လို့ MOHADM-NUG က သတိပေးထုတ်ပြန်


ဧပြီ၂၀ရက်


မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၏ ရာသီဥတုအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက  ဧပြီလ ၁၉ရက် နေ့စွဲဖြင့် သတိပေးထုတ်ပြန်ထားပါတယ်။


 ၂၀၂၃ခုနှစ်၊ နွေကာလအယ်နီညို ဖြစ်တန်စွမ်းခန့်မှန်းချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန် တိုးလာနိုင်တဲ့အတွက် မွန်းလွဲ (၁၂)နာရီမှ ညနေ ()နာရီအတွင်း ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်း မြင့်တက် လာနိုင်.ကြောင်းပညာရှင်များက ခန့်မှန်းထားပါတယ်။ အပူရှိန်မြင့်တက်လာမှုနှင့် ဆက်စပ်၍ ရေရှားပါးခြင်း၊နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားရောဂါ၊ မျက်ခမ်းစပ်ရောဂါများဖြစ်ပွားနိုင်ပါသည်။ တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်‌ သောရောဂါများလည်း ဖြစ်ပွားနိုင်ပါတယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်ပါ၍  ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များအနေဖြင့် နေ့အပူချိန် မြင့်တက်ချိန် များတွင် ခရမ်းလွန်ရောင်ခြည် တိုက်ရိုက် ထိတွေ့မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အရိပ်အာဝါသ ကောင်းမွန် သောနေရာများတွင် နေထိုင်ကြပါရန်နှင့် အပူချိန်မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သတိပြုနိုင်ရန်ဆိုထားပါတယ်။


========================


📌📌 ၅။ ကရင်နီပြည်ဒီးမော့ဆိုနဲ့ဘောလခဲနယ်စပ်ကြားတိုက်ပွဲမှာ စကစမှ ရှစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိရရှိခဲ့


ဧပြီ၂၀ရက်


ဧပြီ၂၀ရက်နေ့မှာ စစ်ရေးသတင်းကို Karenni Information Centerက အခုလို အသိပေးဆိုထားပါတယ်။


"ကရင်နီပြည်ဒေါညေးခူကျေးရွာနှင့်ဘောလခဲသို့သွားရာလမ်းအပိုင်းတွင် မနေ့ ဧပြီ၁၉ ရက်နေ့လည် နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ် ခလရ (၈၀)နှင့် ကရင်နီတပ်မတော် KA KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ()ဦးသေဆုံးခဲ့ပြီးတစ်ဦးကိုအရှင်ဖမ်းမိခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲမှာစစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့သည့်အပြင် လက်နက်ငယ် ()လက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့ပါတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီဌာနချုပ် (Camp Zion)၌တာဝန်ထမ်းဆောင်ရန်ကျန်းမာရေးဝန်ထမ်းများအားဖိတ်ခေါ်


ဧပြီ၂၀ရက်


ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီဌာနချုပ် (Camp Zion)၌တာဝန်ထမ်းဆောင်ရန်ကျန်းမာရေးဝန်ထမ်းများအားဖိတ်ခေါ်လိုက်ထားကြောင်းဧပြီ၂၀ရက်မှာ ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီဌာနချုပ်ကအသိပေးဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ့အာဏာမတရား သိမ်းပိုက်ပြီးနောက် လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲဝင်နေကြသော မိမိတို့ချင်းလဲန်ကာကွယ် ရေးတပ်ဖွဲ့ - မတူပီသည် ကျန်းမာရေးဝန်ထမ်းများလုံလောက် မှု မရှိခြင်းကြောင့် တိုင်းပြည် နှင့်လူမျိုးအတွက် တိုက်ပွဲဝင်ရဲဘော်၏ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှု အကူအညီများ အထူးလိုအပ်လျက်ရှိပါတယ်။ ထို့ကြောင့် ချင်းလဲန်ကာကွယ်ရေး တပ်ဖွဲ့-မတူပီဌာနချုပ် (Camp Zion)၌တာဝန်ထမ်းဆောင်ရင်း မိမိတတ်နိုင်သည့် ဘက်မှ တော် လှန်ရေးတိုက်ပွဲဆင်နွဲလိုသော ကျန်းမာရေးဝန်ထမ်းများအား မိမိတို့ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ မှ ကြိုဆိုဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။


ကျန်းမာရေးဝန်ထမ်းများလျှောက်ထားသူများဟာချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ ဌာနချုပ် (Camp Zion) တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမှာဖြစ်ပြီးတော့ မိသားစုရှိပါက စားဝတ်နေရေး တာဝန်ယူစီစဉ်ပေးမှာ ဖြစ်ပါတယ်။


========================


📌📌 ၇။ မင်းတပ်မြို့နယ်ကျေးရွာများကို လေကြောင်းကနေတိုက်ခိုက်တဲ့ စစ်ကောင်စီ Pilot ဦးကို ရှင်းလင်းနိူင်သူအား သိန်း၅၀၀တန်ဖိုးရှိ မြေကွက်ပေးမယ်လို့ CDFမင်းတပ်ဆုကြေးထုတ်


ဧပြီ၂၀ရက်


ဧပြီ၁၉ရက်မှာ Chin Defence Force - Mindatက ဆု‌ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး အခုလို အသိပေးဆိုထားပါတယ်။


"၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါတယ်။အဆိုပါ တိုက်ခိုက်မှုများတွင် ပြည်သူအိုးအိမ်ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက်ခိုက်လျက်ရှိသည့် စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား CDF - MINDAT အနေဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိရာ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာ  ဂျက်ဖိုက်တာ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေယာဉ်မောင်းသူ) ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ပြီး  (စစ်ခေါင်းဆောင်) အထူးအားကိုးသည့် Pilot (လေယာဉ်မောင်းသူ) များဖြစ်ကြောင်း ကြားသိရပါတယ်"လို့ဖော်ပြပါတယ်။


ထို Pilot (လေယာဉ်မောင်းသူ) ဦးမှာ Yak အုပ် စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ နေရာ ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်အုပ်ချုပ်မှု လက်အောက်နှင့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်မှာမူ အုပ်မှူးအဖြစ် တံတားဦး လေတပ်စခန်းတွင် တာဝန်ယူနေကြောင်း သိရတယ်လို့ဆိုပါတယ်။


ထို့ကြောင့် မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒုဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် Pilot (လေယာဉ်မောင်းသူ) နှစ်ဦး (သို့) ၎င်းနှစ်ဦးနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများအား အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျပ် ၅၀၀၀၀၀၀၀ (ကျပ်သိန်း ငါးရာ) တန်ဖိုးရှိ မြေတကွက်အား ချီးမြှင့်သွားမယ်လို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment