၂၀၂၃ ဧပြီလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများနဲ့ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိတယ်လို့ ဝန်ကြီးချုပ်ဆို
📌 ၂။ "ယနေ့အချိန်ကာလဟာ နိူင်ငံရေး၊စစ်ရေး ကဏ္ဍပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့လက်တွဲ မဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့် ကာလဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပြောကြား
📌 ၃။ အထူးပြုလုပ်ထားတဲ့ Format design ကို third party account တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှ နေတာဟာ တော်လှန်ရေးကို ဆုတ်ယုတ်အောင်လုပ်ဆောင်နေတာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော
📌 ၄။ မြန်မာ့အရေးကို နိူင်ငံတကာသံတမန်များ ပါဝင်ဆောင်ရွက်မှု တစ်ယောက်တစ်မျိုးလုပ်ဆောင်နေပါက ထိရောက်မှုရှိမှာမဟုတ်ကြောင်း NUGနိူင်ငံခြားရေးဒုဝန်ကြီး မှတ်ချက်ပြု
📌 ၅။ ကောလင်းခရိုင်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
📌 ၆။ ဝက်လက်မြို့နယ် အတွင်း စကစတပ်စစ်ကြောင်းကြားပိတ်မိနေတဲ့ ပြည်သူ၁၅ဦးကို ကာကွယ်ရေးတပ်များကယ်ထုတ်
📌 ၇။ တူမီးထီ အပတ်စဥ် (၁၂) ရဲ့ ဆုကြေး မြင့်တက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများနဲ့ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိတယ်လို့ ဝန်ကြီးချုပ်ဆို
ဧပြီ၂၅
နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများနဲ့ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ (၂) နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပို့သည့် နှုတ်ခွန်းဆက်သဝဏ်လွှာမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းဆိုထားပါတယ်။
"နွေဦးတော်လှန်ရေး(၂)နှစ်တာအတွင်း မင်းတပ်မြိုနယ်အပါအဝင် ချင်းပြည်အနှံ၌ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထိခိုက် သေဆုံး၊ နာကျင်ကြရသူ အရပ်သားပြည်သူများ၊ တပ်ဖွဲဝင်များ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူခံစားမိပါကြောင်း ဖော်ပြလိုပါတယ်။အထူးသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြိုနယ်၊ ပန်းပါကျေးရွာကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား(၃)ဦးသေဆုံးခဲ့ရသည်ကိုလည်း အထူးဝမ်း နည်းကြေကွဲရပြီး ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ယူကြုံးမရဖြစ်ရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ "ယနေ့အချိန်ကာလဟာ နိူင်ငံရေး၊စစ်ရေး ကဏ္ဍပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့လက်တွဲ မဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့် ကာလဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပြောကြား
ဧပြီ၂၅ရက်
"ယနေ့အချိန်ကာလဟာ နိူင်ငံရေး၊စစ်ရေး ကဏ္ဍပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့လက်တွဲ မဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်သော ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ (၂) နှစ်ပြည့် တော်လှန်ရေးနေ့အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
"ယနေ့အချိန်သည် နိူင်ငံရေး၊စစ်ရေး ကဏ္ဍပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့လက်တွဲ မဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ CDF မင်းတပ်အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုဆိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ ကျော်နဲ့ တစ်နိူင်ငံတွင် အင်အားသိန်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ အထူးပြုလုပ်ထားတဲ့ Format design ကို third party account တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှ နေတာဟာ တော်လှန်ရေးကို ဆုတ်ယုတ်အောင်လုပ်ဆောင်နေတာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော
ဧပြီ၂၅ရက်
ဧပြီ၂၅ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုသတိပေးဆိုပါတယ်။
"ဒီလို အထူးပြုလုပ်ထားတဲ့ Format design ကို third party account တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှ နေတာ တွေ့လို့ ပြန် တုန့်ပြန်တာပါ။ Third party ဆိုတာက စကစ လူလဲ မဟုတ်သလို NUG ထောက်ခံတဲ့ အကောင့်တွေလဲ မဟုတ်သော်လည်း တော်လှန်ရေးဖက်မှာ ယပ်တည်သလိုလို နဲ့ သာမန်ပြည်သူတွေကိုဝေဝါး သွားစေတဲ့ အကောင့်ပိုင်ရှင်တွေပါ။ ခုလို missed information ကို စနစ်တကျ design လုပ်ထားတာဟာ စကစ ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးဌာန ကနေထွက်လာတာလဲ ဖြစ်နိုင်သလို NUG ကိုဖောင်းထုချင်တဲ့ ဆန္ဒပြင်းပျသူ third party အဖွဲ့သားထဲက တယောက်ယောက်လဲ ဖြစ်နိုင်ပါတယ်။ စကစ လုပ်တာကတော့ ထားပါ သူ့အလုပ်သူလုပ်တာ၊Third party ဖက်က ဆရာကြီးတွေ သိလျက်နဲ့ တမြင်လုပ်တာဆိုရင်တော့ တော်လှန်ရေးကို ဆုတ်ယုတ်စေချင်တဲ့ သဘောလို့မြင်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ပုံထဲမှ စာသားများမှာ မှန်ကန်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုများသတင်းကိုရယူဖို့ကြိုးစားနေတာလို့ ပြည်ထောင်စုဝန်ကြီးကသတိပေးဆိုပါတယ်။
========================
📌📌 ၄။ မြန်မာ့အရေးကို နိူင်ငံတကာသံတမန်များ ပါဝင်ဆောင်ရွက်မှု တစ်ယောက်တစ်မျိုးလုပ်ဆောင်နေပါက ထိရောက်မှုရှိမှာမဟုတ်ကြောင်း NUGနိူင်ငံခြားရေးဒုဝန်ကြီး မှတ်ချက်ပြု
ဧပြီ၂၅ရက်
မြန်မာ့အရေးကို နိူင်ငံတကာသံတမာန်များ ပါဝင်ဆောင်ရွက်မှု တစ်ယောက်တစ်မျိုးလုပ်ဆောင်နေပါက ထိရောက်မှုရှိမှာမဟုတ်ကြောင်း NUGနိူင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အခုလို မှတ်ချက်ပြုပြောဆိုထားပါတယ်။
(((((ဦးမိုးဇော်ဦး-NUGနိူင်ငံခြားရေးဒုတိယဝန်ကြီး))))
လက်ရှိမှာ မြန်မာ့အရေးကို အကြမ်းဖက် စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိူင်ငံရဲ့ အစိုးရအဖွဲ့ဝင်အပါအဝင် ယခင် ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းလည်းပါဝင်ခဲ့ပါတယ်။
========================
📌📌 ၅။ ကောလင်းခရိုင်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး
ဧပြီ၂၅ရက်
ကောလင်းခရိုင်အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်အတွင်းရှိ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များမှအသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကောလင်းခရိုင်အတွင်းရှိ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များမှ မြို့နယ်များအတွင်းဖမ်းဆီးရမိသော တရားမစွဲတင်မီမူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ(၂၀၇.၀၃) ဂရမ်၊ ကာလတန်ဖိုး ၈၆၂၅၀၀ဝ ကျပ်၊ ဘိန်းမဲ ၃ ပိဿာ ၄ ပဲခန့်၊ ကာလတန်ဖိုး ၅၁၀၀၀၀ဝ ကျပ်၊ စိတ်ကြွဆေးပြား (၁၈၅၉)၊ ကာလတန်ဖိုး ၁၈၅၉၀၀၀၀ ကျပ် နှင့် တရားစွဲတင်ပြီးသော မူးယစ်ဆေးဝါးများဖြစ်သည့် ဘိန်းဖြူ(၇၂၀၉.၄၇)ဂရမ်၊ ကာလတန်ဖိုး ၃၀၀၃၇၅၀၀ဝ ကျပ်၊ ဘိန်းမဲ (၀.၁၂)ဂရမ်၊ကာလတန်ဖိုး ၁၅၀၀၀ဝ ကျပ်၊ စိတ်ကြွဆေးပြား (၃၄.၁)ဂရမ်၊ ကာလတန်ဖိုး ၃၄၁၀၀၀ကျပ် အား ဧပြီလ ၂၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ အထူးအုပ်ချုပ်ရေးဒေသများအတွင်းရှိ ခရိုင်၊ မြို့နယ်များ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိပါက တရားခံများအား ဥပဒေနှင့်အညီဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲဆိုဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ဝက်လက်မြို့နယ် အတွင်း စကစတပ်စစ်ကြောင်းကြားပိတ်မိနေတဲ့ ပြည်သူ၁၅ဦးကို ကာကွယ်ရေးတပ်များကယ်ထုတ်
ဧပြီ၂၅ရက်
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အတွင်း စကစတပ်စစ်ကြောင်းကြားပိတ်မိနေတဲ့ ပြည်သူ၁၅ဦးကို ကာကွယ်ရေးတပ်များကယ်ထုတ်ခဲ့ပါတယ်။ ဧပြီ၂၄ရက် အောင်ချမ်းသာရွာ၊ဘင်တဲကုန်းရွာ အား မီးရှို့ခဲ့သော စကစတပ်များကိုတကောင်းမင်းရွာနှင့် ပင်းဇင်းရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်GZ STFကအတည်ပြုဆိုပါတယ်။
"ဧပြီ၂၄ရက်နေ့ အောင်ချမ်းသာရွာ၊ဘင်တဲကုန်းရွာ အား မီးရှို့ခဲ့သော စကစတပ်အင်အားတစ်ရာခန့်ဟာသခွတ္တောရွာမှ စတင်ထွက်လာပြီး လှတောရွာသို့ဦးတည်သွားရာ တကောင်းမင်းရွာနှင့် ပင်းဇင်းရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။စစ်ကြောင်းကြားပိတ်မိနေသောပြည်သူ ၁၅ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးကို GZ STF ကင်းမြီးကောက်ဘုရင်တပ်ခွဲနှင့်အတူ ဒေသခံတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီးအထိခိုက်အားစုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ တူမီးထီ အပတ်စဥ် (၁၂) ရဲ့ ဆုကြေး မြင့်တက်
ဧပြီ၂၅ရက်
တူမီးထီ အပတ်စဥ် (၁၂) ရဲ့ ဆုကြေး မြင့်တက်တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၂၅ရက်မှာ တူမီးထီက ဆုကြေးနဲ့ပတ်သက်လို့အသိပေးဆိုထားပါတယ်။
"တူမီးထီ အပတ်စဥ် (၁၂) ရဲ့ ဆုကြေး $ 850 မြင့်တက်ပါပြီ။ CDF-Kanpetlet အတွက် ဆက်လက် အားဖြည့်ကြပါစို့။ထီထိုးမယ်ဆိုရင်တော့ messenger ကနေလှမ်းမေးလိုက်လို့ရပါတယ်။အကောင့်ဖွင့်စရာမလိုတော့ဘူး"လို့ဆိုပါတယ်။
တူမီးထီ တစ်စောင်ကို မြန်မာကျပ်ငွေ ၁၂၅၀၀ကျပ်သာ ပေးဝယ်ရမှာဖြစ်ပြီးတော့တူမီးထီမှရရှိလာတဲ့ ရန်ပုံငွေကနေ CDF-Kanpetlet ကိုထောက်ပို့ပေးသွားမှာလည်းဖြစ်ပါတယ်။
CDF-Kanpetlet ဟာ ရဲဘော် ၄၀၀ ကျော်ရဲ့ စားဝတ်နေရေး လက်နက်တပ်ဆင်ရေး ကျည်ဖြည့်တင်းရေး အစရှိတဲ့ အခက်အခဲပေါင်းများစွာကိုရင်ဆိုင်နေကြရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment