14th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက် အပေါ်တွင် စိတ်ပျက်မိကြောင်းNUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၂။ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင်ကျင်းပတဲ့  လူထုတွေ့ဆုံပွဲကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတက်ရောက်

📌 ၃။ သဘာဝ ဘေးအန္တရယ် နဲ့ ဆိုင်တဲ့ သတင်းတွေကို စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေ ရယူဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း

📌 ၄။ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရန်သူ့တပ်၏ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သိမ်းယူ၍ လက်နက်အချို့နဲ့ ကျည်ဆန်များသိမ်းဆည်းရမိ

📌 ၅။ ကန့်ဘလူခရိုင်အတွင်းရှိ ရွာ ()ရွာအား ၁၂ ရက်အတွင်း ပျူနှင့် စစ်တပ် မီးရှို့ဖျက်ဆီး

📌 ၆။ ဘီးလင်းမြို့နယ်အတွင်းရှိစကခ လက်အောက်ခံ မဲပလီစခန်း အား ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

📌 ၇။ ချောင်းဦးနယ် နတ်ရေကန် စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စကစဘက်က အယောက်၂၀ထက်မနည်းသေဆုံးတယ်လို့ ချောင်းဦးPDFဆို

📌 ၈။  စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုကြောင့် မြိုင်မြို့မြောက်ဘက်ရှိ ကျေးရွာ()ရွာကပြည်သူများ မိုးရွာထဲတွင် ထွက်ပြေးတိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက် အပေါ်တွင် စိတ်ပျက်မိကြောင်းNUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်


အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက် အပေါ်တွင် စိတ်ပျက်မိကြောင်းNUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။


မေလ ၁၃ရက် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်နှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်ကို NUGအစိုးရက ဖော်ပြခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား တရားဝင်ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင်အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ၄၂ ကြိမ်‌မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲ၏ နိဂုံးချုပ်အနေနှင့် ထုတ်ပြန်ခဲ့သည့် အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက် အပေါ်တွင် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုပါတယ်လို့ဖော်ပြပါတယ်။


အဆိုပါထိပ်သီးအစည်းအဝေးပွဲ၏ရလဒ်သည် မြန်မာနိုင်ငံအပေါ် အရေးယူရန်အခွင့်အလမ်းအား ထပ်မံလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်ပြီး ဘုံသဘောတူညီချက်ရရှိမှသာ တစုံတခုဆောင်ရွက်နိုင်မည့်အခြေအနေအောက်တွင် တိုးတက်ဖြစ်ထွန်းမှုများ မဆောင်ရွက်နိုင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။


 မကြာသေးမှီကာလ မေလ ၁၀ ရက်နေ့ကလည်း အာဆီယံခေါင်းဆောင်များသည် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်တို့က ကျူးလွန်ခဲ့သည့် AHA Center/ASEAN စောင့်ကြည့် ရေးအဖွဲ့ ယာဉ်တန်းအားတိုက်ခိုက်မှုအား ရှုတ်ချခဲ့ပြီး ကျူးလွန်သူများအားတာဝန်ခံရန် တောင်း ဆိုခဲ့ပါတယ်။


ဤသို့ စစ်အာဏာရှင်တို့၏ရည်ရွယ်ချက်ရှိရှိ ရန်စသည့် လုပ်ရပ်များရှိနေသော်လည်း အာဆီယံ ဥက္ကဋ္ဌ၏ထုတ်ပြန်ချက် အသစ်သည် 'မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက် မှုများတိုးမြင့်လာခြင်း' အတွက် စိုးရိမ်ကြောင်းမျှသာ ဖော်ပြရုံဖြစ်ပြီး ယခင်အာဆီယံဆုံးဖြတ်ချက်များကို ထပ်လောင်းပြောကြားခြင်းမျှသာဖြစ်နေတယ်လို့ဆိုပါတယ်။


ဒါ့အပြင် အာဆီယံဥက္ကဌအနေနှင့် စစ်အာဏာရှင်တို့၏ကိုယ်စားလှယ်များအာဆီယံထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခွင့်အား ပိတ်ပင်ရန်လည်း လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုထားပါတယ်။


========================


📌📌 ၂။ ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင်ကျင်းပတဲ့  လူထုတွေ့ဆုံပွဲကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးတက်ရောက်


ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းတွင်ကျင်းပတဲ့  လူထုတွေ့ဆုံပွဲကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့ပါတယ်။


မေလ၁၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဆိုပါတယ်။


သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် CRPH/NUG Support Group (Queensland) ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီး ဦးခွန်းဗဟန်းထန် လိုက်ပါလျက် မေလ ၁၃ နေ့ နံနက်ပိုင်းတွင် ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်းသို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။


ဘရစ်ဘိန်းမြို့၊ PCYC Logan ခန်းမတွင် စီစဉ်ထားသည့် လူထုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ သြစတြေးလျခရီးစဉ် ကနဦး အစည်းအဝေးများ၏ အတွေ့အကြုံများကို ဝေငှပေးခဲ့သည့်အပြင် လူထုက သိလိုသည့် မေးမြန်းမှုများကိုလည်း ဖြေကြားပေးခဲ့ပါတယ်။


လူထုအစည်းအဝေးကို Australian Karen Organization (AKO), Karenni community QLD, Rohingya community QLD, QLD Myanmar Youth Community (QMYC), Chin Community Council QLD (CCCQ), Burma Law Council (BLC), NLD Solidarity, Patriotic War Veterans of Burma (PWVB) စသည့် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ National Ethnic Council အဖွဲ့ဝင် James Tai Hla နှင့် Coffs Harbour မြို့မှ မိသားစုများ၊ ဘရစ်ဘိန်း မြို့သူမြို့သားများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။


========================


📌📌 ၃။ သဘာဝ ဘေးအန္တရယ် နဲ့ ဆိုင်တဲ့ သတင်းတွေကို စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေ ရယူဖို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်တိုက်တွန်း


သဘာဝ ဘေးအန္တရယ် နဲ့ ဆိုင်တဲ့ သတင်းတွေကို စိတ်ချရတဲ့ အဖွဲ့အစည်း တွေကနေ ရယူဖို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်တိုက်တွန်းဆိုပါတယ်။


မေလ၁၃ရက်မှာ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကအသိပေးဆိုထားပါတယ်။


"သဘာဝ ဘေးအန္တရယ်နဲ့ဆိုင်တဲ့ သတင်းတွေက စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေ ရယူတာ ဘေးအကင်းဆုံးပဲ။ ရွှေပြည်မှာက တာဝန်ခံ အဖွဲ့အစည်းတွေကို ပြည်သူက မယုံတဲ့ ကွက်လပ်ကို Pseudo Experts တွေက ဝင်ယူသွားကြတယ်။ ပြသနာက ဒီ Pseudo Expert တွေက လေနဲ့ပဲ တာဝန်ယူကြမှာဖြစ်ပြီး၊ ဥပဒေကြောင်းအရ ဘာတာဝန်မှ ယူစရာမလိုပါဘူး။ အသက်နဲ့ ဆိုင်တဲ့ခန့်မှန်းချက်တွေ တိုင်းပြည်၊ ဒေသနဲ့ ဆိုင်တဲ့ စီးပွါးရေး ခန့်မှန်းချက်တွေဖြစ်လို့ အန္တရယ်များပါတယ်"လို့ဆိုပါတယ်။


မေလ(၁၄)ရက်နေ့တွင် ဆိုင်ကလုန်း(Mocha)ကြောင့် မုန်တိုင်းဆဲလ်များမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်သို့ ဦးတည်ရွေ့လျားနိုင်သဖြင့် အဆိုပါဒေသများတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနိုင်တယ်လို့ NUGက ရာသီဥတုသတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရန်သူ့တပ်၏ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သိမ်းယူ၍ လက်နက်အချို့နဲ့ ကျည်ဆန်များသိမ်းဆည်းရမိ


မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရန်သူ့တပ်၏ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သိမ်းယူ၍ လက်နက်အချို့နဲ့ ကျည်ဆန်များသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၁၃ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


"မေလ (၁၀)ရက်နေ့၊ မနက်()နာရီခန့်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ရန်သူ့တပ်၏ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးခရိုင် အမှတ်() တပ်ရင်း၊ မကွေးတိုင်းကွပ်ကဲရေးအဖွဲ့နှင့်မင်းဘူးခရိုင် အမှတ်() တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ ချဥ်းကပ်ခဲ့ပြီး ကင်းငယ်စစ်ကြောင်းက ရှော့တိုက်ဒုံး() လုံးဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲ စသည်နှင့် စခန်းနောက်ကျောဘက်မှ တာဝန်ယူထားသော ကာဗွန်စစ်ကြောင်းနှင့်တောင်ဘက်မှ ဘုန်းမြတ်အောင် စစ်ကြောင်းတို့မှ စတင်ပစ်ခတ် ကာပစ်ပေးထားကာ ယက္ခညီနောင်စစ်ကြောင်းမှာ စခန်းမျက်နှာစာသို့ ချဥ်းကပ်ကာ စစ်ကြောင်းအသီးသီး တိုက်စစ်ဖွင့်ပြီး ၃နာရီ၃၀မိနစ် နာရီတွင် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


စခန်းတွင်အရာရှိအခန်း တခြားအခန်း အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆စီးကျော် မီးရှို့ခဲ့ပြီး RC နှစ်ထပ်တိုက် အပေါ်ထပ်သို့ ဝင်ရောက်ရှင်းလင်းချိန် အခန်းထောင့်တွင်ကျန်နေသော ရန်သူနှင့် ထိတွေ့မှု ဖြစ်ခဲ့ပြီး ကာကွယ်ရေးမှ ရဲဘော် ()ဦးကျဆုံးကာ ()ယောက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁၂)ဦး သေဆုံးပြီး G3 ()လက် ၊ကျည်ဘောက် ()ခု G3ကျည် (၁၅)တောင့် Dell လက်တော့ ()လုံး USB memory stick ()ခု ဖုန်းလိုင်းဖြတ် Jammer ၁ခု စကားပြောစက် Antenna () ချောင်း equipment ()ခု စစ်ဖိနပ် ()ရံ၊ ဘဏ်စာအုပ် ()အုပ် ပိုက်ဆံအိတ် ()လုံး ဒုရဲအုပ် မှတ်ပုံတင်နှင့် ရဲလက်မှတ် ၊ငွေ (၇၀,၅၀၀ )ကျပ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


နံနက် ၄နာရီ အချိန်တွင် စခန်းကို အောင်မြင်စွာ သိမ်းယူမီးရှို့ နိုင်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကန့်ဘလူခရိုင်အတွင်းရှိ ရွာ ()ရွာအား ၁၂ ရက်အတွင်း ပျူနှင့် စစ်တပ် မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ရွာ () ရွာအား ၁၂ ရက်အတွင်း ပျူနှင့် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မေလ၁၂ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအတည်ပြုဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း၌ မေလ ရက်မှ ၁၂ ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရိုင်တွင်းကျေးရွာ ()ရွာမှ ဒေသခံပြည်သူများပိုင် နေအိမ် ၁၇၈ လုံးအား  မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာများမှာ ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်နှင့် ခအုံးတာကျေးရွာ၊ ကာဘိုးတိုက်နယ်မှ သိုးဘိုးနှင့် ချင်မြစ်ကျင်းကျေးရွာ၊ ထန်းကုန်းတိုက်နယ်မှ သရက်ခေါင်း၊ ဖလံချိုင်နှင့် ညောင်ပေါင်းရင်းကျေးရွာတို့ ဖြစ်တယ်လို့သိရပါတယ်။


မေလ ရက်က စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ က ဇီးကုန်းတိုက်နယ်ရှိ ဖိုလ်ကုန်းရွာအား ဒုတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ယင်းစစ်ကြောင်းသည် မေလ ရက်ကလည်း သရက္ကံကြီးရွာအား ပစ်ခတ်ဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော်ဆိုသူအား ၎င်း၏ အိမ်ဝန်းအတွင်း၌ပင် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


ခမရ၃၆၁ တပ်မှ မေလ ရက်ကလည်း ဇီးကုန်းတိုက်နယ် ထောက်ရှာအိုင်ရွာအား အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ပြီးနောက် ပြည်သူပိုင်နေအိမ် ၈၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့သိရပါတယ်။


========================


📌📌 ၆။ ဘီးလင်းမြို့နယ်အတွင်းရှိစကခ လက်အောက်ခံ မဲပလီစခန်း အား ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်


ဘီးလင်းမြို့နယ်အတွင်းရှိစကခ လက်အောက်ခံ မဲပလီစခန်းအား ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ ၁၃ရက်မှာ စစ်ဆင်ရေးသတင်းကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDFကအတည်ပြုဆိုပါတယ်။


"ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းရှိစကခ လက်အောက်ခံ မဲပလီစခန်း အားသထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF KNU/KNLA PDF PPDF-KD Ygn Eagle Force တို့ Drone စစ်ဆင်ရေးဖြင့် ပူးပေါင်းပြီး ဗုံးသီး လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုအတည်ပြုစုံစမ်းဆဲ ဖြစ်ကာပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ ချောင်းဦးနယ် နတ်ရေကန် စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စကစဘက်က အယောက်၂၀ထက်မနည်းသေဆုံးတယ်လို့ ချောင်းဦးPDFဆို


စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ် နတ်ရေကန် စခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စကစဘက်က အယောက်၂၀ထက်မနည်းသေဆုံးတယ်လို့ ချောင်းဦးPDFကဆိုပါတယ်။


မေလ ၁၃ရက်နေ့ မှာ ချောင်းဦး PDF ကစစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"မေလ၁၁ ရက်နေ့ ညနေ () နာရီလောက်က နတ်ရေကန်စခန်းကို ဗုံးသီး () လုံးချခဲ့တယ်၊ အဲဒီနေ့ () နာရီခွဲ () နာရီလောက်မှာ စကစတွေက ငါးယှန်ကို မီးစရှို့ပြီး () နာရီလောက်မှာ ချောင်းဦးမြို့ပေါ်ကို မီးရှို့တယ်။ ဘလိုင်းကြီး ဘာလို့ရှို့ပါလိမ့်လို့ တွေးနေတာ အခုမှသတင်းအတိအကျရတော့တယ်၊ နတ်ရေကန်စကစအုပ်ကို ခဲ () လုံးထုလိုက်တာက တန်းစီနေတဲ့အထဲ တည့်တည့်ကြီးကျပြီး အကောင် (၂၀) သေသတဲ့"လို့ဆိုပါတယ်။


မေလ၁၂ရက်နေ့ကလည်း ရွာပြင်ထွက်လာတဲ့ ကင်းမွန်တော်က ပျူနှစ်ဦးအားရှင်းလင်းခဲ့တယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၈။  စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုကြောင့် မြိုင်မြို့မြောက်ဘက်ရှိ ကျေးရွာ()ရွာကပြည်သူများ မိုးရွာထဲတွင် ထွက်ပြေးတိမ်းရှောင်နေရ


စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုကြောင့် မြိုင်မြို့မြောက်ဘက်ရှိ ကျေးရွာ()ရွာကပြည်သူများ မိုးရွာထဲတွင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။


မေလ၁၃ရက်မှာ မြိုင်မြို့နယ် ကျေးရွာများတော်လှန်တပ်ဦးက အတည်ပြုဆိုပါတယ်။


"မေလ၁၃ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုကြောင့် မြိုင်မြို့မြောက်ဘက်ရှိ ကျေးရွာ()ရွာခန့် မိုးရွာထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ၁၉ရက်နေ့ကလည်း မကျည်းကန်ရွာရှိ ပြည့်သူ့နေအိမ်နဲ့ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးကာ လူငယ်တစ်ဦးကိုသတ်ဖြတ်ထားခဲ့ပြီး ဒေသခံ၁၄ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment