17th MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအပိုင်းတွေမှာအားလုံးပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ NUGအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေး  မမှိတ်မသုန် ဆက်လက် ချီတက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်တန်းခံရတဲ့ဖြစ်စဥ်တွင် သံသယတရားခံ ကိုပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဆိုတဲ့ မူဝါဒကို ကျင့်သုံးဆောင်ရွက်နေပြီး ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေတယ်လို့ပြောကြား

📌 ၄။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကို ကာကွယ်ရေးဒုတိယဝန်ကြီးတက်ရောက်

📌 ၅။ စစ်တပ်ထုတ်ကုန်ပစ္စည်းများဖြစ်တဲ့ အရက်၊ဘီယာ ဆေးလိပ်များကို ရေနံချောင်းမြို့နယ်အတွင်း လုံးဝရောင်းချခွင့်မပြုကြောင်း မကွေးခရိုင်အမှတ်၂တပ်ရင်းကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအပိုင်းတွေမှာအားလုံးပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မေလ၁၇


မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအပိုင်းတွေမှာအားလုံးပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်လို့ မေလ၁၇ရက်မှာ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြီးအား ရင်ဆိုင်နေရသော ပြည်သူလူထုများထံသို့ အမျိုးသားညီညွတ် ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောကြားသော အားပေးစကားမှာထည့်သွင်းပြောပါတယ်။


"ဒီကနေ့အထိ ရရှိထားတဲ့အတည်ပြုစာရင်းတွေအရ မိုခါမုန်တိုင်းကြောင့် လူသေဆုံးမှု၄၃၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာပြည်သူများ မသေဆုံးသင့်ဘဲ အမြောက်အများအသက် ဆုံးရှုံးတာကို ကြားသိရတဲ့အတွက်လည်း များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ၆၀ရါခိုင်နှုန်းကျော် ထိခိုက်ပျက်စီး ဆုံးရှုံးတာကိုလည်းသိရလို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအပိုင်းတွေမှာ ကျနော်တို့အားလုံးပိုပြီး ကြိုးပမ်းလုပ်ဆောင်ရမယ်ဆိုတာ သတိပြုမိပါတယ်"လို့ဆိုပါတယ်။


မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူတစ်သန်းခန့်အတွက် အစားအစာနဲ့သောက်သုံးရေများလိုအပ်လျက်ရှိတယ်လို့ NUGကထုတ်ပြန်ထားပါတယ်။ မေလ၁၆ရက်နေ့စာရင်းများအရ တိုင်းဒေသကြီးနဲ့ပြည်နယ် စုစုပေါင်း၇ခုတွင် သေဆုံးသူ ၄၃၅ဦးရှိပြီး ပျောက်ဆုံးနေသူများလည်းရှိတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၂။ NUGအစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေး  မမှိတ်မသုန် ဆက်လက် ချီတက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


မေလ၁၇ရက်


မေလ၁၆ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၉/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အစိုးရအနေနဲ့တော့ ဒီလိုအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ရေး အတွက် ပြည်သူတွေရဲ့ အား၊ တော်လှန်ရေးဦးဆောင်အဖွဲ့တွေရဲ့ အားတွေနဲ့ ရှေ့ကို မမှိတ်မသုန် ဆက်လက် ချီတက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး နှစ်ကျော်ကာလမှာ ပြည်သူတွေရဲ့ စိတ်အား လူအား ကူညီမှု၊ PDF တွေရဲ့ ကိုယ်ကျိုးမဖက် ရဲစွမ်းသတ္တိအပြည့်နဲ့ ပြည်သူတွေ ရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်မှု၊ CDM တွေရဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား ယိုင်နဲ့ ပြိုလဲ သွားအောင် ကြံ့ကြံ့ခိုင် ရပ်တည်မှုတွေနဲ့အတူ မဟာမိတ် ERO တွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ရှေ့ဆက်နေခဲ့တာ ခရီးလည်း အတော်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရှိနေပြီးသားအားတွေကိုလည်း တန်ဖိုးထားဖို့ အင်မတန် အရေးကြီးပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့ ၂၀၂၃ ခုနှစ်ကို အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရဟာ သတ်မှတ်ကြေညာထားပါတယ်။


========================


📌📌 ၃။ လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်တန်းခံရတဲ့ဖြစ်စဥ်တွင် သံသယတရားခံ ကိုပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဆိုတဲ့ မူဝါဒကို ကျင့်သုံးဆောင်ရွက်နေပြီး ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေတယ်လို့ပြောကြား


မေလ၁၇


လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့တိုင်တန်းခံရတဲ့ဖြစ်စဥ်တွင် သံသယတရားခံ ကိုပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဆိုတဲ့ မူဝါဒကို ကျင့်သုံးဆောင်ရွက်နေပြီး ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေတယ်လို့  မေလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။


"ပြန်လွတ်သွားတယ်တို့၊ ပြန်လွတ်ပေးလိုက်တယ်တို့၊ NLD ဖြစ်လို့တို့ အဲဒါတွေကတော့ မှန်းဆချက်တွေပဲဖြစ်ပါလိမ့်မယ်။ ကျမတို့ကတော့ကျောသား၊ ရင်သားမခွဲခြားဘူး။

ဒီဖြစ်စဉ်အပေါ်မှာ သံသယတရားခံအပေါ်ကို သက်ညှာပြီးတော့၊ သနားပြီးတော့၊ မတရားဘူးပေါ့နော် ဒီလိုမျိုးအဲဒီလူအပေါ်မှာ သက်သက်ညှာညှာလုပ်ဖို့ စဉ်းစားဖို့ အဲလိုမျိုး ရပ်တည်တဲ့ လူတွေလည်းရှိသလို NLD မို့လို့ လွတ်ပေးတာလားဆိုတဲ့ Public Opinion (လူထုအမြင်) တွေလည်းရှိပါတယ်။ ဒါကတော့ လူဆိုတာကတော့ ဘက်အမျိုးမျိုးရှိမှာပဲ။ ဒါပေမယ့် ကျမတို့က ဘက်လိုက်လို့မရဘူး။ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့ ဥပဒေ၊ မိမိရဲ့ မူဝါဒမှာပဲ ရပ်တည်ရမယ်။ ကျမတို့ရဲ့ မူဝါဒကတော့ “Sexual Violence က No Tolerance” ကျမတို့ ဒီလိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို လုံးဝသည်းညှင်းမခံဘူး၊ ခွင့်မလွှတ်ဘူး။ No Impunity ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဆိုတဲ့ မူဝါဒကိုပဲကျင့်သုံးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အဆိုပါအမှုကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ထိုင်းနိူင်ငံတွင် ဖြစ်ပွားခဲ့သည့် CDM ပညာရေးဝန်ထမ်းတစ်ဦးရဲ့  အသက် () နှစ်အရွယ် ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဟု တိုင်ကြားချက်ကို မေလ၂ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကိုလိပ်မူတိုင်ကြားခဲ့ပါတယ်။


========================


📌📌 ၄။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကို ကာကွယ်ရေးဒုတိယဝန်ကြီးတက်ရောက်


မေလ၁၇ရက်


ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကို ကာကွယ်ရေးဒုတိယဝန်ကြီး နိူင်ကောင်းရွက်တက်ရောက်ခဲ့တယ်လို့ မေလ၁၆ရက်မှာ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ကအတည်ပြုဆိုထားပါတယ်။


"ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ (၁၅) ရက် နေ့တွင် ကျင်းပခဲ့ပါတယ်။အခမ်းအနားတွင် တပ်ဖွဲ့ဝင်များ စစ်ရေးပြအခမ်းအနားဖြင့် တက်ရောက်ခဲ့ပြီးကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခြင်းနဲ့CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က အမှတ်တရ အမှာစကားပြောကြားခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထို့နောက် တပ်ဖွဲ့ဝင်များ၏ () နှစ်တာ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ရန်ကုန်တိုင်း ပကဖတာဝန်ခံ အမှာစကားပြောကြားခြင်းသဝဏ်လွှာများ ဖတ်ကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၅။ စစ်တပ်ထုတ်ကုန်ပစ္စည်းများဖြစ်တဲ့ အရက်၊ဘီယာ ဆေးလိပ်များကို ရေနံချောင်းမြို့နယ်အတွင်း လုံးဝရောင်းချခွင့်မပြုကြောင်း မကွေးခရိုင်အမှတ်၂တပ်ရင်းကြေညာ


မေလ၁၇


မေလ၁၆ရက်မှာကြေညာချက်အမှတ် / ၂၀၂၃ကို ထုတ်ပြန်ပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းများရောင်းချခွင့်မပြုကြောင်း မကွေးခရိုင်အမှတ်၂တပ်ရင်းကအသိပေးဆိုပါတယ်။


ထုတ်ပြန်ချက်အရ ရေနံချောင်းမြို့နယ်အတွင်း အာမီရမ်၊ မြန်မာဘီယာ၊ဒဂုံဘီယာ၊ မိုင်တဲ ဆင်းကတ်နဲ့ငွေဖြည့်ကတ် စတဲ့ အကြမ်းဖက်စစ်တပ်နဲ့ဆက်စပ်သော ထုတ်ကုန်ပစ္စည်းများရောင်းချခွင့်မပြုဘူးလို့ဆိုထားပါတယ်။


အဆိုပါ ထုတ်ကုန်များကို ရောင်းချတင်သွင်းနေကြောင်းစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမယ်လို့ မကွေးခရိုင်အမှတ်၂ တပ်ရင်းကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment