18th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ထပ်တိုး အောင်ပွဲရလဒ်တွေနဲ့အတူ အားထုတ်ကြိုးစားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား

📌 ၂။ NUG လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦအတွင်း နယူးဇီလန်၏ ထင်ရှားသည့် မီဒီယာများအပါအဝင် နယူးဇီလန်ရှိ နိုင်ငံရေးပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ မိုခါမုန်တိုင်းကြောင့် လူဦးရေ ဒသမ ၄သန်းကျော်လောက်ကို မုန်တိုင်းဒဏ်သင့်ခဲ့ပြီး မကွေးနဲ့ စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရ

📌 ၅။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တအာင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာက စာသင်ကျောင်းအပါအဝင် နေအိမ် ၁၀၀ ကျော်ထိခိုက်ပျက်စီး

📌 ၆။ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမယ်

📌 ၇။ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား  အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

📌 ၈။ ရေစကြိုမြို့နယ် ဇီးတောပျူကျေးရွာမှ ဆင်ချောင်းပျူကျေးရွာသို့ လာသော စကစယာဥ်တန်း ပဒေသာမိုင်း၁၀လုံးတွဲထိ၍ စကစတပ်နဲ့ပျူရှစ်ဦးသေဆုံး

📌 ၉။ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြား အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေလျင်နဲ့လာရာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှု()ဦးအထက်ရှိ

📌 ၁၀။ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်းကာ လက်နက်ကြီးရမ်းသန်းပစ်ခတ်၍ အရပ်သားအမျိုးသားတစ်ဦးမှာ နေရာတင်သေဆုံးပြီးအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရ

📌 ၁၁။ မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်အတွင်း လူငယ်များလှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ထပ်တိုး အောင်ပွဲရလဒ်တွေနဲ့အတူ အားထုတ်ကြိုးစားကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား


မေလ၁၇ရက်

စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ထပ်တိုး အောင်ပွဲရလဒ်တွေနဲ့အတူ အားထုတ်ကြိုးစားကြဖို့မေလ ၁၆ရက်မှာ ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၉ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ဟာ ၂၀၂၃ နှစ်သစ်မှာ နိုင်ငံရေးအရ အားပေးစကားတွေ၊ စည်းရုံးရေး စကားတွေ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်အားတက်ကြွအောင် ခွန်အားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို ပြန်လည် အမှတ်ရပြီး ယခု ဒီနှစ်ကုန်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့ ဇွဲလုံ့လ ဝီရိယအားစိုက်ထုတ်ကြပါလို့ ထပ်လောင်း နှိုးဆော်ချင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက် ဒီရေဟာ အမြင့်မားဆုံးရှိနေတာ အားလုံး အသိဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူထုရဲ့ မျှော်လင့်ချက်အားလုံးကို တချိန်တည်း တပြိုင်နက်တည်း မဖြည့်ဆည်းပေးနိုင်ပေမယ့် လူထုမျှော်လင့်ချက်မဲ့စေတဲ့ လုပ်ရပ်မျိုးတွေ ဖြစ်လို့မရပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ထပ်တိုး အောင်ပွဲရလဒ်တွေနဲ့အတူ အားထုတ်ကြိုးစားကြဖို့ တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ်ဇန်နဝါရီ ရက်နေ့က စပြီး ယနေ့အထိ PDF များပါဝင်တဲ့ တပ်ပေါင်းစုများ ဖေါ်ဆောင်ခဲ့သော စစ်ဆင်ရေးများမှာ ရန်သူ့စခန်းသိမ်း တိုက်ပွဲ - ၄၄ ပွဲ၊လေတပ်စခန်း တိုက်ခိုက်မှု - ခု၊ လက်နက်စက်ရုံများတိုက်ခိုက်မှု - ခု၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု - ၁၁ ခု တို့အထိ ရှိခဲ့ပါတယ်။


========================


📌📌 ၂။ NUG လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦအတွင်း နယူးဇီလန်၏ ထင်ရှားသည့် မီဒီယာများအပါအဝင် နယူးဇီလန်ရှိ နိုင်ငံရေးပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ


မေလ၁၇

NUG လူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦအတွင်း နယူးဇီလန်၏ ထင်ရှားသည့် မီဒီယာများအပါအဝင် နယူးဇီလန်ရှိ နိုင်ငံရေးပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက မေလ (၁၇) ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၁၇ နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ လွှတ်တော်အဆောက်ဦအတွင်း နယူးဇီလန်၏ ထင်ရှားသည့် မီဒီယာများဖြစ်သည့် The New Zealand Herald, Staff, Newsroom တို့မှ သတင်းထောက်များအား၏ အင်တာဗျူးများကို လက်ခံဖြေကြားပေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ထို့နောက် ပါလီမန်အတွင်း နယူးဇီလန်ရှိ နိုင်ငံရေးပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် Cross-party meeting ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ Liberal Party မှ Simon O'Connor MP, Labour Party မှ Vanushi Walters MP, Rachel Boyack MP, Ibrahim Omer MP, Arena Williams MP နှင့် Greens Party မှ Golriz Ghahraman MP တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။


ညနေပိုင်းတွင် နယူးဇီလန်အစိုးရ အကြီးတန်းဝန်ကြီးတစ်ဦး စီစဉ်သည့် မိတ်ဆက်ညစာစားပွဲတခုကို တက်ရောက်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မေ   ၁၇  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၃)ကို မေလ၁၇ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့မှ အမှာစကားအသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မိုခါမုန်တိုင်းကြောင့် လူဦးရေ ဒသမ ၄သန်းကျော်လောက်ကို မုန်တိုင်းဒဏ်သင့်ခဲ့ပြီး မကွေးနဲ့ စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရ


မေလ၁၆

မိုခါမုန်တိုင်း လူဦးရေ ဒသမ ၄သန်းကျော်လောက်ကို မုန်တိုင်းဒဏ်သင့်ခဲ့ပြီး မကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရတယ်လို့ UN OCHA Myanmarက သတင်းထုတ်ပြန်ပါတယ်။


"မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းရပါတယ်။ အများဆိုင်ရာအဆောက်အအုံတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်မကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေက ကွင်းဆင်းလေ့လာစောကြောမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တအာင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာက စာသင်ကျောင်းအပါအဝင် နေအိမ် ၁၀၀ ကျော်ထိခိုက်ပျက်စီး


မေလ ၁၇ ရက် 


မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် တအာင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာက စာသင်ကျောင်းအပါအဝင် နေအိမ် ၁၀၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ မေလ၁၇ရက်နေ့မှာ  PSLF/TNLA က အတည်ပြုထုတ်ပြန်ပါတယ်။


မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် နာရီ မိုင် ၁၀၀ကျော် ပြင်အားရှိ အလွန်အားကောင်းသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ 

 

ဆိုင်ကလုန်းမုန်တိုင်း မိုခါ အရှိန်ကြောင့် တအာင်းပြည်နယ်အတွင်း ပြင်းထန်လေတိုက်ခတ်မှုနှင်အတူ မိုးသည်ထန်စွာ ရွာသွန်းခဲ့ပြီး သံလွင်ခရိုင် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာ ရွာမှ နေအိမ် ၁၄ လုံး၊ ရွှေလီခရိုင် မန်တုံမြို့နယ်ရှိ ကျေးရွာ ()ရွာမှ နေအိမ် အလုံး(၄၀) မိုးကုတ်ခရိုင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ ရွာမှ နေအိမ် ၃၂ လုံးနှင့် မန်အောင်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ရွာမှ နေအိမ် ၂၂ လုံး စုစုပေါင်း နေအိမ်(၁၀၈)လုံးအပြင် စာသင်ကျောင်းများနှင့် ဇရပ်များ ထိခိုက်ပြိုကျပျက်စီးခဲ့ပါတယ်။

 

လက်ရှိအချိန်တွင် မုန်တိုင်းဒဏ်ခံထားရသည့် ကျေးရွာများရှိ နေအိမ်ပြိုကျပျက်စီးသွားသည့် မုန်တိုင်းသင့်ပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး ထောက်ပံ့ရေးအကူအညီများ လိုအပ်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမယ်


မေလ၁၇ရက်


မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမယ်လို့သိရပါတယ်။


မေလ ၁၇ရက်မှာ ဆိုက်ကလုန်းမိုခါ တုံ့ပြန်ရေးအားထုတ်မှုများအပေါ် အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။


"ဆိုက်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိကြောင်းကို ကြားသိရသည်နှင့် ဤသို့ပျက်စီးဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရသည့် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပြီး လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြပါတယ်။ ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားပါမယ်"လို့ဆိုပါတယ်။


အသစ်ထပ်မံထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပစ္စည်းများအတွက် ဖြစ်တယ်လို့သိရပါတယ်။


ဆိုက်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် အရေးပေါ်စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ အဓိကကျသောကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသင့်ပြင်ဆင်ထားခဲ့ကြတယ်လို့ဆိုပါတယ်။


ထိခိုက်မှုနှင့် ဦးစားပေးလိုအပ်ချက်များကို သုံးသပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် မြေပြင်မှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား  အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ


မေလ၁၇

(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ ၁၇ရက် မနက် နာရီ ဝန်းကျင်ခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဖြစ်ပွားခဲ့တယ်လို့ ဘောလခဲ PDFကဆိုပါတယ်။


"(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား မေလ ၁၇ ရက်နေ့၊ မနက် နာရီ ဝန်းကျင်ခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုဖြစ်ပွားခဲ့ပါတယ်။ ထိုဗုံးကျဲမှု ဖြစ်စဉ်တွင် အသက် ၁၇ နစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသား ဦး ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


လေယာဉ်ဗုံးကျဲမှု‌ကြောင့်ကျေးရွာ ဆေးပေးခန်း အဆောက်အဦး၂လုံး၊ လူနေအိမ် ၆လုံး ပျက်စီးခဲ့ကာ ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ခဲ့ပါတယ်။


ဘောလခဲခရိုင်အတွင်း လူ‌နေကျေးရွာများအား အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဗုံးကျဲမှု ဖြစ်စဉ် ၃ကြိမ် အထိရှိလာပြီ ဖြစ်ရာ ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၈။ ရေစကြိုမြို့နယ် ဇီးတောပျူကျေးရွာမှ ဆင်ချောင်းပျူကျေးရွာသို့ လာသော စကစယာဥ်တန်း ပဒေသာမိုင်း၁၀လုံးတွဲထိ၍ စကစတပ်နဲ့ပျူရှစ်ဦးသေဆုံး


မေလ၁၇ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဇီးတောပျူကျေးရွာမှဆင်ချောင်းပျူကျေးရွာသို့ လာသော စကစယာဥ်တန်းပဒေသာမိုင်း၁၀လုံးတွဲထိ၍ စကစတပ်နဲ့ ပျူရှစ်ဦးသေဆုံးခဲ့တယ်လို့ မေလ၁၇ရက်မှာ စစ်ရေးသတင်းကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။


"မေလ (၁၇)ရက် ရေစကြိုမြို့နယ် ဇီးတောပျူကျေးရွာမှဆင်ချောင်းပျူကျေးရွာသို့ စကစတပ်အပြောင်းအလဲ လုပ်သည်ဟုယူဆရသော  အင်အား ၈၀ခန့်ပါလာသည့် ယာဥ်တန်း၃စီးအား ကြည့်ကန်ကျေးရွာနားအရောက်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပဒေသာမိုင်း၁၀လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစတပ်၊ ရဲနှင့်ပျူပေါင်း ၈ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။ စကစတပ်များလက်နက်ကြီးလက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြား အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေလျင်နဲ့လာရာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှု()ဦးအထက်ရှိ


မေလ၁၇ရက်

မေလ၁၇ရက် မနက် နာရီအချိန်ခန့် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တနင်္သာရီမြို့နယ်က အသိပေးဆိုပါတယ်။


"မေလ ၁၇ ရက်နေ့  မနက် နာရီအချိန်ခန့် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြား အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေလျင်နဲ့လာရာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲမှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းထိ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ ()ဦး ပြင်းထန်ဒဏ်ရာရှိကာ သေဆုံးမှု()ဦးအထက်ရှိတယ်လို့ သိရှိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အားလုံး ဘေးကင်းစွာဆုတ်ခွာနိူင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်းကာ လက်နက်ကြီးရမ်းသန်းပစ်ခတ်၍ အရပ်သားအမျိုးသားတစ်ဦးမှာ နေရာတင်သေဆုံးပြီးအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရ


မေလ၁၇

ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်းကာ လက်နက်ကြီးရမ်းသန်းပစ်ခတ်၍ အရပ်သားအမျိုးသားတစ်ဦးမှာနေရာတင်သေဆုံးပြီးအမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၁၇ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


မေလ ၁၁ ရက်နေ့၊ ညနေ နာရီခွဲခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားတစ်ဦးဖြစ်သူ ကိုစံလင်းမှာ လက်နက်ကြီးကျည်စထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏အမျိုးသမီးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၅၁၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၁၁။ မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်အတွင်း လူငယ်များလှုပ်ရှား


မေလ၁၇ရက်

မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်အတွင်း လူငယ်များလှုပ်ရှားခဲ့ပါတယ်။


မေလ၁၇ရက် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း DDMSC အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်တဲ့ LGBT Community က ဆန့်ကျင်ရေးကို  ဦးဆောင်ခဲ့တာလို့ သိရပါတယ်။


စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် လိင်စိတ်ခံယူမှု ကွဲပြားသူ‌တွေအပေါ် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာလို့သိရပါတယ်။


ထိုလှုပ်ရှားမှုကိုမတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြဘန်နာနဲ့ ပြုလုပ်ခဲ့ကြပြီး ဒေသခံ အမျိုးသမီးများနှင့် လူငယ်အများအပြား ပူးပေါင်းပါဝင်နဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment