30th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကတိပြုပြောကြား

📌 ၂။ အခွန်ကောက်ခံခွဲဝေမှုများကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ အကြမ်းဖက် စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အာဆီယံ ဘုံသဘောတူညီချက်()ချက်နှင့် UN၏လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖြတ်နေခြင်းဖြစ်တယ်လို့ဝန်ကြီးဒေါက်တာဆာဆာပြောကြား

📌 ၄။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်းမှာ စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် ဆိုးဝါးသော အကျိုးဆက်များစွာထဲမှအချို့ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၅။ Sky Hunter အမျိုးအစား Fixed Wing & Kamikaze Drone STF-MDYမှစမ်းသပ်အောင်မြင်

📌 ၆။ ပျော်ရွင်မှုအညွန်းကိန်း . နဲ့မြန်မာနိူင်ငံဟာ အရှေ့တောင်အာရှမှာ မပျော်ဆုံးနိူင်ငံအဖြစ်တည် ရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကတိပြုပြောကြား


ဇွန်လ၃၀


"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာစစ်တပ်က ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို နိုင်ငံတကာ တရားစီရင်မှုများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့  လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့တွင် ယာယီသမ္မတ ဒူဝါလရှီးလမှ  ပြောကြားခဲ့ပါတယ်။


အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထိရောက်သော ဥပဒေ၊ မူဝါဒများဖြင့် ကာကွယ်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာကျူးလွန်တဲ့အမှုပေါင်း၁၁၇မှုထဲမှာ စကစဘက်ကကျူးလွန်တာ၁၀၈မှုရှိတယ်လို့ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ အခွန်ကောက်ခံခွဲဝေမှုများကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ၃၀ရက်


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၆/၂၀၂၃)တွင် အခွန်ကောက်ခံခွဲဝေမှုများကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရန်  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။


"စိုးမိုးထိန်းချုပ်ထားသည့် နေရာဒေသများတွင်   အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေ တိုးတက်ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်မှုသည် အရေးပါလာမည်ဖြစ်၍ စနစ်ကျရန် လိုအပ်သလို  မူဝါဒတွေ လိုက်နာမှု၊ အခွန်ကောက်ခံခွဲဝေမှုများကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်ရန် အရေးကြီးပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင်ရှေ့တန်းမှ အသက်စွန့်တိုက်ပွဲဝင်နေသည့် ရဲဘော်အပေါင်းတို့ကို လေးစားဂုဏ်ယူကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် စစ်ကောင်စီရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အာဆီယံ ဘုံသဘောတူညီချက်()ချက်နှင့် UN၏လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖြတ်နေခြင်းဖြစ်တယ်လို့ဝန်ကြီးဒေါက်တာဆာဆာပြောကြား


ဇွန်လ၃၀


ဇွန်လ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်သူလူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ထုတ်ပြန်‌‌ခဲ့ပါတယ်။


"လူမျိုးတုံးသတ်ဖြတ်သော အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့တွင် ကျူးလွန်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အာဆီယံ ဘုံသဘောတူညီချက်()ချက်နှင့်  မြန်မာနိုင်ငံအပေါ်ချမှတ်သည့် UN လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖြတ်နေခြင်းဖြစ်ပါတယ်။ ဤကဲ့သို့သော အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကို အာဆီယံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်လျူရှုခြင်းကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမိုတိုးပွားစေပါတယ်"လို့ဆိုပါတယ်။


ဇွန်လ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီများမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရဟန်းတစ်ပါးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၀) ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၄။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်းမှာ စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် ဆိုးဝါးသော အကျိုးဆက်များစွာထဲမှအချို့ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


ဇွန်လ၃၀


ဇွန်လ၂၆ရက်ကျင်းပတဲ့ United Nations Office on Drugs and Crime ၂၀၂၃ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာ ထုတ်ပြန်သည့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့ပါတယ်။


 "ဘိန်းစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်ခြင်း၊ မက်တာဖက်တမင်ထုတ်လုပ်မှု မြင့်တက်ခြင်း၊ တရားမဝင်မှောင်ခိုမှုများ မြင့်တက်ခြင်းသည် စစ်တပ်၏ မတရားအာဏာသိမ်းမှု၏ ဆိုးဝါးသော အကျိုးဆက်များစွာထဲမှ အချို့ဖြစ်ကြောင်း၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်ရရှိမှုသည်သာ ဤစိန်ခေါ်မှုများအတွက် ဖြေရှင်းနိုင်မည့်အဖြေဖြစ်ကြောင်း "သံအမတ်ကြီးကပြောပါတယ်။


UNODC စစ်တမ်းများအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ကျဆင်းခဲ့သည်ကို တွေ့ရပြီး ၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ် ကထက် ၃၃ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများလည်း ပိုမိုကျယ်ပြန့်လာကာ မက်တာဖက်တမင် ထုတ်လုပ်မှုသည်လည်း သိသာစွာ တိုးတက်လာကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ Sky Hunter အမျိုးအစား Fixed Wing & Kamikaze Drone STF-MDYမှစမ်းသပ်အောင်မြင်


ဇွန်လ၃၀


Sky Hunter အမျိုးအစား Fixed Wing & Kamikaze Drone STF-MDYမှ စမ်းသပ်အောင်မြင်ခဲ့ကြောင်းကို ဇွန်လ၃၀ရက်မှာ STF Madanlayကအသိပေးဆိုပါတယ်။


ကျွန်ုပ် တို့ STF-MDY သည်စစ်ဏာရှင်အား နည်းပညာဖြင့်အဆုံးတိုင်တိုက်ထုတ်ရန်အတွက် Sky Hunter အမျိုးအစားမောင်းသူမဲ့ လေယာဥ်- Fixed Wing &  Kamikaze Drone ထုတ်လုပ်၊ ပျံသန်းခြင်းကို ယနေ့ 27//၂၀၂၃တွင် အောင်မြင်စွာ ပျံသန်းနိုင်ပြီဖြစ်ကြောင်း အလှူရှင်မိဘပြည်သူများအား အသိပေး ကြေငြာအပ်ပါတယ်လို့ဆိုပါတယ်။


STF တပ်ဖွဲ့သည် စစ်အာဏာရှင် အလုံးစုံ ပျက်သုန်းရေးအတွက် မှန်ကန်သော နည်းမျိုးစုံအား အသုံးချနေတယ်လို့လည်းအသိပေးဆိုထားပါတယ်။


========================


📌📌 ၆။ ပျော်ရွင်မှုအညွန်းကိန်း . နဲ့မြန်မာနိူင်ငံဟာ အရှေ့တောင်အာရှမှာ မပျော်ဆုံးနိူင်ငံအဖြစ်တည် ရှိနေ


ဇွန်လ၃၀


ကမ္ဘာလုံးဆိုင်ရာ ပျော်ရွင်မှုအညွန်းကိန်းဂဏန်းတွေအရ အရှေ့တောင်အာရှထံမှာ မြန်မာနိူင်ငံဟာ  မပျော်ဆုံးနိူင်ငံသားတွေ ရှိတဲ့နေရာအဖြစ်ဖော်ပြခြင်းခံခဲ့ရတယ်လို့သိရပါတယ်။


မြန်မာနိူင်ငံနည်းတူ ပျော်ရွင်မှုအညွန်းကိန်း .၄နဲ့ ရှိနေတာလည်း ကမ္ဘောဒီးယားနိူင်ငံ ဖြစ်ပါတယ်။


အရှေ့တောင်အာရှမှာ ပျော်ရွင်မှုအမြင့်ဆုံးကတော့ ပျော်ရွင်မှုအညွန်းကိန်း . နဲ့ စင်ကာပူနိုင်ငံဖြစ်ပြီး ဒုတိယက . နဲ့ မလေးရှား၊ တတိယက . နဲ့ ထိုင်းနိုင်ငံ၊ စတ္ထုထ ကတော့ . နဲ့ ဗီယက်နမ်နိုင်ငံ၊ ပဉ္စမ ကတော့ . နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment