13th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးက အရှိန်တက်လာလေလေ  ပြဿနာတွေကို ဖန်တီးချင်သူတွေလည်း ရှိစမြဲမို့ကဏ္ဍတိုင်းအတွက် သတိထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလုပ်ရပ် မြန်မာအရေးပြဿနာကို အကူအညီ မပေးရုံတင်မကဘဲနဲ့ ဒေသတွင်းအာဆီယံရဲ့ စည်းလုံးညီညွတ်မှုကိုပါ ပျက်ပြားစေတဲ့ချဥ်းကပ်မှုမျိုးဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်း၏ အပတ်စဥ် () သင်တန်းဆင်းပွဲကျင်းပ

📌 ၄။ အမေရိကန်ပြည်ထောင်စု Sacramentoမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ လူထုတွေ့ဆုံပွဲတွင် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော်နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းခဲ့ကြ

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အီတလီနိုင်ငံသို့ လာရောက်ပြီး ပါးမါးမြို့နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့

📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အသက်သေဆုံးခဲ့သူ (၁၃၀၂) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၇၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ

📌 ၈။ ကရင်နီရှိ နယ်စပ်တစ်နေရာကို စကစအကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံး()လုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ

📌 ၉။ ကော့ကရိတ်နဲ့ ကျုံဒိုးရှိ စကစတပ်တွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးက အရှိန်တက်လာလေလေ  ပြဿနာတွေကို ဖန်တီးချင်သူတွေလည်း ရှိစမြဲမို့ကဏ္ဍတိုင်းအတွက် သတိထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇူလိုင်၁၂ရက်

"တော်လှန်ရေးက အရှိန်တက်လာလေလေ  ပြဿနာတွေကို ဖန်တီးချင်သူတွေလည်း ရှိစမြဲမို့ ကဏ္ဍတိုင်းအတွက် သတိထားကြဖို့" ဇူလိုင်၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၂၃) တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။


" တော်လှန်ရေးက အရှိန်တက်လာလေလေ အောင်ပွဲကို မြင်ရလေလေ၊ ပြဿနာတွေကို ဖန်တီးချင်သူတွေဆိုတာလည်း ရှိစမြဲမို့ တတ်နိုင်သမျှ ကျွန်တော်တို့ဘက်က ကဏ္ဍတိုင်းအတွက် သတိထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပန်းဝင်ခါနီးလေ ပိုမိုပင်ပန်းစွာ ကြိုးစားကြရလေမို့ အခုလို အောင်ပွဲနဲ့ အနီးဆုံးရောက်ရှိနေပြီ ဖြစ်တဲ့ အချိန်ကာလမှာ ဘက်ပေါင်းစုံက စုစုစည်းစည်းနဲ့ ချီတက်နိုင်ကြဖို့ဆိုတာ အရေးအကြီးဆုံးဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုထောက်ခံသူ စစ်လော်ဘီများမှ တယ်လီဂရမ်နဲ့ လူမှုကွန်ရက်များတွင် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး တော်လှန်ရေးအင်အားစုများအား ပုံဖျက်ရေးသားဖော်ပြမှုတို့ရှိနေပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလုပ်ရပ် မြန်မာအရေးပြဿနာကို အကူအညီ မပေးရုံတင်မကဘဲနဲ့ ဒေသတွင်းအာဆီယံရဲ့ စည်းလုံးညီညွတ်မှုကိုပါ ပျက်ပြားစေတဲ့ချဥ်းကပ်မှုမျိုးဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်


ဇူလိုင်၁၂ရက်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးလုပ်ရပ် မြန်မာအရေးပြဿနာကို အကူအညီ မပေးရုံတင်မကဘဲနဲ့ ဒေသတွင်းအာဆီယံရဲ့ စည်းလုံးညီညွတ်မှုကိုပါ ပျက်ပြားစေတဲ့ ချဥ်းကပ်မှုမျိုးဖြစ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင်၁၂ရက် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။


"အိမ်စောင့်အစိုးရဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သွားတွေ့တယ်ဆိုတာ သူ့ရဲ့ကိုယ်စားပြုမှုက ဘာကိုကိုယ်စားပြုတာလဲ။ ဘယ်တာဝန်အရ သွားတွေ့တာလဲဆိုတာ ကျမတို့ အကြီးအကျယ်မေးခွန်းထုတ်စရာရှိတယ်။ ဒါကကျမတို့တိုင်းပြည်ရဲ့ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ အကူအညီ မပေးရုံတင်မကဘဲနဲ့ ဒေသတွင်းအာဆီယံရဲ့စည်းလုံးညီညွတ်မှုကိုပါ ပျက်ပြားစေတဲ့ ချဥ်းကပ်မှုမျိုးဖြစ်တယ်ဆိုတာ ကျမတို့ သုံးသပ်ရရှိပါတယ်"ဝန်ကြီးကဆိုပါတယ်။


ဇူလိုင်၉ရက် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးစဥ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရရှိခဲ့ဘူးလို့လည်း သတင်းဌာနအချို့က ဖော်ပြခဲ့ပြီး မြန်မာအရေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက လိမ်လည်ပြောဆိုတယ်လို့လည်း မြန်မာပြည်သူလူထုအများစုက လူမှုကွန်ရက်စာမျက်နှာမှာသုံးသပ်ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်း၏ အပတ်စဥ် () သင်တန်းဆင်းပွဲကျင်းပ


ဇူလိုင်၁၂ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖက်ဒရယ်စစ်ကြောင်း အပတ်စဥ် () သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ဖက်ဒရယ်စစ်ကြောင်းက ဇူလိုင်၁၂ရက်မှာ အသိပေးဆိုပါတယ်။


"မိမိတို့စစ်ကြောင်းအနေဖြင့် တစ်နှစ်ကျော်ကာလအတွင်း စည်းကမ်းကောင်းမွန်၍ စိတ်ဓာတ်ခိုင်မာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများကို မွေးထုတ်ပေးခဲ့ရာ ယခုအခါ အပတ်စဥ် () တိုင်ရှိပြီးဖြစ်ပါတယ်။ ထို့အပြင် ပိုမိုကောင်းမွန် မြင့်မားသည့် စစ်ပညာရပ်များကိုလည်း လေ့လာလျက်ရှိကြပြီး ရန်သူကို အထိရောက်ဆုံး တိုက်ခိုက်နိုင်ရန်အတွက်ကြိုးစားလျက်ရှိပါတယ်"လို့ဆိုပါတယ်။


ပြည်သူလူထု၏ ထောက်ပံ့ကူညီမှုများဖြင့် မွေးထုတ်ပေးနိုင်ခဲ့သည့်  ရဲဘော်များသည် ဒေသတွင်းသာမက မဟာမိတ်ဒေသ၏ ရှေ့တန်း စစ်မြေပြင်များတွင်ပါ ပါဝင် တိုက်ခိုက်လျက်ရှိတယ်လို့ဖက်ဒရယ်စစ်ကြောင်းကဆိုပါတယ်။


ရဲဘော်များ အနေဖြင့် သင်တန်းဆင်းပွဲတွင် သစ္စာသန္နိဋ္ဌာန်ပြုခြင်း၊ သစ္စာရေသောက်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၄။ အမေရိကန်ပြည်ထောင်စု Sacramentoမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ လူထုတွေ့ဆုံပွဲတွင် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော်နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းခဲ့ကြ


ဇူလိုင်၁၂ရက်

အမေရိကန်ပြည်ထောင်စု Sacramentoမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ လူထုတွေ့ဆုံပွဲတွင် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကျော်နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်၁၁ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကယ်လီဖိုးနီးယားပြည်နယ် Sacramentoမြို့ အနီးတဝိုက် မြန်မာမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေဆုံနှုတ်ဆက် ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက" တော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ပြီး၊ ပြည်သူကို အကာအကွယ်ပေးခြင်းနှင့် ထောက်ပံ့ကူညီခြင်းကို မဖြစ်မနေဆောင်ရွက်ပေးရန်မှာ ပြည်သူ့အစိုးရနှင့်ပြည်သူတို့၏ တာဝန်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများက တော်လှန်ရေးတွင်အပြည့်အဝ ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့နိုင်ရန် MOPFI နှင့် MOHADM တို့ပူးပေါင်းဆောင်ရွက်နေသည့် စစ်အာဏာရှင်ကျဆုံးရေးနှင့် အညာမြေကူညီရေး Campaign များတွင် အားထည့်ကူညီကြရန်တိုက်တွန်းပြောကြားခဲ့ပါတယ်။


တွေ့ဆုံနှုတ်ဆက် ဆွေးနွေးပွဲကို Free Burma Action Committee- Sacramento မှ ဦးဆောင်ကျင်းပပြီး အခမ်းအနားတက်ရောက်လာသူ မြန်မာမိသားစုများက မြန်မာပြည်တွင်း အိုအိမ်စွန့်ခွာထွက်ပြေးကာ ဒုက္ခရောက်နေသူများအား ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၆၀၀ နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းခဲ့ကြပါတယ်။ 


ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြို့ကြီးများဖြစ်သည့် လော့အိန်ဂျလိစ် မြို့သို့ ဇူလိူင်လ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ဆန်ဖရန်စ္စကိုမြို့သို့ ဇူလိူင်လ ၁၆ ရက်နေ့တွင်လည်ကောင်း သွားရောက်ပြီး မြန်မာမိသားစုများ၊ သက်ဆိုင်ရာ အမေရိကန်တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံသွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


ဇူလိုင်   ၁၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၂/၂၀၂၃)ကို ဇူလိုင်၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အီတလီနိုင်ငံသို့ လာရောက်ပြီး ပါးမါးမြို့နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့


ဇူလိုင်၁၂ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အီတလီနိုင်ငံသို့ လာရောက်ပြီး ပါးမါးမြို့နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Myanmar Community In Italyက ဇူလိုင်၁၂ရက်မှာ အတည်ပြုဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး David Gun Awng သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် အီတလီနိုင်ငံသို့ လာရောက်ပြီး ပါးမါးမြို့နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ အီတလီရောက်မြန်မာများနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ အခြေအနေ၊ တော်လှန်ရေး တိုးတက်အောင်မြင်မှုများနှင့် အီတလီ မြန်မာ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဥ်များကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။


Italy Burma Friendship Association Giuseppe Malpeli မှ ကြီးမှူးစီစဥ်ခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပါတ်တာခန့် အီတလီနိုင်ငံခရီးစဥ်တွင်း ဒုဝန်ကြီးမှ ဇွန်လ ၂၂ ရက်နေ့တွင် ပါးမါးမြို့တော်ဝန်နှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၃ ရက်နေ့တွင် ပါးမါးမြို့ရှိ Circolo Culturale il Borgo တွင်ယနေ့မြန်မာနိုင်ငံ၊ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီ နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံရေးရာ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ညှိုနှိုင်းဆွေးနွေးခဲ့ကြပါတယ်။


ထို့အပြင် ရောမမြို့၌ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ရောမမြို့ရှိ အီတလီရောက် မြန်မာမိသားစုများနှင့်လည်း ရင်းရင်းနှီးနှီးမိတ်ဖွဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အသက်သေဆုံးခဲ့သူ (၁၃၀၂) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၇၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ


ဇူလိုင်၁၂ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အသက်သေဆုံးခဲ့သူ (၁၃၀၂) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၇၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေတယ်လို့ သိရှိရပါတယ်။


ထို (၁၃၀၂) ဦးအနက် စစ်ကြောရေးတွင် (၁၀၁) ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင်များ၌ သေဆုံးသူအရေအတွက်မှာ (၅၇) ဦး ပါဝင်တယ်လို့သိရပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၈၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ကရင်နီရှိ နယ်စပ်တစ်နေရာကို စကစအကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံး()လုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ


ဇူလိုင်၁၂ရက်

ကရင်နီပြည်ရှိ နယ်စပ်တစ်နေရာကို စကစအကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံး()လုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်၁၂ရက် မနက်ပိုင်းမှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း karenni generation youthက အတည်ပြုထားပါတယ်။


"ဇူလိုင်၁၂ရက်မနက်(၁၂:၃၀)AMအချိန် ကရင်နီရှိ နယ်စပ်တစ်နေရာကို စကစအကြမ်းဖက်တပ်က လေယာဉ်နဲ့ ဗုံး()လုံးကြဲချခဲ့တာကြောင့် ပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဖော်ပြပါတယ်။


ဗုံးဒဏ်ကြောင့် ဆယ်သဲကျောင်းပျက်စီးခဲ့ရပြီး ပြည်သူ ()ဦးသေဆုံးကာ ()ဦး ဒဏ်ရာရခဲ့ပါတယ်။


အလားတူကရင်နီပြည် လွိုင်ကော်မြို့နယ် လွယ်ထွဲ ကျေးရွာ တွင် ဇူလိုင်၁၁ရက်နေ့ 8: 40 အချိန်တွင် လွိုင်ကော် အမြောက်တပ်ဖြစ်တဲ့ ၃၅၆ မှ လနကြီး ၁၀ လုံးထက်မနည်း ရွာထဲ ပစ်ခတ်မှုကြောင့် ရွာသား ပြင်းထန်ဒဏ်ရာ ဦးနှင့် ထိခိုက်ဒဏ်ရာ အနည်းငယ် ဦး ရရှိခဲ့ပါတယ်။


========================


📌📌 ၉။ ကော့ကရိတ်နဲ့ ကျုံဒိုးရှိ စကစတပ်တွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


ဇူလိုင်၁၂ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့ကျုံဒိုးရှိ စကစတပ်တွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ဇူလိုင်၁၂ရက်မှာ အတည်ပြုဆိုထားပါတယ်။


"ဇူလိုင်၉ရက်နေ့တွင် ကျားဖြူစစ်ကြောင်းရုံးအဖွဲ့နှင့် ကျားဖြူတပ်ခွဲ- တို့ ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ရင်း ၉၇ ထဲသို့ ၄၀မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင်၁၀ရက်နေ့တွင် ကျုံဒိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ၅၄၆ တပ်ရင်းထဲသို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ- မှ ၆၀-မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တစုံတရာထိခိုက်မှုမရှိခဲ့ပဲ ရန်သူအထိအခိုက်သတင်း စိစစ်ဆဲဖြစ်တယ်လို့ဆိုပါတယ်။


ကျားဖြူစစ်ကြောင်းသည် မဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်းကာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ရည်မှန်းချက်များဖြင့် အစွမ်းကုန်တိုက်ပွဲဝင်ဆဲဖြစ်တယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment