19th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ၇၆ နှစ်ပြည့်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) နှင့်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းကျင်းပ

📌 ၂။ နှစ်ပေါင်း၇၀ကျော် ဖြစ်တည်ခဲ့ရတဲ့ ပြည်တွင်းမငြိမ်သက်မှုတွေဟာ လက်နက်အားကိုးနဲ့ အာဏာရမက်ကြီးတဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဖြစ်တယ်လို့ပြောကြား

📌 ၃။ စစ်တပ်အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းနိုင်ရန် လုံခြုံရေးကောင်စီသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်လောင်းတောင်းဆို

📌 ၄။ တော်လှန်ရေး အရှိန်အဟုန်မြင့်လာလေလေ တပ်ပျက်လာလေလေဖြစ်လာ၍ စကစဘက်ကသတင်းတု၊သတင်းယောင်များ ထုတ်လွှင့်နေခြင်းဖြစ်တယ်လို့ပြောကြား

📌 ၅။ ကျောက်တံခါးမြို့နယ် ရန်ကုန်. မန္တလေး လမ်းဟောင်း ရှိ စကစ အထိုင်ချရာ KTVကို ကာကွယ်ရေးတပ်များ ဝင်တိုက်ခိုက်ရာ ရဲနှင့်ရဲသတင်းပေး၄ဦးသေဆုံး

📌 ၆။ မြဝတီမြို့၊ လတ်ခတ်တောင်အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ()မှ ဗိုလ်ကြီးတစ်ဦး‌ သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၇၆ နှစ်ပြည့်မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) နှင့်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းကျင်းပ


ဇူလိုင်၁၉ရက်


ဇူလိုင်၁၉ရက်နေ့မှာကျ‌ရောက်သော ၇၆ နှစ်ပြည့်မြောက် အာဇာနည်နေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။


မိန့်ခွန်းတွင် "တကယ်တော့အာဇာနည်ဆိုတာ တိုင်းနဲ့လူမျိုးအကျိုးကို မိမိရဲ့အသက်ခန္ဓာထက် ပိုမိုချစ်မြတ်နိူးကြတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိမိတို့ကိုယ်ကျိုးဆိုတာကို စိတ်နဲ့ယောင်လို့တောင်မစဥ်းစားမိကြဘဲ အချိန်ရှိသရွေ့ အများအကျိုး၊လူထုအကျိုးကိုရှေးရှု အစဥ်တစ်စိုက်လုပ်ဆောင်တဲ့သူတွေက တကယ့်အာဇာနည်စိတ်ဓာတ် ရှိသူတွေလို့ပြောနိူင်ပါတယ်။ဒီလိုစိတ်ဓာတ်မျိုးရှိသူတွေဟာ အာဇာနည်လို ဂုဏ်ပြုထိုက်သူတွေ ဖြစ်ပါတယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


ဒါ့အပြင် အတိတ်သမိုင်းတွင် ဖုံးဖိခံထားရသော လူမျိုးဟုခေါင်းဆောင်အာဇာနည်များကိုလည်ပြန်လည်သတိရကြဖို့ ယာယီသမ္မတ ကဆိုပါတယ်။


ဇူလိုင်၁၉ရက်နေ့ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဝမ်းနည်းဖွယ်ရာနေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။


========================


📌📌 ၂။ နှစ်ပေါင်း၇၀ကျော် ဖြစ်တည်ခဲ့ရတဲ့ ပြည်တွင်းမငြိမ်သက်မှုတွေဟာ လက်နက်အားကိုးနဲ့ အာဏာရမက်ကြီးတဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဖြစ်တယ်လို့ပြောကြား


ဇူလိုင်၁၉ရက်


နှစ်ပေါင်း၇၀ ကျော် ဖြစ်တည်ခဲ့ရတဲ့ ပြည်တွင်းမငြိမ်သက်မှုတွေဟာ လက်နက်အားကိုးနဲ့ အာဏာရမက်ကြီးတဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က ဇူလိုင်၁၉ရက်နေ့တွင် ကျင်းပသော အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။


"နှစ်ပေါင်း၇၀ ကျော် ဖြစ်တည်ခဲ့ရတဲ့ ပြည်တွင်းမငြိမ်သက်မှုတွေဟာ လက်နက်အားကိုးနဲ့ အာဏာရမက်ကြီးတဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဖြစ်တယ်ဆိုတာ သမိုင်းနဲ့ အခုပစ္စုပါန်ကသက်သေပဲ ဖြစ်ပါတယ်။ဒါကြောင့် စစ်တပ်ရဲ့ ဒီလိုဖိနှိပ်မှုတွေ၊ ဗိုလ်ကျအနိူင်ကျင့်မှုတွေကို အဆုံးသတ်ပြီး တိုင်းရင်းသားအားလုံးမျှော်လင့်တဲ့ ငြိမ်းချမ်းတဲ့ အနာဂါတ်ကို အတူတကွ တည်ဆောက်သွားနိူင်ဖို့က ဒီကနေ့နွေ ဦးတော်လှန်ရေးရဲ့ တစ်ခုတည်းသောဘုံရည်မှန်းချက်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေကို လေကြောင်းနဲ့အဆမတန်တိုက်ခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ စစ်တပ်အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းနိုင်ရန် လုံခြုံရေးကောင်စီသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်လောင်းတောင်းဆို


ဇူလိုင်၁၉ရက်


ဇူလိုင်၁၈ရက်တွင်ကျင်းပ‌သော ရောမစာချုပ် အတည်ပြုမှု (၂၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကျင်းပသည့် Arria Formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုတောင်းဆိုလိုက်ပါတယ်။


"မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းမှု () နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူမဆန်သည့် စစ်တပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးအပေါ်တွင် အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း၊ ပြည်သူများသည် နေ့စဉ်ခံစားနေကြရကြောင်း၊အကြောင်းအရင်းခံအားလုံးအတွက် စစ်တပ်သည် ပင်မတရားခံဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ အသက်များ ယခုထက်ပို၍ အလွန်အမင်း မဆုံးရှုံး မနစ်နာမီ ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းနိုင်ရန် လုံခြုံရေးကောင်စီသို့ ထပ်လောင်းတောင်းဆိုလိုကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၊ လူ့အခွင့်အရေးမဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့က စစ်တပ်မှ ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုအဆင့်သို့ ရောက်ရှိနေပြီဟု မှတ်ချက်ပြုထားပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ တော်လှန်ရေး အရှိန်အဟုန်မြင့်လာလေလေ တပ်ပျက်လာလေလေဖြစ်လာ၍ စကစဘက်ကသတင်းတု၊သတင်းယောင်များ ထုတ်လွှင့်နေခြင်းဖြစ်တယ်လို့ပြောကြား


ဇူလိုင်၁၉ရက်


တော်လှန်ရေးအရှိန်အဟုန်မြင့်လာလေလေ တပ်ပျက်လာလေလေဖြစ်လာ၍ စကစဘက်ကသတင်းတု၊သတင်းယောင်များ ထုတ်လွှင့်နေခြင်း အပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဇူလိုင်၁၉ရက်မှာ Radio NUGကိုအခုလိုဖြေကြားခဲ့ပါတယ်။



 ((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))



လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်များဟာ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသတို့မှာ အထိနာကျရှုံးလျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကိုသာအားကိုးနေရပါတယ်။


========================


📌📌 ၅။ ကျောက်တံခါးမြို့နယ် ရန်ကုန်. မန္တလေး လမ်းဟောင်း ရှိ စကစ အထိုင်ချရာ KTVကို ကာကွယ်ရေးတပ်များ ဝင်တိုက်ခိုက်ရာ ရဲနှင့်ရဲသတင်းပေး၄ဦးသေဆုံး


ဇူလိုင်၁၉ရက်


ဇူလိုင်၁၈ရက် ညပိုင်းမှာ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စကစ အထိုင်ချရာ KTVကိုတိုက်ခိုက်ခဲ့ရာ ရဲနှင့်ရဲသတင်းပေး၄ဦးသေဆုံးတယ်လို့ ကျောက်တံခါးပကဖကအတည်ပြုပါတယ်။


"ကျောက်တံခါးမြို့နယ် ရန်ကုန်. မန်း လမ်းဟောင်း မိုင်တိုင် 101 ရှိ စကစ အထိုင်ချရာ ktv ကို ၁၈ ရက်နေ့ညတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှင်းလင်းရာ ရဲ ဦးသေ၊အင်ဖော်မာ ၂ဦးသေဆုံးခဲ့တယ်"လို့ဖော်ပြပါတယ်။


ကျောက်တံခါးမြို့နယ်တွင် စကစ ဖွဲ့စည်းထားသော ပျူ၊ ရဲနဲ့ ၊စကစအင်အား ၂၅၀ လောက်ရှိရာ  ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များ ရှင်းလင်းလို့ ၆၀ ဦးကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ မြဝတီမြို့၊ လတ်ခတ်တောင်အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ()မှ ဗိုလ်ကြီးတစ်ဦး‌ သေဆုံး


ဇူလိုင်၁၉ရက်


ဇူလိုင်၁၉ရက်မှာ စစ်ရေးသတင်းကို ကျားသစ်နက်စစ်ကြောင်းက အခုလိုအသိပေးဆိုပါတယ်။


 ဇူလိုင်လ ၁၈ရက်နေ့ မနက် ()နာရီအချိန်ခန့်တွင် မြဝတီမြို့၊ လတ်ခတ်တောင်အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မိမိတို့ပူးပေါင်းတပ်များဖြစ်သော KNU/KNLA တပ်မဟာ၆ ကော်ဘရာစစ်ကြောင်း ( ) ကျားသစ်နက်စစ်ကြောင်း Federal Wings ကျားသစ်နက်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တို့နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခလရ () ခမရ (၁၁၈) တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက် ခလရ()မှ ဗိုလ်ကြီးတစ်ဦး‌ သေဆုံးပြီး ခမရ(၁၁၈) မှ အခြားအဆင့် ၅ဦး  ဒဏ်ရာရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။


တိုက်ပွဲမှMA-3တလက်နှင့် ဆက်စပ်လက်နက်ခဲယမ်းများ အသုံးဆောင်ပစ္စည်းများနှင့် ဖုန်းများသိမ်းဆည်းရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment