1st JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဝန်ကြီးများ အမေရိကန် ပြည်ထောင်စု ဖို့တ်ဝိန်းမှာ လူထုနဲ့တွေ့ဆုံဖို့ရောက်ရှိ

📌 ၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဦးအောင်ကျော်မိုးက ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်းအခမ်းအနားကျင်းပ

📌 ၃။ ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်မယ့်တပ်ဖွဲ့တွေကို အားစိုက်ကူညီပေးကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်း

📌 ၄။ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိနေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၅။ (CRPH)(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကရင်နီပြည် လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအသိပေး

📌 ၆။ အမှတ်()၊စစ်ဒေသတောင်ပိုင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တန်ပြန် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မယ်

📌 ၇။ မမများနဲ့ ပွဲကမယ် ရဲ့ သိန်း ၂၅၀၀ တန် ချဲလန့်မှာ The P.D.F Game က သိန်းတစ်ထောင် ပါဝင် ပေးမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဝန်ကြီးများ အမေရိကန် ပြည်ထောင်စု ဖို့တ်ဝိန်းမှာ လူထုနဲ့တွေ့ဆုံဖို့ရောက်ရှိ


ဇူလိုင်၁ရက်


ဇူလိုင်၁ရက်နေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများသည် လူထုနဲ့တွေ့ဆုံဖို့တွက် အမေရိကန်ပြည်ထောင်စု ဖို့တ်ဝိန်းကိုရောက်ရှိခဲ့ရာ တော်လှန်ရေးအင်အားစုများက လာရောက်ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။


လူထုတွေ့ဆုံပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက်မှာ ဖြစ်ပါတယ်။


NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများဟာ အမေရိကန်ပြည်ထောင်စုကို အလုပ်သဘောရောက်ရှိနေပြီး တော်လှန်ရေးအက်အားစုများအပါအဝင် အမေရိကန်အစိုးရ တာဝန်ရှိသူများနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဦးအောင်ကျော်မိုးက ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်းအခမ်းအနားကျင်းပ


ဇူလိုင်၁ရက်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၆/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


အစီအစဥ်အရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ကျင်းပခြင်းနှင့် ရေးရာကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကားပြောကြားပြီးနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဦးအောင်ကျော်မိုးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်မယ့်တပ်ဖွဲ့တွေကို အားစိုက်ကူညီပေးကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်း


ဇူလိုင်၁ရက်


ဇွန်လနောက်ဆုံးပတ်အတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆယ်လ်မွန်စစ်ကြောင်း ကဲ့သို့ရန်သူစိုးမိုးနယ်မြေထဲ ထိုးဖောက်ကြမည့် စစ်ကြောင်းများကိုထောက်ပို့ပေးကြရန် တိုက်တွန်းပြောဆိုထားပါတယ်။


"ကျွန်တော်တို့ မဟာဗျူဟာကကွက်ပြည့်နင်းနိုင်ဖို့ရန်သူကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့နေရာတိုင်းမှာ တိုက်နိုင်ဖို့ ဖြစ်ပါတယ်။အခုအချိန်အထိ စစ်ရေးကော၊ အုပ်ချုပ်ရေးပါရန်သူစိုးမိုးထားနိုင်သေးတဲ့ ဒေသတွေကိုထိုးဖောက်နိုင်ရေးကိစ္စဟာအထူးအရေးကြီးပါတယ်။ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်မယ့်တပ်ဖွဲ့တွေကို အားစိုက်ကူညီပေးကြပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်နဲ့ တစ်နိူင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အား သိန်းနဲ့ချီရှိနေပါတယ်။


========================


📌📌 ၄။ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိနေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဇူလိုင်၁ရက်


ဇွန်လ ၃၀ ရက်‌တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို‌ပြောကြားခဲ့ပါတယ်။


"လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို (၂၆၆၉) တွင် အကြမ်းဖက်မှုအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် () ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးကောင်စီမှ အတည်ပြုချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုနှင့် ထုတ်ပြန်ချက်များကို ကြိုဆိုခဲ့ကြောင်း၊ သို့သော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိကြောင်း၊ ထို့နည်းတူ အာဆီယံ ဘုံသဘောတူညီချက် () ရပ်အကောင်အထည် ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း" သံအမတ်ကြီးကဆိုခဲ့ပါတယ်။


စစ်အာဏာရှင်အနေဖြင့် ယနေ့အထိ အပြစ်မဲ့ပြည်သူ (,၇၂၈) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူဦးရေ (.) သန်းကျော်သည် နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း အတွက်လည်း ပြစ်ဒဏ်ကင်းလွတ်လျက်ရှိကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ (CRPH)(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကရင်နီပြည် လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦးအသိပေး


ဇူလိုင်လ () ရက်


ဇူလိုင်၁ရက်နေ့မှာ ဗဟိုကော်မတီ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က သဘောထားကြေညာချက် (/၂၀၂၃) ကို ထုတ်ပြန်လိုက်ပါတယ်။


"ယနေ့တောင်ပေါ်မြေပြန့် တပြည်လုံးအနှံ့ဆင်နွှဲနေကြတဲ့ နွေဦးခုခံတော်လှန်စစ်မှာ ကျနော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ကျရာအခန်းကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့တရားဝင်ပါဝင်လာပါပြီ။စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေတို့ကို အကုန်အစင် တိုက်ဖျက်ပစ်လိုသူတိုင်း၊ ပါတီအဖွဲ့အစည်းတိုင်းနဲ့လက်တွဲလုပ်ဆောင်လိုပါတယ်။ ယခင်တချိန်က ထောက်ထားရတဲ့ အကြောင်းအချက် တချို့အောက် မှာ တစိတ်တပိုင်း လျှို့ဝှက်ဖုံးကွယ်ပြီး ဆောင်ရွက်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးနဲ့သက်ဆိုင်သော ဆက်သွယ်ဆက်စပ်မှုလုပ် ငန်းများကိုလည်း တရားဝင်အတိအလင်းဆောင်ရွက်ဖို့ အချိန်ကျရောက်လာပါပြီ။ အတိအကျပြောဆိုရမည်ဆိုပါလျှင် ကျနော်တို့(ကလလတ)အဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။"လို့ဆိုပါတယ်။


ကရင်နီပြည်ထဲက ဒေသတစ်ခုဖြစ်တဲ့  သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စကစနဲ့ စတင်ပစ်ခတ်ခဲ့ပြီးနောက် ကလ လလတဟာနွေဦးတော်လှန်ရေးထဲ လက်နက်ကိုင်ပါဝင်လာခဲ့ပါတယ်။


========================


📌📌 ၆။ အမှတ်()၊စစ်ဒေသတောင်ပိုင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တန်ပြန် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မယ်


ဇူလိုင်၁ရက်


ဇူလိုင်၁ရက်နေ့မှာ စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မည့်အကြောင်းကို အမှတ်()၊စစ်ဒေသတောင်ပိုင်းက တရားဝင်အသိပေးဆိုပါတယ်။


အမှတ်()၊စစ်ဒေသတောင်ပိုင်း အနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအား တန်ပြန် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မည် ဖြစ်သဖြင့် ပြည်သူလုထုများ ထိခိုက်နစ်နာမှုမရှိစေရန် "အသိပေးထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


အသိပေးကြေညာချက်အရ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ ပဲခူး စစ်တောင်စလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် မုတ္တမနဲ့ ရန်ကုန် ဘားအံလမ်းပိုင်းများအား ည၆နာရီမှ နံနက်၆နာရီအတွင်း ပြည်သူလူထုအနေနဲ့ ခရီးသွားလာခြင်းမပြုဖို့ ဆိုထားပါတယ်။


========================


📌📌 ၇။ မမများနဲ့ ပွဲကမယ် ရဲ့ သိန်း ၂၅၀၀ တန် ချဲလန့်မှာ The P.D.F Game က သိန်းတစ်ထောင် ပါဝင် ပေးမယ်


ဇူလိုင်၁ရက်


ဇူလိုင်၁ရက်နေ့မှာ The P.D.F Gameက အခုလိုအသိပေးဆိုထားပါတယ်။


"ကာကာ တွေအစွမ်းနဲ့ ဆေးရုံတည်မယ်။ကရင်နီ ဒေသမှာ ကိန္နရီ လို့ အမည်တွင်မယ့် ဆေးရုံ ဆောက်ပါမယ်။ မမများနဲ့ ပွဲကမယ် ရဲ့ သိန်း ၂၅၀၀ တန် ချဲလန့်မှာ The P.D.F Game က သိန်းတစ်ထောင် ပါဝင် ပေးမှာပါ။ ကာလက အခုကစပြီး ပတ်ပါ"လို့ဆိုပါတယ်။


The P.D.F Gameဟာ လူငယ်များအကြားရေပန်းစားလျက်ရှိပြီးတော့ အသိအမှတ်ပြုလက်မှတ်များလည်း ပြန်လည်ထုတ်ပေးလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment