28th JUL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ K8W တိုက်လေယာဉ်ကိုပစ်ချရာမှာ ပါသွားတဲ့ လေယာဥ်မောင်းသူများကို ကလလတ အတည်ပြုထုတ်ပြန်

📌 ၃။ ပြည်သူများ၏ ၁၂ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ဆယ်လ်မွန်စစ်ဆင်ရေးတပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်

📌 ၄။ မိုးမိတ်ခရိုင်KPDF တပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား မိုးကုတ်မြို့အတွင်းတွင်()ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအရှုံးများ

📌 ၅။ ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကြပ်ကြီး () ဦးသေဆုံး

📌 ၆။ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း မြင်းမူမြို့နယ် လက္ကပင်ကျေးရွာ မြောက်ဘက်အရောက် ဒရုန်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်ရာ စကစဘက်ကလေးဦးထိခိုက်သေဆုံးနိူင်

📌 ၇။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စကစ ၁၈ဦးသေဆုံး

📌 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၁၅၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၅၁) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ

📌 ၉။ မုံရွာ- ကလေးဝကားလမ်းမှာ "ကနီနယ် ပြည်သူ (၄၄)ဦး ကျဆုံးခဲ့သော ဖြစ်ရပ်များ မမေ့နဲ့ဘန်နာချိတ်ဆွဲ ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ဇူလိုင်၂၇

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်မှညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန်ပြောပါတယ်။


"NUGအစိုးရသည် ယခုကဲ့သို့ တော်လှန်ရေးကာလအတွင်းမှာ အခက်အခဲများကြားက ပေါ်ပေါက်လာခဲ့သော အစိုးရဖြစ်သော်လည်း  ပြည်သူ့ထောက်ခံမှုနဲ့ တာဝန်ယူခဲ့ကြသည့် အစိုးရဖြစ်သောကြောင့် ပြည်သူ၏ အဆုံးအဖြတ်၊ ထိန်းကျောင်းမှုတွေကို လိုက်နာပြီး စစ်မှန် ပြည့်ဝသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး အာမခံချက်များအတွက် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ပအဖအဖွဲ့ဆိုသည်မှာ အစိုးရပုံစံငယ်တစ်ခုဖြစ်သောကြောင့် ကဏ္ဍပေါင်းစုံရှိ တာဝန်ခံ အသီးသီးများလည်း ပါဝင်နေခြင်းဖြစ်ကြောင်း၊ တိုင်းအလိုက်တာဝန်ရှိသူများနှင့် ဗဟိုကော်မတီအကြား တွေ့ဆုံဆွေးနွေးမှုများကို  သေသေချာချာ အလေးထားဆောင်ရွက်သင့်ကြောင်း၊ ညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ယခုကာလတွင် သွေးကွဲစေသည့် ကိစ္စရပ်များကို သတိထား ရှောင်ရှားကြရန်အထူးပြောကြားလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၉/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ K8W တိုက်လေယာဉ်ကိုပစ်ချရာမှာ ပါသွားတဲ့ လေယာဥ်မောင်းသူများကို ကလလတ အတည်ပြုထုတ်ပြန်


ဇူလိုင်၂၇ရက်

K8W တိုက်လေယာဉ်ကို ပစ်ချရာမှာပါသွားတဲ့ လေယာဥ်မောင်းသူများကို ကလလတမှ ဇူလိုင်လ (၂၇) ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။


ပြီးခဲ့သော ဇွန်လ ၃၀ ရက်နေ့က  ရွာသစ်ဒေသအနီးတိုက်ပွဲမှာ(စကစ) စစ်တပ်မှ စေလွှတ်လိုက်သော တိုက်လေယာဉ်တစ်စင်းကို ကျွန်တော်တို့ (ကလလတ) တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြကြောင်း၊ မီးခိုးများစွာထွက်၍ ပျက်ကျသွားကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့တပ်မှူးများက နိုင်ငံရေးဌာနနှင့် စစ်ဦးစီးဌာနသို့ အစီရင်ခံခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ပစ်ချခဲ့သော တိုက်လေယာဉ်အမျိုးအစားမှာ K-8W ဖြစ်ပြီး လေယာဉ်အမှတ် (၃၉၃၅) ဖြစ်၍ ထိုလေယာဉ်ကို ထိုနေ့တိုက်ပွဲ၌ ဗိုလ်ကြီးသော်ဇင်(လေ ၄၁၉၈) ဗိုလ်အောင်ဖြိုးကျော် (လေ ၄၃၄၉) တို့က မောင်းနှင်ခဲ့တာ ဖြစ်ပြီးတော့ တောင်ငူလေယာဉ်ကွင်းကနေ ပျံတက်လာကြောင်း စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။


ထိုသို့ပစ်ခတ်၍ ပျက်ကျခဲ့သော K-8W သတင်းနှင့် ဖြစ်စဉ်ကို ဥက္ကဋ္ဌ၊ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံလိပ်မူ၍ (--၂၀၂၃) ရက်မှာ တင်ပြအသိပေးအစီရင်ခံခဲ့ပြီး ဖြစ်တယ်လို့လည်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က ဆိုပါတယ်။


========================


📌📌 ၃။ ပြည်သူများ၏ ၁၂ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ဆယ်လ်မွန်စစ်ဆင်ရေးတပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်


ဇူလိုင်၂၇

ပြည်သူများ၏ ၁၂ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ဆယ်လ်မွန်စစ်ဆင်ရေး တပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များအတွက် ပြည်သူနဲ့အတူ NUGPay က ပါဝင်ကူညီသွားမယ်လို့ သိရပါတယ်။


ဇူလိုင်၂၇ရက်မှာ NUG Payကအိမ်လွမ်းသူတို့ အိမ်ပြန်စို့အစီအစဥ်ကိုမိတ်ဆက်အသိပေးပါတယ်။


"ပြည်သူများ၏ ၁၂ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ဆယ်လ်မွန်စစ်ဆင်ရေး တပ်ဖွဲ့များနှင့် မြို့ပြပျောက်ကြားတပ်ဖွဲ့များအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်။ လှူဒါန်းမှုများကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


တော်ဝင်ဒေါင်းစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်းနဲ့ Urban Owlsအဖွဲ့တို့ကို ကူညီထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ မိုးမိတ်ခရိုင်KPDF တပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတို့ အကြား မိုးကုတ်မြို့အတွင်းတွင်()ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအရှုံးများ


ဇူလိုင်၂၇

မိုးမိတ်ခရိုင် KPDF တပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား မိုးကုတ်မြို့အတွင်းတွင် ()ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များအထိအခိုက်အကျအရှုံးများပြားခဲ့တယ်လို့ ဇူလိုင်၂၇ရက်မှာ မိုးမိတ်ခရိုင်KPDFတပ်ရင်းက အသိပေးဆိုပါတယ်။


"ဇူလိုင်လ ၁၂ရက် နံနက် (၀၄:၂၃)နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ  မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း အား KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ()ဦး သေဆုံးခဲ့ပြီး ()ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


ဆက်လက်ပြီး ဇူလိုင်လ ၁၂ရက် ညနေ (၀၇:၄၀)နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော မိုးကုတ်မြို့ ဗန်မွန်ကျေးရွာမဏိသာရ ဘုန်းကြီးကျောင်းကို ပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံး အများအပြားရှိနိုင်တယ်လို့ဆိုပါတယ်။


ထို့နောက် မိုးကုတ်မြို့ အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ဇူလိုင်လ ၂၂ရက် နံနက် (၀၇:၀၃)နာရီအချိန်တွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ()ဦးသေဆုံးပြီး ဒဏ်ရာရှိသူ အများအပြားလည်းရှိခဲ့ပါတယ်။


ထို့နောက် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂွေးပင်တပ်ကို ဇူလိုင်လ ၂၃ရက် ညနေ (၀၄:၃၂)နာရီအချိန်တွင် ပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ()ဦး သေဆုံးပြီး ()ဦးနှင့်အထက် ဒဏ်ရာရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကြပ်ကြီး () ဦးသေဆုံး


ဇူလိုင်လ (၂၇) ရက်

ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကြပ်ကြီး () ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင်၂၇ရက်မှာ KNUဗဟိုက အသိပေးဆိုပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ () ဘီးလင်းမြို့နယ်၊ မဲပလီ (မဲ့ပရေ့ခီး)ရှေ့တန်းအခြေပြုဗျူဟာစခန်းမှာ အင်အား (၆၀) ကျော်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမ၇၄၀၅ စစ်ကြောင်းနှင့် တပ်မဟာ () ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O) တပ်ရင်း () တို့အကြား ဇူလိုင်လ (၂၃) ရက်နေ့ ညနေ () နာရီအချိန်တွင် အစူးချောင်းကျေးရွာ(အီစူခီး)နှင့် ခေါ်ထီးခီးရွာကြားတွင် () မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ  KNDO-တပ်ရင်း () မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လိုက်လံလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး () ဦး အလောင်နှင့်အတူ ကျည်နဲ့ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး အလောင်းအားကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း မြင်းမူမြို့နယ် လက္ကပင်ကျေးရွာ မြောက်ဘက်အရောက် ဒရုန်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်ရာ စကစဘက်ကလေးဦးထိခိုက်သေဆုံးနိူင်


ဇူလိုင်၂၇ရက်

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း မြင်းမူမြို့နယ် လက္ကပင်ကျေးရွာ မြောက်ဘက်အရောက် ဒရုန်းဖြင့် ဗုံးသီး ()လုံးချတိုက်ခိုက်ရာ စကစဘက်ကလေးဦးထိခိုက်သေဆုံးနိုင်တယ်လို့ ဇူလိုင်၂၇ရက်မှာ စစ်ရေးသတင်းကို Black Eagle Defence Force-MMU က အသိပေးပါတယ်။


"ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် မြောင်လမ်းခွဲ စကစစခန်းအတွင်းမှ စကစ အင်အား (၅၀)ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မြင်းမူမြို့နယ် လက္ကပင်ကျေးရွာ မြောက်ဘက်အရောက် နေ့လည်(၁၂နာရီ)ဝန်းကျင် အချိန်ခန့်တွင် Black Eagle Defence Force-MMU Black Eagle Drone Force မှ ဦးဆောင်ပြီး TGR Women Drone Force နှင့်အတူ စကစများ နားနေရာသို့ ဒရုန်းဖြင့် Bombသီး ()လုံးချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


စကစတပ်များ ဗုံးထိ၍ လေးဦးကို ထမ်းထုတ်သွားရပြီး အများအပြား ဒဏ်ရာရရှိနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို ဇူလိုင်လအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စကစ ၁၈ဦးသေဆုံး


ဇူလိုင်၂၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စကစတပ်များကို ဇူလိုင်လအတွင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စကစ ၁၈ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင်၂၇ရက်မှာ စစ်ရေးသတင်းကို အမှတ်( )စစ်ဒေသ မင်းဘူးခရိုင်တပ်ရင်း ( )က အသိပေးဆိုပါတယ်။


၂၀၂၃ ခု ဇူလိုင်လ ၁၄ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဒေသအခေါ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံ တောင်ပေါ်များသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူးပေါင်း အင်အား (၁၃၀ )ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင်လည်း ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်း ကျေးရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁  ပူး ပေါင်းအင်အား ၁၈၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ပါတယ်လို့ ဖော်ပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင်တပ်ရင်း ( ) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်  ဂန့်ဂေါခရိုင် တပ်ရင်း တပ်ရင်း ၁၃ ၊တပ်ရင်း တပ်ရင်း ပခုက္ကူခရိုင် တပ်ရင်း ၅၊ တပ်ရင်း ၁၉   မကွေးခရိုင်အမှတ်  ၁၊  မင်းဘူးခရိုင် တပ်ရင်း   တပ်ရင်း တို့နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၈။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၁၅၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၅၁) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ


ဇူလိုင်၂၇

ဇူလိုင်၂၇ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၁၅၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၅၁) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ သိရပါတယ်။


 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၂၇ ရက်နေ့အထိ () လတာ ကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးကျည်ကြောင့် (၁၅၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၅၁) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ဆိုပါတယ်။


ဇူလိုင်လ ၂၂ ရက်က နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ အကြမ်းဖက်စစ်အုပ်စု၏ ရဲစခန်းနှင့် တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ခါမ်းပါတ်မြို့၊ အမှတ် ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပေါင်ရှင့်ဆန်မှာ လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၉။ မုံရွာ- ကလေးဝကားလမ်းမှာ "ကနီနယ် ပြည်သူ (၄၄)ဦး ကျဆုံးခဲ့သော ဖြစ်ရပ်များ မမေ့နဲ့ဘန်နာချိတ်ဆွဲ ဆန္ဒပြ


ဇူလိုင်၂၇

ဇူလိုင်၂၇ရက် မုံရွာ- ကလေးဝကားလမ်းမှာ ၂၀၂၁ ဇူလိုင်လ ကနီနယ် မှ စစ်ရာဇဝတ်မှု့များကိုမမေ့ရန် ဆန္ဒပြခဲ့တာလို့ ကနီဒေသခံ သတင်းအရင်းအမြစ်ထံကသိရပါတယ်။


၂၀၂၁ ခု ဇူလိုင်လက အကြမ်းဖက်စကစဟာ ကနဲ- ကနီ - ညောင်ကန်- သခွတ္တနယ်လမ်း ရှစ်ခိုးထပ်တွင် ပြည်သူ လေးဦးကို သတ်ဖြတ်ခဲ့ပြီး

ဇူလိုင်လ ()ရက် ကနီမြို့နယ် ယင်းရွာ၌ အရပ်သားပြည်သူ (၁၆)ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။


ဇူလိုင်လ (၂၆)ရက် ကနီမြို့နယ် တောင်ပေါက်အရှေ့ရွာ ကြက်ချောင်းတောတိုက်၌ ပြည်သူ (၁၂)ဦး  ဇူလိုင်လ (၂၇)ရက် ကနီမြို့နယ် ဇီးပင်တွင်းရွာ၌ ပြည်သူ (၁၂) ဦးကိုထပ်မံသတ်ဖြတ်ခံခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment