၂၀၂၃ ဇူလိုင်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ အပြီးတိုင်ပြိုလဲသွားတော့မယ်လို့ အပြည့်အဝယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့၍ ချင်းတော်လှန်ရေး အင်အားစုကို မြန်မာကျပ်ငွေသိန်း(၄၀၀၀) အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုချီးမြှင့်
📌 ၃။ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုထူထောင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌 ၄။ ဒီးမော့ဆိုမြို့နယ်စစ်ရှောင်တစ်နေရာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရ
📌 ၅။ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံမြှောက်တပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
📌 ၆။ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်းကျဆုံးသွားသော PDFကို ကာကွယ်ရေးဝန်ကြီးဌာနမှမိသားစုထံ ဦးညွှတ်ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေ ဆယ်သိန်းကျပ်ပေးအပ်
📌 ၇။ ဦးမင်းကိုနိုင်ရေးဆွဲတဲ့ "ပြည်တော်ဝင်" ပန်းချီကားအမေရိကန်ဒေါ်လာ သောင်းနှစ်ထောင်ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ အပြီးတိုင်ပြိုလဲသွားတော့မယ်လို့ အပြည့်အဝယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဇူလိုင်၄
ဇူလိုင်၄ရက်တွင်ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၂/၂၀၂၃ မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအကြမ်းဖက် စစ်ကောင်စီဟာ အပြီးတိုင်ပြိုလဲသွားတော့မယ်လို့ အပြည့်အဝယုံကြည်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကလည်း မှတ်ကျောက်တင်ရမှာ ဖြစ်သလို တစ်ဖက်က ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်မှုတွေကလည်း အလွန်ဆိုးဝါးလွန်းတာကို မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးအင်အားစုများအားလုံးနဲ့ ပူးပေါင်းလျက် နိုင်ငံခြားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတဲ့ ကဏ္ဍစုံကနေ ဖိအားပေးနိုင်ဖို့ ကြိုးစားနေပြီး မကြာတော့ခင် အချိန်ကာလမှာ ဒီအကြမ်းဖက် စစ်ကောင်စီဟာ အပြီးတိုင် ပြိုလဲသွားတော့မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန် သတင်းအချက်အလက်တွေနဲ့ လှုံ့ဆော်တဲ့ အရာတွေလည်း အများကြီး ရှိလာနိုင်တယ်လို့ ဝန်ကြီးချုပ်ကသတိပေးဆိုပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့၍ ချင်းတော်လှန်ရေး အင်အားစုကို မြန်မာကျပ်ငွေသိန်း(၄၀၀၀) အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ပြုချီးမြှင့်
ဇူလိုင်၄
ဇူလိုင်၄ရက်နေ့တွင်ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှ အခုလိုသတင်းရရှိပါတယ်။
အစည်းအဝေးမှာ ချင်းတော်လှန်ရေး အင်အားစုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကို အထောက်အထားတွေနဲ့တကွ တင်ပြလာတဲ့အတွက် စိစစ်ချီးမြှင့်ရေးအဖွဲ့ကလေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့အညီ သံချပ်ကာယာဉ် တစ်စီးကို ကျပ်သိန်း (၂၀၀၀) နဲ့ (၂) စီးအတွက် မြန်မာကျပ်ငွေ သိန်း(၄၀၀၀) ကို ချင်းပြည်နယ် CNF/CAN + CDAs ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုထူထောင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
ဇူလိုင်၄
ဇူလိုင်၃ရက်တွင်ကျင်းပတဲ့ ပြည်တော်ဝင်ကမ်ပိန်း ပိတ်ပွဲအခမ်းအနားမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။
"ဒီတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က စနစ်ပြောင်းဖို့ပဲ။ စနစ်မပြောင်းမနိုင်မချင်းဒီတော်လှန်ရေးကမပြီးဘူးလို့ ဒီလိုပြောရမယ်။အဲဒီတော့ ဘာစနစ်ကိုပြောင်းမလဲဆိုရင် ကျနော်တို့နိူင်ငံမှာ နှစ်ပေါင်း၆၀ ကျော်အမြစ်တွယ်နေတဲ့ ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို ဒီအချိန်မှာ အမြစ်ပြတ်ဖျက်သိမ်းပြီးတော့ ကျနော်တို့နိူင်ငံမှာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့ ဖြစ်တယ်။ကျနော်တို့ရဲ့ရည်ရွယ်ပန်းတိုင်ဟာ အင်မတန်ထင်ရှားတယ်လို့ ဒီလိုပြောလို့ရပါတာ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေး အစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ ဒီးမော့ဆိုမြို့နယ်စစ်ရှောင်တစ်နေရာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရ
ဇူလိုင်၄ရက်
ဒီးမော့ဆိုမြို့နယ်စစ်ရှောင်တစ်နေရာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအချို့နဲ့ ယာယီ စာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇူလိုင်၄ရက် မနက် (၀၂:၀၀)နာရီ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝနှစ်လုံး
"ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် ပြည်သူ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ မနက် (၀၂:၀၀)နာရီ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ နှစ်လုံးနှင့် ပေါင် ၁ဝဝနှစ်လုံး လေးကြိမ်တိုင်တိုင် အကြောင်းမဲ့ ကြဲချပြီး စစ်ရှောင်နေ ပြည်သူ အသက် ( ၂ )နှစ် ၁၀ လအရွယ် ကလေးတစ်ဦးနှင့် ကလေးမိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ တဲအချို့နဲ့ ယာယီ စာသင်ကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့ပါတယ်"လို့ ဒီးမော့ဆို Local PDFကဆိုပါတယ်။
စစ်ကောင်စီသည် မြေပြင်မှာ အရေးနိမ့်ပြီး အပြစ်မဲ့ပြည်သူများရှိရာ စစ်ရှောင် စခန်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့်ထုခြင်း ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်း မကြာခဏ ပြုလုပ်ခဲ့တယ်လို့ DMO-Local PDFကဆိုပါတယ်။
========================
📌📌 ၅။ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံမြှောက်တပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်၄ရက်
ဇူလိုင်၃ရက်နေ့မှာ KNUဗဟိုက အခုလိုအသိပေးဆိုထားပါတယ်။
ဇွန်လ ၂၈ ရက်နေ့က စပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် (၃၁၈) က ၁၂၂ ဟောင်ဝစ်ဇာအမြှောက်တွေ၊ ၁၂၀ မမ စိန်ပြောင်းတွေနဲ့ ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနဲ့ ငြိမ်းချမ်းမြိုင်ရွာတွေဘက်နေ့စဉ် ပစ်ခတ်နေတာကြောင့် ကျေးရွာအနီးနားဝန်းကျင်ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာဆိုရင်လည်း အမတ ၃၁၈ က ပုလိန်မြို့ဟောင်းကျေးရွာအတွင်း ၁၂၂ အမြှောက်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး ကျေးရွာအနီးအနားဝန်းကျင်တွေကို အမြှောက်ကြီးတွေနဲ့ နေ့စဉ် နေ့ညမရွေးပစ်ခတ်နေမှုတွေကြောင့် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နဲ့ နန်းသိုင်းထွန်ကျေးရွာတွေက ကျေးရွာသား ၁၀၀၀ ဝန်းကျင်ခန့်ဟာ ကြောက်လန့်ပြီး အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်းကျဆုံးသွားသော PDFကို ကာကွယ်ရေးဝန်ကြီးဌာနမှမိသားစုထံ ဦးညွှတ်ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေ ဆယ်သိန်းကျပ်ပေးအပ်
ဇူလိုင်၄
ဇူလိုင်၄ရက်နေ့တွင် သံမဏိမြွေပွေး-ယင်းမာပင်ခရိုင်အမှတ် (၂၄) တပ်ရင်းက တိုက်ပွဲအတွင်းကျဆုံးသွားသော PDFကိုထောက်ပံ့ငွေ ပေးအပ်တာနှင့်ပတ်သက်ပြီး အခုလိုအသိပေးဆိုပါတယ်။
"ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်းကျဆုံးသွားသော ကျွန်တော်တို့ သံမဏိမြွေပွေး-ယင်းမာပင်ခရိုင်အမှတ် (၂၄) တပ်ရင်းမှတပ်ခွဲမှူး ဦးဇော်မြင့်အောင်(ခ)ဗိုလ်စကြာ်အားကာကွယ်ရေးဝန်ကြီးဌာနမှပေး အပ်သော ဦးညွှတ်ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေ ဆယ်သိန်းကျပ်အား မိသားစုဝင်ထံပြန်လည်အပ်နှံခဲ့ပါတယ် "လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်ရင်းကျဆုံးသွားသော PDFရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုမှုနှင့်အတူ ဦးညွှတ်ဂုဏ်ပြုလွှာများထုတ်ပေးလျက်ရှိပါတယ်။
========================
📌📌 ၇။ ဦးမင်းကိုနိုင်ရေးဆွဲတဲ့ "ပြည်တော်ဝင်" ပန်းချီကားအမေရိကန်ဒေါ်လာ သောင်းနှစ်ထောင်ကျော်ရရှိ
ဇူလိုင် ၄
ဇူလိုင်၃ရက်နေ့ညပိုင်းတွင်ကျင်းပပြုလုပ်သောပြည်တော်ဝင်ကမ်ပိန်း ပိတ်ပွဲအခမ်းအနားမှာ ။ဦးမင်းကိုနိုင်ရေးဆွဲတဲ့ပန်းချီကားကို လေလံတင် ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၂၃၄၅ အထိ ရရှိခဲ့ပါတယ်။
ဒါ့အပြင်မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရန်ပုံငွေအတွက် "ပြည်တော်ဝင်" ကမ်ပိန်းကနေ ကျပ်သိန်း ၄ထောင်ထက် ကျော်လွန်ရရှိခဲ့ပါသေးတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment