5th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစားလာအောင် တင်ပြဖို့ တာဝန်ရှိတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ Timor-Lesteနိူင်ငံနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့Timor-Leste နိူင်ငံခြားရေးဝန်ကြီး Mr. Bendito dos တို့တွေ့ဆုံ

📌 ၃။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချနိူင်ခဲ့တဲ့ ကရင်နီ ကလလတကို NUGအစိုးရအနေနဲ့ဂုဏ်ယူဝမ်းမြောက်တယ်လို့ပြောကြား

📌 ၄။ ဇွန်လ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါးအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့

📌 ၅။ အကြမ်းဖက်စစ်တပ်စခန်း ခု နဲ့ ထောက်တိုင်ဖြစ်တဲ့ ဦးစီးဌာန ခုအပါအဝင်စစ်ဆေးရေး လုပ်နေတဲ့ နေရာ တစ်ခုကို ဗုံး ၁၂ လုံး အသုံးပြုပြီး ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ကဖောက်ခွဲ

📌 ၆။ ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်အထိရရှိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစားလာအောင် တင်ပြဖို့ တာဝန်ရှိတယ်လို့ ယာယီသမ္မတပြောကြား


ဇူလိုင်၅ရက်


ဇူလိုင်၄ရက်တွင်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် တော်လှန်ရေးနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးဟာ အချိန်တိုအတွင်းမှာ ရှုပ်ထွေး ကျပ်တည်းတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းနေရသလိုလည်း တွေ့နေမြင်နေရပါတယ်။ ဒါပေမယ့် လောလောဆယ်အားဖြင့် နွေဦးတော်လှန်ရေးအပေါ်မှာ လူထုရဲ့ ယုံကြည် ထောက်ခံမှု အမြင့်ဆုံး အခြေအနေကို ကျွန်တော်တို့ ရထားပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစား လာအောင် တင်ပြဖို့ တာဝန်ရှိ နေပါတယ်။ ဒါ့အပြင် လက်ရှိ အရှိပကတိနဲ့ မကင်းကွာတဲ့ ပြည်သူ မျှော်လင့်ချက်ကို ဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနများဟာ လတ်တလောမှာ ကြားကာလ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အစိုးရ ကက်ဘိနက်အစည်းအဝေးတွင်လုပ်ငန်းဆောင်ရွက်ချက်တို့ကို ပြန်လည်တင်ပြရှင်းလင်းလျက်ရှိပါတယ်။


========================


📌📌 ၂။ Timor-Lesteနိူင်ငံနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့Timor-Leste နိူင်ငံခြားရေးဝန်ကြီး Mr. Bendito dos တို့တွေ့ဆုံ


ဇူလိုင်၅


ဇူလိုင်၅ရက်နေ့မှာ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏Twitterမှာ အခုလိုအသိပေးရေးသားထားပါတယ်။

 

"Timor-Leste မှ နိူင်ငံခြားရေးဝန်ကြီးနှင့် အကျိုးဖြစ်ထွန်းသော တွေ့ဆုံမှုတွင် ပါဝင်ခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါတယ်။ မစ္စတာ Bendito dos  သည် ကျွန်ုပ်တို့နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် များစွာအထောက်အကူပြုနိုင်သော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်"လို့ဆိုထားပါတယ်။


ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်အပါအဝင် ချက်နိူင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ဟာအရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


 အရှေ့တီမော နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ အရှေ့တီမောကို ရောက်ရှိနေစဉ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာဟာ NUGအစိုးရအဖွဲ့ကိုဖိတ်ကြားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချနိူင်ခဲ့တဲ့ ကရင်နီ ကလလတကို NUGအစိုးရအနေနဲ့ဂုဏ်ယူဝမ်းမြောက်တယ်လို့ပြောကြား


ဇူလိုင်၅ရက်


စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချနိူင်ခဲ့တဲ့ ကရင်နီ ကလလတကို NUGအစိုးရအနေနဲ့ ဂုဏ်ယူဝမ်းမြောက်‌ကြောင်းနှင့်ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဇူလိုင်၅ရက်နေ့ မှာ Radio NUG ကို အခုလိုဖြေကြားခဲ့ပါတယ်။



(((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))


ကရင်နီ ကလလတမှ ဇွန်လ၃၀ရက်နေ့ ကရင်နီဒေသ၊ဘောလခဲမြို့နယ် ၊ရွာသစ် မြို့နယ်ခွဲအတွင်းတိုက်ပွဲတွင်း စစ်ကောင်စီရဲ့ အပေါ့စားတိုက်လေယာဥ်တစ်စီးကို ပစ်ချနိူင်ခဲ့တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၄။ ဇွန်လ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါးအား ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့


ဇူလိုင်၅


ဇူလိုင်၅ရက်နေ့မှာ စစ်ရေးသတင်းကို KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက အခုလို အတည်ပြုထုတ်ပြန်ပါတယ်။


"ဇွန်လ()ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ KNDF နှင့်အတူ မိုးဗြဲPDF လွိုင်ကော်PDF URF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲပေါင်း()ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ ပါတယ်။ထို့အတူ ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာတချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ တိုက်လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦများ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်"လို့ဆိုပါတယ်။


ဇွန်လ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါးအား မိမိတို့တပ်ပေါင်းစုများမှ သုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး လေကြောင်းပစ်ကူများ နှင့် လက်နက်ကြီးပစ်ကူများအား အလွန်အကျွံအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်စဉ် သတ်ဖြတ်ခဲ့ သည့် ရုပ်အလောင်းတွေ့ရှိချက်စာရင်းများအရ အမျိုးသား(၂၀)ဦး၊ အမျိုးသမီး()ဦး နှင့် အသက်(၁၀)နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦးတို့အား အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ စစ်ကောင်စီမှ စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်စခန်း ခု နဲ့ ထောက်တိုင်ဖြစ်တဲ့ ဦးစီးဌာန ခုအပါအဝင်စစ်ဆေးရေး လုပ်နေတဲ့ နေရာ တစ်ခုကို ဗုံး ၁၂ လုံး အသုံးပြုပြီး ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ကဖောက်ခွဲ


ဇူလိုင်၅


ဇူလိုင်၄ရက် ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Freeland Attack Force-FLA က အသိပေးထုတ်ပြန်ခဲ့ပါတယ်။


တိုက်ခိုက်မှုတွေကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း ၊ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနဲ့ အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမမှာ အကြမ်းဖက်စစ်သားတွေက အများပြည်သူ့ဆိုင်ကယ် များကိုစစ်ဆေးနေတဲ့ နေရာအနီးတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


စစ်ဆင်ရေးတွေကို Anonymous Fighters Force -AFF မှ ဦးဆောင်ပြီးတော့  Freeland Attack Force-FLA Phoenix Urban Guerrilla Force Emerald Girls Army - EGA Rangoon Urban Force တို့မှ  ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်အထိရရှိထား


ရိုးမခေါ်သံကမ်ပိန်း အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်အထိရရှိထားတယ်လို့ ဇူလိုင်လ ၅ရက်မှာ ရိုးမခေါ်သံ ကမ်ပိန်းကအသိပေးဆိုထားပါတယ်။


"တော်လှန်ရေးကာလ တလျှောက်ကမ်ပိန်းတွေ လုပ်တဲ့အခါတစ်နေ့ တစ်နေ့ ထောက်ပို့ငွေ ပမာဏတက်လာတာကို Refresh လုပ်ပြီး ထိုင်ကြည့်နေရတာလည်း အလုပ်တစ်လုပ်ပါပဲ။

ဒီနေ့ မင်မင်တို့ refresh ထိုင်လုပ်ကြတာ 131,000 USD ထိတော့ တက်လာပါပြီ။ ကမ်ပိန်းကာလလည်း ၁၀ ရက်ရောက်လာပြီဆိုတော့ တဝက်ရောက်လုပြီ ဆိုရမှာပါပဲ"လို့ဆိုထားပါတယ်။


ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက်ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 


ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment