5th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ တော်လှန်ရေးရေချိန်ကို အောက်မကျအောင် တွန်းတင်နိုင်ဖို့အတွက် အထူးဂရုစိုက်ကြဖို့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ယာယီသမ္မတပြောကြား

📌 ၂။ ဖက်ဒရယ်ယူနစ်များနဲ့ ပူးပေါင်းပြီး လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်များဆွေးနွေး

📌 ၃။ အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့

📌 ၄။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

📌 ၅။ နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန () ခုတို့ တွေ့ဆုံဆွေးနွေးခဲ့

📌 ၆။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချတဲ့မှတ်တမ်းများ ကရင်နီ ကလလတက စုဆောင်းနေ

📌 ၇။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ကျောင်းသားနှင့် ကျောင်းသူစုစုပေါင်း (၁၃၈) ဦးထိရှိလာ

📌 ၈။ ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို မိုင်းဆွဲ၍ ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်းသေဆုံး

📌 ၉။ ရေစကြိုမြို့နယ် ခလရ(၂၅၆)တပ်ထဲကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ လက်နက်ကြီးများ၊ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ တော်လှန်ရေးရေချိန်ကို အောက်မကျအောင် တွန်းတင်နိုင်ဖို့အတွက် အထူးဂရုစိုက်ကြဖို့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ယာယီသမ္မတပြောကြား


ဇူလိုင်၄ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာတော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ တော်လှန်ရေးရေချိန်ကို အောက်မကျအောင် တွန်းတင်နိုင်ဖို့အတွက် အထူးဂရုစိုက်ကြဖို့ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"အစိုးရတစ်ရပ်အနေနဲ့ ပြည်သူ့ဆက်ဆံရေးမဟာဗျူဟာ/ နည်းဗျူဟာတွေကို စနစ်တကျ သိမ်သိမ်မွေ့မွေ့ ပါးပါးနပ်နပ်ချမှ ကျင့်သုံးကြရပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ တော်လှန်ရေးရေချိန်ကို အောက်မကျအောင် တွန်းတင်နိုင်ဖို့အတွက် အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တော်လှန်ရေးရေချိန်ကို မြှင့်တင်တဲ့ နေရာမှာလည်း ကျွန်တော်တို့ အစိုးရရဲ့ လုပ်ငန်းစဉ်တွေအပေါ် နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြရတာတွေလည်း ရှိပါလိမ့်မယ်။ အဲသည်လို လူထုကို တင်ပြတဲ့အခါမှာ အမြော်အမြင်ရှိရှိနဲ့ လိမ္မာကျွမ်းကျင်စွာ တင်ပြဖို့ လိုတယ်လို့ ယူဆပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူ့ဆက်ဆံရေးအလုပ်တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာ လူမှုအသိုက်အဝန်းရဲ့ ဓလေ့နဲ့ သဘောသဘာဝကို နားလည်ရမှာ ဖြစ်သလို political sensitivity ကိုလည်း နားလည်သဘောပေါက်ထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ကဆိုပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ယူနစ်များနဲ့ ပူးပေါင်းပြီး လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နိုင်မယ့်ကိစ္စရပ်များဆွေးနွေး


ဇူလိုင်  

ဇူလိုင်၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ဖက်ဒရယ်ယူနစ်များနဲ့ ပူးပေါင်းပြီး လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုများကို နိစ္စဓူဝ ကျူးလွန်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများနဲ့ လက်နက်ကြီးများနဲ့ ပစ်ခတ်မှုများကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအနေနဲ့ ထိခိုက်ခံစားမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တတ်စွမ်းသမျှ ဝန်ဆောင်မှုပေးနိုင်ရန်လိုအပ်ပါကြောင်း"ပြောကြားပါတယ်။


ဒါ့အပြင် NUG ဝန်ကြီးဌာနများအကြားမှာသာမက ဖက်ဒရယ် ယူနစ်များ၊ အတိုင်ပင်ခံကောင်စီများနဲ့ပါ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်" ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး EOCC ရဲ့ ဖွဲ့စည်းဆောင်ရွက်မှုနဲ့ လုပ်ငန်းတာဝန်များ၊ ဖက်ဒရယ်ယူနစ်များနဲ့ ပူးပေါင်းပြီး လေကြောင်းရန် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နိုင် မယ့်ကိစ္စရပ်များ၊ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးမှာ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များ၊ ပဇီကြီးကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဥ်နဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးလုပ်ဆောင်ချက်များမှ သင်ခန်းစာတွေ့ရှိချက်များကို ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြပါတယ်။


========================


📌📌 ၃။ အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့


ဇူလိုင်၄ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်အပါအဝင် ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ဟာအရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


 အရှေ့တီမော နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ အရှေ့တီမောကို ရောက်ရှိနေစဉ်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာဟာ NUGအစိုးရအဖွဲ့ကိုဖိတ်ကြားခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး


ဇူလိုင်လ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ရက်တွင် ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က စစ်တောင်းမြစ်ဝှမ်းဒေသ ထောက်လှမ်းရေးအထူးစီမံချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။  


ထို့နောက် တက်ရောက်လာသော အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဖွဲ့ဝင် ၃၀ ကျော်နှင့် မဟာဗျူဟာမြောက် ပစ်မှတ်ထောက်လှမ်ခြင်းကိစ္စရပ်များ၊ အကြမ်းဖက်နှိမ်နင်းရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးယန္တရားတိုးမြှင့်ခြင်းကိစ္စရပ်များနှင့် ဌာနတွင်းအခက်အခဲလိုအပ်ချက်များကို ၂နာရီခွဲကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၅။ နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန () ခုတို့ တွေ့ဆုံဆွေးနွေးခဲ့


ဇူလိုင် ရက် 

နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန () ခုတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင် ၃ရက်မှာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန (MoD) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) မှ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်တို့တွေ့ဆုံခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများဘက်မှ မိမိတို့ဌာနအလိုက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု အခြေအနေများနှင့် နာဂဒေသတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး တတ်ရောက်လာကြသော နာဂဒေသ တိုင်းရင်းသားခေါင်းဆောင်များဘက်မှလည်း ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


ထိုသို့ဆွေးနွေးရာတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM)နှင့် စပ်လျဥ်း၍ နာဂဒေသဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်တို့ရှိ အိန္ဒိယနယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချတဲ့မှတ်တမ်းများ ကရင်နီ ကလလတက စုဆောင်းနေ


ဇူလိုင်၄ရက်

စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို ပစ်ချတဲ့မှတ်တမ်းများ ကရင်နီ ကလလတက စုဆောင်းနေတယ်လို့ ဇူလိုင်၄ရက်နေ့မှာ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ရဲဘော်လောရင်းစိုးကအတည်ပြုပြောပါတယ်။

 ရဲဘော်လောရင်းစိုး

အတည်ပြုနိုင်ဖို့အတွက်ကတော့ ပုံတွေလုပ်နေတယ်။ ဒါပေမယ့် သူတို့ စစ်ကောင်စီက လေယာဉ်ပျက်ကျတဲ့နေရာကို အကုန်လုံးအစအနဖျောက်လိုက်တယ်ဗျ။ မီးလောင်တဲ့နေရာတွေပဲတွေ့တော့တယ်။အဲတော့ လူကိုယ်တိုင်သွားလို့မရ ဒရုန်းနဲ့ပဲ ယူရတယ်။ ဒါပေမယ့် သူတို့ မထုတ်ပြန်နိုင်ဘူးလို့ပြောတာပဲ။ ဒီထက်ပိုပြီးတော့ အတည်ပြုချက် ရအောင်တော့ နည်းလမ်းရှာနေပါတယ်။


ကရင်နီ ကလလတမှ ဇွန်လ ၃၀ရက်နေ့ ကရင်နီဒေသ၊ဘောလခဲမြို့နယ် ၊ရွာသစ် မြို့နယ်ခွဲအတွင်း တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ အပေါ့စားတိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။


ဇူလိုင် ၄ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ချင်းတော်လှန်ရေး အင်အားစုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကို အထောက်အထားတွေနဲ့တကွ တင်ပြလာတဲ့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့အညီ သံချပ်ကာယာဉ် တစ်စီးကို ကျပ်သိန်း (၂၀၀၀) နဲ့ () စီးအတွက် မြန်မာကျပ်ငွေ သိန်း(၄၀၀၀) ကို ချင်းပြည်နယ် CNF/CAN+ CDF ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။


========================


📌📌 ၇။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ကျောင်းသားနှင့် ကျောင်းသူစုစုပေါင်း (၁၃၈) ဦးထိရှိလာ


ဇူလိုင်၄

နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ကျောင်းသားနှင့် ကျောင်းသူစုစုပေါင်း (၁၃၈) ဦးထိရှိလာပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို ဇူလိုင်၄ရက် ထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ကျောင်းသူ (၃၁) ဦးနှင့် ကျောင်းသား (၁၀၇) ဦး စုစုပေါင်း (၁၃၈) ဦး ရှိပါတယ်လို့ဖော်ပြပါတယ်။


 ထို (၁၃၈) ဦးတွင် ရန်ကုန်တိုင်းမှ (၆၅) ဦးဖြင့် အများဆုံး ပါဝင်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဌဖြစ်သည့် စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနမှ တတိယနှစ်ကျောင်းသား ကိုထက်ပိုင်စိုးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ () ဖြင့် အလုပ်နှင့် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။


========================


📌📌 ၈။ ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို မိုင်းဆွဲ၍ ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်းသေဆုံး


ဇူလိုင်၄

ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို မိုင်းဆွဲ၍ ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းကို ရေတာရှည်ပကဖက ဇူလိုင်၄ရက်မှာ အသိပေးဆိုပါတယ်။


ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာမှ စစ်‌ကြောင်းထိုးလာသော အင်အား(၅၀)ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်းအရောက်၌ ဇူလိုင်လ()ရက်နေ့ ညနေ(:၃၀)နာရီခန့်တွင် ရေတာရှည်မြို့နယ်ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး‌နောက် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏  ချေမှုန်းရေးတပ်စိတ်က ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲဟာ မိနစ်(၃၀)ခန့် ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်းသေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံးမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်‌ချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ရေစကြိုမြို့နယ် ခလရ(၂၅၆)တပ်ထဲကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ လက်နက်ကြီးများ၊ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်


ဇူလိုင်၄

ရေစကြိုမြို့နယ် ခလရ(၂၅၆)တပ်ထဲကိုပြည်သူ့ကာကွယ်ရေးရဲဘော်များမှ လက်နက်ကြီးများ၊ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်၄ရက်နေ့မှာ စစ်ရေးသတင်းကို ရေစကြိုပကဖက အသိပေးဆိုပါတယ်။


"ရေစကြိုမြို့နယ် ခလရ(၂၅၆)တပ်ထဲတွင် ပခုက္ကူ တပ်မ၁၀၁မှ တပ်မမှူးလာရောက်၍အစည်းအဝေးလုပ်မည်ဟု သတင်းရသော

ကြောင့် ဇူလိုင်လ ()ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း Droneဖြင့် ဝေဟင်မှ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်ထဲသို့ လက်နက်ကြီးများ ကျရောက်သော်လည်း စကစတပ်သေဆုံးမှုအား အတည်ပြုနေဆဲ ဖြစ်ပါတယ်။


ခလရ၂၅၆အတွင်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိူင်ခဲ့တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment