7th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီမှ သေနတ်မိုး၊ ခြိမ်းခြောက်၍  ပြိုလဲနေသော အုပ်ချုပ်ရေးကို အတင်းအဓမ္မ သက်ဆိုးရှည်စွာ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ တီမောလက်စ်တေး နိုင်ငံဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်‌ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ အကြမ်းဖက်စစ်အုပ်စုကြောင့် ပဲခူးတိုင်းတွင် (၂၄၄) ဦး သေဆုံးခဲ့ပြီး (၁၂၄) ဦးမှာ ပစ်ခတ်ခံရ၍ သေဆုံးခြင်းဖြစ်

📌 ၅။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

📌 ၆။ ဝက်လက်နယ် ရွာသာကြီးမှ ထွက်လာသော အကြမ်းဖက်စစ်တပ် ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာ အနောက်တဝက် မကျည်းပင်နားမှာဈေးသွားပြည်သူ()ဦးအားပစ်သတ်

📌 ၇။ မုန်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ရက်အတွင်း ကြိမ်တိုက်ခိုက်ခံရ၍  ၁၂ ဦးသေ ၁၆ဦးဒဏ်ရာရ 

📌 ၈။ စစ်ကိုင်းမြို့နယ် အုန်းတောရွာ ၆၀၀၅ သံချပ်ကာတပ်ရင်းကို လက်ပစ်ဗုံးနဲ့ထု

📌 ၉။ "အညာအားဖြည့်စို့"ကမ်ပိန်း အမေရိကန်ဒေါ်လာတစ်သိန်းလေးသောင်းရှစ်ထောင်ကျော်စာရင်းသွင်းရရှိထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီမှ သေနတ်မိုး၊ ခြိမ်းခြောက်၍  ပြိုလဲနေသော အုပ်ချုပ်ရေးကို အတင်းအဓမ္မ သက်ဆိုးရှည်စွာ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


 ဇူလိုင်     ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၇/၂၀၂၃)ကို ဇူလိုင် ၆ရက်နေ့မှာ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ " စစ်ကောင်စီမှ သေနတ်မိုး၊ ခြိမ်းခြောက်၍  ပြိုလဲနေသော အုပ်ချုပ်ရေးကို အတင်းအဓမ္မ သက်ဆိုးရှည်စွာ ဆောင်ရွက်နေသဖြင့်  နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေသည် အာဏာမသိမ်းခင်ကထက် များစွာ ဆိုးဝါးနေသည်ကို  တွေ့မြင်နေရပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊  အရင်းအမြစ်ဖြန့်ဖြူးသည့် ပိုင်ရှင်များ ကမောက်ကမ ဖြစ်သွားခြင်း၊ ကဏ္ဍအသီးသီးတွင် အနှုတ်လက္ခဏာဖြစ်ပေါ်နေပြီး အဆိုးဝါးဆုံးနိုင်ငံများစာရင်းဝင် ဖြစ်လာ‌နေကာ အခြေခံပြည်သူများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းကြီးများ ထွက်ခွာသွားခြင်းသည် ပြည်သူများအတွက်များစွာ ထိခိုက်မှုများဖြစ်‌ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အဆိုပါထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် တော်လှန်ရေး ဘက်တော်သားများသည်  ကြီးစွာသော အားထုတ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကို သတိကောင်းစွာထားရှိပြီး စီမံဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ ယခုလက်ရှိလုပ်ဆောင်နေသည့်ကိစ္စရပ်တိုင်းမှာ အန္တရာယ်ကြားမှ လုပ်ကိုင်နေရသည်ကို နားလည်သော်လည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုနည်းရန် စီမံ‌ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။


ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၂၆/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တာ်လို့သိရပါတယ်။


========================


📌📌 ၂။ တီမောလက်စ်တေး နိုင်ငံဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့


ဇူလိုင်၆ရက်

တီမောလက်စ်တေး နိုင်ငံဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဇူလိုင်၆ရက်မှာ NUG နိုင်ငံခြားရေးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးက radio NUGကိုဖြေကြားပါတယ်။


"ထပ်မံ ဖိတ်ခေါ်တဲ့ ခရီးစဥ် လောလောဆယ်တော့ မရှိသေးပါဘူး။ အဲဒီနေ့က ဒေါ်ဇင်မာအောင်ကို ဝန်ကြီးချုပ်က ထမင်းစားဖိတ်တာ ဖြစ်ပါမယ်၊ ဒေါ်ဇင်မာအောင်ခရီးစဥ်မှာ ဖိတ်တာပါ"လို့ ဆိုပါတယ်။


Timor-Lesteနိုင်ငံနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်နဲ့Timor-Leste နိုင်ငံခြားရေးဝန်ကြီး Mr. Bendito dos Santos Freitasတို့တွေ့ဆုံခဲ့ပါတယ်။


ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်အပါအဝင် ချက်နိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ဟာ အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


 အရှေ့တီမော နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ အရှေ့တီမောကို ရောက်ရှိနေစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာဟာ NUGအစိုးရအဖွဲ့ကိုဖိတ်ကြားခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်‌ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဇူလိုင်     ရက်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်‌ရေးဖော်ဆောင် မှုဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (/၂၀၂၃)ကို ဇူလိုင်လ ၆ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်‌ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာန တာဝန်ရှိသူများမှ ဌာန၏လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ မူဝါဒလုပ်ငန်းစဉ်များကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုကြောင့် ပဲခူးတိုင်းတွင် (၂၄၄) ဦး သေဆုံးခဲ့ပြီး (၁၂၄) ဦးမှာ ပစ်ခတ်ခံရ၍ သေဆုံးခြင်းဖြစ်


ဇူလိုင်၆

အကြမ်းဖက်စစ်အုပ်စုကြောင့် ပဲခူးတိုင်းတွင် (၂၄၄) ဦး သေဆုံးခဲ့ပြီး (၁၂၄) ဦးမှာ ပစ်ခတ်ခံရ၍ သေဆုံးခြင်းဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို ဇူလိုင်၆ရက်မှာ ထုတ်ပြန်ပါတယ်။


 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ပဲခူးတိုင်းတွင် (၂၄၄) ဦး သေဆုံးခဲ့ပါတယ်။ ထို (၂၄၄) ဦးအနက် ပစ်ခတ်ခံရမှုကြောင့် (၁၂၄) ဦး သေဆုံးခဲ့ပြီး ဆန္ဒပြပွဲအတွင်း ဖြိုခွင်းသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၉၄) ဦး ရှိခဲ့တယ်လို့ဆိုပါတယ်။


ထို့ပြင် ပဲခူးတိုင်း၌ (၁၉၅၈) ဦး ဖမ်းဆီးခံခဲ့ရပြီး (၁၄၆၈) ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရဆဲ လူပုဂ္ဂိုလ်များအနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၄၉၁) ဦး ပါဝင်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ


ဇူလိုင်၆

ဇူလိုင်၆ရက်မှာ CDF - KKG အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ Chinland Defense Force - Kalay Kabaw Gangaw က အသိပေးဖော်ပြပါတယ်။


CDF-KKG မှ လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို လွန်ခဲ့သောရက်ပိုင်းက အောင်မြင်စွာ ကျင်းပခဲ့တယ်လို့သိရပါတယ်။


သင်တန်းဆင်းပွဲသို့ CDF-KKG မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ စစ်ရေးပြအလှဆုံးဆု လက်ဖြောင့်ဆု၊ ဇွဲဆု နှင့် စံပြဆု အစရှိသည့် တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။


========================


📌📌 ၆။ ဝက်လက်နယ် ရွာသာကြီးမှ ထွက်လာသော အကြမ်းဖက်စစ်တပ် ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာ အနောက်တဝက် မကျည်းပင်နားမှာဈေးသွားပြည်သူ()ဦးအားပစ်သတ်


ဇူလိုင်၆ရက်

ဝက်လက်နယ် ရွာသာကြီးမှထွက်လာသော အကြမ်းဖက်စစ်တပ် ဝက်လက်မြို့နယ် ရွှေပန်းကုံးရွာ အနောက်တဝက် မကျည်းပင်နားမှာဈေးသွားပြည်သူ()ဦးအား ပစ်သတ်ခဲ့တယ်လို့ ဇူလိုင်၆ရက်မှာ ဝက်လက်သတင်းမှန်ပြန်ကြားရေးက အတည်ပြုဆိုထားပါတယ်။


"ဇူလိုင်၆ရက် ရွာသာကြီးမှ ထွက်လာသော စကစအကြမ်းဖက်စကစများ :၀၅အချိန်တွင် သမရိုးအရှေ့ဘက် ရွှေပန်းကုံးရွာအနောက်တဝက် မကျည်းပင်နားမှာ ဈေးသွားပြည်သူ()ဦးအား ပစ်သတ်ကာ သမရိုးရွာအတွင်း ဝင်ရောက်စဉ် ပြည်သူနှစ်ဦးအား ပစ်သတ်ခဲ့တယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ပြည်သူ()ဦး လက်နက်ငယ်ထိမှန်ထားကာ ဓားစာခံအဖြစ်ရွာသား(၁၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေတွင်းရွာအရောက်တွင် (၁၃)ဦးအား ပြန်လည်လွှတ်လိုက်ကာ ကျန်တစ်ဦးမှာ ယခုချိန်ထိ ဖမ်းဆီးထားဆဲဟု ဒေသခံများမှပြောကြားတယ်လို့ဆိုပါတယ်။


သေဆုံးသူ()ဦးမှာ အမျိုးသား()ဦးနှင့် အမျိုးသမီး()ဦးတို့ဖြစ်ပြီး အမျိုးသမီး()ဦးမှာ ကတို့ကိုင်းကျေးရွာမှဖြစ်ကြောင်းသိရှိရပါတယ်။


========================


📌📌 ၇။ မုန်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ရက်အတွင်း ကြိမ်တိုက်ခိုက်ခံရ၍  ၁၂ ဦးသေ ၁၆ဦးဒဏ်ရာရ 


ဇူလိုင်၆

ကေအန်ယူ - တပ်မဟာ ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် ပဲခူးတိုင်း၊ မုန်း-ဇရပ်ကြီးကားလမ်းတစ်လျှောက်ရှိ အုတ်ဖြတ်ကျေးရွာနှင့် ကညင်ကျကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ ဇူလိုင်လ ရက်နေ့ကစ၍ KNLA - PDF ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့ပြီး မုန်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ရက်အတွင်း ကြိမ်တိုက်ခိုက်ခံရ၍  ၁၂ ဦးသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


အကြမ်းဖက် စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူပေးရန် ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို အုတ်ဖြတ်ကျေးရွာအနီးတွင် နံနက်အစောပိုင်းတွင် တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင်တစ်ကြိမ် ဒရုန်းဖြင့် ၄၀-မမ၊ ၆၀-မမ ဗုံးသီးများ အသုံးပြုတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း ရန်သူ့ဘက်မှ လေးဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ 


 ဇူလိုင် ရက်နေ့ ည၈ နာရီနာရီဝန်းကျင်တွင် ကညင်ကျ ရွာစာသင်ကျောင်းအရှေ့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ၍  ပြောက်ကျားတိုက်ခဲ့ရာ  အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ရှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ပဲခူးတိုင်းအတွင်းရှိ မုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဖြူးမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ဇူလိုင်လ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်ရှိ ချိန်း ချောင်းဖြတ် တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးဝန်းကျင်သေဆုံးခဲ့ပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းမြို့နယ် အုန်းတောရွာ ၆၀၀၅ သံချပ်ကာတပ်ရင်းကို လက်ပစ်ဗုံးနဲ့ထု


ဇူလိုင်၆

ဇူလိုင်၆ရက်မွန်းလွဲ ၁နာရီ၃၀အချိန်မှာ စစ်ကိုင်းမြို့နယ် အုန်းတောရွာ ၆၀၀၅သံချပ်ကာတပ်ရင်းကို လက်ပစ်ဗုံးနဲ့ထုပြီး တိုက်ခိုက်ခဲ့တယ်လို့ အညာသာသားလေး SGGက အတည်ပြုပါတယ်။


"စစ်ကိုင်းမြို့နယ် အုန်းတောရွာ ၆၀၀၅သံချပ်ကာတပ်ရင်းကို ဇူလိုင်လ၆ရက် နေ့လည် ၁နာရီခွဲချိန် လက်ပစ်ဗုံးနဲ့ထု တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးများနိုင်တယ်လို့"လို့ဆိုပါတယ်။


စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပြီး အဆိုပါတိုက်ခိုက်မှုကို အညာသာသားလေး SGG/စစ်ကိုင်းမြို့နယ် .က. /phoenix SGG/Fight For Federial ညီနောင်မဟာမိတ်များမှ ပူးတွဲလုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၉။ "အညာအားဖြည့်စို့"ကမ်ပိန်း အမေရိကန်ဒေါ်လာတစ်သိန်းလေးသောင်းရှစ်ထောင်ကျော်စာရင်းသွင်းရရှိထား


ဇူလိုင်၆

အညာအားဖြည့်စို့ကမ်ပိန်း အမေရိကန်ဒေါ်လာတစ်သိန်းလေးသောင်းရှစ်ထောင်ကျော်စာရင်းသွင်းရရှိထားတယ်လို့ ဇူလိုင်၆ရက်မှာ EODက ရှယ်ယာရောင်းချရမှုကို အသိပေးဆိုထားပါတယ်။


"အညာကို အားဖြည့်မယ့် Campaign ဟာ Day 7 သို့ ရောက်ရှိလာပါပြီ။ Day 6 အထိ ထည့်ဝင်အားဖြည့်မှု ရှယ်ယာ 1,484 (USD 148,400) စာရင်းသွင်း ရရှိထားပါတယ်။ အညာက မိသားစု ၁၅၀၀ ခန့်ကို ယာယီတဲအိမ်နဲ့ တစ်လစာ ဆန်တစ်အိတ်စီ ကူညီနိုင်မှာပါ။အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ပျက်စီးသွားတဲ့ မိသားစု အသိုက်အမြုံပေါင်းဟာ အညာမှာတင် သောင်းကျော်ပါတယ်။ ဆက်လက်ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်"လို့ဆိုထားပါတယ်။


မင်းအောင်လှိုင် မတရားရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့ရာမှာ ဒေါ်လာ သန်းခန့် ရောင်းချခဲ့ရပြီး ဖြစ်ကာ လက်ကျန်အစုရှယ်ယာ သောင်း၊ တစ်စုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment