10th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ကျစေရေးအတွက် အာဆီယံပဋိဉာဥ်ပါ အချက်များနှင့်အညီ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တိုက်တွန်း

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (/၂၀၂၃) ကျင်းပ

📌 ၃။ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ"လူထုဆက်ပြီး ပါဝင်နွှဲကြဖို့ တိုက်တွန်း

📌 ၄။ အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှူရပ်တဲ့အထိ ဖိအားပေး တိုက်ခိုက်ကြရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်

📌 ၅။ ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးအန္တရာယ် အကြီးဆုံး၊ အဆိုးဝါးဆုံးတိုင်းပြည်ဟာ မြန်မာပြည်ဖြစ်

📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၇။ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအစာနှင့် အမိုးအကာများထောက်ပံ့ပေးလျက်ရှိပြီး လူသားချင်းစာနာမှုအကူအညီပေးခြင်းများကို စုစုပေါင်း ငွေကျပ် (၄၃၈) သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်

📌 ၈။ ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်

📌 ၉။ ဖြူး-အုတ်ဖြတ်လမ်းမှ ဆင်းလာသော အင်းအား ၁၀၀ကျော်ပါ ရန်သူစစ်ကြောင်းအောက်ကြာအင်းရွာဖက်သို့ တိုးရန်ကြိုးစားစဥ်  ရိုးမစစ်ကြောင်း () နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ကျစေရေးအတွက် အာဆီယံပဋိဉာဥ်ပါ အချက်များနှင့်အညီ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တိုက်တွန်း


သြဂုတ်လ၉ရက်

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ကျစေရေးအတွက် အာဆီယံပဋိဉာဥ်ပါ အချက်များနှင့် အညီ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ သြဂုတ်လ၈ရက် အာဆီယံ ၅၆ နှစ်ပြည့် အထိမ်းအမှတ်ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းဖော်ပြဆိုထားပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဖွဲ့စည်းတည်‌ထောင်ခြင်း ၅၆ နှစ် ပြည့် အထိမ်းအမှတ်သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ 


အဆိုပါ သဝဏ်လွှာတွင် အာဆီယံအဖွဲ့ကြီး တည်ထောင်ခဲ့သည့် ၅၆ နှစ် ပြည့်မြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်း အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း အသိအမှတ်ပြုလိုပါကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။


ထို့အပြင် မြန်မာ့အရေးနှင့် စပ်လျဥ်း၍လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ လျော့ကျစေရေးအတွက် အာဆီယံပဋိဉာဥ်ပါ အချက်များနှင့် အညီ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်လည်း တိုက်တွန်းအားပေးထားတယ်လို့သိရပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (/၂၀၂၃) ကျင်းပ


 ဩဂုတ်လ  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အသင်းအဖွဲ့မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃)ကို သြဂုတ်လ၉ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် အသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်ထုတ်ပေးရေးဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ကော်မတီအ‌နေဖြင့် လုပ်ငန်းဆောင်ရွက်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့မှာ ပုံမှန်လည်ပတ်နေပြီး အသင်းအဖွဲ့မှတ်ပုံတင်များအား စိစစ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီ၏လုပ်ငန်း လမ်းညွှန်ချက်အပေါ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတကာနဲ့ ပတ်သက်၍ ဆက်စပ်ဆောင်ရွက်နေသည့် INGO အဖွဲ့အစည်းများ မှတ်ပုံတင်နိုင်ရေးကိုလည်း အားကောင်းစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်တိုင်း၌  ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊တော်လှန်ရေးတွင် ဦးစားပေး ဆောင်ရွက်ရသော အခန်းကဏ္ဍများနှင့် တိုင်ပင်ချိန်ကိုက်ပြီး လုပ်ငန်းများအား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော အသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်ထုတ်ပေးရေး ဗဟိုကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းစဉ်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်‌ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါတယ်။


အသင်းအဖွဲ့မှတ်ပုံတင် လက်မှတ်ထုတ်ပေးရေးဗဟိုကော်မတီအနေဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးသည့် အသင်းအဖွဲ့(၁၁)ခုနှင့် ယာယီလက်မှတ်ထုတ်ပေးသည့် အသင်းအဖွဲ့(၁၈)ခု ရှိပြီဖြစ်တယ်လို့သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များမှ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ"လူထုဆက်ပြီး ပါဝင်နွှဲကြဖို့ တိုက်တွန်း


သြဂုတ်လ၉ရက်

 သြဂုတ်လ၉ရက်မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က "ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ"လူထုဆက်ပြီး ပါဝင်နွှဲကြဖို့ လူမှုကွန်ရက်မှာ တိုက်တွန်းလိုက်ပါတယ်။


"စကစ အုပ်ချုပ်ခွင့်မရစေရ" ဆိုတဲ့ ဆိုင်းဘုတ်တွေ မြို့တိုင်းထောင်ပြီး လူထုသန္နိဌာန်ကို ဖော်ပြခဲ့ကြတယ်။ အခု အဲဒီသန္နိဌာန်က အတော်ခရီးပေါက်နေခဲ့ပြီဆိုတာ မင်းအောင်လှိုင် သူခေါ်ချင်သလိုခေါ်နေတဲ့ အစည်းအဝေးမှာ မအောင်မြင်တဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေး တည်ဆောက်မှုအကြံဆိုး အိမ်မက်ယုတ်ကြီး မအောင်မြင်ဘူး ဆိုတာကို မြိုရွာတွေ မထိမ်းချုပ်နိုင်ပါဘူး ဆိုတာပြောပြီး သက်သေပြသွားခဲ့ပြီ။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးရဲ့အင်အားနဲ့ စကစ အိမ်မက်ကို ရိုက်းချိုးခဲ့ကြပြီ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေဆီ ပန်းတိုင်အတွက်တော့ ကြံ့ကြံ့ခိုင်ခိုင်နဲ့အတူ ခရီးဆက်ကြဖို့ လိုပါသေးတယ်။ အခု ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့်ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။ ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်အုပ်စုပဲ ဖြစ်ပါတယ်"လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်()မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ကို သပိတ်မှောက်မသုံးစွဲဖို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှူရပ်တဲ့အထိ ဖိအားပေး တိုက်ခိုက်ကြရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်


သြဂုတ်လ၉ရက်

အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှူရပ်တဲ့အထိ ဖိအားပေး တိုက်ခိုက်ကြရမယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ သြဂုတ်လ၉ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် () သင်တန်းသားရဲဘော်များသို့ အမှာစကား မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။


"အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အရေးနိမ့်မှုတွေအတွက် တရားခံရှာတဲ့အနေနဲ့ ဇာတ်တူသားချင်း ဖြုတ်ထုတ်သတ် လုပ်နေတာ အခုတလော ခပ်စိပ်စိပ်တွေ့ရလိမ့်မယ်။ အသက်ရှူကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှူရပ်တဲ့အထိ ငါတို့ ဖိအားပေး တိုက်ခိုက်ကြရမှာ ဖြစ်တယ်။ ငါတို့မဟာဗျူဟာကကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ ဗျူဟာဖြစ်တယ်ဆိုတာ ရဲဘော်တို့ သိရှိပြီး ဖြစ်တယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ အင်အားစုစည်းပြီး ငါတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ မဟာဗျူဟာနောက်တစ်ဆင့်အဖြစ် PDF နဲ့ မဟာမိတ်များထုအင်အားတည်‌ဆောက်ပြီး တစ်ခုတည်းသော စီမံချက်အောက်မှာ မဟာဗျူဟာထိုးစစ်ကို ဆင်နွှဲကြရမှာ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ ဒီစစ်ဆင်ရေးမှာ စစ်မျက်နှာအသီးသီးကနေ အရေးကြီးတဲ့ စစ်မြေပြင်ခေါင်းဆောင်များအဖြစ် ပါဝင်ကြရမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)ဟာ အချိန်ကာလ()နှစ်ကျော်အတွင်းမှာ အခြေခံစစ်ပညာသင်တန်း၊ အကြပ် အဆင့်စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦးရေးထောက်၊ မဟာဗျုဟာနဲ့နည်းဗျုဟာအဆင့် သင်တန်းတွေကို ပို့ချနိုင်ခဲ့ပြီ ဖြစ်တယ်။


"ဒီကနေ့ ရဲဘော်တို့ကို လိုရင်း မှာလိုတာက ကိုယ့်သေနတ် ကိုယ့်လက်ထဲမှာ မြဲအောင်ကိုင်ပါ။ ကိုယ့်တပ် မာသထက် မာအောင် တည်ဆောက်ပါ။ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသလိုပဲ တော်လှန်ရေးပန်းတိုင်ဆီ ဦးလည်မသုံ ဆက်လက် ချီတက်ကြပါ"လို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးအန္တရာယ် အကြီးဆုံး၊ အဆိုးဝါးဆုံးတိုင်းပြည်ဟာ မြန်မာပြည်ဖြစ်


သြဂုတ်လ၉ရက်

ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးအန္တရာယ် အကြီးဆုံး၊ အဆိုးဝါးဆုံးတိုင်းပြည်ဟာ မြန်မာပြည်ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"WHOကရေးထားတယ်။ ကမ္ဘာပေါ်မှာ ကျန်းမာရေးအစောင့်အရှောက်ပေးမှုကို အန္တရာယ်အပေးဆုံး တိုင်းပြည်က မြန်မာပြည်ပဲ။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အသက်အန္တရာယ်၊ လုံခြုံရေးအန္တရာယ် အကြီးဆုံး၊ အဆိုးဆုံး အဆိုးဝါးဆုံးတိုင်းပြည်ဟာ မြန်မာပြည်ဖြစ်တယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်တောင် အခြေအနေဆိုးနေတယ်ဆိုတာကို သိနိုင်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုဟာ CDM ဝန်ထမ်းတွေ အပါအဝင် နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်နေပြီး ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာအထိ စစ်အုပ်စုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျန်းမာရေးလုပ်သား (၅၈)ဦး သေဆုံးခဲ့ကာ (၇၀၀) ကျော် ဖမ်းဆီးနှိပ်စက်ညှဉ်းပန်း ခံရကြောင်းနှင့် စစ်အုပ်စုက ဆေးရုံဆေးခန်း (၅၀)ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဩဂုတ် ရက်

သြဂုတ်လ၉ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၆/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။ 


အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပြီးနောက် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအစာနှင့် အမိုးအကာများထောက်ပံ့ပေးလျက်ရှိပြီး လူသားချင်းစာနာမှုအကူအညီပေးခြင်းများကို စုစုပေါင်း ငွေကျပ် (၄၃၈) သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်


ဩဂုတ်

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအစာနှင့် အမိုးအကာများ ထောက်ပံ့ပေးလျက်ရှိပြီး လူသားချင်းစာနာမှုအကူအညီပေးခြင်းများကို စုစုပေါင်း ငွေကျပ် (၄၃၈) သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန

မှ သြဂုတ်လ၉ရက်မှာ အသိပေးဖော်ပြပါတယ်။


"မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် အတိဒုက္ခကြုံတွေ့နေကြရသည့် စစ်ဘေးရှောင်ပြည်သူများကို ပြည်သူမှ ပြည်သူသို့ လှူဒါန်းငွေများဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးလျက်ရှိပြီး ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ်တို့မှ အလွန်အမင်း အင်အားသုံး၍ တိုက်ခိုက်မှုများကြောင့် လတ်တလော နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်နီဒေသခံပြည်သူများအတွက်စု စုပေါင်း ငွေကျပ်  (၃၈,၇၀၃,၅၆၁) တန်ဖိုးရှိဆန်ရိက္ခာ၊ အမိုးအကာနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိပါတယ်"လို့ဖော်ပြထားပါတယ်။


ထို့အပြင် ဝန်ကြီးဌာန စတင်ဖွဲ့စည်းသည့် (၁၆..၂၀၂၁) ရက်နေ့မှ ယနေ့အထိ ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လတ်တလော အရေးပေါ် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များ ပံ့ပိုးခြင်း၊ ထိတွေ့တိုက်ပွဲများ၌ ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ကျဆုံးသူ (ပြည်သူ/ ရဲဘော်)များ၏ ကျန်ရစ်သူ မိသားစုများအတွက် လူသားချင်းစာနာမှု အကူအညီပေးခြင်းများကို စုစုပေါင်း ငွေကျပ် (၄၃၈) သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။


ကရင်နီပြည်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများဆောင်ရွက်ရာတွင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) Coordination Team for Emergency Relief-Karenni (CTER) Freelance Volunteer Myanmar (FVM) ကရင်နီပြည်အခြေစိုက်  CBOs/ CSOs များနှင့် လက်တွဲ၍ ထောက်ပံ့ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်


သြဂုတ်လ၉

ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ သြဂုတ်လ၉ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။


နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်  () ဦးတို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သော ပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါတယ်လို့ဖော်ပြပါတယ်။


ဦးဟင်နရီဗန်ထီးယူသည် (၂၀၁၆-၂၀၂၁) လွှတ်တော်သက်တမ်းအတွင်း ပါတီမှယုံကြည်စွာ တာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလုစစ်အုပ်စုနှင့် (၃၁.၀၇.၂၀၂၃) နေ့တွင် ပူးပေါင်းဆောင်ရွက်ကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။


ထိုကိစ္စနှင့်စပ်လျဥ်း၍ (..၂၀၂၃) နေ့တွင် ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးကို ခေါ်ယူပြီး ဗဟိုကော်မတီဝင်များ၏ သဘောထားများကို ရယူဆွေးနွေးခဲ့ကာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အဆိုပါ အစည်းအဝေးမှနေ၍ အများသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်ပါ၍ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသော မူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၉။ ဖြူး-အုတ်ဖြတ်လမ်းမှ ဆင်းလာသော အင်းအား ၁၀၀ကျော်ပါ ရန်သူစစ်ကြောင်းအောက်ကြာအင်းရွာဖက်သို့ တိုးရန်ကြိုးစားစဥ်  ရိုးမစစ်ကြောင်း () နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့


သြဂုတ်လ၉ရက်

ဖြူး-အုတ်ဖြတ်လမ်းမှ ဆင်းလာသော အင်းအား ၁၀၀ကျော်ပါ ရန်သူစစ်ကြောင်းအောက်ကြာအင်းရွာဖက်သို့ တိုးရန်ကြိုးစားစဥ်  ရိုးမစစ်ကြောင်း () နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရိုးမစစ်ကြောင်းက သြဂုတ်လ၉ရက်မှာအသိပေးဆိုပါတယ်။


ဖြူး-အုတ်ဖြတ်လမ်းမှ ဆင်းလာသော အင်းအား ၁၀၀ကျော်ပါ ရန်သူစစ်ကြောင်းသည် အထက်ကြာအင်းရွာတွင် ဝင်ရောက်တပ်စွဲထားပြီးအောက်ကြာအင်းရွာဖက်သို့ တိုးရန်ကြိုးစားစဥ် နံနက် ၀၉:၀၀ နာရီခန့်တွင် ရိုးမစစ်ကြောင်း () နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူမှအောက်ကြာအင်းရွာဖက်သို့ လက်နက်ကြီးနှင့် စက်လက်များပစ်ပြီး တက်ရန်ကြိုးစားစဥ် မိမိတို့ဖက်မှ စနိုက်ပါ၊ စက်လက်တို့ဖြင့် ပြန်ပစ်သောကြောင့် ရန်သူတစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။


ကာကွယ်ရေးဘက်မှ အထိခိုက်မရှိဘဲ ရန်သူစစ်ကြောင်းသည်အထက်ကြာအင်းရွာတွင်ရှိနေပြီးအောက်ကြာအင်း၊ ရွာသစ် နှင့်တောင်ကုန်းရွာမှ ပြည်သူ ၄၀၀ခန့် စစ်ဘေးရှောင်နေရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment