မြန်မာဖရဲနဲ့ သခွားစျေးကွက် နာလန်မထူနိုင်သေး



မြန်မာဖရဲနဲ့ သခွားစျေးကွက် နာလန်မထူနိုင်သေး
မကြေးမုံ၊ (Radio NUG) ဩဂုတ် ၆၊ ၂၀၂၃

မြန်မာ့ဖရဲ၊ သခွားဈေးကွက် နာလန်ထူဖို တောင်သူတွေကြိုးစားလာကြပေမယ့် တောင် သူအများစုကတော့ စိုက်ပျိုးဖိုအခက်အခဲရှိနေဆဲပါ။ ဒီသတင်းကိုမကြေးမုံက ပေးပို့ထား ပါတယ်။ 
ကိုဗစ် - ၁၉ ကပ်ရောဂါနဲ့အတူ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာ့ဖရဲနဲ့ သခွား စိုက်ပျိုးထုတ်လုပ်မှုက အကြီးအကျယ်ကျဆင်းခဲ့ပြီး တောင်သူအများစုက စိုက်ပျိုးထုတ်လုပ်နိုင်ဖို အခက်အခဲရှိနေဆဲပါ။ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ဖရဲအကြီးအကျယ်စိုက်ပျိုးခဲ့တဲ့ တောင်သူတစ်ဦးက လက်ရှိစိုက်ပျိုး ထုတ်လုပ်နိုင်တဲ့အခြေအနေကိုအခုလိုပြောပါတယ်။ 
အင်တာဗျူးအသံ -
“ … ကျွန်တော်တို့ ပထမဆုံးစပြောမယ်ဆိုရင် ကိုဗစ်ပေါ့။ ကိုဗစ်စဖြစ်တော့ ကျွန်တော့် လက်ထဲမှာ စိုက်ဧကက မခူးရသေးတဲ့ ဖရဲကြီးပဲ ဧက ၁၂၀ ရှိတယ်။ သခွားမွှေးက ဧက လေးဆယ်ရှိတယ်။ တစ်လုံးမှ မခူးရ သေးဘူး။ ဒီအသီးတွေကို တရုတ်က ပိတ်လိုက်ချိန်မှာ ဘယ်ကို ပို့မလဲဆိုတဲ့ ပြသနာဖြစ် လာတယ်။ ဈေးကွက်လိုက်ရှာရင်းနဲ့ ရန်ကုန် ဒညင်းကုန်းဈေးကို စမိတ်ဆက်တယ်။ ဘယ်လိုမိတ်ဆက်ရလဲဆိုတော့ အလကားပေးရတာ။ တစ်ကျပ်မှ မရဘူး။ ခင်ဗျားတို့ ကားခပဲခံ ပါ။ ကားပေါ် အရောက် ကျွန်တော်တို့အလကားပေးပါ့မယ်။ အဲ့ဒီအလကားပေးတဲ့ကြားက ဒီမှာရှိတဲ့လူတွေက ကုန်အောင် ရောင်းမပေးနိုင်ဘူး။ နီးစပ်ရာ တွေကို ကျွန်တော်တို့ အ လကား လိုက်ပေးတာ။ ရွာတွေပေါ့နော်။ အဲ့တစ်နှစ်ပြီးသွားတယ်။ ဒညင်းကုန်းဈေးဆိုတာ ကျွန်တော် စသိတာ။ ဒုတိယနှစ် ကျွန်တော်ဆက်လုပ်တယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်တယ်။  နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာ ဈေးကွက်က ထပ်ပြီးပြိုတယ်။ ဆက်လုပ်ရင်ကျွန်တော်တိုမှာ တော်တော်ကို အခက်အခဲဖြစ်နေပြီ။ … ”
လက်ရှိရာသီက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ဖရဲ စတင်စိုက်ပျိုးဖို ထွန်ယက်လေ့ရှိတဲ့ ရာသီဖြစ်ပေမယ့် မိုးများနေတဲ့အတွက် လုပ်ငန်းစတင်နိုင်တာတော့ မရှိသေးပါဘူး။ အခုနှစ် ဖရဲရာသီမှာတော့ တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စိုက်ခင်းတွေပိုများလာဖိုရှိတယ်လို့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။ ၂၀၂၁ ခုနှစ်အရှေ့ပိုင်း မှာ မြန်မာ့ဖရဲနဲ့ သခွား စိုက်ဧက ကိုးသောင်းနီးပါးမှာ တရုတ်နိုင်ငံကနေ လာရောက်စိုက် ပျိုးမှုက ဧကသုံးသောင်းလောက် ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း ဖရဲစိုက်ပျိုးမယ့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ပြန်လည်ဝင်ရောက်လာတဲ့အတွက် မြန်မာတောင်သူတွေလည်း ဈေးကွက်ပြန်လည်ဖွံဖြိုးနိုင်ချေကို သုံးသပ်ပြီး ပြန်စိုက်လာ ကြတာဖြစ်တယ်လို သုံးသပ်ခန့်မှန်းကြတာ ဖြစ်ပါတယ်။ မြန်မာ တောင်သူတွေအနေနဲ့ ပြည်ပတင်ပိုဖို ရည်ရွယ်စိုက်ပျိုးတဲ့ ဖရဲ တစ်ဧက ကုန်ကျစရိတ်က ကျပ် သိန်းလေးဆယ် လောက်ရှိပြီး ၁၆ တန် ပါ ဖရဲကားတစ်စီး တရုတ်နိုင်ငံအရောက် ကုန်ကျစရိတ်က မနှစ်ကထက် ကျပ် သိန်း နှစ်ဆယ် လောက် ပိုပြီး ကုန်ကျလာနိုင်တယ်လို မန္တလေးမြိုအခြေစိုက်ဖရဲတောင်သူတစ်ဦး က ပြောပါတယ်။ 
အင်တာဗျူး အသံ-
“ … ဒီနှစ်ကတော့ ကျွန်တော်တို သုံးသပ်တာကတော့ ကုန်ကျစရိတ်တွေများမယ်။ အခြေခံပြောရရင် မြေငှားခလေးတွေလည်း ဈေးတက်တယ်။ တစ်ချိုသီးနှံလေးတွေက ဈေးတက်တော့မြေငှားခ ဈေးတက်တယ်။ လုပ်သားခက ဒီနှစ် ငါးထောင်၊ ခြောက်ထောင် ဆိုရင် ဒီနှစ်က ခြောက်ထောင်၊ ခုနှစ်ထောင်လောက် အနည်းဆုံးဖြစ်မယ်။ ဒီဇယ်ကလည်း အတော်သုံးရတာဆိုတော့ ဒီဇယ်ဈေးကလည်း တက်မယ်။ ကျွန်တော်တို ကုန်ကျစရိတ် က တက်မယ်။ မြေသြဇာက ဈေးကွက်ပေါက်ဈေးက မနှစ်ကထက်စာရင် နည်းနည်းပြန် ကျတယ်။ အဲ့ဒါတော့ ဈေးကတော့မကျဘူး။ ကျွန်တောတို သုံးသပ်တာ ဖရဲလိပ် ဆိုတာ က မိုးကာလိပ်တွေကလည်း မနှစ်ကထက်စာရင် ဒီနှစ်တက်တယ်။ မနှစ်က တရုတ်ပြည် အရောက် စုစုပေါင်းကုန်ကျစရိတ်ပေါင်းလို ၇၀ ဆိုရင် ဒီနှစ်ဆို ၉၀ လောက်ရောက်မယ် လို ခန့်မှန်းထားပါတယ်။ … ” 
မြန်မာ့ဖရဲနဲ့ သခွားတင်ပို့မှုက ၂၀၂၁ ရှေ့ပိုင်းကာလတွေမှာ တန်ချိန် လေးသိန်း ဝန်းကျင် ပုံမှန်တင် ပိုခဲ့ပြီး တောင်သူတွေမှာ နည်းပညာကအစ ကိုယ်ထူကိုယ်ထ ရှာဖွေ စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့တဲ့ ထိပ်တန်းမြန်မာ့ပိုကုန် ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ် တို့ မှာ ဒီသီးနှံကို အဓိက စိုက်ပျိုးခဲ့တာဖြစ်ပါ တယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာ့ ဒီမိုကရေစီအရေးကိုအကြမ်းဖက်ဖိနှိပ်လာတဲ့အတွက် သွားလာရေးခက်ခဲလာတဲ့အပြင် လုပ်သားအများအပြား နဲ့ပြောင်းရွှေ့လုပ်ကိုင်ရတဲ့ ဖရဲနဲ့ သခွားစိုက်ပျိုးတဲ့လုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး စိုက်ဧကအများအပြား ကျဆင်းလာတာဖြစ်ပါတယ်။
Share:

No comments:

Post a Comment