26th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်ဖို့ အမုန်းတရားကြီးထွားလာ‌ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနတိုင်းကို နိုင်ငံတကာအဆင့်မှီ စာရင်းအင်း ပညာရှင်တွေက လတကြိမ် အမြဲတမ်းစစ်ဆေးပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၃။ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အကြမ်းဖက်စစ်အုပ်စုဆီ လေယာဥ်ဆီတင်သွင်းမှုအပေါ် ထိရောက်တဲ့အရေးယူမှုတွေ တိုးမြင့်လာတော့မယ်လို့ လူ့အခွင့်ရေးဝန်ကြီးအသိပေး

📌 ၄။ နမ့်ဖက်ကာမှ ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဘက်ကအထိနာ

📌 ၅။ စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ဖြစ်ပွားထားသောနေရာများတွင် မပေါက်ကွဲသေးသော လက်နက်ကြီးများ ကျန်ရှိနေတတ်ကြောင်း ချင်းတွင်းမြစ်ဝှမ်းနွေဦးပြောက်ကျားတပ်စုကအသိပေးနှိုးဆော်

📌 ၆။ တယောသမား အယောက် ၄၀ ကျော်ပါဝင်တဲ့ ကြယ်တေးသီချင်းကို ပဒေသာပင်ရဲ့ယူကျုချန်နယ် Padaythar P2Pယူကျုချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိူင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်ဖို့ အမုန်းတရားကြီးထွားလာ‌ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား


သြဂုတ်လ၂၆ရက်


"လွန်ခဲ့တဲ့ နှစ်ကျော် ဂျီနိုစိုက်ဖြစ်ပေါ်လာစေနိုင်မည့်အကြောင်းအရာတွေဦးတည်လာတာကို သတိထားမိတဲ့အတွက် မိမိအနေနှင့်အမျိုးသမီးအဖွဲ့တွေအနေနဲ့ အမုန်းစကားတိုက်ဖျက်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်ကနေ အမုန်းတရားကြီးထွားလာ‌ရေး စနစ်တကျ လုပ်ခဲ့တာသတိထားမိသဖြင့် ယခုလိုလုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုတွေကြီးမြင့်လာတဲ့အခါလူမျိုးတုန်းသတ်ဖြတ်ရေးသို့ဦးတည်လာခဲ့ကြောင်း၊လူအဖွဲ့အစည်းက လျစ်လျူရှုလေလေ အာဏာရှင်တွေက အမုန်းတရားတွေ ပိုကြီးအောင်လုပ်လာနိုင်ကြောင်း၊ လျစ်လျူရှုမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့လိုအပ်ကြောင်း"သြဂုတ်လ၂၅ရက်မှာကျင်းပတဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ ဆိုပါတယ်။


လက်ရှိမှာ အကြဖမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘာသာရေးအကြောင်းပြ၍ နိူင်ငံရေးအမြတ်ထုတ်ယူမှုတို့ရှိနေပြီး ၄င်းစစ်အုပ်စုကဖမ်းဆီးခဲ့သောလူပေါင်း နှစ်သောင်းကျော်တွင် ရဟန်းသံဃာများလည်း ဖမ်းဆီးခံခဲ့ရပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနတိုင်းကို နိုင်ငံတကာအဆင့်မှီ စာရင်းအင်း ပညာရှင်တွေက လတကြိမ် အမြဲတမ်းစစ်ဆေးပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


သြဂုတ်လ၂၆ရက်


သြဂုတ်လ၂၆ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အခုလို သုံးသပ်ပြောကြားထားပါတယ်။


"တော်လှန်ရေးဆိုတာ ခြေသံလုံလုံနဲ့ သွားရမှာပါ။ MOD ကို စာရင်းရှင်းတမ်းပြခိုင်း၊ live ရှင်းခိုင်းတဲ့လူတွေကို ပြောပြချင်တာပါ။ NUG ထဲမှာ ဝန်ကြီးဌာနတိုင်းက စီမံဘဏ္ဌာက ထုတ်ပြန်ထားတဲ့ ငွေကြေးစီမံခန့်ခွဲမှု မူအတိုင်းပဲ သုံးကြပါတယ်။ အဲ့လို ဖြစ်နေဖို့လဲ နိုင်ငံတကာအဆင့်မှီ စာရင်းအင်း ပညာရှင်တွေက လတကြိမ် အမြဲတမ်းစစ်ပေးနေပါတယ်။ ပြည်သူရဲ့ ယုံကြည်မှု ဆုံးရှူံးရင် ရံပုံငွေလျော့နည်းသွားမယ်၊ ရံပုံငွေမရှိရင် တော်လှန်ရေး ရေရှည် ရပ်တည်လို့မရ၊ အဲ့ဒါကြောက်ပြီး အချိန်တိုင်း live လွင့်ဖြေရှင်းနေရတာလဲ မကောင်းဘူး။ ရန်သူ့ပစ်မှတ်ဟာ တိုက်ပွဲတခုထဲမဟုတ်ဘူး၊ တော်လှန်ရေးအင်အားစုအပေါ် ပြည်သူ့ ယုံကြည်မှုယုတ်လျှော့သွားအောင် နည်းမျိုးစုံ တိုက်စစ်ဆင်တဲ့ ဗျူဟာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဟာ အသိအမှတ်ပြုမှတ်ပုံတင်ပြီးသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စားစရိတ်ထောက်ပံ့လျက်ရှိပြီးတော့ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။


========================


📌📌 ၃။ သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အကြမ်းဖက်စစ်အုပ်စုဆီ လေယာဥ်ဆီတင်သွင်းမှုအပေါ် ထိရောက်တဲ့အရေးယူမှုတွေ တိုးမြင့်လာတော့မယ်လို့ လူ့အခွင့်ရေးဝန်ကြီးအသိပေး


သြဂုတ်လ၂၆ရက်


သြဂုတ်လ၂၆ရက်မှာ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ အခုလိုပြောကြားထားပါတယ်။


"ပဇီကြီး အနမ့်ပါနဲ့  လေကြောင်းက တိုက်ခိုက်မှုတွေကြောင့်သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အကြမ်းဖက်စစ်အုပ်စုဆီ လေယာဥ်ဆီတင်သွင်းမှုအပေါ် ထိရောက်တဲ့အရေးယူမှုတွေ တိုးမြင့်လာတော့မှာပါ"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် ဧပြီ၁၀ရက်နေ့မှာ ချင်းပြည်နယ်ဝေဘူလမြို့သစ်ကို စကစတပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့၍ CDM ကျောင်းအုပ်ကြီးမိသားစုအပါအဝင် ၉ဦးသေဆုံးခဲ့ပြီး ဧပြီ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်၍ လူဦးရေ၁၆၈ဦးသေဆုံးခဲ့ရပါတယ်။


လက်ရှိမှာစစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့  (Shoon Energy) ကုမ္ပဏီနဲ့ ယင်း ကုမ္ပဏီရဲ့ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း တို့အပြင်  (Asia Sun) ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ပေါင်း ၁၁ ခုရဲ့ ပိုင်ရှင် ဖြစ်တဲ့ ဦဇော်မင်းထွန်းတို့ကို သြဂုတ်လ၂၃ရက်မှာ အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ခဲ့ပါတယ်။


========================


📌📌 ၄။ နမ့်ဖက်ကာမှ ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ စကစတပ်ဘက်ကအထိနာ


သြဂုတ်လ၂၆ရက်


သြဂုတ်လ ၂၆ ရက်မှာ စစ်ရေးသတင်းကို PSLF/TNLAမှ အခုလိုအသိပေးဆိုထားပါတယ်။


"တအောင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်တွင် အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်သို့ထိုစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် တ‌အောင်းတပ်မတော် TNLA တို့  သြဂုတ်လ ၂၅ ရက်နေ့ ညနေ(၅း၀၀)မှ(၆း၀၀)နာရီအထိ လုံဆွေရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်မှ ကား(၁၆)စီးဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများ အပြည့်တင်ဆောင်လာသည့်ယာဉ်တန်းသည် နမ့်ဖက်ကာမှ ကွတ်ခိုင်သို့ထွက်ခွာလာစဉ် လုံဆွေရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တပ်မဟာ() တပ်ရင်း(၃၃၅)နှင့် ထိပ်တိုက်တွေ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။


တိုက်ပွဲအတွင်း TNLA ဘက်မှ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အသေးစိတ်ကိုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


တအောင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ(၁၈)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ဖြစ်ပွားထားသောနေရာများတွင် မပေါက်ကွဲသေးသော လက်နက်ကြီးများ ကျန်ရှိနေတတ်ကြောင်း ချင်းတွင်းမြစ်ဝှမ်းနွေဦးပြောက်ကျားတပ်စုကအသိပေးနှိုးဆော်


သြဂုတ်လ၂၆ရက်


"ယခုချိန်တွင် တောင်သူလယ်သမားများသီးနှံစိုက်ပျိုးရန်အတွက်လယ်၊ယာများအတွင်းထွန်ယှက်ကြသည့်အချိန်ဖြစ်ပါတယ်ခင်ဗျာ။ထိုသို့ထွန်ယက်သည့်အချိန်တွင် လတ်တလောစကစတပ်များနှင့်တိုက်ပွဲဖြစ်ပွားထားသည့်အတွက် လယ်ယာခင်းများအတွင်း လက်နက်ကြီးကျည်RPG၊၄၀မမ၊၆၀မမ၊၁၂၀မမများမကွဲပဲကျန်ရှိနေတတ်ကြောင့်လယ်ယာများအားထွန်းယက်သည့်အခါဂရုတစိုက်သတိထားထွန်းယက်ကြဖို့အသိပေးအပ်ပါတယ်"လို့သြဂုတ်လ၂၆ရက်မှာ ချင်းတွင်းမြစ်ဝှမ်းနွေဦးပြောက်ကျားတပ်စုကဆိုထားပါတယ်။


မကွဲသေးသောလက်နက်ကြီးကျည်များတွေ့ရှိပါကသက်ဆိုင်ရာဒေသခံအဖွဲ့အစည်းများအားအကြောင်းကြားပေးဖို့ကိုလည်း ပြည်သူများအားမေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၆။ တယောသမား အယောက် ၄၀ ကျော်ပါဝင်တဲ့ ကြယ်တေးသီချင်းကို ပဒေသာပင်ရဲ့ယူကျုချန်နယ် Padaythar P2Pယူကျုချန်နယ်မှာ ဝင်ရောက်ကြည့်ရှုနိူင်


သြဂုတ်လ၂၆ရက်


"တော်လှန်ရေးထဲမှာ လူသိများထင်ရှားခဲ့တဲ့ "ကြယ်"    တေးသီချင်းကို   orchestra  ပုံစံဖန်တီးထားတဲ့ဗီဒီယိုတစ်ပုဒ်ကို ပဒေသာပင်နဲ့  Artists' Shelter  ပူးပေါင်းပြီးတင်ဆက်သွားမှာဖြစ်ပါတယ်။တယောသမား အယောက် ၄၀ ကျော်ပါဝင်ပြီး နွေဦးတော်လှန်ရေးကို ထင်ဟပ်စေနိုင်မယ့်Performace တွေလည်းပါဝင်ပါတယ်။August ၂၈ ရက်နေ့ မနက် နာရီမှာ ပဒေသာပင်ရဲ့ယူကျုချန်နယ် Padaythar P2P ယူကျုချန်နယ်မှာ ဝင်ကြည့်နိုင်ပါတယ်"လို့Click2donateက အသိပေးဆိုထားပါတယ်။


တော်လှန်ရေးရဲ့ အနုပညာထုတ်ကုန်တစ်ခုကို အားပေးဖို့အတွက် Youtube မှာ PadaytharP2P လို့ရိုက်ရှာပြီး subscribe လုပ်ကာတစ်ရက်ကို အနည်းဆုံးနှစ်သက်ရာ Video တစ်ပုဒ်အများဆုံး ပုဒ်သာဝင်ကြည့်ပေးဖို့ကိုလည်းတိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment